အမျိုးသမီး (၆) ယောက်ကို တစ်ပြိုင်တည်းကိုယ်ဝန်တည်စေခဲ့တယ်ဆိုတဲ့ အမျိုးသား

နိုင်ဂျီးရီးယား influencer တစ်ယောက်ဟာ ဆယ်လီတစ်ယောက်ရဲ့မင်္ဂလာဆောင်ကို ကိုယ်လေးလက်ဝန်ရှိနေတဲ့ အမျိုးသမီး၆ယောက်နဲ့အတူ တက်ရောက်လာခဲ့တာကြောင့် အားလုံးက အံ့အားသင့်နေခဲ့ပါတယ်။ အမျိုးသမီးအားလုံးက သူတို့ဟာ မကြာခင် ကလေးမီးဖွားတော့မှာလို့ ဆိုခဲ့တာပါ။ အဆိုပါ influencer နာမည်ကတော့ Mike Eze-Nwalie Nwogu ဆိုသူဖြစ်ကာ Pretty Mike လို့သိကြပါတယ်။ သူ့မှာ follower ၃သိန်းရှိပါတယ်။

ပူထွက်နေတဲ့ဗိုက်လုံးလုံးတွေကိုဖော်ပြထားပြီး ငွေရောင်ဝတ်စုံတွေဝတ်ဆင်ထားတဲ့ အမျိုးသမီး၆ယောက်က သူ့ကိုဝန်းရံထားတဲ့ ဓာတ်ပုံတွေကို Mike ဟာ အင်စတာဂရမ်ပေါ်တင်ထားခဲ့တာပါ။ “ဝန်ကြီးချုပ်နဲ့မိခင်လောင်း၆ယောက်” လို့ဆိုကာ သူဟာ caption တပ်ထားခဲ့တာဖြစ်ပြီး “လှည့်စားထားတာမဟုတ်ဘူး။ ကျွန်တော်တို့ဟာ ဘဝကိုအကောင်းဆုံးနေနေကြတာ။” HappyHome, Familyiseverything, babybum ဆိုပြီးတော့ ရေးသားထားတာပါ။

ဒါ့အပြင် Mike ဟာ ဗီဒီယိုအတိုတစ်ခုကိုလည်း မျှဝေခဲ့ပါသေးတယ်။ အဲ့ဒီမှာတော့ သူဟာ အမျိုးသမီး၆ယောက်မှာ တစ်ယောက်ချင်းစီကိုပြုံးဖြီးဖြီးနဲ့ နှုတ်ဆက်ခဲ့ပြီး သူမတို့ရဲ့ဗိုက်တွေကို တစ်လှည့်စီပွတ်သပ်နေခဲ့တာပါ။ အမျိုးသမီးတစ်ယောက်ရဲ့ ဗိုက်ကိုတော့ ခါးကိုင်းပြီးနမ်းတောင်နမ်းခဲ့ပါသေးတယ်။ ဒါပေမဲ့ အမျိုးသမီး ၆ယောက်စလုံးကို ကိုယ်ဝန်တည်အောင်လုပ်နိုင်ခဲ့တယ်ဆိုတဲ့ Mike ရဲ့အဆိုကိုတော့ ဝေဖန်သူတွေရှိနေပါတယ်။

နောက်ထပ်ဗီဒီယိုတစ်ခုမှာလည်း Mike ကို အမျိုးသမီး၄ယောက်နဲ့အတူ အိပ်ရာပေါ်မှာ ပြုံးပြီးအိပ်နေတာတွေ့ရသလို ရေချိုးခန်းတစ်ခုထဲမှာလည်း သူ့ကို အနည်းဆုံးအမျိုးသမီးနှစ်ယောက်လောက်က ပွတ်သပ်ပေးနေတာကို တွေ့ရပါတယ်။ သူ့ရဲ့ပီတီဖြစ်စရာလူနေမှုဘဝကို နာမည်တပ်ပေးပါဦးဆိုပြီး Mike က သူ့ follower တွေကိုပြောနေခဲ့ပါသေးတယ်။

တွစ်တာပေါ်မှာတော့ အချို့က Mike ရဲ့ဓာတ်ပုံတွေဟာ တကယ်လား စတန့်လားဆိုတာ ထင်ကြေးပေးနေပါတယ်။ Mike ဟာ ၂၀၁၇ ခုနှစ်တုန်းကလည်း အမျိုးသမီးတွေကိုသံကြိုးကွင်းခတ်ကာ ကြိုးနဲ့ဆွဲပြီး မင်္ဂလာဆောင်ကိုခေါ်လာခဲ့တာကြောင့် အဖမ်းခံခဲ့ရပါသေးတယ်။ အရင်က Mike လုပ်ခဲ့တဲ့စတန့်ဓာတ်ပုံတွေကို ပြန်တင်ပြီး တစ်ဦးကတော့ “နှစ်တွေသာပြောင်းလာတယ် ရူးတာကရူးတုန်းပဲ” ဆိုကာ ပြန်လည်ရေးသားခဲ့တယ်လို့လည်း news.com.au အရ သိရပါတယ်။

Zawgyi

ႏိုင္ဂ်ီးရီးယား influencer တစ္ေယာက္ဟာ ဆယ္လီတစ္ေယာက္ရဲ႕မဂၤလာေဆာင္ကို ကိုယ္ေလးလက္ဝန္ရွိေနတဲ့ အမ်ိဳးသမီး၆ေယာက္နဲ႔အတူ တက္ေရာက္လာခဲ့တာေၾကာင့္ အားလုံးက အံ့အားသင့္ေနခဲ့ပါတယ္။ အမ်ိဳးသမီးအားလုံးက သူတို႔ဟာ မၾကာခင္ ကေလးမီးဖြားေတာ့မွာလို႔ ဆိုခဲ့တာပါ။ အဆိုပါ influencer နာမည္ကေတာ့ Mike Eze-Nwalie Nwogu ဆိုသူျဖစ္ကာ Pretty Mike လို႔သိၾကပါတယ္။ သူ႔မွာ follower ၃သိန္းရွိပါတယ္။

ပူထြက္ေနတဲ့ဗိုက္လုံးလုံးေတြကိုေဖာ္ျပထားၿပီး ေငြေရာင္ဝတ္စုံေတြဝတ္ဆင္ထားတဲ့ အမ်ိဳးသမီး၆ေယာက္က သူ႔ကိုဝန္းရံထားတဲ့ ဓာတ္ပုံေတြကို Mike ဟာ အင္စတာဂရမ္ေပၚတင္ထားခဲ့တာပါ။ “ဝန္ႀကီးခ်ဳပ္နဲ႔မိခင္ေလာင္း၆ေယာက္” လို႔ဆိုကာ သူဟာ caption တပ္ထားခဲ့တာျဖစ္ၿပီး “လွည့္စားထားတာမဟုတ္ဘူး။ ကြၽန္ေတာ္တို႔ဟာ ဘဝကိုအေကာင္းဆုံးေနေနၾကတာ။” HappyHome, Familyiseverything, babybum ဆိုၿပီးေတာ့ ေရးသားထားတာပါ။

ဒါ့အျပင္ Mike ဟာ ဗီဒီယိုအတိုတစ္ခုကိုလည္း မွ်ေဝခဲ့ပါေသးတယ္။ အဲ့ဒီမွာေတာ့ သူဟာ အမ်ိဳးသမီး၆ေယာက္မွာ တစ္ေယာက္ခ်င္းစီကိုၿပဳံးၿဖီးၿဖီးနဲ႔ ႏႈတ္ဆက္ခဲ့ၿပီး သူမတို႔ရဲ႕ဗိုက္ေတြကို တစ္လွည့္စီပြတ္သပ္ေနခဲ့တာပါ။ အမ်ိဳးသမီးတစ္ေယာက္ရဲ႕ ဗိုက္ကိုေတာ့ ခါးကိုင္းၿပီးနမ္းေတာင္နမ္းခဲ့ပါေသးတယ္။ ဒါေပမဲ့ အမ်ိဳးသမီး ၆ေယာက္စလုံးကို ကိုယ္ဝန္တည္ေအာင္လုပ္ႏိုင္ခဲ့တယ္ဆိုတဲ့ Mike ရဲ႕အဆိုကိုေတာ့ ေဝဖန္သူေတြရွိေနပါတယ္။

ေနာက္ထပ္ဗီဒီယိုတစ္ခုမွာလည္း Mike ကို အမ်ိဳးသမီး၄ေယာက္နဲ႔အတူ အိပ္ရာေပၚမွာ ၿပဳံးၿပီးအိပ္ေနတာေတြ႕ရသလို ေရခ်ိဳးခန္းတစ္ခုထဲမွာလည္း သူ႔ကို အနည္းဆုံးအမ်ိဳးသမီးႏွစ္ေယာက္ေလာက္က ပြတ္သပ္ေပးေနတာကို ေတြ႕ရပါတယ္။ သူ႔ရဲ႕ပီတီျဖစ္စရာလူေနမႈဘဝကို နာမည္တပ္ေပးပါဦးဆိုၿပီး Mike က သူ႔ follower ေတြကိုေျပာေနခဲ့ပါေသးတယ္။

တြစ္တာေပၚမွာေတာ့ အခ်ိဳ႕က Mike ရဲ႕ဓာတ္ပုံေတြဟာ တကယ္လား စတန္႔လားဆိုတာ ထင္ေၾကးေပးေနပါတယ္။ Mike ဟာ ၂၀၁၇ ခုႏွစ္တုန္းကလည္း အမ်ိဳးသမီးေတြကိုသံႀကိဳးကြင္းခတ္ကာ ႀကိဳးနဲ႔ဆြဲၿပီး မဂၤလာေဆာင္ကိုေခၚလာခဲ့တာေၾကာင့္ အဖမ္းခံခဲ့ရပါေသးတယ္။ အရင္က Mike လုပ္ခဲ့တဲ့စတန္႔ဓာတ္ပုံေတြကို ျပန္တင္ၿပီး တစ္ဦးကေတာ့ “ႏွစ္ေတြသာေျပာင္းလာတယ္ ႐ူးတာက႐ူးတုန္းပဲ” ဆိုကာ ျပန္လည္ေရးသားခဲ့တယ္လို႔လည္း news.com.au အရ သိရပါတယ္။

Leave a Comment