လမ်းဘေးမီးတိုင်အောက်မှာ စာလုပ်နေတဲ့ကလေးကို အိမ်တစ်လုံး ဆောက်ပြီးလှူဒါန်းလိုက်တဲ့ သူဌေး

လမ်းဘေးမီးတိုင်အောက်မှာ စာလုပ်နေတဲ့ကလေးကို အိမ်တစ်လုံး ဆောက်ပြီးလှူဒါန်းလိုက်တဲ့ သူဌေး

မကြာသေးခင် ကာလက လမ်းဘေး မီးတိုင်အောက်မှာ စာလုပ်နေတဲ့ကလေးငယ်တစ်ယောက်ရဲ့ ပုံဟာ အွန်လိုင်းမှာ ပြန့်နှံ့ခဲ့ပါတယ်။ အဆိုပါ စာလုပ်နေတဲ့ကောင်လေးဟာ ပီရူးနိုင်ငံက အသက် ၁၁နှစ်အ ရွယ် Victor Martin Angulo Cordoba ဆို တဲ့ ကောင်လေးဖြစ်ပါတယ်။

Victor ရဲ့ လမ်းဘေးမှာ စိတ်ပါလက်ပါ စာလုပ်နေတဲ့ ပုံဟာ ပီရူးနိုင်ငံတစ်ခုတင်မကဘဲ တစ်ကမ္ဘာလုံးလိုလို ပြန့်နှံ့သွားခဲ့ပါတယ်။ ဒီသတင်းဟာ ဘာရိန်းနိုင်ငံမှာရှိအသက် ၃၁နှစ်အရွယ် Yaqoob Yusuf Ahmed ဆိုတဲ့ သူဌေး တစ်ဦးစီပါ ရောက် သွားခဲ့ ပါတယ်။ Yaqoob ဟာ Victor လေးရဲ့ ပုံတွေကို ကြည့်ပြီး ကူ ညီဖို့ ဆုံးဖြတ်လိုက်ပါတယ်။

သူကိုယ်တိုင် ကလည်း တစ်နိုင် တစ်ပိုင်း ပရဟိတ လုပ်ငန်းတွေကို လမ်းကမ်း မှီသလောက် လိုက် လံ ဆောင်ရွက် ပေး နေသူ ဖြစ်တာကြောင့် Victor လေးအတွက် အိမ်ဆောက်လှူဒါန်းဖို့ ဘာရိန်းနေပီရူးမှာရှိတဲ့ Moche နယ်မြို့လေးကိုရောက်လာခဲ့ပါတယ်။ အဲ့ဒီနောက် Victor လေးတို့ မိသားစု နေတဲ့ သာမန်အိမ်လေးကို နှစ်ထပ်အိမ်လေး အဖြစ် ဆောက်ပေးခဲ့ပြီး လျှပ်စစ်မီးပါ တစ်ခါတည်ရသွားအောင် ဆောင်ရွက်ပေးခဲ့ပါတယ်။

Yaqoobဟာ Victorလေးအတွက် အိမ်လေးတစ်လုံးဆောက်ပေးရုံတင်မကပါဘူး သူတက်နေတဲ့ကျောင်းကိုပါ ပညာရေးဆိုင်ရာ ထောက်ပံ့ပစ္စည်းတွေ ထောက်ပံ့ပေးခဲ့တယ်လို့လည်း သိရပါတယ်။ ဒီလိုတကယ်လိုအပ်နေတဲ့ နေရာတွေမှာအခုလို ထောက်ပံ့ပေးလိုက်တဲ့ Yaqoob Yusuf Ahmed ရဲ့ စိတ်ဓာတ်လေး ကတော့ တကယ့်ကို ချီးကျူးချင်စရာပါပဲ။ credit

Zawgyi

လမ္းေဘးမီးတိုင္ေအာက္မွာ စာလုပ္ေနတဲ့ကေလးကို အိမ္တစ္လုံး ေဆာက္ၿပီးလႉဒါန္းလိုက္တဲ့ သူေဌး

မၾကာေသးခင္ ကာလက လမ္းေဘး မီးတိုင္ေအာက္မွာ စာလုပ္ေနတဲ့ကေလးငယ္တစ္ေယာက္ရဲ႕ ပုံဟာ အြန္လိုင္းမွာ ျပန႔္ႏွံ႔ခဲ့ပါတယ္။ အဆိုပါ စာလုပ္ေနတဲ့ေကာင္ေလးဟာ ပီ႐ူးႏိုင္ငံက အသက္ ၁၁ႏွစ္အ ႐ြယ္ Victor Martin Angulo Cordoba ဆို တဲ့ ေကာင္ေလးျဖစ္ပါတယ္။

Victor ရဲ႕ လမ္းေဘးမွာ စိတ္ပါလက္ပါ စာလုပ္ေနတဲ့ ပုံဟာ ပီ႐ူးႏိုင္ငံတစ္ခုတင္မကဘဲ တစ္ကမာၻလုံးလိုလို ျပန္႔ႏွံ႔သြားခဲ့ပါတယ္။ ဒီသတင္းဟာ ဘာရိန္းႏိုင္ငံမွာရွိအသက္ ၃၁ႏွစ္အ႐ြယ္ Yaqoob Yusuf Ahmed ဆိုတဲ့ သူေဌး တစ္ဦးစီပါ ေရာက္ သြားခဲ့ ပါတယ္။ Yaqoob ဟာ Victor ေလးရဲ႕ ပုံေတြကို ၾကည့္ၿပီး ကူ ညီဖို႔ ဆုံးျဖတ္လိုက္ပါတယ္။

သူကိုယ္တိုင္ ကလည္း တစ္ႏိုင္ တစ္ပိုင္း ပရဟိတ လုပ္ငန္းေတြကို လမ္းကမ္း မွီသေလာက္ လိုက္ လံ ေဆာင္႐ြက္ ေပး ေနသူ ျဖစ္တာေၾကာင့္ Victor ေလးအတြက္ အိမ္ေဆာက္လႉဒါန္းဖို႔ ဘာရိန္းေနပီ႐ူးမွာရွိတဲ့ Moche နယ္ၿမိဳ႕ေလးကိုေရာက္လာခဲ့ပါတယ္။ အဲ့ဒီေနာက္ Victor ေလးတို႔ မိသားစု ေနတဲ့ သာမန္အိမ္ေလးကို ႏွစ္ထပ္အိမ္ေလး အျဖစ္ ေဆာက္ေပးခဲ့ၿပီး လွ်ပ္စစ္မီးပါ တစ္ခါတည္ရသြားေအာင္ ေဆာင္႐ြက္ေပးခဲ့ပါတယ္။

Yaqoobဟာ Victorေလးအတြက္ အိမ္ေလးတစ္လုံးေဆာက္ေပး႐ုံတင္မကပါဘူး သူတက္ေနတဲ့ေက်ာင္းကိုပါ ပညာေရးဆိုင္ရာ ေထာက္ပံ့ပစၥည္းေတြ ေထာက္ပံ့ေပးခဲ့တယ္လို႔လည္း သိရပါတယ္။ ဒီလိုတကယ္လိုအပ္ေနတဲ့ ေနရာေတြမွာအခုလို ေထာက္ပံ့ေပးလိုက္တဲ့ Yaqoob Yusuf Ahmed ရဲ႕ စိတ္ဓာတ္ေလး ကေတာ့ တကယ့္ကို ခ်ီးက်ဴးခ်င္စရာပါပဲ။ credit

Leave a Comment