အသက် 101နှစ်ရှိနေပြီဖြစ်တဲ့အစ်ကိုဖြစ်သူကို မုန့်ဖိုးပေးရင်း ဝမ်းနည်းမျက်ရည်ကျနေခဲ့တဲ့ 96 နှစ်အရွယ် အဘွားအို (ရုပ်သံ)

မောင်နှမတွေဆိုတာက မတည့်အတူနေဆိုသလို အချင်းချင်းရန်ဖြစ်စကားများကျရင်လည်း ခဏအကြာမှာတော့ ပြန်ပြီးတည့်နေကြပါပြီ ။ ကိုယ့်ရဲ့ဘဝတစ်လျှောက်လုံးမှာ အမြဲအတူရှိနေကြတဲ့သူတွေက မောင်နှမတွေပါပဲ ၊ ဒါကြောင့် မောင်နှမ ၊ မိသားစု ဆိုတဲ့အရာကို မြတ်နိုးတန်ဖိုးထားကြရမှာပါ ။ ဒီတစ်ခေါက်မှာလည်း တရုတ်နိုင်ငံမှာရေပန်းစားနေခဲ့တဲ့ video တစ်ခုမှာဆိုရင် အသက် 96 နှစ်အရွယ် အဘွားအို နှင့် 101 နှစ်အရွယ်အဘိုးအိုတို့အကြာ မောင်နှမသံယောဇဉ်ဘယ်လောက်ထိခိုင်မာနေလဲဆိုတာကို တွေ့ရှိရမှာပါ ။ အဆိုပါ Video ကိုတော့ တရုတ်နိုင်ငံ ၊ Jiangxi ပြည်နယ်မှာ ရိုက်ယူထားခဲ့တာပါ ။

Video ထဲမှာတွေ့မြင်ရတဲ့အတိုင်း အဘွားအိုဟာအစ်ကိုဖြစ်သူကို တွေ့တွေ့ချင်း ပိုက်ဆံ 200 ယွမ်းကိုချက်ချင်းထုတ်ပြီး အစ်ကိုဖြစ်သူကိုပေးခဲ့ပါတယ် ။ အစ်ကိုဖြစ်သူက ပိုက်ဆံမယူဘူးဆိုပြီး သူမရဲ့လက်ကိုလှုပ်ယမ်းလိုက်ချိန်မှာတော့ အဘွားအိုမျက်ရည်ဝဲသွားခဲ့ပါတယ် ။ ထို့နောက် အဘွားက အစ်ကိုဖြစ်သူရဲ့ပုခုံးကို လှမ်းပုတ်ခဲ့ပါတော့တယ် ။ မကြာခင်မှာဘဲ အဘွားအိုဟာဝမ်းနည်းမျက်ရည်ကျသွားခဲ့ပြီး သူမရဲ့မျက်ရည်ကိုသုတ်ပစ်ခဲ့ရပါတယ် ။

သတင်းအရ အဘိုးအိုဟာပြီးခဲ့တဲ့ စက်တင်ဘာလက တင်ပါးမှာဒဏ်ရာရရှိခဲ့လို့ ညီမဖြစ်သူကအတော်လေးစိုးရိမ်နေခဲ့ရတာပါ ။ ညီမဖြစ်သူက အစ်ကိုထံသွားလည်ချင်ပေမဲ့လည်း သူမရဲ့အဖျားရောဂါကြောင့် မသွားနိုင်လို့ ၊ အစ်ကိုဖြစ်သူက သူမထံလာရောက်လည်ပတ်ခဲ့ရတာဖြစ်ပါတယ် ။ အစ်ကိုဖြစ်သူကို စတွေ့ချင်မှာပဲ သူမက ‘ အစ်ကို ဘယ်နားမှာလဲကျခဲ့တာလဲ ‘ ဆိုပြီးမေးမြန်းခဲ့ပါတယ် ။ ထို့နောက် အစ်ကိုဖြစ်သူကို အစားအသောက်တွေဝယ်စားဖို့ သူမရဲ့ ယွမ် 200 ကို ထုတ်ပေးခဲ့ပါတော့တယ် ။ အဆိုပါမြင်ကွင်းကြောင့် ကားပေါ်မှာလိုက်ပါလာခဲ့ကြတဲ့ အဘိုးအိုရဲ့သားသမီးတွေ ဝမ်းနည်းမျက်ရည်ကျခဲ့ရကြောင်း သိရှိရပါတယ် ။

 

Jasmine (Mckzone Daily)

Source: worldofbuzz

Zawgyi

ေမာင္ႏွမေတြဆိုတာက မတည့္အတူေနဆိုသလို အခ်င္းခ်င္းရန္ျဖစ္စကားမ်ားက်ရင္လည္း ခဏအၾကာမွာေတာ့ ျပန္ၿပီးတည့္ေနၾကပါၿပီ ။ ကိုယ့္ရဲ႕ဘဝတစ္ေလ်ွာက္လံုးမွာ အျမဲအတူ႐ွိေနၾကတဲ့သူေတြက ေမာင္ႏွမေတြပါပဲ ၊ ဒါေၾကာင့္ ေမာင္ႏွမ ၊ မိသားစု ဆိုတဲ့အရာကို ျမတ္ႏိုးတန္ဖိုးထားၾကရမွာပါ ။ ဒီတစ္ေခါက္မွာလည္း တ႐ုတ္ႏိုင္ငံမွာေရပန္းစားေနခဲ့တဲ့ video တစ္ခုမွာဆိုရင္ အသက္ 96 ႏွစ္အရြယ္ အဘြားအို ႏွင့္ 101 ႏွစ္အရြယ္အဘိုးအိုတို႔အၾကာ ေမာင္ႏွမသံေယာဇဥ္ဘယ္ေလာက္ထိခိုင္မာေနလဲဆိုတာကို ေတြ႔႐ွိရမွာပါ ။ အဆိုပါ Video ကိုေတာ့ တ႐ုတ္ႏိုင္ငံ ၊ Jiangxi ျပည္နယ္မွာ ႐ိုက္ယူထားခဲ့တာပါ ။

Video ထဲမွာေတြ႔ျမင္ရတဲ့အတိုင္း အဘြားအိုဟာအစ္ကိုျဖစ္သူကို ေတြ႔ေတြ႔ခ်င္း ပိုက္ဆံ 200 ယြမ္းကိုခ်က္ခ်င္းထုတ္ၿပီး အစ္ကိုျဖစ္သူကိုေပးခဲ့ပါတယ္ ။ အစ္ကိုျဖစ္သူက ပိုက္ဆံမယူဘူးဆိုၿပီး သူမရဲ႕လက္ကိုလႈပ္ယမ္းလိုက္ခ်ိန္မွာေတာ့ အဘြားအိုမ်က္ရည္ဝဲသြားခဲ့ပါတယ္ ။ ထို႔ေနာက္ အဘြားက အစ္ကိုျဖစ္သူရဲ႕ပုခံုးကို လွမ္းပုတ္ခဲ့ပါေတာ့တယ္ ။ မၾကာခင္မွာဘဲ အဘြားအိုဟာဝမ္းနည္းမ်က္ရည္က်သြားခဲ့ၿပီး သူမရဲ႕မ်က္ရည္ကိုသုတ္ပစ္ခဲ့ရပါတယ္ ။

သတင္းအရ အဘိုးအိုဟာၿပီးခဲ့တဲ့ စက္တင္ဘာလက တင္ပါးမွာဒဏ္ရာရ႐ွိခဲ့လို႔ ညီမျဖစ္သူကအေတာ္ေလးစိုးရိမ္ေနခဲ့ရတာပါ ။ ညီမျဖစ္သူက အစ္ကိုထံသြားလည္ခ်င္ေပမဲ့လည္း သူမရဲ႕အဖ်ားေရာဂါေၾကာင့္ မသြားႏိုင္လို႔ ၊ အစ္ကိုျဖစ္သူက သူမထံလာေရာက္လည္ပတ္ခဲ့ရတာျဖစ္ပါတယ္ ။ အစ္ကိုျဖစ္သူကို စေတြ႔ခ်င္မွာပဲ သူမက ‘ အစ္ကို ဘယ္နားမွာလဲက်ခဲ့တာလဲ ‘ ဆိုၿပီးေမးျမန္းခဲ့ပါတယ္ ။ ထို႔ေနာက္ အစ္ကိုျဖစ္သူကို အစားအေသာက္ေတြဝယ္စားဖို႔ သူမရဲ႕ ယြမ္ 200 ကို ထုတ္ေပးခဲ့ပါေတာ့တယ္ ။ အဆိုပါျမင္ကြင္းေၾကာင့္ ကားေပၚမွာလိုက္ပါလာခဲ့ၾကတဲ့ အဘိုးအိုရဲ႕သားသမီးေတြ ဝမ္းနည္းမ်က္ရည္က်ခဲ့ရေၾကာင္း သိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Leave a Comment