(၆)လ အဓိဌာန် ဝင်ခဲ့ရာကနေ သိန်းတစ်သောင်းခွဲ ကံထူးခဲ့တဲ့ အကြောင်း‌ သိန်းတစ်သောင်းခွဲ ကံထူးရှင်ပြော

ဒီကနေ့ ဒီဇင်ဘာလ (၁)ရက်နေ့မှာ ထွက်ရှိတဲ့ အောက်ဘာလေထီဆု ရဲ့ အမြင့်ဆုံးဆုဖြစ်တဲ့ ကျပ်သိန်းတစ်သောင်းခွဲဆုကို ပဲခူးမြို့နေ မိသားစုတစ်စုကကံထူးခဲ့ပါတယ်။၂၂ ကြိမ်မြောက် သိန်းတစ်သောင်းခွဲ ဆုကို ဂ- ၄၇၇၄၀၆ နံပတ်နဲ့ ကံထူးခဲ့တာဖြစ်ပြီး ကံထူးရှင်အမျိုးသမီးက ဘာသာရေး အလွန်လိုက်စားသူဖြစ်ကာ လွန်ခဲ့တဲ့ (၆)လလောက် ကတည်းက အဓိဌာန်ဝင်ကာ ထီထိုးခဲ့သူဖြစ်တယ်လို့ သိရပါတယ်။ပေါက်တာက ကျွန်တော့်အမျိုးသမီးပါ။ မင်္ဂလာစုံတွဲကနေပေါက်တာ။


သူကဘုရားတရားအရမ်းလုပ်တယ်တယ်။ကံကောင်းတာပေါ့။ ကျွန်တော် ဆို လတိုင်း ထီ (၄)-(၅)သိန်းဖိုးထိုးတယ်။ ဆုကြီးဆိုတာမပေါက်ဖူးဘူး။ အမျိုးသမီးကလွန်ခဲ့တဲ့ (၆)လလောက်ကတည်းက အဓိဌာန်ဝင်လာတာ။ အခုလည်းတရားထိုင်နေတယ်။ သူလုပ်တဲ့ကုသိုလ်တွေက သူ့ကိုအကျိုးပေးတယ်ပြောရမလားမသိဘူး”လို့ ကံထူးရှင်ရဲ့ အမျိုးသား ဖြစ်သူ ဦးစိုးဦးက ပြောပါတယ်။ကံထူးရှင် မိသားစုက မိသားစု(၆)ဦးရှိကာ အိမ်ထောင်ဦးစီးဖြစ်သူ ဦးစိုးဦးက လစဉ် ထီကို (၄)-(၅)သိန်းဖိုးထိုးလေ့ရှိသူပါ။


လစဉ် (၅)သောင်းစုတွေ ပေါက်လေ့ရှိပြီး ဒီလမှာ အမျိုးသမီးဖြစ်သူက ကျပ်သိန်းတစ်သောင်းခွဲ ကို ကံထူးခဲ့တာဖြစ်ပြီး အမျိုးသားကလည်း (၅)သောင်းစု (၄)စု ကံထူးခဲ့တယ်လို့ သိရပါတယ်။ ကံထူးတဲ့ထီဆုငွေတွေကိုတော့ အမျိုးသမီးရဲ့ ဆန္ဒအတိုင်း လုပ်ပေးသွားမှာပါလို့ ဦးစိုးဦးကပြောပါတယ်။ အောင်ဘာလေထီကို ၂၀၁၉ ခုနှစ် ဖေဖော််ဝါရီလက စတင်ပြီး အမြင့်ဆုံးဆုငွေ သိန်းတစ်သောင်းခွဲ အထိ တိုးမြှင့်ပေးခဲ့တာ ဖြစ်ပြီး အခုဆိုရင် ၂၂ ကြိမ်မြောက်ရှိနေပြီ ဖြစ်ပါတယ်။

Credit

Zawgyi

ဒီကေန႔ ဒီဇင္ဘာလ (၁)ရက္ေန႔မွာ ထြက္ရွိတဲ့ ေအာက္ဘာေလထီဆု ရဲ႕ အျမင့္ဆုံးဆုျဖစ္တဲ့ က်ပ္သိန္းတစ္ေသာင္းခြဲဆုကို ပဲခူးၿမိဳ႕ေန မိသားစုတစ္စုကကံထူးခဲ့ပါတယ္။၂၂ ႀကိမ္ေျမာက္ သိန္းတစ္ေသာင္းခြဲ ဆုကို ဂ- ၄၇၇၄၀၆ နံပတ္နဲ႔ ကံထူးခဲ့တာျဖစ္ၿပီး ကံထူးရွင္အမ်ိဳးသမီးက ဘာသာေရး အလြန္လိုက္စားသူျဖစ္ကာ လြန္ခဲ့တဲ့ (၆)လေလာက္ ကတည္းက အဓိဌာန္ဝင္ကာ ထီထိုးခဲ့သူျဖစ္တယ္လို႔ သိရပါတယ္။ေပါက္တာက ကြၽန္ေတာ့္အမ်ိဳးသမီးပါ။ မဂၤလာစုံတြဲကေနေပါက္တာ။


သူကဘုရားတရားအရမ္းလုပ္တယ္တယ္။ကံေကာင္းတာေပါ့။ ကြၽန္ေတာ္ ဆို လတိုင္း ထီ (၄)-(၅)သိန္းဖိုးထိုးတယ္။ ဆုႀကီးဆိုတာမေပါက္ဖူးဘူး။ အမ်ိဳးသမီးကလြန္ခဲ့တဲ့ (၆)လေလာက္ကတည္းက အဓိဌာန္ဝင္လာတာ။ အခုလည္းတရားထိုင္ေနတယ္။ သူလုပ္တဲ့ကုသိုလ္ေတြက သူ႔ကိုအက်ိဳးေပးတယ္ေျပာရမလားမသိဘူး”လို႔ ကံထူးရွင္ရဲ႕ အမ်ိဳးသား ျဖစ္သူ ဦးစိုးဦးက ေျပာပါတယ္။ကံထူးရွင္ မိသားစုက မိသားစု(၆)ဦးရွိကာ အိမ္ေထာင္ဦးစီးျဖစ္သူ ဦးစိုးဦးက လစဥ္ ထီကို (၄)-(၅)သိန္းဖိုးထိုးေလ့ရွိသူပါ။


လစဥ္ (၅)ေသာင္းစုေတြ ေပါက္ေလ့ရွိၿပီး ဒီလမွာ အမ်ိဳးသမီးျဖစ္သူက က်ပ္သိန္းတစ္ေသာင္းခြဲ ကို ကံထူးခဲ့တာျဖစ္ၿပီး အမ်ိဳးသားကလည္း (၅)ေသာင္းစု (၄)စု ကံထူးခဲ့တယ္လို႔ သိရပါတယ္။ ကံထူးတဲ့ထီဆုေငြေတြကိုေတာ့ အမ်ိဳးသမီးရဲ႕ ဆႏၵအတိုင္း လုပ္ေပးသြားမွာပါလို႔ ဦးစိုးဦးကေျပာပါတယ္။ ေအာင္ဘာေလထီကို ၂၀၁၉ ခုႏွစ္ ေဖေဖာ္္ဝါရီလက စတင္ၿပီး အျမင့္ဆုံးဆုေငြ သိန္းတစ္ေသာင္းခြဲ အထိ တိုးျမႇင့္ေပးခဲ့တာ ျဖစ္ၿပီး အခုဆိုရင္ ၂၂ ႀကိမ္ေျမာက္ရွိေနၿပီ ျဖစ္ပါတယ္။

Credit

Leave a Comment