အိမ်ထောင်သက်တမ်းအနှစ် ၃၀မှာ ခင်ပွန်းနဲ့ကွာရှင်းပြီး တစ်ကိုယ်တည်းခရီးတွေထွက်ကာ ဘဝကိုပြောင်းလဲပစ်ခဲ့တဲ့ 56 နှစ်အရွယ်အမျိုးသမီး

ကွာရှင်းခြင်းခေါင်းစဉ်က အလွန်ရင့်သီးလွန်းတာကြောင့် အချို့အမျိုးသမီးတွေဟာ အခက်အခဲများကြားမှ ရက်စက်ကြမ်းကြုတ်တဲ့ဆက်ဆံမှုတွေနဲ့အတူ နေထိုင်နေကြရပါတယ်။တရုတ်နိုင်ငံရှိ Henan ပြည်နယ်မှ Su Min အမည်ရှိတဲ့အသက် ၅၆ နှစ်အရွယ်အိမ်ရှင်မတစ်ဦးဟာ အိမ်ထောင်သက်တမ်းအနှစ် ၃၀မှာ ခင်ပွန်းကိုထားခဲ့ပြီး သူမဘဝကိုပြောင်းလဲပေးမယ့်ခရီးစဉ်ကို သူမကိုယ်တိုင်စဖောက်ပစ်ခဲ့ပါတယ်။Su Minရဲ့ခင်ပွန်းဟာဒေါသထွက်တဲ့အခါတိုင်း မကြာခဏဆိုသလို ရက်စက်ကြမ်းကြုတ်စွာ သူမကိုရိုက်နက်ခဲ့ပါတယ်။မပျော်ရွှင်တော့တဲ့အိမ်ထောင်ရေးကြောင့် သူမဟာ စိတ်ကျရောဂါအတွက် ဆေးဝါးတွေ သုံးစွဲခဲ့ရပြီး အဲ့လိုကိစ္စဖြစ်တိုင်း သူမရဲ့သမီးနဲ့မြေးတွေအတွက် သူမဒေါသကိုမျိုသိပ်ထားခဲ့ပါတယ်။Suဟာ ပြီးခဲ့တဲ့နှစ်က တစ်ညမှာ Onlineဝတ္ထုတွေကို ရှာနေတုန်း ခရီးစဉ်အတွေ့အကြုံတွေကိုမျှဝေတဲ့ ဘလော့ဂါတစ်ယောက်ကို တွေ့ခဲ့ပြီး သူမလည်း အဲ့ဒီအရာကိုလုပ်နိုင်လိမ့်မယ်လို့တွေးကာ သူမရဲ့မဟာစီမံကိန်းကို စတင်ခဲ့ပါတယ်။


မြေးတွေ နေ့ကလေးထိန်းကျောင်းစတက်တာနဲ့တစ်ပြိုင်နက် သူမထွက်သွားမယ်လို့ ဆုံးဖြတ်ခဲ့ရင်း Suဟာ တိတ်တဆိတ်နဲ့တစ်နှစ်ကြိုတင်ပြင်ဆင်ခဲ့ပြီး ခရီးစဉ်အကြံဉာဏ်တွေကို Onlineမှာရှာဖွေနေခဲ့ပါတယ်။သူမအတွက် အသုံးဝင်တဲ့ပစ္စည်းကိုတွေ့ရင် ချက်ချင်းဝယ်စုထားခဲ့ပြီး Su ဟာ ခရီးစဉ်အတွက် ငွေစုရင်း သမီးဖြစ်သူဆီ ကားတစ်စီးဝယ်ဖို့ငွေအချို့လည်းချေးယူခဲ့ပါသေးတယ်။၂၀၂၀ခုနှစ် စက်တင်ဘာ ၂၃ ရက်မှာ သူမရဲ့မြေးကျောင်းစတက်နိုင်ပြီဆိုတာနဲ့ သူမရဲ့ဘဝပြောင်းလဲမှုခရီးစဉ်ကိုစတင်ဖို့ အိမ်မှထွက်ခွါခဲ့ပါတယ်။လွန်ခဲ့တဲ့၂လအတွင်း သူမရဲ့ခရီးစဉ်နဲ့ပတ်သက်တဲ့ သူမရဲ့မှတ်တမ်းတွေကို အခြားအမျိုးသမီးတစ်ဦးက ဖော်ပြပေးထားတာကို တွေ့ခဲ့ရပါတယ်။


Su ဟာ ခင်ပွန်းသည်နဲ့အတူဆက်လက်နေထိုင်နေသေးရင် သူမသေသွားနိုင်တယ်လို့ထင်တာကြောင့် ဒီခရီးစဉ်ကို ကိုယ်တိုင်စတင်ခဲ့ပြီရ အခုလက်ရှိမှာတော့ သူမဘဝဟာ ကျေနပ်ရောင့်ရဲမှုရှိပြီး ခံစားချက်လည်း အများကြီးပိုကောင်းလာတယ်လို့ဆိုထားပါသေးတယ်။Suက သူမနဲ့ဘဝတူတဲ့ အခြားအမျိုးသမီးတွေကို အိမ်မှာဘဲနေပြီး ဒေါသထွက်ရင်း အချိန်တိုင်းညည်းညူနေတာက ဘာမှအကျိုးမထူးလာတာကြောင့် သူမလို အရဲစွန့်ပြီး စိတ်ထွက်ပေါက်ရအောင် ခရီးထွက်ကြဖို့ အကြံပေးခဲ့ပါသေးတယ်။သူမကို ခင်ပွန်းသည်အကြောင်းမေးတော့ သူမရဲ့မကျေနပ်မှုတွေက စာနာသနားမှုအဖြစ်သို့ပြောင်းလဲသွားတော့မှ သူမခင်ပွန်းဆီပြန်လာခဲ့မယ် လို့ ပြတ်ပြတ်ဘဲပြန်ဖြေပေးခဲ့ပါတယ်။

Mia (Mckzone Daily)

Source : worldofbuzz

Zawgyi

ကြာရွင္းျခင္းေခါင္းစဥ္က အလြန္ရင့္သီးလြန္းတာေၾကာင့္ အခ်ိဳ႕အမ်ိဳးသမီးေတြဟာ အခက္အခဲမ်ားၾကားမွ ရက္စက္ၾကမ္းၾကဳတ္တဲ့ဆက္ဆံမႈေတြနဲ႔အတူ ေနထိုင္ေနၾကရပါတယ္။တ႐ုတ္ႏိုင္ငံရွိ Henan ျပည္နယ္မွ Su Min အမည္ရွိတဲ့အသက္ ၅၆ ႏွစ္အ႐ြယ္အိမ္ရွင္မတစ္ဦးဟာ အိမ္ေထာင္သက္တမ္းအႏွစ္ ၃၀မွာ ခင္ပြန္းကိုထားခဲ့ၿပီး သူမဘဝကိုေျပာင္းလဲေပးမယ့္ခရီးစဥ္ကို သူမကိုယ္တိုင္စေဖာက္ပစ္ခဲ့ပါတယ္။Su Minရဲ႕ခင္ပြန္းဟာေဒါသထြက္တဲ့အခါတိုင္း မၾကာခဏဆိုသလို ရက္စက္ၾကမ္းၾကဳတ္စြာ သူမကို႐ိုက္နက္ခဲ့ပါတယ္။မေပ်ာ္႐ႊင္ေတာ့တဲ့အိမ္ေထာင္ေရးေၾကာင့္ သူမဟာ စိတ္က်ေရာဂါအတြက္ ေဆးဝါးေတြ သုံးစြဲခဲ့ရၿပီး အဲ့လိုကိစၥျဖစ္တိုင္း သူမရဲ႕သမီးနဲ႔ေျမးေတြအတြက္ သူမေဒါသကိုမ်ိဳသိပ္ထားခဲ့ပါတယ္။Suဟာ ၿပီးခဲ့တဲ့ႏွစ္က တစ္ညမွာ Onlineဝတၳဳေတြကို ရွာေနတုန္း ခရီးစဥ္အေတြ႕အႀကဳံေတြကိုမွ်ေဝတဲ့ ဘေလာ့ဂါတစ္ေယာက္ကို ေတြ႕ခဲ့ၿပီး သူမလည္း အဲ့ဒီအရာကိုလုပ္ႏိုင္လိမ့္မယ္လို႔ေတြးကာ သူမရဲ႕မဟာစီမံကိန္းကို စတင္ခဲ့ပါတယ္။

ေျမးေတြ ေန႔ကေလးထိန္းေက်ာင္းစတက္တာနဲ႔တစ္ၿပိဳင္နက္ သူမထြက္သြားမယ္လို႔ ဆုံးျဖတ္ခဲ့ရင္း Suဟာ တိတ္တဆိတ္နဲ႔တစ္ႏွစ္ႀကိဳတင္ျပင္ဆင္ခဲ့ၿပီး ခရီးစဥ္အႀကံဉာဏ္ေတြကို Onlineမွာရွာေဖြေနခဲ့ပါတယ္။သူမအတြက္ အသုံးဝင္တဲ့ပစၥည္းကိုေတြ႕ရင္ ခ်က္ခ်င္းဝယ္စုထားခဲ့ၿပီး Su ဟာ ခရီးစဥ္အတြက္ ေငြစုရင္း သမီးျဖစ္သူဆီ ကားတစ္စီးဝယ္ဖို႔ေငြအခ်ိဳ႕လည္းေခ်းယူခဲ့ပါေသးတယ္။၂၀၂၀ခုႏွစ္ စက္တင္ဘာ ၂၃ ရက္မွာ သူမရဲ႕ေျမးေက်ာင္းစတက္ႏိုင္ၿပီဆိုတာနဲ႔ သူမရဲ႕ဘဝေျပာင္းလဲမႈခရီးစဥ္ကိုစတင္ဖို႔ အိမ္မွထြက္ခြါခဲ့ပါတယ္။လြန္ခဲ့တဲ့၂လအတြင္း သူမရဲ႕ခရီးစဥ္နဲ႔ပတ္သက္တဲ့ သူမရဲ႕မွတ္တမ္းေတြကို အျခားအမ်ိဳးသမီးတစ္ဦးက ေဖာ္ျပေပးထားတာကို ေတြ႕ခဲ့ရပါတယ္။


Su ဟာ ခင္ပြန္းသည္နဲ႔အတူဆက္လက္ေနထိုင္ေနေသးရင္ သူမေသသြားႏိုင္တယ္လို႔ထင္တာေၾကာင့္ ဒီခရီးစဥ္ကို ကိုယ္တိုင္စတင္ခဲ့ၿပီရ အခုလက္ရွိမွာေတာ့ သူမဘဝဟာ ေက်နပ္ေရာင့္ရဲမႈရွိၿပီး ခံစားခ်က္လည္း အမ်ားႀကီးပိုေကာင္းလာတယ္လို႔ဆိုထားပါေသးတယ္။Suက သူမနဲ႔ဘဝတူတဲ့ အျခားအမ်ိဳးသမီးေတြကို အိမ္မွာဘဲေနၿပီး ေဒါသထြက္ရင္း အခ်ိန္တိုင္းညည္းညဴေနတာက ဘာမွအက်ိဳးမထူးလာတာေၾကာင့္ သူမလို အရဲစြန္႔ၿပီး စိတ္ထြက္ေပါက္ရေအာင္ ခရီးထြက္ၾကဖို႔ အႀကံေပးခဲ့ပါေသးတယ္။သူမကို ခင္ပြန္းသည္အေၾကာင္းေမးေတာ့ သူမရဲ႕မေက်နပ္မႈေတြက စာနာသနားမႈအျဖစ္သို႔ေျပာင္းလဲသြားေတာ့မွ သူမခင္ပြန္းဆီျပန္လာခဲ့မယ္ လို႔ ျပတ္ျပတ္ဘဲျပန္ေျဖေပးခဲ့ပါတယ္။

Mia (Mckzone Daily)

Source : worldofbuzz

Leave a Comment