ရိုးမဆောင်အတွက် လိုအပ်သမျှကို မေးမြန်းပြီး ထပ်မံလှူဒါန်းပေးခဲ့တဲ့ ချစ်သုဝေ

ရိုးမဆောင်အတွက် လိုအပ်သမျှကို မေးမြန်းပြီး ထပ်မံလှူဒါန်းပေးခဲ့တဲ့ ချစ်သုဝေ

မြန်မာနိုင်ငံရဲ့ လူမှုကူညီရေးအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ခေတ်သစ်ဖောင်ဒေးရှင်းကတော့ လိုအပ်နေတဲ့နေရာတိုင်းကို ကူညီဖို့အသင့်ရှိနေတဲ့ ဖောင်ဒေးရှင်းတစ်ခုဖြစ်သလို လတ်တလောကိုဗစ်ကာလ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းစဉ်တွေမှာလည်း ကျန်းမာရေးဆိုင်ရာအထောက်အကူပစ္စည်းများအပြင် Quarantine Center အတွက်လိုအပ်တဲ့ပစ္စည်းတွေကိုလည်း လှူဒါန်းပေးလာခဲ့တာ စဖြစ်ကတည်းကနေ ယနေ့အချိန်ထိလို့ ဆိုရမှာပါ။

လွန်ခဲ့တဲ့ရက်ပိုင်းကလည်း လိုအပ်ချက်တွေရှိနေသေးတဲ့ ရိုးမဆောင်အတွက် အဝတ်ခြောက်စက်(၉) လုံး၊ Volunteer များအတွက် တစ်ကိုယ်ရေသုံးပစ္စည်းတွေနဲ့ အစားအသောက်တွေသွားရောက်လှူဒါန်းပေးခဲ့တဲ့အပြင် လိုအပ်နေသေးတဲ့အရာတွေကိုလည်း မေးမြန်းခဲ့ပြီး ဒီတစ်ခေါက်မှာတော့ ရေပူရေအေးစက်အလုံး(၂၀) ၊ အဝတ်လျှော်စက်ခုံ(၃၀) ၊ မီးပူ(၄) လုံး၊ Extension Board (၄၀)၊ မီးပူ Stand (၄) ခုတို့ကို ထပ်မံလှူဒါန်းပေးခဲ့ကြောင်း မျှဝေခဲ့ပါတယ်။

ချစ်သုဝေကတော့ ဒီအလှူလေးနဲ့ပတ်သက်ပြီး ” မနေ့က လိုအပ်သမျှမေးပြီး ဒီနေ့နေ့လည်အမှီ ဖြည့်ဆည်းပေးနိုင်ခဲ့ပါတယ်… အလှူရှင်များအားလုံး စိတ်နှလုံးချမ်းမြေ့ပါစေ” ဆိုပြီး မျှဝေဖော်ပြခဲ့ပါတယ်။ ခေတ်သစ်ဖောင်ဒေးရှင်းရဲ့ ပဲ့ကိုင်ရှင် မေမေထရီဇာကတော့ တကယ်ကို အသေးစိတ်လေးတွေကအစ မကျန်အောင် စဉ်းစားပြီး လှူပေးတတ်သူမို့ အလှူရှင်တွေအတွက်တော့ တကယ်ကို စိတ်ချမ်းသာစရာပါပဲ ပရိသတ်ကြီးရေ..

Zawgyi

႐ိုးမေဆာင္အတြက္ လိုအပ္သမွ်ကို ေမးျမန္းၿပီး ထပ္မံလႉဒါန္းေပးခဲ့တဲ့ ခ်စ္သုေဝ

ျမန္မာႏိုင္ငံရဲ႕ လူမႈကူညီေရးအဖြဲ႕အစည္းတစ္ခုျဖစ္တဲ့ ေခတ္သစ္ေဖာင္ေဒးရွင္းကေတာ့ လိုအပ္ေနတဲ့ေနရာတိုင္းကို ကူညီဖို႔အသင့္ရွိေနတဲ့ ေဖာင္ေဒးရွင္းတစ္ခုျဖစ္သလို လတ္တေလာကိုဗစ္ကာလ ေရာဂါကာကြယ္ထိန္းခ်ဳပ္ေရးလုပ္ငန္းစဥ္ေတြမွာလည္း က်န္းမာေရးဆိုင္ရာအေထာက္အကူပစၥည္းမ်ားအျပင္ Quarantine Center အတြက္လိုအပ္တဲ့ပစၥည္းေတြကိုလည္း လႉဒါန္းေပးလာခဲ့တာ စျဖစ္ကတည္းကေန ယေန႔အခ်ိန္ထိလို႔ ဆိုရမွာပါ။

လြန္ခဲ့တဲ့ရက္ပိုင္းကလည္း လိုအပ္ခ်က္ေတြရွိေနေသးတဲ့ ႐ိုးမေဆာင္အတြက္ အဝတ္ေျခာက္စက္(၉) လုံး၊ Volunteer မ်ားအတြက္ တစ္ကိုယ္ေရသုံးပစၥည္းေတြနဲ႔ အစားအေသာက္ေတြသြားေရာက္လႉဒါန္းေပးခဲ့တဲ့အျပင္ လိုအပ္ေနေသးတဲ့အရာေတြကိုလည္း ေမးျမန္းခဲ့ၿပီး ဒီတစ္ေခါက္မွာေတာ့ ေရပူေရေအးစက္အလုံး(၂၀) ၊ အဝတ္ေလွ်ာ္စက္ခုံ(၃၀) ၊ မီးပူ(၄) လုံး၊ Extension Board (၄၀)၊ မီးပူ Stand (၄) ခုတို႔ကို ထပ္မံလႉဒါန္းေပးခဲ့ေၾကာင္း မွ်ေဝခဲ့ပါတယ္။

ခ်စ္သုေဝကေတာ့ ဒီအလႉေလးနဲ႔ပတ္သက္ၿပီး ” မေန႔က လိုအပ္သမွ်ေမးၿပီး ဒီေန႔ေန႔လည္အမွီ ျဖည့္ဆည္းေပးႏိုင္ခဲ့ပါတယ္… အလႉရွင္မ်ားအားလုံး စိတ္ႏွလုံးခ်မ္းေျမ့ပါေစ” ဆိုၿပီး မွ်ေဝေဖာ္ျပခဲ့ပါတယ္။ ေခတ္သစ္ေဖာင္ေဒးရွင္းရဲ႕ ပဲ့ကိုင္ရွင္ ေမေမထရီဇာကေတာ့ တကယ္ကို အေသးစိတ္ေလးေတြကအစ မက်န္ေအာင္ စဥ္းစားၿပီး လႉေပးတတ္သူမို႔ အလႉရွင္ေတြအတြက္ေတာ့ တကယ္ကို စိတ္ခ်မ္းသာစရာပါပဲ ပရိသတ္ႀကီးေရ..

Leave a Comment