ဆင်းရဲလွန်းသော်လည်း လူ့အသက်နှစ်ထောင်ခန့်ကိုကယ်တင်လိုက်နိုင်တဲ့ သားအဖ

အိန္ဒိယနိုင်ငံ တြိပူရပြည်နယ် အမ်ဘက်ဆာမြို့မှ ဆွာပန်ဒက်ဘားမားဆိုသူ အမျိုးသား တစ်ဦးနှင့် သမီးဖြစ်သူဆိုမာတီတို့သည်ရထားလမ်းအားဖြတ်ကူးစဉ် မိုးသည်းထည်စွာရွာသွန်းမှုကြောင့် မြေပြိုကျပြီး ရထားလမ်းပိုင်းများပျက်စီးနေကြောင်း တွေ့ရှိခဲ့ကြလေသည်။

ထို့ကြောင့် ရထားတစ်စင်းဦးတည် ခုတ်မောင်းလာနေသောအခါ ပျက်စီးကိန်းမဆိုက်စေရန်အတွက် သားအဖနှစ်ယောက်သည် ၎င်းတို့၏အင်္ကျံ များကို ဝှေ့ယမ်းကာ ရပ်တန့်စေနိုင်ခဲ့ကြောင်းသိရသည်။

အဆိုပါသားအဖ၏သူရဲကောင်းဆန်သည့်လုပ်ရပ်မှာပျံ့နှံသွားပြီး ပြည်နယ်ဝန်ကြီးတစ်ဦးကပင်နေအိမ်သို့ ခေါ်ယူတွေ့ဆုံခဲ့လေသည်။

“သူတို့သားအဖသာ ရထားကိုရပ်တန့်အောင်မလုပ်နိုင်ခဲ့ရင် လူ့အသက်တွေ ဆုံးရှုံး ကုန်မှာပဲ။ ကျွန်တော်ဒါကို သိရတဲ့အခါ သူတို့ကိုအိမ်ဖိတ်ခေါ်ပြီး သူတို့နဲ့အတူနံနက်စာစားခဲ့ပါတယ်” ဟု ဝန်ကြီး ဆူဒစ်ရွိင်းဘားမန်ကပြောကြားခဲ့သည်။

ရထားပေါ်တွင်ခရီးသည်ဦးရေနှစ်ထောင်ခန့်ပါရှိသဖြင့် အကယ်၍ ဆွာပန်နှင့်ဆိုမာတီတို့သားအဖသာ ရထားကို မရပ်တန့်စေခဲ့လျှင်

ဝန်ကြီးပြောသလို သေသူသေ ၊ ဒဏ်ရာရသူရဖြင့် အခြေအနေဆိုးရွားသွားမည်မှာအမှန်ပင်ဖြစ်သည်။

ဆွာပန်တို့သားအဖအားဂုဏ်ပြုဆုချီးမြှင့်ရန်လည်း ဆူဒစ်က ဝန်ကြီးချုပ်နှင့်လွှတ်တော်အပြင် ဗဟို အစိုးရနှင့် မီးရထားဝန်ကြီးဌာနသို့လည်း တောင်းဆိုခဲ့ပါသည်။

ဆွာပန်နှင့်၎င်း၏မိသားစုမှာ အလွန်ပင်ဆင်းရဲသောကြောင့် အဖွဲ့အစည်းပေါင်းများစွာ ၊ လူပုဂ္ဂိုလ်ပေါင်းများစွာ က ဝိုင်းဝန်းကူညီပံ့ပိုးပေးနေကြသည့်အပြင်

အနီးရှိဘူတာရုံတစ်ရုံအား သူ၏နာမည်နှင့်ထားရှိဂုဏ်ပြုရန်ပင် အကြံပြုမှုများရှိကြောင်း ကြားသိရပါသည်။

(လေးစားမှုဖြင့် ခရက်ဒစ်)

Zawgyi

အိႏၵိယႏိုင္ငံ ႀတိပူရျပည္နယ္ အမ္ဘက္ဆာၿမိဳ႕မွ ဆြာပန္ဒက္ဘားမားဆိုသူ အမ်ိဳးသား တစ္ဦးႏွင့္ သမီးျဖစ္သူဆိုမာတီတို႔သည္

ရထားလမ္းအားျဖတ္ကူးစဥ္ မိုးသည္းထည္စြာ႐ြာသြန္းမႈေၾကာင့္ ေျမၿပိဳက်ၿပီး ရထားလမ္းပိုင္းမ်ားပ်က္စီးေနေၾကာင္း ေတြ႕ရွိခဲ့ၾကေလသည္။

ထို႔ေၾကာင့္ ရထားတစ္စင္းဦးတည္ ခုတ္ေမာင္းလာေနေသာအခါ ပ်က္စီးကိန္းမဆိုက္ေစရန္အတြက္ သားအဖႏွစ္ေယာက္သည္ ၎တို႔၏အက်ႍ မ်ားကို ေဝွ႔ယမ္းကာ ရပ္တန႔္ေစႏိုင္ခဲ့ေၾကာင္းသိရသည္။

အဆိုပါသားအဖ၏သူရဲေကာင္းဆန္သည့္လုပ္ရပ္မွာပ်ံ႕ႏွံသြားၿပီး ျပည္နယ္ဝန္ႀကီးတစ္ဦးကပင္ေနအိမ္သို႔ ေခၚယူေတြ႕ဆုံခဲ့ေလသည္။

“သူတို႔သားအဖသာ ရထားကိုရပ္တန႔္ေအာင္မလုပ္ႏိုင္ခဲ့ရင္ လူ႔အသက္ေတြ ဆုံးရႈံး ကုန္မွာပဲ။ ကြၽန္ေတာ္ဒါကို သိရတဲ့အခါ သူတို႔ကိုအိမ္ဖိတ္ေခၚၿပီး သူတို႔နဲ႔အတူနံနက္စာစားခဲ့ပါတယ္” ဟု ဝန္ႀကီး ဆူဒစ္႐ြိင္းဘားမန္ကေျပာၾကားခဲ့သည္။

ရထားေပၚတြင္ခရီးသည္ဦးေရႏွစ္ေထာင္ခန႔္ပါရွိသျဖင့္ အကယ္၍ ဆြာပန္ႏွင့္ဆိုမာတီတို႔သားအဖသာ ရထားကို မရပ္တန႔္ေစခဲ့လွ်င္

ဝန္ႀကီးေျပာသလို ေသသူေသ ၊ ဒဏ္ရာရသူရျဖင့္ အေျခအေနဆိုး႐ြားသြားမည္မွာအမွန္ပင္ျဖစ္သည္။

ဆြာပန္တို႔သားအဖအားဂုဏ္ျပဳဆုခ်ီးျမႇင့္ရန္လည္း ဆူဒစ္က ဝန္ႀကီးခ်ဳပ္ႏွင့္လႊတ္ေတာ္အျပင္ ဗဟို အစိုးရႏွင့္ မီးရထားဝန္ႀကီးဌာနသို႔လည္း ေတာင္းဆိုခဲ့ပါသည္။

ဆြာပန္ႏွင့္၎၏မိသားစုမွာ အလြန္ပင္ဆင္းရဲေသာေၾကာင့္ အဖြဲ႕အစည္းေပါင္းမ်ားစြာ ၊ လူပုဂၢိဳလ္ေပါင္းမ်ားစြာ က ဝိုင္းဝန္းကူညီပံ့ပိုးေပးေနၾကသည့္အျပင္

အနီးရွိဘူတာ႐ုံတစ္႐ုံအား သူ၏နာမည္ႏွင့္ထားရွိဂုဏ္ျပဳရန္ပင္ အႀကံျပဳမႈမ်ားရွိေၾကာင္း ၾကားသိရပါသည္။

(ေလးစားမႈျဖင့္ ခရက္ဒစ္)

Leave a Comment