အမေများအဖွဲ့ရဲ့ ထာဝရပဒေသာပင်အတွက် ငွေကျပ်သိန်း (၂၀) လှူဒါန်းခဲ့တဲ့ နန်းဆုရတီစိုး…

ပရိသတ်အချစ်တော် ရှမ်း-တရုတ် ကပြားမလေး နန်းဆုကတော့ အလှူအတန်းရက်ရောပြီး မကြာခဏ လှူဒါန်းမှုတွေ ပြုလုပ်တတ်တဲ့ အနုပညာရှင်တစ်ယောက်ပါ ။

ကိုဗစ်ကာလမှာလည်း သူမတတ်နိုင်သလောက် လှူဒါန်းမှုတွေ ပြုလုပ်ခဲ့ပြီး လက်ရှိမှာလည်း သူမရဲ့ ကြည်နူးဖွယ်အလှူလေးတစ်ခုအကြောင်း ပရိသတ်တွေကို မျှဝေပေးလာခဲ့ပါတယ် ။

ပရိသတ်တွေချစ်ရတဲ့ အမေများအဖွဲ့အတွက် လှူဒါန်းမှုတွေ ပြုလုပ်ခဲ့ကြောင်း နန်းဆုက သူမရဲ့လူမှုကွန်ရက်စာမျက်နှာထက်မှာ ရေးသားဖော်ပြခဲ့ပါတယ် ။

အမေများအဖွဲ့နဲ့ မိတ်ဖက်မီဒီယာများကို ဆန် ၊ ဆီ ၊ လက်ဆေးဆပ်ပြာ၊ ပန်းကန်ဆေးဆပ်ပြာ နဲ့ alcohol spray များနဲ့ ဂါရဝပြုပြီး အမေများအဖွဲ့ရဲ့ ထာဝရပဒေသာပင်အတွက် အလှူငွေ ကျပ်သိန်း၂၀ လှူဒါန်းခဲ့တာပဲဖြစ်ပါတယ် ။

ပရိသတ်တွေကတော့ နန်းဆုရဲ့အလှူလေးအတွက် သာဓုတွေ အများကြီးခေါ်ဆိုခဲ့ကြ သလို အမြဲအလှူအတန်းတွေလုပ်တတ်တဲ့ နန်းဆုလေးရဲ့ စိတ်လေးကို ချစ်ခင်လေးစားကြကြောင်း မှတ်ချက်တွေရေးသားခဲ့ကြပါတယ် ။ ပရိသတ်ကြီးအတွက်လည်း အလှူပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးကို အထူးကျေူးဇူးတင်ပါတယ်…

Zawgyi







Leave a Comment