တိုက်မိလို့ကျကွဲသွားတဲ့ ပန်းအိုးကြီးထဲက ၁၃ နှစ်တာ မသိအောင်ဖခင်စုဆောင်း ထားတဲ့ငွေတွေ တွေ့ရှိခဲ့တဲ့ သမီး

တိုက်မိလို့ကျကွဲသွားတဲ့ ပန်းအိုးကြီးထဲက ၁၃ နှစ်တာ မသိအောင်ဖခင်စုဆောင်း ထားတဲ့ငွေတွေ တွေ့ရှိခဲ့တဲ့ သမီး

ဒီအဖြစ် အပျက်လေး က တရုတ်နိုင်ငံ Guangxi ပြည်နယ် မှာ ဖြစ်သွားခဲ့တာ ဖြစ်ပါတယ် ။ အဖြစ် အပျက်ကတော့ သမီးဖြစ်သူက မတော်တဆ အလှဆင်ထားတဲ့ ပန်းအိုးကြီးကို တိုက်မိရာကနေ ထို ပန်းအိုးကြီး ထဲက ငွေ အမြောက် အများ ထွက်လာလို့ အံ့အားသင့် သွားခဲ့တာပဲဖြစ်ပါတယ်။

သမီး ဖြစ်သူက မနက်ခင်းပိုင်း အိမ်မှုကိစ္စတွေ လုပ်နေရင်းနဲ့ အဆို ပါ အလှဆင်ထားတဲ့ ပန်းအိုးကို မတော်တဆ တိုက်မိခဲ့တာပဲဖြစ်ပါတယ်။ သူ တိုက်မိတဲ့ အချိန် မှာတော့ မိခင်ဖြစ်သူက အိပ်ရာထဲအ ချိန်ပဲရှိပါသေးတယ်။ ” ကျွန်မ အိပ်ရာထဲမှာရှိနေတုန်း ဧည့်ခန်းထဲက ကျယ်လောင်တဲ့အသံကြားလိုက်တယ်။

အဲ့ဒါနဲ့ အိပ်ရာကနေ ကုန်းထပြီး သွားကြည့် လိုက်တော့ ပန်းအိုးက ကျကွဲနေပြီး ပိုက်ဆံတွေလဲ ပြန့်ကျဲနေတာတွေ့ရတော့တာပါပဲ” ဆိုပြီး မိခင် ဖြစ်သူက ပြောပါတယ် ။ အဲ့ဒီနောက် အလုပ် သွားနေတဲ့ ခင်ပွန်းသည်ဆီ ဒီ အဖြစ် အပျက်ကို စာရိုက်ပြီး Message ပို့ခဲ့ပါတယ်။ သတင်းကိုကြားကြားခြင်း ခင်ပွန်းသည်က အမြန်ရောက် လာ ပြီး သူ့ပုံစံ ကြည့်ရ တာတော့ မျက်နှာလည်း သိပ့်ကောင်းပုံ မပေါ်ပါဘူး။

ဘာကြောင့်လဲ ဆိုတော့ သူဟာ ဒီငွေ တွေကို ပြီးခဲ့တဲ့ ၂၀၀၆ ခုနှစ် ယခု နေတဲ့ အိမ်ကို ဝယ်ပြီး ကတည်းက သမီးနဲ့ မိန်းမ မသိအောင် ကြိတ်ပြီး စုဆောင်းထားတာပဲ ဖြစ်ပါတယ်။ ၁၃နှစ်တာကာလပတ် လုံး အသုံး စရိတ် ထဲက ခြွေတာပြီး စုဆောင်း ခဲ့တာ ဖြစ်ပါတယ်။ဇနီးဖြစ် သူက ပန်းအိုး ထဲက ထွက်လာတဲ့ ငွေတွေကို ရေတွက်ကြည့်တဲ့ အခါမှာတော့ ယွမ် ၅၀၀၀ လောက်ရှိပါတယ်။

ခင်ပွန်း ဖြစ်သူက ဒီငွေ တွေကို အခြား ဘယ်နေရာမှ အသုံးချဖို့အ တွက်မဟုတ်ပါဘူး။ မိသားစု စာဝတ်နေရေး အဆင်ပြေဖို့ရယ်၊ သူကိုယ်တိုင် ကလည်း ပိုက်ဆံ စုရတာ ဝါသနာပါတာကြောင့် သုံးပြီး ပိုက်ဆံ အစွန်းထွက် လေးတွေ ပိုတဲ့ အခါ အခုလို စုစု ထားတာပဲဖြစ်ပါတယ်။ credit

Zawgyi

တိုက္မိလို႔က်ကြဲသြားတဲ့ ပန္းအိုးႀကီးထဲက ၁၃ ႏွစ္တာ မသိေအာင္ဖခင္စုေဆာင္း ထားတဲ့ေငြေတြ ေတြ႕ရွိခဲ့တဲ့ သမီး

ဒီအျဖစ္ အပ်က္ေလး က တ႐ုတ္ႏိုင္ငံ Guangxi ျပည္နယ္ မွာ ျဖစ္သြားခဲ့တာ ျဖစ္ပါတယ္ ။ အျဖစ္ အပ်က္ကေတာ့ သမီးျဖစ္သူက မေတာ္တဆ အလွဆင္ထားတဲ့ ပန္းအိုးႀကီးကို တိုက္မိရာကေန ထို ပန္းအိုးႀကီး ထဲက ေငြ အေျမာက္ အမ်ား ထြက္လာလို႔ အံ့အားသင့္ သြားခဲ့တာပဲျဖစ္ပါတယ္။

သမီး ျဖစ္သူက မနက္ခင္းပိုင္း အိမ္မႈကိစၥေတြ လုပ္ေနရင္းနဲ႔ အဆို ပါ အလွဆင္ထားတဲ့ ပန္းအိုးကို မေတာ္တဆ တိုက္မိခဲ့တာပဲျဖစ္ပါတယ္။ သူ တိုက္မိတဲ့ အခ်ိန္ မွာေတာ့ မိခင္ျဖစ္သူက အိပ္ရာထဲအ ခ်ိန္ပဲရွိပါေသးတယ္။ ” ကြၽန္မ အိပ္ရာထဲမွာရွိေနတုန္း ဧည့္ခန္းထဲက က်ယ္ေလာင္တဲ့အသံၾကားလိုက္တယ္။

အဲ့ဒါနဲ႔ အိပ္ရာကေန ကုန္းထၿပီး သြားၾကည့္ လိုက္ေတာ့ ပန္းအိုးက က်ကြဲေနၿပီး ပိုက္ဆံေတြလဲ ျပန္႔က်ဲေနတာေတြ႕ရေတာ့တာပါပဲ” ဆိုၿပီး မိခင္ ျဖစ္သူက ေျပာပါတယ္ ။ အဲ့ဒီေနာက္ အလုပ္ သြားေနတဲ့ ခင္ပြန္းသည္ဆီ ဒီ အျဖစ္ အပ်က္ကို စာ႐ိုက္ၿပီး Message ပို႔ခဲ့ပါတယ္။ သတင္းကိုၾကားၾကားျခင္း ခင္ပြန္းသည္က အျမန္ေရာက္ လာ ၿပီး သူ႔ပုံစံ ၾကည့္ရ တာေတာ့ မ်က္ႏွာလည္း သိပ့္ေကာင္းပုံ မေပၚပါဘူး။

ဘာေၾကာင့္လဲ ဆိုေတာ့ သူဟာ ဒီေငြ ေတြကို ၿပီးခဲ့တဲ့ ၂၀၀၆ ခုႏွစ္ ယခု ေနတဲ့ အိမ္ကို ဝယ္ၿပီး ကတည္းက သမီးနဲ႔ မိန္းမ မသိေအာင္ ႀကိတ္ၿပီး စုေဆာင္းထားတာပဲ ျဖစ္ပါတယ္။ ၁၃ႏွစ္တာကာလပတ္ လုံး အသုံး စရိတ္ ထဲက ေႁခြတာၿပီး စုေဆာင္း ခဲ့တာ ျဖစ္ပါတယ္။ဇနီးျဖစ္ သူက ပန္းအိုး ထဲက ထြက္လာတဲ့ ေငြေတြကို ေရတြက္ၾကည့္တဲ့ အခါမွာေတာ့ ယြမ္ ၅၀၀၀ ေလာက္ရွိပါတယ္။

ခင္ပြန္း ျဖစ္သူက ဒီေငြ ေတြကို အျခား ဘယ္ေနရာမွ အသုံးခ်ဖို႔အ တြက္မဟုတ္ပါဘူး။ မိသားစု စာဝတ္ေနေရး အဆင္ေျပဖို႔ရယ္၊ သူကိုယ္တိုင္ ကလည္း ပိုက္ဆံ စုရတာ ဝါသနာပါတာေၾကာင့္ သုံးၿပီး ပိုက္ဆံ အစြန္းထြက္ ေလးေတြ ပိုတဲ့ အခါ အခုလို စုစု ထားတာပဲျဖစ္ပါတယ္။ credit

Leave a Comment