မိဘတွေ အုပ်ထိန်းမှု လွန်ကဲခြင်း အမှားများနှင့် ကလေးတွေရဲ့ အနာဂတ်

လက်ဦးဆရာဖြစ်သော မိဘတွေရဲ့ သားသမီးအပေါ် အုပ်ထိန်းမှုလွန်ကဲခြင်းဟာ ကလေးတွေရဲ့အနာဂတ်အပေါ်ကို များစွာသက်ရောက်တတ်ပါတယ်။

မိဘတိုင်းဟာ သားသမီးကိုချစ်တာကြောင့် အရာရာအလိုလိုက် ပေးတဲ့အခါ မကောင်းတဲ့လမ်းမှားကို ကလေးတွေရွေးချယ်နိုင်ပြီး

ဆိုဆုံးမမနိုင်တော့ခြင်းမျိုးကို ကြုံတွေ့ရနိုင်သလို တင်းကျပ်စွာအုပ်ထိန်းခြင်းကြောင့်လည်း အနာဂတ်မှာ ကိုယ်ပိုင်ဆုံးဖြတ်နိုင်စွမ်းမရှိ သူတွေအဖြစ် ကြီးပြင်းလာနိုင်ပါတယ်။

မိဘနဲ့သားသမီးကြား အရွယ်ကွာဟမှု

အထူးသဖြင့် အုပ်ထိန်းမှုမှားယွင်းခြင်းရဲ့ အဓိကဇစ်မြစ်ဟာ အရွယ်ကွာဟမှုကြောင့်လို့ သတ်မှတ်လို့ရပါတယ်။ ဘာကြောင့်လဲဆိုတော့

မိဘတွေဟာ သားသမီးတွေနေရာက မတွေးတောတတ်ကြသလို၊ သားသမီးတွေကလည်း မိဘတွေနေရာကနေ ဘယ်တော့မှမတွေးတောကြလို့ပါပဲ။

ဒါကြောင့်ပဲ မိသားစုတိုင်းမှာ အိမ်တွင်းရေးဆူပူမှုတွေ ဖြစ်ပွားနေကြတာ ဖြစ်ပါတယ်။ အုပ်ထိန်းမှုထူးချွန်တဲ့ မိဘတွေက သားသမီးတွေရဲ့ စိတ်နေစိတ်ထား၊

အတွေးအခေါ်တွေကို အမြဲလေ့လာနေကြသလို ယုံကြည်ပွင့်လင်းတဲ့ မိဘနဲ့သားသမီးဆက်ဆံရေးမျိုးကို တည်ဆောက်နေကြပါတယ်။

စီးပွားရေးအဆင်မပြေမှုကြောင့်

မိသားစုတစ်ခုမှာ စီးပွားရေးအဆင်မပြေမှုကြောင့်လည်း ဆူပူမှုတွေဖြစ်နိုင်ပါတယ်။ ကလေးတွေကတော့ ကလေးသဘာဝအတိုင်း အခြားကလေးတွေ ဝတ်သလို၊

စားနေသောက်နေသလို နေချင်စားချင်ကြပါတယ်။ ဒါပေမယ့် စားဖို့တောင်အနိုင်နိုင် မိသားစုတစ်ခုမှာ ယခုလိုကလေးတွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့ဆိုတာ

အလွန်မလွယ်ကူတဲ့ ကိစ္စဖြစ်ပါတယ်။ စာရိတ္တပျက်ယွင်းခြင်းရဲ့ အဓိကတရားခံဟာ ဆင်းရဲမွဲတေမှုလို့ သတ်မှတ်ကြသော်လည်း ဆင်းရဲပြီးစာရိတ္တကောင်းမွန်တဲ့သူတွေ၊

ပညာရေးထူးချွန်တဲ့သူတွေ လက်ချိုးရေလို့ မရနိုင်ပါဘူး။ ဒါကိုကလေးတွေ နားလည်နိုင်ဖို့အတွက် စာရိတ္တကောင်းမွန်ရေး စကားတွေ၊

စောင့်ထိန်းရမယ့် လူ့ကျင့်ဝတ်တွေကို အမြဲသင်ကြားပေးနေဖို့ လိုအပ်ပါတယ်။ မိဘတွေဟာ သူတို့တွေရဲ့စံပြပုဂ္ဂိုလ်တွေ ဖြစ်ကြတာကြောင့်

သူတို့ရဲ့ရှေ့မှာ ဒေါသကြီးခြင်း၊ လိမ်ညာခြင်း၊ ကြမ်းတမ်းတဲ့စကားတွေ ပြောဆိုခြင်းကို ရှောင်ရှားရမှာ ဖြစ်ပါတယ်။

ငွေကြေးမပြည့်စုံတဲ့ မိဘတွေဟာ သားသမီးတွေကို အကောင်းစားအစားအစာတွေ၊ အဝတ်အစားတွေ၊ အသုံးအဆောင်တွေမပေးနိုင်ပေမယ့်၊

မေတ္တာတရား နဲ့ပညာကို လုံလောက်စွာပေးခြင်းဖြင့် လိမ္မာရေးခြားရှိပြီး ထူးချွန်တဲ့ကလေးတွေ ဖြစ်လာစေမှာကို သိရှိသင့်ပါတယ်။

အလွန်အမင်း တာမြစ်ခြင်းကြောင့်

မိဘတိုင်းဟာ သားသမီးတွေအတွက် အမြဲစိုးရိမ်ပူပန်နေတတ်ကြပါတယ်။ ဒါပေမဲ့ အလွန်အမင်းစိုးရိမ်ပူပန်တတ်ပြီး ကလေးတွေရဲ့ဆန္ဒတွေကို တားမြစ်ခြင်းကြောင့်

ကလေးတွေမှာ ပုန်ကန်လိုစိတ်တွေ၊ လိမ်ညာမှုတွေ ကိန်းအောင်းလာတတ်ပါတယ်။ မိဘတွေဟာ သားသမီးနေရာကနေ မတွေးတောတဲ့အတွက်

သားသမီးတွေစိတ်မှာ အရာရာကိုဖုံးကွယ်တတ်လာနိုင်သလို မိဘကိုမကျေနပ်မှုကြောင့် ဇွတ်တရွတ်လုပ်လိုစိတ်တွေ ဖြစ်လာပါလိမ့်မယ်။

ဒါကြောင့် အရာရာကိုစိုးရိမ်ပူပန်နေမယ့်အစား ကိုယ့်သားသမီးအပေါ်ယုံကြည်မှုထားနိုင်အောင် ကြိုးစားသင့်ပြီး လွှတ်သင့်တဲ့နေရာလွှတ်

မလွှတ်သင့်တဲ့နေရာကို ကောင်းမွန်ခိုင်လုံတဲ့အကြောင်းပြချက်နဲ့ တားဆီးခြင်းဖြင့် သူတို့တွေရဲ့အန္တရာယ်ကို စောင့်ရှောက်နိုင်ပါတယ်။

အလွန်အကျူး ပံ့ပိုးပေးခြင်း

သားသမီးကို ချစ်တဲ့စိတ်တစ်ခုတည်းနဲ့ အရာရာကိုလိုက်လံဖြေရှင်းပေးခြင်းကြောင့် သားသမီးတွေမှာ လူဝင်မဆံ့၊ အသုံးမကျတော့တဲ့ အဖြစ်မျိုးတွေ ကြုံတွေ့ရနိုင်ပါတယ်။

သူတို့တွေငယ်စဉ်က ဘယ်ကိုသွားသွား၊ ဘာပဲလုပ်လုပ် မိဘပါမှစိတ်ချမ်းသာတတ်ကြပါတယ်။ နည်းနည်းလေးအရွယ်ရောက်လာတော့

ကျောင်းပိုကျောင်းကြိုနဲ့ တစ်ကိုယ်ရည်သန့်ရှင်မှုကအစ မိဘကိုမလိုအပ်တော့ပါဘူး။ ဒါဟာ သဘာဝပဲဖြစ်ပါတယ်။ ဒါကိုသဘောမပေါက်ပဲ

ကြီးလာတဲ့အချိန်ထိ အရာရာကိုလိုက်လံကူညီဖြေရှင်းပေးနေရင် နောင်တချိန်မှာ မိမိတို့ရဲ့သားသမီးတွေဟာ ကိုယ်ပိုင်ဆုံးဖြတ်ချက်မရှိသူတွေ၊

ပြဿနာကိုမဖြေရှင်းတတ်သူတွေ၊ လူတောမတိုးတတ်သူတွေ အဖြစ် ကြီးပြင်းလာတတ်တာကို မိဘတိုင်းသတိပြုစေချင်ပါတယ်။

မှားယွင်းတဲ့အလေ့အထ

ယခုခေတ်ကလေးတွေဟာ အရွယ်နဲ့မလိုက်အောင် ပင်ပန်းကြရပါတယ်။ ကျောင်းမှာတနေကုန် စာသင်လာကြပြီး၊ အိမ်ပြန်ရောက်တဲ့အခါမှာတောင်မနားရပဲ ကျူရှင်တွေ၊

ဂိုက်တွေနဲ့ ဆော့ကစားချိန်မရှိ စာမှစာဖြစ်နေကြပါတယ်။ နွေရာသီကျောင်းပိတ်တဲ့အခါမှာလည်း နောက်နှစ်အတွက်ကြိုတင်ပြီး စာသင်ကြရပါတယ်။

ဒါဟာသူတို့တွေရဲ့ ဆန္ဒထက်၊ မိဘတွေရဲ့တယူသန်ဆန္ဒကြောင့် လို့သတ်မှတ်လို့ရနိုင်ပါတယ်။ တချို့မိဘတွေက မိဘတွေအချင်းချင်း ဂုဏ်တုဂုဏ်ပြိုင်လိုစိတ်ကြောင့်

သားသမီးကိုကျောင်းမှာအဆင့်ကောင်းအောင် လုံးဝမညှာပဲ စာမှစာကြိုးစားခိုင်းတတ်ပါတယ်။ ဒါဟာအစွန်းရောက်နေတဲ့ အုပ်ထိန်းမှုဖြစ်ပြီး သူတို့တွေကို နားချိန်မှာနားစေခြင်း၊

ကိုယ်ခန္ဓာကြံ့ခိုင်စေရန် အားကစားလုပ်ခိုင်းစေခြင်း၊ လူမှုပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်စေရန် သင်ကြားဆုံးမပေးခြင်းတွေဟာလည်း သူတို့ရဲ့ကာယ၊

ဉာဏ ဖွံ့ဖြိုးမှုအတွက် များစွာအရေးကြီးကြောင်း သိရှိစေချင်ပါတယ် ကျောင်းစာတွေလိုပဲ ပြင်ပဗဟုသုတ၊ ကျန်းမာရေး၊ စာရိတ္တနဲ့ စာနာတတ်တဲ့စိတ်ထားတွေရှိဖို့လည်း

လိုအပ်တာကို မိဘတိုင်းနားလည်ခြင်းဖြင့် ကလေးတွေကိုသဘာဝအတိုင်း ကြီးပြင်းလာအောင် ပျိုးထောင်ပေးသင့်ကြောင်း တိုက်တွန်းလိုပါတယ်။။Credit

#LM_Naung_Naung

Zawgyi

လက္ဦးဆရာျဖစ္ေသာ မိဘေတြရဲ့ သားသမီးအေပၚ အုပ္ထိန္းမႈလြန္ကဲျခင္းဟာ ကေလးေတြရဲ့အနာဂတ္အေပၚကို မ်ားစြာသက္ေရာက္တတ္ပါတယ္။

မိဘတိုင္းဟာ သားသမီးကိုခ်စ္တာေၾကာင့္ အရာရာအလိုလိုက္ ေပးတဲ့အခါ မေကာင္းတဲ့လမ္းမွားကို ကေလးေတြေရြးခ်ယ္နိုင္ၿပီး

ဆိုဆုံးမမနိုင္ေတာ့ျခင္းမ်ိဳးကို ၾကဳံေတြ႕ရနိုင္သလို တင္းက်ပ္စြာအုပ္ထိန္းျခင္းေၾကာင့္လည္း အနာဂတ္မွာ ကိုယ္ပိုင္ဆုံးျဖတ္နိုင္စြမ္းမရွိ သူေတြအျဖစ္ ႀကီးျပင္းလာနိုင္ပါတယ္။

မိဘနဲ႔သားသမီးၾကား အရြယ္ကြာဟမႈ

အထူးသျဖင့္ အုပ္ထိန္းမႈမွားယြင္းျခင္းရဲ့ အဓိကဇစ္ျမစ္ဟာ အရြယ္ကြာဟမႈေၾကာင့္လို႔ သတ္မွတ္လို႔ရပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့

မိဘေတြဟာ သားသမီးေတြေနရာက မေတြးေတာတတ္ၾကသလို၊ သားသမီးေတြကလည္း မိဘေတြေနရာကေန ဘယ္ေတာ့မွမေတြးေတာၾကလို႔ပါပဲ။

ဒါေၾကာင့္ပဲ မိသားစုတိုင္းမွာ အိမ္တြင္းေရးဆူပူမႈေတြ ျဖစ္ပြားေနၾကတာ ျဖစ္ပါတယ္။ အုပ္ထိန္းမႈထူးခၽြန္တဲ့ မိဘေတြက သားသမီးေတြရဲ့ စိတ္ေနစိတ္ထား၊

အေတြးအေခၚေတြကို အျမဲေလ့လာေနၾကသလို ယုံၾကည္ပြင့္လင္းတဲ့ မိဘနဲ႔သားသမီးဆက္ဆံေရးမ်ိဳးကို တည္ေဆာက္ေနၾကပါတယ္။

စီးပြားေရးအဆင္မေျပမႈေၾကာင့္

မိသားစုတစ္ခုမွာ စီးပြားေရးအဆင္မေျပမႈေၾကာင့္လည္း ဆူပူမႈေတြျဖစ္နိုင္ပါတယ္။ ကေလးေတြကေတာ့ ကေလးသဘာဝအတိုင္း အျခားကေလးေတြ ဝတ္သလို၊

စားေနေသာက္ေနသလို ေနခ်င္စားခ်င္ၾကပါတယ္။ ဒါေပမယ့္ စားဖို႔ေတာင္အနိုင္နိုင္ မိသားစုတစ္ခုမွာ ယခုလိုကေလးေတြရဲ့ လိုအပ္ခ်က္ကို ျဖည့္ဆည္းေပးဖို႔ဆိုတာ

အလြန္မလြယ္ကူတဲ့ ကိစၥျဖစ္ပါတယ္။ စာရိတၱပ်က္ယြင္းျခင္းရဲ့ အဓိကတရားခံဟာ ဆင္းရဲမြဲေတမႈလို႔ သတ္မွတ္ၾကေသာ္လည္း ဆင္းရဲၿပီးစာရိတၱေကာင္းမြန္တဲ့သူေတြ၊

ပညာေရးထူးခၽြန္တဲ့သူေတြ လက္ခ်ိဳးေရလို႔ မရနိုင္ပါဘူး။ ဒါကိုကေလးေတြ နားလည္နိုင္ဖို႔အတြက္ စာရိတၱေကာင္းမြန္ေရး စကားေတြ၊

ေစာင့္ထိန္းရမယ့္ လူ႔က်င့္ဝတ္ေတြကို အျမဲသင္ၾကားေပးေနဖို႔ လိုအပ္ပါတယ္။ မိဘေတြဟာ သူတို႔ေတြရဲ့စံျပပုဂၢိဳလ္ေတြ ျဖစ္ၾကတာေၾကာင့္

သူတို႔ရဲ့ေရွ႕မွာ ေဒါသႀကီးျခင္း၊ လိမ္ညာျခင္း၊ ၾကမ္းတမ္းတဲ့စကားေတြ ေျပာဆိုျခင္းကို ေရွာင္ရွားရမွာ ျဖစ္ပါတယ္။

ေငြေၾကးမျပည့္စုံတဲ့ မိဘေတြဟာ သားသမီးေတြကို အေကာင္းစားအစားအစာေတြ၊ အဝတ္အစားေတြ၊ အသုံးအေဆာင္ေတြမေပးနိုင္ေပမယ့္၊

ေမတၱာတရား နဲ႔ပညာကို လုံေလာက္စြာေပးျခင္းျဖင့္ လိမၼာေရးျခားရွိၿပီး ထူးခၽြန္တဲ့ကေလးေတြ ျဖစ္လာေစမွာကို သိရွိသင့္ပါတယ္။

အလြန္အမင္း တာျမစ္ျခင္းေၾကာင့္

မိဘတိုင္းဟာ သားသမီးေတြအတြက္ အျမဲစိုးရိမ္ပူပန္ေနတတ္ၾကပါတယ္။ ဒါေပမဲ့ အလြန္အမင္းစိုးရိမ္ပူပန္တတ္ၿပီး ကေလးေတြရဲ့ဆႏၵေတြကို တားျမစ္ျခင္းေၾကာင့္

ကေလးေတြမွာ ပုန္ကန္လိုစိတ္ေတြ၊ လိမ္ညာမႈေတြ ကိန္းေအာင္းလာတတ္ပါတယ္။ မိဘေတြဟာ သားသမီးေနရာကေန မေတြးေတာတဲ့အတြက္

သားသမီးေတြစိတ္မွာ အရာရာကိုဖုံးကြယ္တတ္လာနိုင္သလို မိဘကိုမေက်နပ္မႈေၾကာင့္ ဇြတ္တရြတ္လုပ္လိုစိတ္ေတြ ျဖစ္လာပါလိမ့္မယ္။

ဒါေၾကာင့္ အရာရာကိုစိုးရိမ္ပူပန္ေနမယ့္အစား ကိုယ့္သားသမီးအေပၚယုံၾကည္မႈထားနိုင္ေအာင္ ႀကိဳးစားသင့္ၿပီး လႊတ္သင့္တဲ့ေနရာလႊတ္

မလႊတ္သင့္တဲ့ေနရာကို ေကာင္းမြန္ခိုင္လုံတဲ့အေၾကာင္းျပခ်က္နဲ႔ တားဆီးျခင္းျဖင့္ သူတို႔ေတြရဲ့အႏၲရာယ္ကို ေစာင့္ေရွာက္နိုင္ပါတယ္။

အလြန္အက်ဴး ပံ့ပိုးေပးျခင္း

သားသမီးကို ခ်စ္တဲ့စိတ္တစ္ခုတည္းနဲ႔ အရာရာကိုလိုက္လံေျဖရွင္းေပးျခင္းေၾကာင့္ သားသမီးေတြမွာ လူဝင္မဆံ့၊ အသုံးမက်ေတာ့တဲ့ အျဖစ္မ်ိဳးေတြ ၾကဳံေတြ႕ရနိုင္ပါတယ္။

သူတို႔ေတြငယ္စဥ္က ဘယ္ကိုသြားသြား၊ ဘာပဲလုပ္လုပ္ မိဘပါမွစိတ္ခ်မ္းသာတတ္ၾကပါတယ္။ နည္းနည္းေလးအရြယ္ေရာက္လာေတာ့

ေက်ာင္းပိုေက်ာင္းႀကိဳနဲ႔ တစ္ကိုယ္ရည္သန႔္ရွင္မႈကအစ မိဘကိုမလိုအပ္ေတာ့ပါဘူး။ ဒါဟာ သဘာဝပဲျဖစ္ပါတယ္။ ဒါကိုသေဘာမေပါက္ပဲ

ႀကီးလာတဲ့အခ်ိန္ထိ အရာရာကိုလိုက္လံကူညီေျဖရွင္းေပးေနရင္ ေနာင္တခ်ိန္မွာ မိမိတို႔ရဲ့သားသမီးေတြဟာ ကိုယ္ပိုင္ဆုံးျဖတ္ခ်က္မရွိသူေတြ၊

ျပႆနာကိုမေျဖရွင္းတတ္သူေတြ၊ လူေတာမတိုးတတ္သူေတြ အျဖစ္ ႀကီးျပင္းလာတတ္တာကို မိဘတိုင္းသတိျပဳေစခ်င္ပါတယ္။

မွားယြင္းတဲ့အေလ့အထ

ယခုေခတ္ကေလးေတြဟာ အရြယ္နဲ႔မလိုက္ေအာင္ ပင္ပန္းၾကရပါတယ္။ ေက်ာင္းမွာတေနကုန္ စာသင္လာၾကၿပီး၊ အိမ္ျပန္ေရာက္တဲ့အခါမွာေတာင္မနားရပဲ က်ဴရွင္ေတြ၊

ဂိုက္ေတြနဲ႔ ေဆာ့ကစားခ်ိန္မရွိ စာမွစာျဖစ္ေနၾကပါတယ္။ ေႏြရာသီေက်ာင္းပိတ္တဲ့အခါမွာလည္း ေနာက္ႏွစ္အတြက္ႀကိဳတင္ၿပီး စာသင္ၾကရပါတယ္။

ဒါဟာသူတို႔ေတြရဲ့ ဆႏၵထက္၊ မိဘေတြရဲ့တယူသန္ဆႏၵေၾကာင့္ လို႔သတ္မွတ္လို႔ရနိုင္ပါတယ္။ တခ်ိဳ႕မိဘေတြက မိဘေတြအခ်င္းခ်င္း ဂုဏ္တုဂုဏ္ၿပိဳင္လိုစိတ္ေၾကာင့္

သားသမီးကိုေက်ာင္းမွာအဆင့္ေကာင္းေအာင္ လုံးဝမညႇာပဲ စာမွစာႀကိဳးစားခိုင္းတတ္ပါတယ္။ ဒါဟာအစြန္းေရာက္ေနတဲ့ အုပ္ထိန္းမႈျဖစ္ၿပီး သူတို႔ေတြကို နားခ်ိန္မွာနားေစျခင္း၊

ကိုယ္ခႏၶာႀကံ့ခိုင္ေစရန္ အားကစားလုပ္ခိုင္းေစျခင္း၊ လူမႈပတ္ဝန္းက်င္နဲ႔ သဟဇာတျဖစ္ေစရန္ သင္ၾကားဆုံးမေပးျခင္းေတြဟာလည္း သူတို႔ရဲ့ကာယ၊

ဉာဏ ဖြံ့ၿဖိဳးမႈအတြက္ မ်ားစြာအေရးႀကီးေၾကာင္း သိရွိေစခ်င္ပါတယ္ ေက်ာင္းစာေတြလိုပဲ ျပင္ပဗဟုသုတ၊ က်န္းမာေရး၊ စာရိတၱနဲ႔ စာနာတတ္တဲ့စိတ္ထားေတြရွိဖို႔လည္း

လိုအပ္တာကို မိဘတိုင္းနားလည္ျခင္းျဖင့္ ကေလးေတြကိုသဘာဝအတိုင္း ႀကီးျပင္းလာေအာင္ ပ်ိဳးေထာင္ေပးသင့္ေၾကာင္း တိုက္တြန္းလိုပါတယ္။။

#LM_Naung_Naung

Leave a Comment