တစ်လ ၁၀ သိန်းမြတ်တယ်ဆိုတဲ့ ဆီကြိတ်စက်သတင်းလေး အတော်ကို ဟိုးလေးတကျော်ကျော် ဖြစ်နေလို့ စမ်းကြည့်မိပါတယ်။ကျနော် ကိုယ်တိုင်လည်း ဆီကြိတ်စက်လောကမှာ နှစ်အတန်ကြာ မိဘလက်ငုတ် လုပ်ခဲ့ဖူးတာကိုး။ လှိုင်သာယာစက်မှုဇုန်၂ မောင်ရွှေရိုးလမ်း အမှတ်၁၂၅မှာ ကိုယ်ပိုင်အုန်းဆီစက်ရုံဗျ။ ခုတော့ ဆီဖြူအရောတွေ ခေတ်ဆန်းကုန်လို့ ကြိတ်တာထက် ငှါးစားရတာတောင် ပိုကိုက်နေတာကြောင့် လုပ်ငန်းပြောင်းခဲ့ရတာပါ။
ဒါပေမယ့် ဝါသနာက မစွန့်နိုင်သေးဘူးကိုး။
အုန်းသီးဖတ်အသား ၁၇ပိဿာကြိတ်ရင် အုန်းဆီအသန့် ၁၀ပိဿာရတယ်။ ဝက်စာ ငါးစာကျွေးဖို့ အုန်းဖတ်က ၅ပိဿာကျော်ရတယ်။ ၂ပိဿာလောက်က အလေအလွင့်ပဲ။ ဒါက ဆီထွက်အများဆုံး အသီးမို့လို့။ ပဲ၊ နှမ်း၊ နေကြာတို့ဆို ဒီထက်ပိုနည်းသေး။
တပိုင်တနိုင် ဆီကြိတ်စက်လေး စိန့်တိုင်းကနေ မှာလိုက်ပါတယ်။ 1050ယွမ် (မြန်မာငွေ ၂သိန်း၁သောင်း) ကားခ တန်ဆာခ ၂သောင်းလောက် ကျသေးတယ်။
မြေပဲအနီ ၅ပိဿာဝယ်တယ်။ ၃၅၀၀x၅ကြိတ်လိုက်တာ ၂နာရီကျော်ကြာတယ်။
ဆီ ၁ပိဿာ၈၅ကျပ်သား ထွက်တယ်။
တကယ်တမ်း မြေပဲအဖြူဆို ပိုထွက်တယ်။ အများစျေးလှမ်းမေးတော့ ပိဿာ၁၀၀အထက် ၂၈၅၀ တဲ့။
2850×5=14250
ဆီက ၂ပိဿာခွဲ ပိုပိုသာသာ တွက်အုံး။တပိဿာ ၅၇၀၀ကျမယ်။
မြေပဲဖတ်က ၁ပိဿာ ၅၀၀ထား ။၂ပိဿာမပြည့်တပြည့် ပြန်ရမယ်။
တွက်ရေးကတော့ စက်သူဌေးပေါ့။
စျေးကွက်ထဲ လက်လီဝယ်မှ အညာဆုံဆီဆိုတာ ၁ပိဿာ၆၀၀၀၊အများယူရင် ၅၂၀၀….ဘယ်လိုသွားရောင်းမလဲ။
သိုလှောင်ခ၊ အတိုးတွက်၊ မြေနေရာ၊ မီတာခ၊ အလုပ်သမားခ၊ မြတ်မြတ်ရှုံးရှုံး လာကောက်မယ့်အခွန်၊ စက်ပြင်စားရိတ် ထည့်စဉ်းစားအုံး။
နှမ်းဆီလား
ဒီထက်ပိုပြီး ဆီထွက်လျော့သေး
နေကြာဆီလား
ပိုဆိုးသေး။ အခွံခွာစားရိတ်ပိုကုန်အုံးမယ်။
ဆီဖြူ၁ပိဿာ ၂၀၀၀စွန်းစွန်း
၁၀ပိဿာဝယ်
မြေပဲဆီအစစ် ၂ပိဿာထည့်
ဓာတုအနံ့လေး ၁၀၀၀ဖိုးလောက်အုပ်
အားပါး…. အစစ်ထက်တောင်မွှေးသေး
ဒီမှာကြည့် မြေပဲဆံအစစ်ဒီလိုကြိတ်တယ်။ ဘာမှမရောဘူး။
ဒါက ၇၀၀၀/၈၀၀၀ ရောင်းတယ်။
ဟိုက နောက်ကွယ်ဘာတွေရောမှန်းမသိယှဉ်ကြည့်တော့ ဓာတုတန်ခိုးနဲ့ အတုကတောင် ပိုမွှေးနေသေး။
ခင်ဗျား ဘုရားစူးကျိန်ရောင်းလည်း မဝယ်ဘူးစိတ်ချ။ ပဲပြား ပဲသွေးတောင် ဖော်မလင်လေးပါမှ ခံတွင်းတွေ့တဲ့ဓလေ့က ကြီးစိုးနေပြီလေ။
စန္ဒီပရဆေး မိတ်ဆွေကြီး ဘာဘူဦးတင်မောင်ဆီက မုန်ညင်းစေ့အစစ် ၁၀ပိဿာဝယ်တယ်။ 2500×10
မုန်ညင်းဆီပါ ၁ပိဿာ ဝယ်ခဲ့သေးတယ်။ 4500 တဲ့။
၅နာရီလောက်ကြိတ်ရတယ်။
ချိန်ကြည့်တော့ ၂ပိဿာစွန်းစွန်းပဲရတယ်။
25000÷2= 12500
အားပါး….. ခူးပြီးခပ်ပြီးအဆင်သင့်ကမှ 4500ပဲကျတာလေ။ 8000တောင်မှ ပိုကုန်သွားတာကိုး။
စက်ညံ့လို့ ဒီလောက်ဘဲထွက်တာလို့တော့ မဆိုလေနဲ့။
ကြိတ်ဖတ်ကို ရေစိမ်အပေါ်ယံဝေ့တက်လာတဲ့ ဆီကိုပြန်ခပ် ထပ်ပေါင်းအုံး။ ၁၀သားထက်ပိုမထွက်ဘူး။
ယာခင်းထဲထိ သွားဝယ်တဲ့စျေးနဲ့ကြိတ်ရင်ရော ?
ဒီအချိုးနဲ့တွက်ကြည့်
မုန်ညင်းစေ့၁ပိဿာ ၁၀၀၀လောက်ပဲကျမှ 4500နဲ့ ရောင်းနိုင်လိမ့်မယ်။
ဆိုတော့ကာ……
ဆီဖြူကို အုန်းဆီနဲ့ရော ဓာတုနံ့လေးအုပ်တော့ စျေးပေါတယ်။ နှစ်ရှည်ထားလည်း ဆီချေးစော်မနံဘူး။ အစစ်က ၃လကျော်ဆို အနံ့ပြောင်းပြီ။ မိဘများက ရှေးရိုးစွဲ သမာသမတ်ပဲလုပ်မယ် ဆုံးဖြတ်ထားလေတော့ နောက်ဆုံးမှာ စျေးမယှဉ်နိုင်လို့ လက်မြှောက်အရှုံးပေးခဲ့ရတာ ကိုယ်တွေ့ပါ။
ပဲဆီထဲရော အညာရနံ့လေး သင်းရဲ့လား ?
ကလေးဗိုက်နာလို့ မုန်ညင်းဆီလူးတဲ့ထဲ မုန်ညင်းစေ့ထဲက ဓာတ်သတ္တိတွေ ဘယ်နှစ်ချိုး ဘယ်လောက်ရာခိုင်နှုန်းများ ပါပါလိမ့်။ ?
သို့နှင့်…..
ကိုယ်တိုင်စားသုံးဖို့ပဲဆီ၊ နှမ်းဆီ
ကလေးတွေဆေးဝါးအတွက် မုန်ညင်းဆီ
ဒီအတွက်လောက်ပဲ မှန်းပါတော့တယ်။
စီးပွားတွက်နဲ့ ကြိတ်ရောင်းမယ်ဆိုရင် မြန်မာပြည်မှာ အရောင်မရှိ အနံ့မရှိတဲ့ စျေးပေါပေါ ဆီဖြူမရောအောင် ကြပ်ကြပ်မတ်မတ် တားမြစ်နိုင်မယ့် ဥပဒေကိုသာ အရင်ဆုံး မျှော်လင့်ပါအုံးဗျာ။
ကျနော်ကတော့ မွဲဆေးဖော်မိခဲ့ပြီလေ။ ကိုယ့်လို မခံစားရလေအောင် စက်ရောင်းဖို့အစီအစဉ် ဖျက်သိမ်းပြီး ရှိတဲ့စက်ကိုလည်း သော့ခတ်ထားလိုက်ပါပြီ။ မရောင်းတော့ပါ။
@credit
ချမ်းမြေ့သစ္စာ
09422465959
Zawgyi
တစ္လ ၁၀ သိန္းျမတ္တယ္ဆိုတဲ့ ဆီႀကိတ္စက္သတင္းေလး အေတာ္ကို ဟိုးေလးတေက်ာ္ေက်ာ္ ျဖစ္ေနလို႔ စမ္းၾကည့္မိပါတယ္။
က်ေနာ္ ကိုယ္တိုင္လည္း ဆီႀကိတ္စက္ေလာကမွာ ႏွစ္အတန္ၾကာ မိဘလက္ငုတ္ လုပ္ခဲ့ဖူးတာကိုး။ လႈိင္သာယာစက္မႈဇုန္၂ ေမာင္ေ႐ႊ႐ိုးလမ္း အမွတ္၁၂၅မွာ ကိုယ္ပိုင္အုန္းဆီစက္႐ုံဗ်။ ခုေတာ့ ဆီျဖဴအေရာေတြ ေခတ္ဆန္းကုန္လို႔ ႀကိတ္တာထက္ ငွါးစားရတာေတာင္ ပိုကိုက္ေနတာေၾကာင့္ လုပ္ငန္းေျပာင္းခဲ့ရတာပါ။
ဒါေပမယ့္ ဝါသနာက မစြန္႔ႏိုင္ေသးဘူးကိုး။
အုန္းသီးဖတ္အသား ၁၇ပိႆာႀကိတ္ရင္ အုန္းဆီအသန္႔ ၁၀ပိႆာရတယ္။ ဝက္စာ ငါးစာေကြၽးဖို႔ အုန္းဖတ္က ၅ပိႆာေက်ာ္ရတယ္။ ၂ပိႆာေလာက္က အေလအလြင့္ပဲ။ ဒါက ဆီထြက္အမ်ားဆုံး အသီးမို႔လို႔။ ပဲ၊ ႏွမ္း၊ ေနၾကာတို႔ဆို ဒီထက္ပိုနည္းေသး။
တပိုင္တႏိုင္ ဆီႀကိတ္စက္ေလး စိန္႔တိုင္းကေန မွာလိုက္ပါတယ္။ 1050ယြမ္ (ျမန္မာေငြ ၂သိန္း၁ေသာင္း) ကားခ တန္ဆာခ ၂ေသာင္းေလာက္ က်ေသးတယ္။
ေျမပဲအနီ ၅ပိႆာဝယ္တယ္။ ၃၅၀၀x၅ႀကိတ္လိုက္တာ ၂နာရီေက်ာ္ၾကာတယ္။
ဆီ ၁ပိႆာ၈၅က်ပ္သား ထြက္တယ္။
တကယ္တမ္း ေျမပဲအျဖဴဆို ပိုထြက္တယ္။ အမ်ားေစ်းလွမ္းေမးေတာ့ ပိႆာ၁၀၀အထက္ ၂၈၅၀ တဲ့။
2850×5=14250
ဆီက ၂ပိႆာခြဲ ပိုပိုသာသာ တြက္အုံး။တပိႆာ ၅၇၀၀က်မယ္။
ေျမပဲဖတ္က ၁ပိႆာ ၅၀၀ထား ။၂ပိႆာမျပည့္တျပည့္ ျပန္ရမယ္။
တြက္ေရးကေတာ့ စက္သူေဌးေပါ့။
ေစ်းကြက္ထဲ လက္လီဝယ္မွ အညာဆုံဆီဆိုတာ ၁ပိႆာ၆၀၀၀၊အမ်ားယူရင္ ၅၂၀၀….ဘယ္လိုသြားေရာင္းမလဲ။
သိုေလွာင္ခ၊ အတိုးတြက္၊ ေျမေနရာ၊ မီတာခ၊ အလုပ္သမားခ၊ ျမတ္ျမတ္ရႈံးရႈံး လာေကာက္မယ့္အခြန္၊ စက္ျပင္စားရိတ္ ထည့္စဥ္းစားအုံး။
ႏွမ္းဆီလား
ဒီထက္ပိုၿပီး ဆီထြက္ေလ်ာ့ေသး
ေနၾကာဆီလား
ပိုဆိုးေသး။ အခြံခြာစားရိတ္ပိုကုန္အုံးမယ္။
ဆီျဖဴ၁ပိႆာ ၂၀၀၀စြန္းစြန္း
၁၀ပိႆာဝယ္
ေျမပဲဆီအစစ္ ၂ပိႆာထည့္
ဓာတုအနံ႔ေလး ၁၀၀၀ဖိုးေလာက္အုပ္
အားပါး…. အစစ္ထက္ေတာင္ေမႊးေသး
ဒီမွာၾကည့္ ေျမပဲဆံအစစ္ဒီလိုႀကိတ္တယ္။ ဘာမွမေရာဘူး။
ဒါက ၇၀၀၀/၈၀၀၀ ေရာင္းတယ္။
ဟိုက ေနာက္ကြယ္ဘာေတြေရာမွန္းမသိယွဥ္ၾကည့္ေတာ့ ဓာတုတန္ခိုးနဲ႔ အတုကေတာင္ ပိုေမႊးေနေသး။
ခင္ဗ်ား ဘုရားစူးက်ိန္ေရာင္းလည္း မဝယ္ဘူးစိတ္ခ်။ ပဲျပား ပဲေသြးေတာင္ ေဖာ္မလင္ေလးပါမွ ခံတြင္းေတြ႕တဲ့ဓေလ့က ႀကီးစိုးေနၿပီေလ။
စႏၵီပရေဆး မိတ္ေဆြႀကီး ဘာဘူဦးတင္ေမာင္ဆီက မုန္ညင္းေစ့အစစ္ ၁၀ပိႆာဝယ္တယ္။ 2500×10
မုန္ညင္းဆီပါ ၁ပိႆာ ဝယ္ခဲ့ေသးတယ္။ 4500 တဲ့။
၅နာရီေလာက္ႀကိတ္ရတယ္။
ခ်ိန္ၾကည့္ေတာ့ ၂ပိႆာစြန္းစြန္းပဲရတယ္။
25000÷2= 12500
အားပါး….. ခူးၿပီးခပ္ၿပီးအဆင္သင့္ကမွ 4500ပဲက်တာေလ။ 8000ေတာင္မွ ပိုကုန္သြားတာကိုး။
စက္ညံ့လို႔ ဒီေလာက္ဘဲထြက္တာလို႔ေတာ့ မဆိုေလနဲ႔။
ႀကိတ္ဖတ္ကို ေရစိမ္အေပၚယံေဝ့တက္လာတဲ့ ဆီကိုျပန္ခပ္ ထပ္ေပါင္းအုံး။ ၁၀သားထက္ပိုမထြက္ဘူး။
ယာခင္းထဲထိ သြားဝယ္တဲ့ေစ်းနဲ႔ႀကိတ္ရင္ေရာ ?
ဒီအခ်ိဳးနဲ႔တြက္ၾကည့္
မုန္ညင္းေစ့၁ပိႆာ ၁၀၀၀ေလာက္ပဲက်မွ 4500နဲ႔ ေရာင္းႏိုင္လိမ့္မယ္။
ဆိုေတာ့ကာ……
ဆီျဖဴကို အုန္းဆီနဲ႔ေရာ ဓာတုနံ႔ေလးအုပ္ေတာ့ ေစ်းေပါတယ္။ ႏွစ္ရွည္ထားလည္း ဆီေခ်းေစာ္မနံဘူး။ အစစ္က ၃လေက်ာ္ဆို အနံ႔ေျပာင္းၿပီ။ မိဘမ်ားက ေရွး႐ိုးစြဲ သမာသမတ္ပဲလုပ္မယ္ ဆုံးျဖတ္ထားေလေတာ့ ေနာက္ဆုံးမွာ ေစ်းမယွဥ္ႏိုင္လို႔ လက္ေျမႇာက္အရႈံးေပးခဲ့ရတာ ကိုယ္ေတြ႕ပါ။
ပဲဆီထဲေရာ အညာရနံ႔ေလး သင္းရဲ႕လား ?
ကေလးဗိုက္နာလို႔ မုန္ညင္းဆီလူးတဲ့ထဲ မုန္ညင္းေစ့ထဲက ဓာတ္သတၱိေတြ ဘယ္ႏွစ္ခ်ိဳး ဘယ္ေလာက္ရာခိုင္ႏႈန္းမ်ား ပါပါလိမ့္။ ?
သို႔ႏွင့္…..
ကိုယ္တိုင္စားသုံးဖို႔ပဲဆီ၊ ႏွမ္းဆီ
ကေလးေတြေဆးဝါးအတြက္ မုန္ညင္းဆီ
ဒီအတြက္ေလာက္ပဲ မွန္းပါေတာ့တယ္။
စီးပြားတြက္နဲ႔ ႀကိတ္ေရာင္းမယ္ဆိုရင္ ျမန္မာျပည္မွာ အေရာင္မရွိ အနံ႔မရွိတဲ့ ေစ်းေပါေပါ ဆီျဖဴမေရာေအာင္ ၾကပ္ၾကပ္မတ္မတ္ တားျမစ္ႏိုင္မယ့္ ဥပေဒကိုသာ အရင္ဆုံး ေမွ်ာ္လင့္ပါအုံးဗ်ာ။
က်ေနာ္ကေတာ့ မြဲေဆးေဖာ္မိခဲ့ၿပီေလ။ ကိုယ့္လို မခံစားရေလေအာင္ စက္ေရာင္းဖို႔အစီအစဥ္ ဖ်က္သိမ္းၿပီး ရွိတဲ့စက္ကိုလည္း ေသာ့ခတ္ထားလိုက္ပါၿပီ။ မေရာင္းေတာ့ပါ။
@credit
ခ်မ္းေျမ့သစၥာ
09422465959