မွေးနေ့မှာ မျက်မမြင်များအတွက် လှူဒါန်းမှုတွေပြုလုပ်ခဲ့တဲ့ သရုပ်ဆောင် မေဆူးမောင်

မွေးနေ့မှာ မျက်မမြင်များအတွက် လှူဒါန်းမှုတွေပြုလုပ်ခဲ့တဲ့ သရုပ်ဆောင်မေဆူးမောင်ပရိတ်သတ်ကြီးတို့ရေ … ကပြားတစ်ယောက်ဖြစ်သလို ထူးခြားလှပတဲ့အလှပိုင်ရှင်တစ်ဦးဖြစ်တဲ့ မေဆူးမောင်ကတော့မော်ဒယ်လ်တစ်ယောက်အနေနဲ့ ပရိသတ်တွေရဲ့အသိအမှတ်ပြုမှုကိုရရှိထားသူပါ။

ဒါ့အပြင် “ည” ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ပရိသတ်တွေစတင်သတိထားမိကာ အခုဆိုရင် အနုပညာအလုပ်တွေဆက်တိုက်လုပ်ကိုင်ကာ ပရိသတ်အခိုင်အမာရရှိထားတဲ့သရုပ်ဆောင်တစ်ယောက်အဖြစ်ရပ်တည်နေတာပါ။နိုဝင်ဘာလ(၂၀)ရက်နေ့ကတော့ မေဆူးမောင်ရဲ့မွေးနေ့ရက်မြတ်လေးဖြစ်ပြီး အလှူဒါနတွေပြုကာမွေးနေ့ကို ဖြတ်သန်းခဲ့ပါတယ်။

သူ့ရဲ့မွေးနေ့မှာ မြန်မာနိုင်ငံခရစ်ယာန် မျက်မမြင်များ အသင်းမှာ ညနေစာ မုန့်နဲ့ အလှူငွေတွေသွားရောက်လှူဒါန်းခဲ့တာလည်းလည်း ဖြစ်ပါတယ်။ အခုလိုလှူဒါန်းရာမှာပါဝင်ခဲ့တဲ့ We Love တွေနဲ့ သတိတရ လက်ဆောင်ပို့ပေး ခဲ့ကြတဲ့ သူငယ်ချင်း မိတ်ဆွေနဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးတင်ကြောင်းသူ့ရဲ့ဖေ့ဘွတ်ခ်မှာ ပြောထားပါသေးတယ်။မေဆူးမောင်ကတော့ မော်ဒယ်လ်အဖြစ်နဲ့ပရိသတ်တွေစတင်သတိထားမိသလို အခုဆိုရင်ဇာတ်ကားတွေဇာတ်လမ်းတွဲတွေမှာ ပရိသတ်တွေအားပေးမှုကိုရယူထားနိုင်တဲ့ သရုပ်ဆောင်တစ်ဦးဖြစ်နေတာပဲ ဖြစ်ပါတယ်။

မွေးနေ့မှစပြီး စိတ်ချမ်းသာကိုယ်ကျန်းမာစွာနဲ့ အနုပညာအလုပ်တွေကိုလုပ်ကိုင်ကာ အောင်မြင်မှုများစွာရရှိစေဖို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။အဆုံးထိဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးလည်း သာယာပျော်ရွှင်တဲ့ နေ့တစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေနော်။ Page လေးကိုလဲ သတင်း အသစ်တွေကြည့်ရှူနိုင်အောင် Like and Share လေးပြုလုပ်ပေးသွားကြပါအုံး။

Zawgyi






Leave a Comment