မြန်မာနိုင်ငံမှာ ပထမဦးဆုံးဖွင့်လှစ်လိုက်တဲ့ တနင်္သာရီတိုင်းက ကျွန်းအခြေပြုလူထုအခြေပြုခရီးသွားလုပ်ငန်း

ဇန်နဝါရီ ၁၂

တနင်္သာရီတိုင်း ကျွန်းစုမြို့နယ် ဒုံညောင်းမှိုင်းကျေးရွာကို မြန်မာနိုင်ငံ၏ ပထမဦးဆုံးကျွန်းအခြေပြုလူထုအခြေပြုခရီးသွားလုပ်ငန်း CBTတစ်ခုအဖြစ် တိုင်းဒေသကြီးအစိုးရအဖွဲ့က သတ်မှတ်ပေးလိုက်ပြီး ဖွင့်ပွဲပြုလုပ်ပေးလိုက်ပြီ

ဖြစ်ပါတယ်။မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ် ၊ ဒုံညောင်မှိုင်းကျေးရွာသည် မြန်မာနိုင်ငံ၏ ပထမဦးဆုံးကျွန်းအခြေပြု CBT လည်း ဖြစ်လာပြီးမြန်မာနိုင်ငံ၏ ပထမဦးဆုံးကျွန်းအခြေပြု CBTဖြစ်လာသည့်အတွက် ဒုံးညောင်မှိုင်းကျေးရွာရှိ ဆလုံ၊ ကရင်၊ ဗမာ လူမျိုးတို့၏ ယဉ်ကျေးမှုဓလေ့ထုံးတမ်းများနှင့်

လူနေမှုဘဝ နေထိုင်မှုပုံစံကို လေ့လာ နိုင်ပြီး၊ ကျွန်းပေါ်တွင် စက်ဘီးစီးခြင်း၊ ကယှက်လှေခတ်ပြီး ဒီရေတောများလေ့လာခြင်း၊ ငါးမျှားခြင်း၊ ငါးဖမ်းလှေနှင့်လိုက်ပါ၍ ငါးဖမ်းလုပ်ငန်းများလေ့လာခြင်းကိုလည်း ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရပါတယ်။

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်က တနင်္သာရီတိုင်းဒေသကြီးသည် သဘာဝအလှတရားများပြည့်နှက်လျက်ရှိရာ တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ပူးပေါင်းဆောင်ရွက်မှုနှင့်အတူ တိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာစေရန်အတွက်

ယခုကဲ့သို့ လူထုအခြေပြု ခရီးသွားလုပ်ငန်း(CBT)ကို ဖွင့်လှစ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း၊ လူထုအခြေပြု ခရီးသွား လုပ်ငန်း(CBT) ရေရှည်တည်တံ့ရေးနှင့် မိမိဒေသဖွံ့ဖြိုးတိုးတက်ရေးကို ဒေသခံတိုင်းရင်းသားများနှင့် မြိတ်ခရိုင်ခရီးသွားလုပ်ငန်းရှင်များ ပူးပေါင်းကြိုးပမ်းကြရန်လိုအပ်တယ်လို့ဆိုပါတယ်၊

ဓါတ်ပုံ-တနင်္သာရီတိုင်းအစိုးရအဖွဲ့

Zawgyi

ဇန္နဝါရီ ၁၂

တနသၤာရီတိုင္း ကြၽန္းစုၿမိဳ႕နယ္ ဒုံေညာင္းမႈိင္းေက်း႐ြာကို ျမန္မာႏိုင္ငံ၏ ပထမဦးဆုံးကြၽန္းအေျချပဳလူထုအေျချပဳခရီးသြားလုပ္ငန္း CBTတစ္ခုအျဖစ္ တိုင္းေဒသႀကီးအစိုးရအဖြဲ႕က သတ္မွတ္ေပးလိုက္ၿပီး ဖြင့္ပြဲျပဳလုပ္ေပးလိုက္ၿပီျဖစ္ပါတယ္။

ၿမိတ္ခ႐ိုင္၊ ကြၽန္းစုၿမိဳ႕နယ္ ၊ ဒုံေညာင္မႈိင္းေက်း႐ြာသည္ ျမန္မာႏိုင္ငံ၏ ပထမဦးဆုံးကြၽန္းအေျချပဳ CBT လည္း ျဖစ္လာၿပီးျမန္မာႏိုင္ငံ၏ ပထမဦးဆုံးကြၽန္းအေျချပဳ CBTျဖစ္လာသည့္အတြက္ ဒုံးေညာင္မႈိင္းေက်း႐ြာရွိ ဆလုံ၊ ကရင္၊ ဗမာ လူမ်ိဳးတို႔၏ ယဥ္ေက်းမႈဓေလ့ထုံးတမ္းမ်ားႏွင့္

လူေနမႈဘဝ ေနထိုင္မႈပုံစံကို ေလ့လာ ႏိုင္ၿပီး၊ ကြၽန္းေပၚတြင္ စက္ဘီးစီးျခင္း၊ ကယွက္ေလွခတ္ၿပီး ဒီေရေတာမ်ားေလ့လာျခင္း၊ ငါးမွ်ားျခင္း၊ ငါးဖမ္းေလွႏွင့္လိုက္ပါ၍ ငါးဖမ္းလုပ္ငန္းမ်ားေလ့လာျခင္းကိုလည္း ေဆာင္႐ြက္ႏိုင္မည္ျဖစ္ေၾကာင္း သိရပါတယ္။

တနသၤာရီတိုင္းေဒသႀကီးအစိုးရအဖြဲ႕ဝန္ႀကီးခ်ဳပ္က တနသၤာရီတိုင္းေဒသႀကီးသည္ သဘာဝအလွတရားမ်ားျပည့္ႏွက္လ်က္ရွိရာ တိုင္းေဒသႀကီး အစိုးရအဖြဲ႕အေနျဖင့္ ဟိုတယ္ႏွင့္ခရီးသြားလာေရးဝန္ႀကီးဌာန၏ ပူးေပါင္းေဆာင္႐ြက္မႈႏွင့္အတူ တိုင္းေဒသႀကီးအတြင္း ခရီးသြားလုပ္ငန္းဖြံ႕ၿဖိဳးတိုးတက္လာေစရန္အတြက္

ယခုကဲ့သို႔ လူထုအေျချပဳ ခရီးသြားလုပ္ငန္း(CBT)ကို ဖြင့္လွစ္ႏိုင္ေရး ႀကိဳးပမ္းေဆာင္႐ြက္ခဲ့ေၾကာင္း၊ လူထုအေျချပဳ ခရီးသြား လုပ္ငန္း(CBT) ေရရွည္တည္တံ့ေရးႏွင့္ မိမိေဒသဖြံ႕ၿဖိဳးတိုးတက္ေရးကို ေဒသခံတိုင္းရင္းသားမ်ားႏွင့္ ၿမိတ္ခ႐ိုင္ခရီးသြားလုပ္ငန္းရွင္မ်ား ပူးေပါင္းႀကိဳးပမ္းၾကရန္လိုအပ္တယ္လို႔ဆိုပါတယ္၊

ဓါတ္ပုံ-တနသၤာရီတိုင္းအစိုးရအဖြဲ႕

Leave a Comment