ကလေးလေးတစ်ယောက်လို ချစ်စရာကောင်းတဲ့ အမူအရားလေးနဲ့ ထက်ထက်မိုးဦးရဲ့ Tik Tok ဗီဒီယိုလေး…..

ချစ်ပရိတ်သတ်ကြီးရေ အသံချိုချိုလေးနဲ့ အရမ်းကိုချွဲတတ်တဲ့ ထက်ထက်ဟာ ချစ်စရာ Tik Tok လေးရိုက်ခဲ့ပြီး ပရိသတ်တွေအတွက် ဝေမျှပေးခဲ့ပါတယ်။ လွန်ခဲ့တဲ့ နှစ် (၂၀) ကျော်ကအတိုင်းလေးပဲ မပြောင်းမလဲ ချစ်ဖို့ကောင်းတဲ့အမူအရာလေးတွေဟာ ထက်ထက်ရဲ့အားသာချက်တစ်ခု ပါပဲ။ တစ်ကျော့ပြန်အောင်မြင်လာတဲ့အချိန်မှာလည်း အရင်တုန်းကပုံစံလေးအတိုင်း ပရိသတ်တွေက ကြိုဆိုပြီး ချစ်ပေးကြပါတယ်။

ကြော်ငြာဘုရင်မလေးရဲ့လက်နဲ့ထိတိုင်းရွှေဖြစ်သွားတဲ့ ပစ္စည်းတွေဟာလည်း အားပေးသူတွေ အများကြီးရှိလာခဲ့ပါတယ်။ ရွှေတွေစိန်တွေရောင်းတဲ့အပြင် ကားတွေနဲ့ကွန်ဒိုခန်းတွေကိုပါ Live လွှင့်ပြီး သူမတူအောင်ရောင်းချနိုင်ခဲ့တဲ့ ထက်ထက်ရဲ့အစွမ်းရဲ့ ဆန်းကတော့တကယ့်ကို အံ့မခန်းပါပဲ။ အသံလေးကလည်းချစ်ဖို့ကောင်းသလို အပြုံးလေးနဲ့ အမူအရာလေးတွေ ကလည်း ချစ်ဖို့ကောင်းလွန်းသူပါ။

အသက်လေးဆယ်ကျော်အရွယ်ထိ ကလေးလေးတစ်ယောက်လိုမျိုးချစ်ဖို့ကောင်းပြီး ပရိသတ်တွေရဲ့အသည်းကိုသိမ်းပိုက်ထားနိုင် ဆဲပါပဲ။ အလှူအတန်းတွေလည်းလုပ်သလို ဘုရားတရားလည်းကိုင်းရှိုင်းတာကြောင့် သူမရဲ့ချစ်ပရိသတ်တွေက တစ်ရက်ထက် တစ်ရက် ပိုတိုးချစ်လာခဲ့ပါတယ်။ ဒီနေ့မှာလည်း ထက်ထက်ရဲ့ Tik Tok လေးကို ပရိသတ်ကြီးအတွက် ပြန်လည်တင်ဆက်ပေးလိုက် ပါတယ်။သာယာသောနေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေ။

 

Photo – Htet Htet Moe Oo

Zawgyi




Photo – Htet Htet Moe Oo

Leave a Comment