အောင်လနှင့် ဗစ်တာတို့ ပြန်ထိုးပြီး အနိုင်ရသူက လက်ရှိ ကမ္ဘာ့ချန်ပီယံ ဒီရစ်ဒါ ကို စိန်ခေါ်ခွင့်ရမည်(ရုပ်သံ)

အောင်လန်ဆန်းနှင့် ဗစ်တာလီဗစ်ဒက်ရှ် ဗီဒီယိုအောက်တွင်ပါသည်။

ONE Championship မှ ကြီးမှူးကျင်းပမည့် ONE ON TNT lll ပွဲစဉ်တွင် ONE Championship Middleweight တန်း ကမ္ဘာ့ချန်ပီယံဟောင်း နှစ်ဦးဖြစ်ကြသည့် အောင်လန်ဆန်းနှင့် ဗစ်တာလီဗစ်ဒက်ရှ်တို့ ထိုးသတ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။..

ဆုံတွေ့ခြင်းဖြစ်ပြီး အနိုင်ရသူက လက်ရှိကမ္ဘာ့ချန်ပီယံ ရေနီယာဒီရိုက်ဒါကို စိန်ခေါ်ထိုးသတ်ခွင့်ရရှိမည်ဖြစ်သည်။ ဗစ်တာလီဗစ်ဒက်ရှ်မှာ Middleweight တန်း ချန်ပီယံဆုကို ၂၀၁၇၊ ဇန်နဝါရီလတွင် ရရှိခဲ့ပြီး ၎င်းအနေဖြင့် အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာတွင်..

အောင်လအန်ဆန်းကို အနိုင်ယူခဲ့ခြင်းဖြစ်သည်။အဆို ပါပွဲစဉ်အပြီးတွင် အောင်လအန်ဆန်းက ဗစ်တာလီဗစ်ဒက်ရှ်ကို ပြန်လည်စိန်ခေါ်ခွင့်ရရှိခဲ့သည့် အခွင့်အရေးကြောင့် အမိမြေပေါ်တွင် ပြန်လည်ထိုးသတ်ရန် စိန်ခေါ်ခဲ့ပြီး ဒုတိယအကြိမ်အဖြစ်ထပ်မံ ထိုးသတ်ခဲ့ကြသည်။

အဆိုပါပွဲစဉ်ကို ရန်ကုန်မြို့၊ သုဝဏ္ဏမိုးလုံလေလုံးအားကစားကွင်းတွင် ကျင်းပခဲ့ပြီး အောင်လန်အန်ဆန်းက လက်ရည်အသာဖြင့်ထိုးသတ် အနိုင်ယူခဲ့ခြင်းကြောင့် Middleweight တန်း ကမ္ဘာ့ချန်ပီယံဆုကို ၂၀၁၇၊ ဇွန်လတွင် ရယူနိုင်ခဲ့သည်။..

သို့သော်လည်း အောင်လအန်ဆန်းမှာ ပြီးခဲ့သည့် ၂၀၂၀၊ အောက်တိုဘာလတွင် နယ်သာလန်နိုင်ငံသား ရေနီယာဒီရိုက်ဒါကို ရှုံးနိမ့်ခဲ့ခြင်းကြောင့် ကမ္ဘာ့ချန်ပီယံဆုကို လက်လွှတ်ဆုံးရှုံးခဲ့ရသည်။ အောင်လအန်ဆန်းအနေဖြင့် ကမ္ဘာ့ချန်ပီယံဆုကို ပြန်လည်ရယူနိုင်ရန်..

ရည်မှန်းထားပြီး ရေနီယာဒီရိုက်ဒါကို ပြန်လည်စိန်ခေါ်ခွင့်ရရှိရန် ဗစ်တာလီဗစ်ဒက်ရှ်ကို အနိုင်ယူ‌ကျော်ဖြတ်ရန် လိုအပ်နေသည်။ဗစ်တာလီဗစ်ဒက်ရှ်မှာလည်း အောင်လအန်ဆန်းကဲ့သို့ ကမ္ဘာ့ချန်ပီယုံဆုကို ပြန်လည်ရယူနိုင်ရန် မျှော်လင့်နေပြီး အောင်လအန်ဆန်းကို..

အနိုင်ယူကျော်ဖြတ်ရန် လိုအပ်နေသည်။ချန်ပီယံပြိုင်ဘက်ဟောင်းများအနေဖြင့် တတိယအကြိမ်မြောက် ထိပ်တိုက်ရင်ဆိုင်ရမည်ဖြစ်ပြီး ချန်ပီယံဆုပြန်လည်ရယူနိုင်ရေး အိပ်မက်များကို အကောင် အထည်ဖော်ရမည့်ပွဲစဉ် ဖြစ်သောကြောင့် ပရိသတ်အကြိုက် ပွဲကောင်းတစ်ပွဲဖြစ်လာတော့မည်ဖြစ်သည်။

Zawgyi

ေအာင္လန္ဆန္းႏွင့္ ဗစ္တာလီဗစ္ဒက္ရွ္ ဗီဒီယိုေအာက္တြင္ပါသည္။

ONE Championship မွ ႀကီးမႉးက်င္းပမည့္ ONE ON TNT lll ပြဲစဥ္တြင္ ONE Championship Middleweight တန္း ကမာၻ႔ခ်န္ပီယံေဟာင္း ႏွစ္ဦးျဖစ္ၾကသည့္ ေအာင္လန္ဆန္းႏွင့္ ဗစ္တာလီဗစ္ဒက္ရွ္တို႔ ထိုးသတ္သြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ေၾကညာလိုက္သည္။..

ဆုံေတြ႕ျခင္းျဖစ္ၿပီး အနိုင္ရသူက လက္ရွိကမာၻ႔ခ်န္ပီယံ ေရနီယာဒီရိုက္ဒါကို စိန္ေခၚထိုးသတ္ခြင့္ရရွိမည္ျဖစ္သည္။ ဗစ္တာလီဗစ္ဒက္ရွ္မွာ Middleweight တန္း ခ်န္ပီယံဆုကို ၂၀၁၇၊ ဇန္နဝါရီလတြင္ ရရွိခဲ့ၿပီး ၎အေနျဖင့္ အင္ဒိုနီးရွားနိုင္ငံ၊ ဂ်ကာတာတြင္..

ေအာင္လအန္ဆန္းကို အနိုင္ယူခဲ့ျခင္းျဖစ္သည္။အဆို ပါပြဲစဥ္အၿပီးတြင္ ေအာင္လအန္ဆန္းက ဗစ္တာလီဗစ္ဒက္ရွ္ကို ျပန္လည္စိန္ေခၚခြင့္ရရွိခဲ့သည့္ အခြင့္အေရးေၾကာင့္ အမိေျမေပၚတြင္ ျပန္လည္ထိုးသတ္ရန္ စိန္ေခၚခဲ့ၿပီး ဒုတိယအႀကိမ္အျဖစ္ထပ္မံ ထိုးသတ္ခဲ့ၾကသည္။

အဆိုပါပြဲစဥ္ကို ရန္ကုန္ၿမိဳ႕၊ သုဝဏၰမိုးလုံေလလုံးအားကစားကြင္းတြင္ က်င္းပခဲ့ၿပီး ေအာင္လန္အန္ဆန္းက လက္ရည္အသာျဖင့္ထိုးသတ္ အနိုင္ယူခဲ့ျခင္းေၾကာင့္ Middleweight တန္း ကမာၻ႔ခ်န္ပီယံဆုကို ၂၀၁၇၊ ဇြန္လတြင္ ရယူနိုင္ခဲ့သည္။..

သို႔ေသာ္လည္း ေအာင္လအန္ဆန္းမွာ ၿပီးခဲ့သည့္ ၂၀၂၀၊ ေအာက္တိုဘာလတြင္ နယ္သာလန္နိုင္ငံသား ေရနီယာဒီရိုက္ဒါကို ရႈံးနိမ့္ခဲ့ျခင္းေၾကာင့္ ကမာၻ႔ခ်န္ပီယံဆုကို လက္လႊတ္ဆုံးရႈံးခဲ့ရသည္။ ေအာင္လအန္ဆန္းအေနျဖင့္ ကမာၻ႔ခ်န္ပီယံဆုကို ျပန္လည္ရယူနိုင္ရန္..

ရည္မွန္းထားၿပီး ေရနီယာဒီရိုက္ဒါကို ျပန္လည္စိန္ေခၚခြင့္ရရွိရန္ ဗစ္တာလီဗစ္ဒက္ရွ္ကို အနိုင္ယူ‌ေက်ာ္ျဖတ္ရန္ လိုအပ္ေနသည္။ဗစ္တာလီဗစ္ဒက္ရွ္မွာလည္း ေအာင္လအန္ဆန္းကဲ့သို႔ ကမာၻ႔ခ်န္ပီယုံဆုကို ျပန္လည္ရယူနိုင္ရန္ ေမွ်ာ္လင့္ေနၿပီး ေအာင္လအန္ဆန္းကို..

အနိုင္ယူေက်ာ္ျဖတ္ရန္ လိုအပ္ေနသည္။ခ်န္ပီယံၿပိဳင္ဘက္ေဟာင္းမ်ားအေနျဖင့္ တတိယအႀကိမ္ေျမာက္ ထိပ္တိုက္ရင္ဆိုင္ရမည္ျဖစ္ၿပီး ခ်န္ပီယံဆုျပန္လည္ရယူနိုင္ေရး အိပ္မက္မ်ားကို အေကာင္ အထည္ေဖာ္ရမည့္ပြဲစဥ္ ျဖစ္ေသာေၾကာင့္ ပရိသတ္အႀကိဳက္ ပြဲေကာင္းတစ္ပြဲျဖစ္လာေတာ့မည္ျဖစ္သည္။

 

Leave a Comment