မိသားစုဝင်တွေအကုန်လုံး ကိုဗစ်နဲ့ ကွယ်လွန်သွားပြီးမှ တစ်ဦးထဲကျန်ခဲ့သူ အဖွားရဲ့အဖြစ်

ဆေးရုံတတ်ခဲ့တဲ့ ရက် ( ၂၀ )မှာ မျက်ဝါးထင်ထင်မြင်ခဲ့ရတာ ကိုဗစ်ဟာ သိပ်ကြောက်စရာကောင်းတယ်ဆိုတာပါပဲ။ လူငယ် / လူကြီးမရွေး မျက်စိရှေ့တင်တဖြုတ်ဖြုတ် ကြွေလွင့်သွားကြတာ ဝမ်းနည်းစရာကောင်းလိုက်တာလေ။ သားအမိ သားအဖ လေးဦး အောက်ဆီဂျင်ကျလို့

ဆေးရုံကိုရောက်လာတာ လမ်းလျှောက်ပြီးလာခဲ့ကြတာ အောက်ဆီဂျင်ကျနေပေမယ့် မျက်နှာတွေရွှင်ရွှင်လန်းလန်းနဲ့ အခန်းထဲအတူတူနေရတော့ စိတ်ချမ်းသာနေကြပုံပါပဲ။ ငွေကြေးလည်းပြေလည်သူတွေဆိုတာ ကြည့်တာနဲ့သိနေရတယ်။ သူတို့တွေ ဆေးရုံရောက်ပြီး

၂ ရက်မြောက်မှာ အဖေရယ် သားရယ် သမီးရယ် သုံးယောက်ဟာ ရုတ်တရက်ဆီးချိုတွေမြင့်တတ်လိုက် အောက်ဆီဂျင် Level ထိုးကျလိုက်နဲ့ ဖြစ်တာ ဖြစ်တာလေ ဆရာဝန်တွေလည်း PPE တွေဝတ်ပြီး ကုသမှုတွေ ဆက်တိုက်လုပ်ပေမယ့် နောက်တရက်မှာ သူတို့ ၃ ယောက်လုံး

အခြေအနေ မကောင်းတော့ပါဘူး။ ဘာရောဂါအခံရှိလဲတော့ ကိုယ်လည်းမသိပါဘူး။ ကျန်နေတဲ့ အမေတယောက်က ကောင်းနေတာမို့ သူကို့ တခြားအခန်းရွေ့လိုက်ပြီး သိပ်မကြာခင်မှာပဲ ကျန် ၃ ယောက်လုံး ဟာ သေဆုံးကွယ်လွန် သွားပါတော့တယ်။

ရင်ထဲထိခိုက်လိုက်တာ မျက်ရည်ပါကျရပါတယ်။ တယောက်တည်းကျန်ခဲ့တဲ့ အမေဟာ အိပ်ယာထဲဘုန်းဘုန်းလဲတော့တာ ဘယ်သူနဲ့မှ ဘာစကားမှမပြော ဘာမှမစားနဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ လုံးဝ နလန်မထူတော့ အဲ့ဒီ့နေရာမှာ ဆရာဝန်တွေကိုလေးစားရပါတယ်။

ဘာရောဂါအခံမှ မရှိသူ ဆွဲခေါ်ရင်ပါ့မယ်သူဆိုတာ သူတို့သိတဲ့ပုံပါပဲ။ အဲ့ဒီ့အမေ့ကို ဝိုင်းဝန်းကြတာ ဘေးကမျက်ရည်ကြရတယ် တကယ့်သွေးသားရင်းလို ထမင်းပါခွံ့ကျွေးတဲ့ လူသားအချင်းချင်း မေတ္တာဟာ သိပ်ကိုလှပကြီးကျယ်ခဲ့ပါတယ်။ မိသားစုလေးယောက်လာခဲ့ပြီး

နောက်ဆုံးတယောက်ထဲကျန်ခဲ့တဲ့ အဲ့ဒီ့အမေ ကိုဗစ်ကပ်ရောဂါ ဆိုးကြီးကို အောင်နိုင်ပြီး ဆေးရုံဆင်းသွားခဲ့ပါတယ်။ ကိုဗစ်ဟာ မာယာများသလိုသိပ်ကိုကြောက်စရာကောင်းတယ်ဆိုတာ လက်တွေ့ကြုံတွေ့ခဲ့ရသူမို့ စနစ်တကျ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ကြပါလို့ မှာပါရစေ။

Zawgyi

ေဆး႐ုံတတ္ခဲ့တဲ့ ရက္ ( ၂၀ )မွာ မ်က္ဝါးထင္ထင္ျမင္ခဲ့ရတာ ကိုဗစ္ဟာ သိပ္ေၾကာက္စရာေကာင္းတယ္ဆိုတာပါပဲ။ လူငယ္ / လူႀကီးမေ႐ြး မ်က္စိေရွ႕တင္တျဖဳတ္ျဖဳတ္ ေႂကြလြင့္သြားၾကတာ ဝမ္းနည္းစရာေကာင္းလိုက္တာေလ။ သားအမိ သားအဖ ေလးဦး ေအာက္ဆီဂ်င္က်လို႔

ေဆး႐ုံကိုေရာက္လာတာ လမ္းေလွ်ာက္ၿပီးလာခဲ့ၾကတာ ေအာက္ဆီဂ်င္က်ေနေပမယ့္ မ်က္ႏွာေတြ႐ႊင္႐ႊင္လန္းလန္းနဲ႔ အခန္းထဲအတူတူေနရေတာ့ စိတ္ခ်မ္းသာေနၾကပုံပါပဲ။ ေငြေၾကးလည္းေျပလည္သူေတြဆိုတာ ၾကည့္တာနဲ႔သိေနရတယ္။ သူတို႔ေတြ ေဆး႐ုံေရာက္ၿပီး

၂ ရက္ေျမာက္မွာ အေဖရယ္ သားရယ္ သမီးရယ္ သုံးေယာက္ဟာ ႐ုတ္တရက္ဆီးခ်ိဳေတြျမင့္တတ္လိုက္ ေအာက္ဆီဂ်င္ Level ထိုးက်လိုက္နဲ႔ ျဖစ္တာ ျဖစ္တာေလ ဆရာဝန္ေတြလည္း PPE ေတြဝတ္ၿပီး ကုသမႈေတြ ဆက္တိုက္လုပ္ေပမယ့္ ေနာက္တရက္မွာ သူတို႔ ၃ ေယာက္လုံး

အေျခအေန မေကာင္းေတာ့ပါဘူး။ ဘာေရာဂါအခံရွိလဲေတာ့ ကိုယ္လည္းမသိပါဘူး။ က်န္ေနတဲ့ အေမတေယာက္က ေကာင္းေနတာမို႔ သူကို႔ တျခားအခန္းေ႐ြ႕လိုက္ၿပီး သိပ္မၾကာခင္မွာပဲ က်န္ ၃ ေယာက္လုံး ဟာ ေသဆုံးကြယ္လြန္ သြားပါေတာ့တယ္။

ရင္ထဲထိခိုက္လိုက္တာ မ်က္ရည္ပါက်ရပါတယ္။ တေယာက္တည္းက်န္ခဲ့တဲ့ အေမဟာ အိပ္ယာထဲဘုန္းဘုန္းလဲေတာ့တာ ဘယ္သူနဲ႔မွ ဘာစကားမွမေျပာ ဘာမွမစားနဲ႔ စိတ္ဓာတ္ပိုင္းဆိုင္ရာ လုံးဝ နလန္မထူေတာ့ အဲ့ဒီ့ေနရာမွာ ဆရာဝန္ေတြကိုေလးစားရပါတယ္။

ဘာေရာဂါအခံမွ မရွိသူ ဆြဲေခၚရင္ပါ့မယ္သူဆိုတာ သူတို႔သိတဲ့ပုံပါပဲ။ အဲ့ဒီ့အေမ့ကို ဝိုင္းဝန္းၾကတာ ေဘးကမ်က္ရည္ၾကရတယ္ တကယ့္ေသြးသားရင္းလို ထမင္းပါခြံ႕ေကြၽးတဲ့ လူသားအခ်င္းခ်င္း ေမတၱာဟာ သိပ္ကိုလွပႀကီးက်ယ္ခဲ့ပါတယ္။ မိသားစုေလးေယာက္လာခဲ့ၿပီး

ေနာက္ဆုံးတေယာက္ထဲက်န္ခဲ့တဲ့ အဲ့ဒီ့အေမ ကိုဗစ္ကပ္ေရာဂါ ဆိုးႀကီးကို ေအာင္ႏိုင္ၿပီး ေဆး႐ုံဆင္းသြားခဲ့ပါတယ္။ ကိုဗစ္ဟာ မာယာမ်ားသလိုသိပ္ကိုေၾကာက္စရာေကာင္းတယ္ဆိုတာ လက္ေတြ႕ႀကဳံေတြ႕ခဲ့ရသူမို႔ စနစ္တက် ကိုယ့္ကိုယ္ကိုယ္ ဂ႐ုစိုက္ၾကပါလို႔ မွာပါရေစ။

Leave a Comment