ကိုဗစ်ကာကွယ်ဆေးရရင် အရင်ဆုံး မထိုးဘူးလို့ ပြောလာတဲ့ ဖိုးချစ်..

ကိုဗစ်ကာကွယ်ဆေးရရင် အရင်ဆုံး မထိုးဘူးလို့ ပြောလာတဲ့ ဖိုးချစ်

ပရိတ်သတ်ကြီးတို့ရေ..တစ်ကမ္ဘာလုံးရဲ့ လည်ပတ်မှုယန္တရားတွေ ရပ်တန့်သွားစေခဲ့တဲ့အထိ သက်ရောက်မှုအားပြင်းခဲ့တဲ့ ကိုဗစ်ကပ်ရောဂါဆိုးကြီးကို ကာကွယ်ကုသနိုင်ဖို့ ပညာရှင်တွေအားလုံးနည်းမျိုးစုံနဲ့ စမ်းသပ်လာခဲ့တာ အခုဆိုရင် သတင်းကောင်းတချို့ ရှိလာပြီဖြစ်ပါတယ်နော်။

ဆေးပညာဖွံ့ဖြိုးတိုးတက်တဲ့ အင်အားကြီးနိုင်ငံတချို့ရဲ့ စမ်းသ်ချက်ရလဒ်ကောင်းတွေကြောင့် လာမယ့် ဒီဇင်ဘာလလယ်လောက်ကစပြီး ကာကွယ်ဆေးစတင်အသုံးပြုနိုင်တော့မှာဖြစ်ကြောင်း သိရပါတယ်။ဒါ့ပေမယ့် ကမ္ဘာလူဦးရေအကုန်လုံးအတွက် တစ်ပြိုင်နက်တည်းထုတ်လုပ်နိုင်ဖို့ဆိုတာ မဖြစ်နိုင်သေးတာမို့ ကာကွယ်ဆေးရရှိလာခဲ့ရင်လည်း ဦးစားပေးအစီအစဉ်တွေနဲ့ လိုအပ်တဲ့အဆင့်လိုက် လုပ်ဆောင်သွားရမှာပါ။

လူ့အသက်ကိုခြိမ်းခြောက်နိုင်တဲ့ရောဂါမို့ လူတိုင်းကာကွယ်ဆေးပထမဆုံးရချင်ကြမှာ အမှန်ဆိုပေမယ့်လည်း ဖိုးချစ်ကတော့ ကာကွယ်ဆေးနဲ့ပတ်သက်ပြီး သူ့ရဲ့စိတ်ထားကို မျှဝေလာပါတယ်။ ကာကွယ်ဆေးရရင် အရင်ဆုံးထိုးရဖို့မကြိုးစားချင်ဘူး…. အားလုံးထိုးနိုင်တဲ့အထိ စည်းကမ်းလိုက်နာပြီးစောင့်မယ်… ဆိုပြီး ရေးသားမျှဝေလာခဲ့တာပဲ ဖြစ်ပါတယ် ပရိတ်သတ်ကြီးတို့ရေ။

ဖိုးချစ်ရဲ့တစ်ကိုယ်ကောင်းမဆန် မွန်မြတ်တဲ့စိတ်ထားလေးကိုတော့ ပရိသတ်တွေက လေးစားချစ်ခင်ခဲ့ရသလို ကျန်းမာဖြတ်လတ်တဲ့ လူငယ်လူရွယ်တိုင်းမှာ ဆေးအလွယ်တကူရနိုင်မယ့် အနေအထားရှိခဲ့ရင်တောင် ဖိုးချစ်လိုစိတ်မျိုးပဲထားသင့်ကြောင်း တိုက်တွန်းတဲ့ လူတွေလဲ အများအပြားရှိနေခဲ့တာပဲ ဖြစ်ပါတယ်။

ပရိတ်သတ်ကြီးတို့လဲ ဖိုးချစ်ရဲ့ လေးစားစရာကောင်းတဲ့ စိတ်ဓာတ်လေးကို အတုယူနိုင်ဖို့ ပြန်လည်မျှဝေလိုက်ပါတယ်နော်။အဆုံးထိဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးလည်း သာယာပျော်ရွှင်တဲ့ နေ့တစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေနော်။

Zawgyi

ကိုဗစ္ကာကြယ္ေဆးရရင္ အရင္ဆုံး မထိုးဘူးလို႔ ေျပာလာတဲ့ ဖိုးခ်စ္

ပရိတ္သတ္ႀကီးတို႔ေရ..တစ္ကမာၻလုံးရဲ႕ လည္ပတ္မႈယႏၲရားေတြ ရပ္တန႔္သြားေစခဲ့တဲ့အထိ သက္ေရာက္မႈအားျပင္းခဲ့တဲ့ ကိုဗစ္ကပ္ေရာဂါဆိုးႀကီးကို ကာကြယ္ကုသႏိုင္ဖို႔ ပညာရွင္ေတြအားလုံးနည္းမ်ိဳးစုံနဲ႔ စမ္းသပ္လာခဲ့တာ အခုဆိုရင္ သတင္းေကာင္းတခ်ိဳ႕ ရွိလာၿပီျဖစ္ပါတယ္ေနာ္။

ေဆးပညာဖြံ႕ၿဖိဳးတိုးတက္တဲ့ အင္အားႀကီးႏိုင္ငံတခ်ိဳ႕ရဲ႕ စမ္းသ္ခ်က္ရလဒ္ေကာင္းေတြေၾကာင့္ လာမယ့္ ဒီဇင္ဘာလလယ္ေလာက္ကစၿပီး ကာကြယ္ေဆးစတင္အသုံးျပဳႏိုင္ေတာ့မွာျဖစ္ေၾကာင္း သိရပါတယ္။ဒါ့ေပမယ့္ ကမာၻလူဦးေရအကုန္လုံးအတြက္ တစ္ၿပိဳင္နက္တည္းထုတ္လုပ္ႏိုင္ဖို႔ဆိုတာ မျဖစ္ႏိုင္ေသးတာမို႔ ကာကြယ္ေဆးရရွိလာခဲ့ရင္လည္း ဦးစားေပးအစီအစဥ္ေတြနဲ႔ လိုအပ္တဲ့အဆင့္လိုက္ လုပ္ေဆာင္သြားရမွာပါ။

လူ႔အသက္ကိုၿခိမ္းေျခာက္ႏိုင္တဲ့ေရာဂါမို႔ လူတိုင္းကာကြယ္ေဆးပထမဆုံးရခ်င္ၾကမွာ အမွန္ဆိုေပမယ့္လည္း ဖိုးခ်စ္ကေတာ့ ကာကြယ္ေဆးနဲ႔ပတ္သက္ၿပီး သူ႔ရဲ႕စိတ္ထားကို မွ်ေဝလာပါတယ္။ ကာကြယ္ေဆးရရင္ အရင္ဆုံးထိုးရဖို႔မႀကိဳးစားခ်င္ဘူး…. အားလုံးထိုးႏိုင္တဲ့အထိ စည္းကမ္းလိုက္နာၿပီးေစာင့္မယ္… ဆိုၿပီး ေရးသားမွ်ေဝလာခဲ့တာပဲ ျဖစ္ပါတယ္ ပရိတ္သတ္ႀကီးတို႔ေရ။

ဖိုးခ်စ္ရဲ႕တစ္ကိုယ္ေကာင္းမဆန္ မြန္ျမတ္တဲ့စိတ္ထားေလးကိုေတာ့ ပရိသတ္ေတြက ေလးစားခ်စ္ခင္ခဲ့ရသလို က်န္းမာျဖတ္လတ္တဲ့ လူငယ္လူ႐ြယ္တိုင္းမွာ ေဆးအလြယ္တကူရႏိုင္မယ့္ အေနအထားရွိခဲ့ရင္ေတာင္ ဖိုးခ်စ္လိုစိတ္မ်ိဳးပဲထားသင့္ေၾကာင္း တိုက္တြန္းတဲ့ လူေတြလဲ အမ်ားအျပားရွိေနခဲ့တာပဲ ျဖစ္ပါတယ္။

ပရိတ္သတ္ႀကီးတို႔လဲ ဖိုးခ်စ္ရဲ႕ ေလးစားစရာေကာင္းတဲ့ စိတ္ဓာတ္ေလးကို အတုယူႏိုင္ဖို႔ ျပန္လည္မွ်ေဝလိုက္ပါတယ္ေနာ္။အဆုံးထိဖတ္ရႈေပးတဲ့ ပရိတ္သတ္ႀကီးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔တစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစေနာ္။

Leave a Comment