ငါး မရရင် ဘဲတကောင်ပေးမယ်ဆိုတဲ့ ငါးကန်ပိုင်ရှင်ရဲ့ လှည့်ကွက်အမှန်

ငါး မရရင် ဘဲတကောင်ပေးမယ်ဆိုတဲ့ ငါးကန်ပိုင်ရှင်ရဲ့ လှည့်ကွက်အမှန်
-တစ်ခါကပေါ့.မြို့နဲ့မနီးမဝေးမှာ ငါးကန်လေးတစ်ခုဖွင့်ပါတယ် l”အခကြေးငွေ”ယူပြီး ငါးမျှားအပန်းဖြေတဲ့နေရာပေါ့။ဖွင့်ပွဲနေ့မှာ အထူးအစီအစဉ်အနေနဲ့ ငါးမျှားလို့ ငါးမရတဲ့သူတွေကို ဘဲတစ်ကောင်လက်ဆောင်ပေးမှာဖြစ်ပါတယ်။

-အဲဒါနဲ့ ဖွင့်ပွဲနေ့မှာပဲ ပျော်ပျော်ပါးပါးလာရောက်ငါးမျှားကြပါတယ်ငါးမရလည်း ဘဲယူပြန်ပေါ့၊ ဒီလိုနဲ့ ငါးကန်ပိုင်ရှင်ရဲ့ ဘဲတွေလည်းအကုန်ပြောင်ပဲ..။ မျှားတဲ့သူတွေက ငါးရဖို့ထက် ဘဲတစ်ကောင်ရဖို့ကိုပိုစိတ်ဝင်စားကြလို့လား။-နောက်မှသိလိုက်ရတယ်. တစ်ကယ်တော့ ငါးကန်ပိုင်ရှင်သူဌေးဟာ အရင်က ဘဲမွေးမြူရေးလုပ်တာပါ အဲဒီနောက် ငါးမွေးမြူရေးကိုပြောင်းလုပ်ချင်ပေမယ့် ငါးမျိုးဝယ်ထည့်ဖို့က အရင်းအနှီုးမရှိ ဘဲတွေကလည်းရောင်းမထွက်တော့ ဒီနည်းကိုသုံးလိုက်တာ တစ်ချက်ခုတ်ပြီး သုံးချက်ပြတ်သွားပါတယ်.။ သူ့ ဘဲတွေလည်းကုန် ပိုက်ဆံလည်းရ ငါးမျှားတဲ့သူလည်းကျေနပ်ပေါ့ ဒီလိုနဲ့ ငါးမွေးမြူရေးကိုအောင်မြင်စွာစတင်နိုင်ခဲ့တယ်..။

-နောက်တစ်လလောက်ကြာတော့ နောက်ထပ်ပရိုမိုးရှင်းထပ်လုပ်ပါတယ် မည်သူမဆို အခမဲ့ငါးမျှားနိုင်ပါသည်ငါးမိရင်တော့ တစ်ကီလိုကို ၅ ဒေါ်လာပေးရမည်။ တစ်သုတ်ပြီးတစ်သုတ်လာလိုက်တဲ့ ငါးမျှားဝါသနာရှင်တွေ ထူးဆန်းတာက မျှားတဲ့သူတိုင်း ငါးမိကြတာပါပဲ။

– တစ်ကယ်တော့ ငါးကန်သူဌေးက ငါးတွေကိုပိုလျှံအောင် အများကြီးထည့်ထားပြီး Demand ထက် supply ကိုပိုများအောင်လုပ်ထားတော့ ငါးမိနိုင်ခြေလည်းပိုများတာပေါ့။ နောက်ပြီး ငါးမျှားဝါသနာရှင်တိုင်းက ငါးမိရင်ပျော်တဲ့သူကြီးပဲလေ..အဲဒီတော့ ဈေးမှာ တစ်ကီလိုကို ၃ ဒေါ်လာပဲပေးရပေမယ့် ကိုယ်တိုင်မိတဲ့ငါးကို ဈေးပိုပေးပြီးကျေနပ်စွာဝယ်ယူကြပါတယ်။

-နောက်ရက်အနည်းငယ်ခန့်ကြတော့..ငါးတွေလည်း အရေအတွက်လျော့လာပြီ. ငါးမျှားတဲ့သူတွေလည်း နည်းလာပြီးဆိုတော့ နောက်တစ်မျိုးပြောင်းလိုက်ပါသည်။မျှားလို့ရတဲ့ငါးကို အခမဲ့ယူနိုင်တယ် ငါးမျှားချိန်ကို တစ်နာရီ ၁၀ ဒေါ်လာဆိုပြီးသတ်မှတ်လိုက်တယ်၊ လစဉ်ကြေးအနေနဲ့ မန်ဘာဝယ်မယ်ဆိုရင်တော့ တစ်လကို ဒေါ်လာ၅၀၀ ပေါ့။ ဝန် ဆောင် မှုအနနေဲ့ happy hour မှာ ဘီယာ ၂ ပုလင်း နဲ့ အာလူးကြော်တစ်ပွဲအခမဲ့ပေးမယ်၊ နောက်အခြားသော ပျော်ရွှင်ဖွယ်အစီအစဉ်လေးတွေလည်းစီစဉ်ထားပါတယ် တံငါသည်ဝတ်စုံဝတ်ပြီး ရေသူမပုံဝတ်ဆင်ထားသော မော်ဒယ်ဂဲလ်လေးတွေနဲ့ ဓါတ်ပုံရှိက်တာတို့. ဖမ်းမိတဲ့ငါးတွေကို ကိုယ်တိုယ်ကင်စားတာတို့.ဘာတို့ပေါ့အဲဒီဝန်ဆောင်မှုတွေအတွက်ကတော့ သီးခြားအခကြေးငွေပေးရပါတယ်.။ ဒီလိုနဲ့ငါးကန်လေးဟာ ပြန်လည်စည်ကားသိုက်မြိုက်လာခဲ့သည်။


-နှစ်ဝက်အတွင်းမှာ ငါးကန်ပိုင်ရှင်ဟာ အမြတ်ငွေတွေအများကြီးရပြီး နောက်ထပ်အစီအစဉ်တစ်ခုကိုအကောင်အထည်ဖေါ်ပါတယ်.။ သူငါးကန်မှာလာပြီး အပန်းဖြေတဲ့သူတွေအားလုံးက လုပ်ငန်းရှင်ဘောစိတွေကြီးပဲဆိုတော့ network တစ်ခုကိုရထားပြီးပြီလေ၊ အဲဒီတော့ ရှေ့လုပ်မယ့်လုပ်ငန်းအတွက် ရှယ်ယာခေါ်လိုက်ပါတယ်။ အင်းကြီးတစ်ခုလုံးကို နှစ်ရှည်ဌားမယ်.ပြီးရင် ဘန်ဂလိုလေးတွေဆောက်မယ် ဟိုတယ်ပုံစံလေးလုပ်ပြီး နွေရာသီအပန်းဖြေစခန်းတစ်ခုဖန်တီးမယ်။ အပန်းဖြေဖို့

အတွက် entertainment မျိုးစုံကိုစီစဉ်မယ် ဆိုပြီး သူ့ရဲ့ပလန်ကိုချပြပြီးရှယ်ယာခေါ်လိုက်ပါတယ်။ နဂိုလုပ်ငန်းရဲ့အောင်မြင်တဲ့အရှိန်အဝါနဲ့ လုပ်ငန်းရှင်တွေရဲ့ယုံကြည်မှုကိုရထားပြီးသားဆိုတော့ ခဏတွင်းချင်းပဲ ရှယ်ယာအကုန်ရောင်းထွက်သွားပါတယ်။


-နောက်တစ်နှစ်လောက်နေတော့ သူရဲ့အပန်းဖြေရေပေါ်ဟိုတယ်စီမံကိန်းကြီး အောင်မြင်စွာအကောင်အထည်ဖေါ်ခဲ့ပါသည်။ သတင်းမီဒီယာတွေက သူ့ရဲ့အောင်မြင်မှုနည်းလမ်းကို အင်တာဗျူးတော့ ငါးကန်ပိုင်ရှင်လေးက ဒီလိုဖြေသွားပါတယ် စီးပွါးရေးလုပ်ပြီဆိုရင် လူတွေရဲ့အကြောင်းကိုနားလည်ရမယ်လူတွေရဲ့လိုအပ်ချက်ကိုသိရမယ်လူတွေကိုပျော်အောင်လုပ်ပေးနိုင်ရင် ပိုက်ဆံရှာရတာလွယ်သွားပါမယ်.. တစ်နည်းအားဖြင့် human behaviour ကိုနားလည်အောင်လုပ်ပါmanagement လည်းအဲဒါပဲ

ဖတ်မိသောပုံပြင်တစ်ပုဒ်ကို ဆီလျော်အောင်ဘာသာပြန်ထားချင်းသာဖြစ်သည်။
credit to-no pain no gain

Zawgyi

ငါး မရရင္ ဘဲတေကာင္ေပးမယ္ဆိုတဲ့ ငါးကန္ပိုင္ရွင္ရဲ႕ လွည့္ကြက္အမွန္
-တစ္ခါကေပါ့.ၿမိဳ႕နဲ႔မနီးမေဝးမွာ ငါးကန္ေလးတစ္ခုဖြင့္ပါတယ္ l”အခေၾကးေငြ”ယူၿပီး ငါးမွ်ားအပန္းေျဖတဲ့ေနရာေပါ့။

ဖြင့္ပြဲေန႔မွာ အထူးအစီအစဥ္အေနနဲ႔ ငါးမွ်ားလို႔ ငါးမရတဲ့သူေတြကို ဘဲတစ္ေကာင္လက္ေဆာင္ေပးမွာျဖစ္ပါတယ္။

-အဲဒါနဲ႔ ဖြင့္ပြဲေန႔မွာပဲ ေပ်ာ္ေပ်ာ္ပါးပါးလာေရာက္ငါးမွ်ားၾကပါတယ္ငါးမရလည္း ဘဲယူျပန္ေပါ့၊ ဒီလိုနဲ႔ ငါးကန္ပိုင္ရွင္ရဲ႕ ဘဲေတြလည္းအကုန္ေျပာင္ပဲ..။ မွ်ားတဲ့သူေတြက ငါးရဖို႔ထက္ ဘဲတစ္ေကာင္ရဖို႔ကိုပိုစိတ္ဝင္စားၾကလို႔လား။-ေနာက္မွသိလိုက္ရတယ္. တစ္ကယ္ေတာ့ ငါးကန္ပိုင္ရွင္သူေဌးဟာ အရင္က ဘဲေမြးျမဴေရးလုပ္တာပါ အဲဒီေနာက္ ငါးေမြးျမဴေရးကိုေျပာင္းလုပ္ခ်င္ေပမယ့္ ငါးမ်ိဳးဝယ္ထည့္ဖို႔က အရင္းအႏႈီးမရွိ ဘဲေတြကလည္းေရာင္းမထြက္ေတာ့ ဒီနည္းကိုသုံးလိုက္တာ တစ္ခ်က္ခုတ္ၿပီး သုံးခ်က္ျပတ္သြားပါတယ္.။ သူ႔ ဘဲေတြလည္းကုန္ ပိုက္ဆံလည္းရ ငါးမွ်ားတဲ့သူလည္းေက်နပ္ေပါ့ ဒီလိုနဲ႔ ငါးေမြးျမဴေရးကိုေအာင္ျမင္စြာစတင္ႏိုင္ခဲ့တယ္..။

-ေနာက္တစ္လေလာက္ၾကာေတာ့ ေနာက္ထပ္ပ႐ိုမိုးရွင္းထပ္လုပ္ပါတယ္ မည္သူမဆို အခမဲ့ငါးမွ်ားႏိုင္ပါသည္ငါးမိရင္ေတာ့ တစ္ကီလိုကို ၅ ေဒၚလာေပးရမည္။ တစ္သုတ္ၿပီးတစ္သုတ္လာလိုက္တဲ့ ငါးမွ်ားဝါသနာရွင္ေတြ ထူးဆန္းတာက မွ်ားတဲ့သူတိုင္း ငါးမိၾကတာပါပဲ။

– တစ္ကယ္ေတာ့ ငါးကန္သူေဌးက ငါးေတြကိုပိုလွ်ံေအာင္ အမ်ားႀကီးထည့္ထားၿပီး Demand ထက္ supply ကိုပိုမ်ားေအာင္လုပ္ထားေတာ့ ငါးမိႏိုင္ေျခလည္းပိုမ်ားတာေပါ့။ ေနာက္ၿပီး ငါးမွ်ားဝါသနာရွင္တိုင္းက ငါးမိရင္ေပ်ာ္တဲ့သူႀကီးပဲေလ..အဲဒီေတာ့ ေဈးမွာ တစ္ကီလိုကို ၃ ေဒၚလာပဲေပးရေပမယ့္ ကိုယ္တိုင္မိတဲ့ငါးကို ေဈးပိုေပးၿပီးေက်နပ္စြာဝယ္ယူၾကပါတယ္။

-ေနာက္ရက္အနည္းငယ္ခန႔္ၾကေတာ့..ငါးေတြလည္း အေရအတြက္ေလ်ာ့လာၿပီ. ငါးမွ်ားတဲ့သူေတြလည္း နည္းလာၿပီးဆိုေတာ့ ေနာက္တစ္မ်ိဳးေျပာင္းလိုက္ပါသည္။မွ်ားလို႔ရတဲ့ငါးကို အခမဲ့ယူႏိုင္တယ္ ငါးမွ်ားခ်ိန္ကို တစ္နာရီ ၁၀ ေဒၚလာဆိုၿပီးသတ္မွတ္လိုက္တယ္၊ လစဥ္ေၾကးအေနနဲ႔ မန္ဘာဝယ္မယ္ဆိုရင္ေတာ့ တစ္လကို ေဒၚလာ၅၀၀ ေပါ့။ ဝန္ ေဆာင္ မႈအနေနဲ႔ happy hour မွာ ဘီယာ ၂ ပုလင္း နဲ႔ အာလူးေၾကာ္တစ္ပြဲအခမဲ့ေပးမယ္၊ ေနာက္အျခားေသာ ေပ်ာ္႐ႊင္ဖြယ္အစီအစဥ္ေလးေတြလည္းစီစဥ္ထားပါတယ္ တံငါသည္ဝတ္စုံဝတ္ၿပီး ေရသူမပုံဝတ္ဆင္ထားေသာ ေမာ္ဒယ္ဂဲလ္ေလးေတြနဲ႔ ဓါတ္ပုံရွိက္တာတို႔. ဖမ္းမိတဲ့ငါးေတြကို ကိုယ္တိုယ္ကင္စားတာတို႔.ဘာတို႔ေပါ့အဲဒီဝန္ေဆာင္မႈေတြအတြက္ကေတာ့ သီးျခားအခေၾကးေငြေပးရပါတယ္.။ ဒီလိုနဲ႔ငါးကန္ေလးဟာ ျပန္လည္စည္ကားသိုက္ၿမိဳက္လာခဲ့သည္။
-ႏွစ္ဝက္အတြင္းမွာ ငါးကန္ပိုင္ရွင္ဟာ အျမတ္ေငြေတြအမ်ားႀကီးရၿပီး ေနာက္ထပ္အစီအစဥ္တစ္ခုကိုအေကာင္အထည္ေဖၚပါတယ္.။ သူငါးကန္မွာလာၿပီး အပန္းေျဖတဲ့သူေတြအားလုံးက လုပ္ငန္းရွင္ေဘာစိေတြႀကီးပဲဆိုေတာ့ network တစ္ခုကိုရထားၿပီးၿပီေလ၊ အဲဒီေတာ့ ေရွ႕လုပ္မယ့္လုပ္ငန္းအတြက္ ရွယ္ယာေခၚလိုက္ပါတယ္။ အင္းႀကီးတစ္ခုလုံးကို ႏွစ္ရွည္ဌားမယ္.ၿပီးရင္ ဘန္ဂလိုေလးေတြေဆာက္မယ္ ဟိုတယ္ပုံစံေလးလုပ္ၿပီး ေႏြရာသီအပန္းေျဖစခန္းတစ္ခုဖန္တီးမယ္။ အပန္းေျဖဖို႔

အတြက္ entertainment မ်ိဳးစုံကိုစီစဥ္မယ္ ဆိုၿပီး သူ႔ရဲ႕ပလန္ကိုခ်ျပၿပီးရွယ္ယာေခၚလိုက္ပါတယ္။ နဂိုလုပ္ငန္းရဲ႕ေအာင္ျမင္တဲ့အရွိန္အဝါနဲ႔ လုပ္ငန္းရွင္ေတြရဲ႕ယုံၾကည္မႈကိုရထားၿပီးသားဆိုေတာ့ ခဏတြင္းခ်င္းပဲ ရွယ္ယာအကုန္ေရာင္းထြက္သြားပါတယ္။
-ေနာက္တစ္ႏွစ္ေလာက္ေနေတာ့ သူရဲ႕အပန္းေျဖေရေပၚဟိုတယ္စီမံကိန္းႀကီး ေအာင္ျမင္စြာအေကာင္အထည္ေဖၚခဲ့ပါသည္။ သတင္းမီဒီယာေတြက သူ႔ရဲ႕ေအာင္ျမင္မႈနည္းလမ္းကို အင္တာဗ်ဴးေတာ့ ငါးကန္ပိုင္ရွင္ေလးက ဒီလိုေျဖသြားပါတယ္ စီးပြါးေရးလုပ္ၿပီဆိုရင္ လူေတြရဲ႕အေၾကာင္းကိုနားလည္ရမယ္လူေတြရဲ႕လိုအပ္ခ်က္ကိုသိရမယ္လူေတြကိုေပ်ာ္ေအာင္လုပ္ေပးႏိုင္ရင္ ပိုက္ဆံရွာရတာလြယ္သြားပါမယ္.. တစ္နည္းအားျဖင့္ human behaviour ကိုနားလည္ေအာင္လုပ္ပါmanagement လည္းအဲဒါပဲ

ဖတ္မိေသာပုံျပင္တစ္ပုဒ္ကို ဆီေလ်ာ္ေအာင္ဘာသာျပန္ထားခ်င္းသာျဖစ္သည္။
credit to-no pain no gain

Leave a Comment