ကြံတွေကို ခိုးစားပြီး ခန္ဒာကိုယ်မှအားမနာ လူလည်ကျပြီးတော့ မီးတိုင်နောက်မှာပုန်းနေခဲ့တဲ့ ဆင်လေး
ကြံတွေကို ခိုးစားပြီး ခန္ဒာကိုယ်မှအားမနာ လူလည်ကျပြီးတော့ မီးတိုင်နောက်မှာပုန်းနေခဲ့တဲ့ ဆင်လေး
လူလည်ကျတဲ့ဆင်တစ်ကောင်က ထိုင်းနိုင်ငံရှိ ကြံခင်းတစ်ခုမှာ ကြံခိုးစားပြီးနောက် မှာ မီးတိုင်နောက်မှာပုန်းနေဖို့ကြိုးစားနေခဲ့တာပါ။ထို ဆင်ကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မြောက်ပိုင်းတောင်တန်းဒေသမှာ တွေ့ရှိခဲ့ကြတာပါ။
ထိုဆင်လေးဟာ လူတွေကို ရှင်းရှင်းလင်းလင်းမြင်ရပေမဲ့ စုံစမ်းစစ်ဆေးသမားတွေကသူ့ဆီကို မီးထိုးပြီးချဉ်းကပ်လာတာကိုမြင်တာကြောင့် ဘဲ ကျဉ်းမြောင်းတဲ့မီးတိုင်နောက်ကို
တမင်ပုန်းနေခဲ့ပုံပါဘဲတဲ့။ခန့်မှန်းခြေအရ ဆင်အကောင်ပေါင်း၂,၀၀၀ဟာ ထိုင်းနိုင်ငံမှာ တောရိုင်းဆင်တွေလို လွတ်လပ်စွာနေထိုင်နေကြပြီးတော့ အလားတူအရေအတွက်မှာတော့ ဖမ်းဆီးချူပ်နှောင်ခံထားရတာပါ။
တောရိုင်းဆင်တွေက နိုင်ငံ့အကာအကွယ်အမျိုးသားဥယျာဉ်တွေထဲမှာ ကျင်လည်နေကြပါတယ်။ဒါပေမဲ့လည်း အစားအစာအတွက်လယ်သမားတွေရဲ့အစားအစာစုဆောင်းရာနေရာကို ဝင်ရှုပ်တတ်တာကြောင့် လူသားတွေနဲ့အမြဲပြဿနာဖြစ်နေတတ်ပါတယ်နော်။
ဆင်တွေဟာ ထိုင်းနိုင်ငံရဲ့ရိုးရာယဉ်ကျေးမှုအတွက်အရေးပါနေပြီးတော့ သူတို့အားသတ်ဖြတ်မှုအတွက် အများဆုံးထောင်ဒဏ်၃နှစ်အထိချမှတ်ထားပါတယ်။လွန်ခဲ့တဲ့၁၉၈၆ခုနှစ်ကတည်းက
ဆင်တွေဟာထိုင်းနိုင်ငံရဲ့မျိုးသုန်းလုနီးပါးရှိတဲ့မျိုးစိတ်တစ်မျိုးဖြစ်လာခဲ့တာပါ။အဆိုပါဆင်ဟာ အိန္ဒိယဆင်ဖြစ်ပြီးတော့ အာဖရိကဆင်နဲ့ကွဲပြားနေတာက သူ့ရဲ့သေးငယ်တဲ့နားရွက်လေးတွေပါ။အိမ်မွေးကြောင်လေးက
သူ့ခန္ဓာကိုယ်ထက်အဆမတန်ကြီးတဲ့ဆင်ကို သတ္တိရှိရှိတိုက်ထုတ်နေခဲ့ပေမဲ့လည်း လူတစ်ယောက်ကိုခြေထောက်နဲ့ဖိသတ်နိုင်တဲ့သားရဲကို အနီးကပ်မခြိမ်းခြောက်ရဲခဲ့ပါဘူး။ဒေသခံတွေက အသက်၃၅နှစ်အရွယ် Pai Salickလို့ခေါ်တဲ့အဆိုပါဆင်က
အိမ်နားအစာလာရှာစားတတ်တဲ့ဆင်လို့ လူသိများကြောင်းဆိုထားကြပြီးတော့ ဒေသခံဥယျာဉ်မှူး Amnat Norasinက သူကတောထဲမှာနေပေမဲ့ ညအချိန်မှာ
အိမ်တိုင်းကိုလှည့်ပတ်ပြီး အစာရှာစားတယ်။သူဘယ်သူလဲဆိုလူတိုင်းသိတယ် လို့လည်းဆိုထားပါသေးတယ်နော်။Credit
Zawgyi
Leave a Comment