“မိန်းမကို ယုံပြီး တစ်သက်လုံးရှာစုခဲ့သမျှငွေ အပ်ခဲ့တဲ့ ယောက်ကျား…၊…ကားဝယ်တော့မယ် ဆိုမှ ရင်ကွဲပက်လက် ဖြစ်ခဲ့ရ”

နိုင်ဝင်ဘာ(၂၁)ရက်နေ့တွင်ဖြစ်ပွားသွားသည့်ဖြစ်စဉ်နှင့်ပက်သက်၍ဖြစ်စဉ်အမှန်မှာတရားလိုအဖြစ်တိုင်တန်းထားသူဒေါ်သန်းသန်းဝေ(ခ)မဝေသည် ၎င်း၏ခင်ပွန်းဖြစ်သူသည်ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုတွင်အလုပ်လုပ်ကိုင်ပြီးရရှိလာသည့်လုပ်အားခများမှ

(၂၀၁၃)ခုနှစ်မှစ၍ကားတစ်စီးဝယ်ယူနိုင်ရန်စုဆောင်းခဲ့ရာငွေ(၇၅)သိန်းခန့်ရှိပြီဖြစ်ကြောင်း ဒေါ်သန်းသန်းဝေသည်(၂၀၁၇)ခုနှစ်မှစ၍တရားမဝင်နှစ်လုံးထီအားအပတ်ရှင်းစနစ်ဖြင့်သုံခွမြို့နယ်နှစ်လုံးလောင်းကစားဒိုင်သို့ဖုန်းဖြင့်ဆက်သွယ်လောင်းကစားခဲ့ကြောင်းတစ်ပတ်လျှင်(၁)သိန်းကျပ်ခန့်အရှုံးပေါ်ခဲ့ကြောင်းရပ်ကွက်အတွင်းခင်မင်ရင်းနှီးသူထံမှ အတိုး ဖြင်ငွေအကြိမ်ကြိမ်ချေးယူခဲ့ရကြောင်းအသေးစားချေးငွေကုမ္ပဏီများမှလည်းငွေများချေးယူထားခဲ့ကြောင်းရွှေထည်ပစ္စည်းများအားသန်လျင်မြို့မဈေးရှိအမိန့်ရအပေါင်ဆိုင်တွင်ပေါင်နှံသုံးစွဲခဲ့ကြောင်း

ယခုအခါခင်ပွန်းဖြစ်သူမှနိုဝင်ဘာ(၆)ရက်နေ့တွင်ဖောင်ကြီးသို့ဆောက်လုပ်ရေးလုပ်ငန်းဖြင့်သွားရောက်လုပ်ကိုင်ပြီးပြန်လာပါကလုပ်ငန်းအတွက်အသုံးပြုရန် ကား တစ်စီးဝယ်ယူမည်ဖြစ်ကြောင်းပြောလာသည့်အတွက်ကျွန်မမှခင်ပွန်းဖြစ်သူအပ်ထားသောငွေနှင်ရွှေထည်ပစ္စည်းများခင်ပွန်းဖြစ်သူအားမည်သို့ပြောပြရမည်ကိုစဉ်းစား၍ကြံရာမရဖြစ်ခဲ့ကြောင်းထို့ကြောင့်ခင်ပွန်းဖြစ်သူပြန်မလာခင်ကျွန်မအားအမည်မသိအမျိုးသားတစ်ဦးနေအိမ်ပေါ်တက်ဓားထောက်ခြိမ်းခြောက်၍ငွေ/နှင့်ရွှေထည်ပစ္စည်းများယူဆောင်သွားပုံစံလိမ်ညာ၍ရဲစခန်းတွင်အမှုဖွင့်ရန်အကြံအစည်ပေါ်လာကြောင်း

ခင်ပွန်းဖြစ်သူမှလည်းသံသယကင်းသွားမည်ဟုယူဆကြောင်းအကြံဖြစ်ပေါ်လာသည့်အတွက် နိုဝင်ဘာ(၂၁)ရက်ည(၁)နာရီအချိန်ခန့်တွင်၎င်းအကြံအစည်ကိုဖေါ်ဆောင်ပြီး သန်လျင်မြို့မရဲစခန်းတွင်တရားလိုအဖြစ်လိမ်ညာ၍အမှုဖွင့်တိုင်ကြားခဲ့ကြောင်း ရဲတပ်ဖွဲ့မှအကြိမ်ကြိမ်မေးမြန်းစစ်ဆေးခဲ့ကြောင်း


နိုဝင်ဘာ(၂၃)ရက်နေ့တွင်ကျွန်မအားခင်ပွန်းဖြစ်သူနှင့်သမီးမှဖြစ်စဉ်အမှန်ပြောရန်ချော့မေးလာသဖြင့် ၎င်းမှတရားလိုလုပ်တိုင်ကြားထားသောအမှုဖြစ်စဉ်သည်လိမ်ညာ၍တိုင်ကြားထားခဲ့ကြောင်းကျွန်မခင်ပွန်းအပ်ထားသောငွေနှင့်ရွှေထည်ပစ္စည်းများသည်လောင်းကစားပြုလုပ်ရာတွင်သုံးစွဲခဲ့ကြောင်းပြောဆို၍ခင်ပွန်းဖြစ်သူဆူမှာစိုး၍ကြောက်လန့်ပြီးသန်လျင်မြို့မရဲစခန်းတွင်လိမ်ညာ၍အမှုဖွင့်လှစ်ခဲ့ကြောင်းဝန်ခံထွက်ဆိုလာသဖြင့်ယခုအခါသန်လျင်မြို့မရဲစခန်းမှနယ်ထိန်းအရာရှိရဲအုပ်

ချမ်းမြေ့အောင်မှအမှုအားလိမ်လည်တိုင်တန်းသူဒေါ်သန်းသန်းဝေ(ခ)မဝေ၊(၄၇)နှစ်၊(ဘ)ဦးသံချောင်း၊အမှတ်(၈)၊သစ်တောလမ်းသွယ်(၁)၊အမှုထမ်းရပ်ကွက်၊သန်လျင်မြို့နယ်နေသူအားဥပဒေအရအရေးယူနိုင်ရန်စီစဉ်ဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။

####ကျော်ကျော်(သန်လျင်)###

လိမ်လည်တိုင်တန်းထားသည့် အမှု

နိုဝင်ဘာလ(၂၁)ရက်နေ့ မနက် (၁)နာရီအချိန်ခန့်ကတောင်ပိုင်းခရိုင် သန်လျင်မြို့နယ်အမှုထမ်းရပ်ကွက်တွင်နေအိမ်ထဲ၌သားအမိနှစ်ယောက်ထဲရှိနေစဉ်အမည်မသိအမျိုးသား(၁)ဦးမျက်နှာကိုပုဆိုးအုပ်စည်းလျက်အရိုးအသွား(၆)လက်မခန့် ဓားဦးချွန်ကိုင်ဆောင်ကာခြိမ်းခြောက်၍ရွှေ/ငွေတန်ဖိုးခန့်(၉၄၀၀၀၀၀)ကျပ်ခန့်ယူဆောင်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာလ(၂၁)ရက်နေ့မနက်(၁)နာရီအချိန်ခန့်ကတရားလိုဖြစ်သူ ဒေါ်သန်းသန်းဝေ(၄၇)နှစ်(ဘ)ဦးသံချောင်း သစ်တောလမ်းသွယ်(၁)၊အမှုထမ်းရပ်ကွက်၊ သန်လျင်မြို့နေသူသည် ၎င်း၏နေအိမ်၌ သမီးဖြစ်သူမအေးမြတ်သူ(၈)နှစ်နှင့်အတူနေအိမ်ရှေ့ခန်းတွင် ကာတွန်ကားထိုင်ကြည့်နေစဉ်သမီးဖြစ်သူမှဗိုက်ဆာသည်ဆိုသဖြင့် အိမ်ရှေ့တံခါးဖွင့်ပြီးလက်ဆေး၍ တံခါးဂျက်အားဂျက်မထိုးပဲဟထားကာ ထမင်းကျွေးပြီးသမီးဖြစ်သူမှထမင်းစားပြီးအိပ်မည်ပြောသောကြောင့်ခြင်ထောင်ထောင်ပေးနေစဉ်


နေအိမ်ရှေ့တံခါးအားတွန်းဖွင့်သံကြား၍ကြည့်လိုက်ရာနေအိမ်ထဲသို့မျက်နှာပုဆိုးဖြင့်အုပ်စည်းထားသောအမည်မသိအမျိုးသားတစ်ဦးဝင်လာပြီး၎င်းလက်ထဲတွင်အရိုးအသွား (၆) လက်မခန့်ဓားဦးချွန်တစ်ချောင်းကိုင်ထားကာ တရားလိုဖြစ်သူအား”ပိုက်ဆံပေး”ဟုတောင်းခံရာတရားလိုမှပိုက်ဆံမရှိကြောင်းပြန်လည်ပြောဆိုလိုက်စဉ်”သားအမိနှစ်ယောက်လုံးသက်ပြစ်မယ်””ရှိတာထုတ်ပေးဟု”ပြောဆိုကာ

ဘီဒိုသော့အားအတင်းဖွင့်ခိုင်းသဖြင့်ကြောက်လန့်၍ဖွင့်ပေးလိုက်စဉ်ထိုသူမှဗီဒိုတွင်းထဲ့ထားသည့်အမျိုးသမီးဘေးလွယ်အိတ်တစ်လုံးအားတွေ့ရှိသွားသဖြင့် ဖွင့်ခိုင်းရာအိတ်အတွင်းမှငွေစက္ကူရောရာ(၇၅)သိန်းကျပ် ရွှေဆွဲကြိုးအပါစုစုပေါင်းရွှေအလေးချိန်(၂)ကျပ်သား(၂)မူးကာလခန့်မှန်းတန်ဖိုး(၁၉၀၀၀၀၀)ကျပ်အားတို့အားတွေ့ရှိရသဖြင့်ယူဆောင်၍နေအိမ်ပြန်ထွက်သွားရာအိမ်အပြင်ဘက်တွင်အမည်မသိအမျိုးသားတစ်ဦးစောင့်နေသည်ကိုတွေ့ရှိရကြောင်းနှင့်ပိုက်ဆံပေးရင်ပေးမပေးရင်သက်ပြစ်မယ်ခြောက်လှန့်၍

ရွှေနှင့်ငွေများတောင်းယူသွားသူအမည်မသိအမျိုးသား(၂)ဦးအားဥပဒေအရအရေးယူဆောင်ရွက်ပေးရန် သန်လျင်မြို့မရဲစခန်းသို့လာရောက်တိုင်ကြားခဲ့ကြောင်းသိရသည်၊တရားလိုဖြစ်သူ၏ခင်ပွန်းဦးမိုးသူနှင့်သားဖြစ်သူမောင်ရှိုင်းကိုကိုတို့သည် Covid-19 လူနာများနေထိုင်ရေးအတွက်အဆောက်အဦးအသစ်ဆောက်လုပ်ရန်ဖောင်ကြီးမြို့နယ်သို့ဆောက်လုပ်ရေးလုပ်ငန်းကို နိုဝင်ဘာလ(၇)ရက်နေ့ကသွားရောက်လုပ်ကိုင်လျက်ရှိကြောင်းသိရသည်၊

ယခုအခါသန်လျင်မြို့မရဲစခန်းမှဖြစ်စဉ်နှင့်ပက်သက်၍(ပ)၃၀၇၅/၂၀၂၀၊ပုဒ်မ- ၃၈၆/၁၁၄ အရအမှုဖွင့်၍အမှုစစ်အဖြစ်နယ်ထိန်းအရာရှိရဲအုပ်ချမ်းမြေ့အောင်မှတရားခံအမြန်ဆုံးဖမ်းဆီးရမိနိုင်ရေးအတွက်လိုက်လံစုံစမ်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

###ကျော်ကျော်(သန်လျင်)##

Zawgyi

ႏိုင္ဝင္ဘာ(၂၁)ရက္ေန႔တြင္ျဖစ္ပြားသြားသည့္ျဖစ္စဥ္ႏွင့္ပက္သက္၍ျဖစ္စဥ္အမွန္မွာတရားလိုအျဖစ္တိုင္တန္းထားသူေဒၚသန္းသန္းေဝ(ခ)မေဝသည္ ၎၏ခင္ပြန္းျဖစ္သူသည္ေဆာက္လုပ္ေရးကုမၸဏီတစ္ခုတြင္အလုပ္လုပ္ကိုင္ၿပီးရရွိလာသည့္လုပ္အားခမ်ားမွ

(၂၀၁၃)ခုႏွစ္မွစ၍ကားတစ္စီးဝယ္ယူႏိုင္ရန္စုေဆာင္းခဲ့ရာေငြ(၇၅)သိန္းခန္႔ရွိၿပီျဖစ္ေၾကာင္း ေဒၚသန္းသန္းေဝသည္(၂၀၁၇)ခုႏွစ္မွစ၍တရားမဝင္ႏွစ္လုံးထီအားအပတ္ရွင္းစနစ္ျဖင့္သုံခြၿမိဳ႕နယ္ႏွစ္လုံးေလာင္းကစားဒိုင္သို႔ဖုန္းျဖင့္ဆက္သြယ္ေလာင္းကစားခဲ့ေၾကာင္းတစ္ပတ္လွ်င္(၁)သိန္းက်ပ္ခန္႔အရႈံးေပၚခဲ့ေၾကာင္းရပ္ကြက္အတြင္းခင္မင္ရင္းႏွီးသူထံမွ အတိုး ျဖင္ေငြအႀကိမ္ႀကိမ္ေခ်းယူခဲ့ရေၾကာင္းအေသးစားေခ်းေငြကုမၸဏီမ်ားမွလည္းေငြမ်ားေခ်းယူထားခဲ့ေၾကာင္းေ႐ႊထည္ပစၥည္းမ်ားအားသန္လ်င္ၿမိဳ႕မေစ်းရွိအမိန္႔ရအေပါင္ဆိုင္တြင္ေပါင္ႏွံသုံးစြဲခဲ့ေၾကာင္း

ယခုအခါခင္ပြန္းျဖစ္သူမွႏိုဝင္ဘာ(၆)ရက္ေန႔တြင္ေဖာင္ႀကီးသို႔ေဆာက္လုပ္ေရးလုပ္ငန္းျဖင့္သြားေရာက္လုပ္ကိုင္ၿပီးျပန္လာပါကလုပ္ငန္းအတြက္အသုံးျပဳရန္ ကား တစ္စီးဝယ္ယူမည္ျဖစ္ေၾကာင္းေျပာလာသည့္အတြက္ကြၽန္မမွခင္ပြန္းျဖစ္သူအပ္ထားေသာေငြႏွင္ေ႐ႊထည္ပစၥည္းမ်ားခင္ပြန္းျဖစ္သူအားမည္သို႔ေျပာျပရမည္ကိုစဥ္းစား၍ႀကံရာမရျဖစ္ခဲ့ေၾကာင္းထို႔ေၾကာင့္ခင္ပြန္းျဖစ္သူျပန္မလာခင္ကြၽန္မအားအမည္မသိအမ်ိဳးသားတစ္ဦးေနအိမ္ေပၚတက္ဓားေထာက္ၿခိမ္းေျခာက္၍ေငြ/ႏွင့္ေ႐ႊထည္ပစၥည္းမ်ားယူေဆာင္သြားပုံစံလိမ္ညာ၍ရဲစခန္းတြင္အမႈဖြင့္ရန္အႀကံအစည္ေပၚလာေၾကာင္း

ခင္ပြန္းျဖစ္သူမွလည္းသံသယကင္းသြားမည္ဟုယူဆေၾကာင္းအႀကံျဖစ္ေပၚလာသည့္အတြက္ ႏိုဝင္ဘာ(၂၁)ရက္ည(၁)နာရီအခ်ိန္ခန္႔တြင္၎အႀကံအစည္ကိုေဖၚေဆာင္ၿပီး သန္လ်င္ၿမိဳ႕မရဲစခန္းတြင္တရားလိုအျဖစ္လိမ္ညာ၍အမႈဖြင့္တိုင္ၾကားခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွအႀကိမ္ႀကိမ္ေမးျမန္းစစ္ေဆးခဲ့ေၾကာင္း

ႏိုဝင္ဘာ(၂၃)ရက္ေန႔တြင္ကြၽန္မအားခင္ပြန္းျဖစ္သူႏွင့္သမီးမွျဖစ္စဥ္အမွန္ေျပာရန္ေခ်ာ့ေမးလာသျဖင့္ ၎မွတရားလိုလုပ္တိုင္ၾကားထားေသာအမႈျဖစ္စဥ္သည္လိမ္ညာ၍တိုင္ၾကားထားခဲ့ေၾကာင္းကြၽန္မခင္ပြန္းအပ္ထားေသာေငြႏွင့္ေ႐ႊထည္ပစၥည္းမ်ားသည္ေလာင္းကစားျပဳလုပ္ရာတြင္သုံးစြဲခဲ့ေၾကာင္းေျပာဆို၍ခင္ပြန္းျဖစ္သူဆူမွာစိုး၍ေၾကာက္လန္႔ၿပီးသန္လ်င္ၿမိဳ႕မရဲစခန္းတြင္လိမ္ညာ၍အမႈဖြင့္လွစ္ခဲ့ေၾကာင္းဝန္ခံထြက္ဆိုလာသျဖင့္ယခုအခါသန္လ်င္ၿမိဳ႕မရဲစခန္းမွနယ္ထိန္းအရာရွိရဲအုပ္

ခ်မ္းေျမ့ေအာင္မွအမႈအားလိမ္လည္တိုင္တန္းသူေဒၚသန္းသန္းေဝ(ခ)မေဝ၊(၄၇)ႏွစ္၊(ဘ)ဦးသံေခ်ာင္း၊အမွတ္(၈)၊သစ္ေတာလမ္းသြယ္(၁)၊အမႈထမ္းရပ္ကြက္၊သန္လ်င္ၿမိဳ႕နယ္ေနသူအားဥပေဒအရအေရးယူႏိုင္ရန္စီစဥ္ေဆာင္႐ြက္လွ်က္ရွိေၾကာင္းသိရသည္။

####ေက်ာ္ေက်ာ္(သန္လ်င္)###

လိမ္လည္တိုင္တန္းထားသည့္ အမႈ

ႏိုဝင္ဘာလ(၂၁)ရက္ေန႔ မနက္ (၁)နာရီအခ်ိန္ခန္႔ကေတာင္ပိုင္းခ႐ိုင္ သန္လ်င္ၿမိဳ႕နယ္အမႈထမ္းရပ္ကြက္တြင္ေနအိမ္ထဲ၌သားအမိႏွစ္ေယာက္ထဲရွိေနစဥ္အမည္မသိအမ်ိဳးသား(၁)ဦးမ်က္ႏွာကိုပုဆိုးအုပ္စည္းလ်က္အ႐ိုးအသြား(၆)လက္မခန္႔ ဓားဦးခြၽန္ကိုင္ေဆာင္ကာၿခိမ္းေျခာက္၍ေ႐ႊ/ေငြတန္ဖိုးခန္႔(၉၄၀၀၀၀၀)က်ပ္ခန္႔ယူေဆာင္မႈျဖစ္ပြားခဲ့ေၾကာင္းသိရသည္။

ျဖစ္စဥ္မွာ ႏိုဝင္ဘာလ(၂၁)ရက္ေန႔မနက္(၁)နာရီအခ်ိန္ခန္႔ကတရားလိုျဖစ္သူ ေဒၚသန္းသန္းေဝ(၄၇)ႏွစ္(ဘ)ဦးသံေခ်ာင္း သစ္ေတာလမ္းသြယ္(၁)၊အမႈထမ္းရပ္ကြက္၊ သန္လ်င္ၿမိဳ႕ေနသူသည္ ၎၏ေနအိမ္၌ သမီးျဖစ္သူမေအးျမတ္သူ(၈)ႏွစ္ႏွင့္အတူေနအိမ္ေရွ႕ခန္းတြင္ ကာတြန္ကားထိုင္ၾကည့္ေနစဥ္သမီးျဖစ္သူမွဗိုက္ဆာသည္ဆိုသျဖင့္ အိမ္ေရွ႕တံခါးဖြင့္ၿပီးလက္ေဆး၍ တံခါးဂ်က္အားဂ်က္မထိုးပဲဟထားကာ ထမင္းေကြၽးၿပီးသမီးျဖစ္သူမွထမင္းစားၿပီးအိပ္မည္ေျပာေသာေၾကာင့္ျခင္ေထာင္ေထာင္ေပးေနစဥ္

ေနအိမ္ေရွ႕တံခါးအားတြန္းဖြင့္သံၾကား၍ၾကည့္လိုက္ရာေနအိမ္ထဲသို႔မ်က္ႏွာပုဆိုးျဖင့္အုပ္စည္းထားေသာအမည္မသိအမ်ိဳးသားတစ္ဦးဝင္လာၿပီး၎လက္ထဲတြင္အ႐ိုးအသြား (၆) လက္မခန္႔ဓားဦးခြၽန္တစ္ေခ်ာင္းကိုင္ထားကာ တရားလိုျဖစ္သူအား”ပိုက္ဆံေပး”ဟုေတာင္းခံရာတရားလိုမွပိုက္ဆံမရွိေၾကာင္းျပန္လည္ေျပာဆိုလိုက္စဥ္”သားအမိႏွစ္ေယာက္လုံးသက္ျပစ္မယ္””ရွိတာထုတ္ေပးဟု”ေျပာဆိုကာ

ဘီဒိုေသာ့အားအတင္းဖြင့္ခိုင္းသျဖင့္ေၾကာက္လန္႔၍ဖြင့္ေပးလိုက္စဥ္ထိုသူမွဗီဒိုတြင္းထဲ့ထားသည့္အမ်ိဳးသမီးေဘးလြယ္အိတ္တစ္လုံးအားေတြ႕ရွိသြားသျဖင့္ ဖြင့္ခိုင္းရာအိတ္အတြင္းမွေငြစကၠဴေရာရာ(၇၅)သိန္းက်ပ္ ေ႐ႊဆြဲႀကိဳးအပါစုစုေပါင္းေ႐ႊအေလးခ်ိန္(၂)က်ပ္သား(၂)မူးကာလခန္႔မွန္းတန္ဖိုး(၁၉၀၀၀၀၀)က်ပ္အားတို႔အားေတြ႕ရွိရသျဖင့္ယူေဆာင္၍ေနအိမ္ျပန္ထြက္သြားရာအိမ္အျပင္ဘက္တြင္အမည္မသိအမ်ိဳးသားတစ္ဦးေစာင့္ေနသည္ကိုေတြ႕ရွိရေၾကာင္းႏွင့္ပိုက္ဆံေပးရင္ေပးမေပးရင္သက္ျပစ္မယ္ေျခာက္လွန္႔၍

ေ႐ႊႏွင့္ေငြမ်ားေတာင္းယူသြားသူအမည္မသိအမ်ိဳးသား(၂)ဦးအားဥပေဒအရအေရးယူေဆာင္႐ြက္ေပးရန္ သန္လ်င္ၿမိဳ႕မရဲစခန္းသို႔လာေရာက္တိုင္ၾကားခဲ့ေၾကာင္းသိရသည္၊တရားလိုျဖစ္သူ၏ခင္ပြန္းဦးမိုးသူႏွင့္သားျဖစ္သူေမာင္ရႈိင္းကိုကိုတို႔သည္ Covid-19 လူနာမ်ားေနထိုင္ေရးအတြက္အေဆာက္အဦးအသစ္ေဆာက္လုပ္ရန္ေဖာင္ႀကီးၿမိဳ႕နယ္သို႔ေဆာက္လုပ္ေရးလုပ္ငန္းကို ႏိုဝင္ဘာလ(၇)ရက္ေန႔ကသြားေရာက္လုပ္ကိုင္လ်က္ရွိေၾကာင္းသိရသည္၊

ယခုအခါသန္လ်င္ၿမိဳ႕မရဲစခန္းမွျဖစ္စဥ္ႏွင့္ပက္သက္၍(ပ)၃၀၇၅/၂၀၂၀၊ပုဒ္မ- ၃၈၆/၁၁၄ အရအမႈဖြင့္၍အမႈစစ္အျဖစ္နယ္ထိန္းအရာရွိရဲအုပ္ခ်မ္းေျမ့ေအာင္မွတရားခံအျမန္ဆုံးဖမ္းဆီးရမိႏိုင္ေရးအတြက္လိုက္လံစုံစမ္းစစ္ေဆးေဆာင္႐ြက္လ်က္ရွိေၾကာင္းသိရသည္။

###ေက်ာ္ေက်ာ္(သန္လ်င္)##

Leave a Comment