ရန် ကုန်-ပြည်- မန္တလေး Express ကားပေါ် မှာ ဖြစ်မှ ဖြစ်ရေ လ အန်တီရယ်

ရန် ကုန်-ပြည်- မန္တလေး Express ကားပေါ် မှာ ဖြစ်မှ ဖြစ်ရေ လ အန်တီရယ်

ရန်ကုန်-ပြည်- မန္တလေး Express ကားပေါ် မှာ ဖြစ်မှ ဖြစ်ရလေ အန်တီရယ်ကားပေါ်ရောက်ရင် အိပ်တတ်တာကြောင့် အသက် (၅၀) ဝင်းကျင်ခန့်အဒေါ်ကြီးတယောက်

ရန်ကုန်-ပြည်- မန္တလေး Express ကားပေါ်တွင် ဖြစ်သည်ကားပေါ်ရောက်ရင် အိပ်တတ်တာကြောင့်အသက် ၅၀ ဝင်းကျင်ခန့်အဒေါ်ကြီးတယောက်မှ ယဉ်မောင်းအားကားစတင်ထွက်ချိန်တွင် အော်ပြောလေသည်

” ကားဆရာရေ အုတ်ဖို တာဆုံရောက်ရင်အဒေါ့်ကိုပြောပါကွယ်”

” ဟုတ်ကဲ့ ဂျီးဒေါ်ရေ”

ထိုသို့ဖြင့် ကားစီး လာရင်း အဒေါ်ကြီးမှာ အိပ်ငိုက်ပါလာတော့သည် နာရီ အနဲငယ်အကြာတွင်တော့ အဒေါ်ကြီးအသံဟိန်းထွက်လာသည်

” ကားဆရာရေ အုတ်ဖို တာဆုံရောက်ပြီလားကွဲ့”

ယဉ်မောင်းရော စပါယ်ယာပါ အခက်တွေ့ကုန်ကြလေသည် အုတ်ဖိုတာဆုံကို အတော်လေးကျော်လွန်သွားတာကိုး …..

အခြားခရီးသယ်များကလည်း ဒရိုင်ဘာကိုဝိုင်းဝန်း အပြစ်တင်ပြောဆိုနေကြတော့သည် ဒရိုင်ဘာလဲ မနေသာတော့ပဲ

” ကဲ ကဲကျနော့ အပြစ်ပါဗျာ တောင်းပန်ပါတယ် နောက်ကိုပြန်မောင်းပေးပါ့မယ် ဂျီးဒေါ်ရေ”

ထို့နောက်ကား ကို လေးဆယ့်ငါးမိနစ်ခန့် နောက်ကြောင်းပြန်လှည့်မောင်းခဲ့ ရလေသည်

” ကဲ ဂျီးဒေါ်ရေ အုတ်ဖို တာဆုံရောက်ပါပြီဗျ ဆင်းလို့ရပါပြီ”

” အို ဆင်းမလို့မဟုတ်ပါဘူး ငါ့တူရယ်ကားစထွက်တော့သမီးက မှာလိုက်လို့ပါအုတ်ဖိုတာဆုံ ရောက်ရင် နောက်ထပ်ဆေး တခွက်ထပ်သောက်ဖို့မမေ့နဲ့ ဆိုလို့ပါကွယ်”

ရယ်မောခြင်းဖြင့် ဘဝအမောတွေပြေပါစေ…Ganabia

Zawgyi







” ဟုတ်ကဲ့ ဂျီးဒေါ်ရေ”










Leave a Comment