လောကဓံကိုဖြစ်သလိုဖြတ်သန်းနေရတဲ့ ကောင်မလေးတစ်ယောက်အကြောင်း

လောကဓံကိုဖြစ်သလိုဖြတ်သန်းနေရတဲ့ ကောင်မလေးတစ်ယောက်အကြောင်း

အသက်မပြည့်သေးဘဲ ပြည့်တန်ဆာလောကထဲရောက်သွားရတဲ့ ကောင်မလေးတစ်ယောက်အကြောင်း – ကျွန်တော်မျက်မှန်းတန်းမိနေတဲ့ ပြည့်တန်ဆာမလေးတစ်ယောက်ကို HIV ပိုး ရှိသူများအားထားရာ ရန်ကုန်မြို့ကအခမဲ့ဆေးပေးခန်းတစ်ခုမှာ မကြာသေးခင်ကတွေ့လိုက်ရပါတယ်။ သူနဲ့အတူပါလာတဲ့ အသက် ၄ဝ ဝန်းကျင်အရွယ်အမျိုးသမီးဟာသူ့မိခင်ဖြစ်ပြီး သူ့လိုပဲပြည့်တန်ဆာအလုပ်လုပ်ကိုင်သူပါ။

မိခင်အတွက်လိုအပ်တဲ့ဆေးဝါးထုတ်ယူဖို့ ဆေးခန်းရောက်နေကြတာလို့ဆိုပါတယ်။ ခန္ဓာကိုယ်နဲ့ရင်းအသက်မွေးဝမ်းကျောင်းပြုတဲ့ အရပ် ၄ ပေ ကျော်ကျော်၊ အသားညိုညို၊ပိန်ပိန်ပါးပါး မဝတ်ရည်(အမည်လွှဲ) က ဒီနှစ်ဆန်းပိုင်းကစပြီး ရန်ကုန်မြို့လယ်မှာ အရွယ်စုံပြည့်တန်ဆာတချို့နဲ့အတူ ဖောက်သည်စောင့်နေတတ်သူပါ။ မြို့ထဲလမ်းမပေါ်ရှိနေတတ်တဲ့ဒီမိန်းကလေးကိုတွေ့တာနဲ့ အသက် ၁၈ နှစ် မပြည့်သေးဘူးဆိုတာကို အလွယ်တကူသတိထားမိကြပါလိမ့်မယ်။

ရန်ကုန်ရဲ့စော်ဘွားကြီးကုန်း၊ ဘုရင့်နောင်၊ ပြည်လမ်းမတလျှောက် ဖောက်သည်တစ်ယောက်ယောက်နဲ့ချိတ်မိရင် ရောက်သွားတတ်တဲ့နေရာကတော့ တည်းခိုခန်းတစ်ခုခုပါပဲ။

“တည်းခိုခန်းထဲဝင်လိုက်တာနဲ့ သမီးအသက်ဘယ်လောက်လဲမေးကြတယ်။ သမီးက ၁၈ နှစ် ပြည့်ပြီးသားလို့ပြောရင်လည်းမယုံကြတာကြောင့် သမီးဖောက်သည်ပျက်ရတဲ့အကြိမ်လည်း မနည်းတော့ဘူး” လို့သူကဆိုတယ်။ လမ်းပေါ်မရောက်ခင်သူလုပ်ကိုင်ခဲ့တဲ့နေရာက အနှိပ်ခန်းတစ်ခုမှာပါ။ တကယ်တမ်းကအဲဒီနေရာဟာ လိင်ဖျော်ဖြေရေးလုပ်ငန်းလုပ်ကိုင်တဲ့နေရာပါ။အဲဒီကိုရောက်ရောက်ချင်း သူပထမဦးဆုံးဖျော်ဖြေပေးရတာကတော့ အဲဒီအနှိပ်ခန်းပိုင်ရှင်ကိုပါပဲ။ကမ္ဘာ့ရှေးအကျဆုံး အသက်မွေးဝမ်းကျောင်းလုပ်ငန်းဖြစ်တဲ့ ပြည့်တန်ဆာအလုပ်ကို နိုင်ငံအများအပြားမှာ ဥပဒေနဲ့တားမြစ်ထားတဲ့အတွက် တခြားလုပ်ငန်းတစ်ခုဗန်းပြပြီးလုပ်ကိုင်ကြပါတယ်။

ဥပဒေနဲ့မလွတ်ကင်းတဲ့အတွက် ပေးကမ်းရမယ့်သူတွေကို ပုံမှန်ပေးကမ်းပြီးလုပ်ငန်းလည်ပတ်နေကြတယ်ဆိုတာ သူတို့ရဲ့ဖောက်သည်တွေရော၊ ဖောက်သည်မဟုတ်သူတွေပါ နားလည်ထားပြီးသားပါ။ မြန်မာနိုင်ငံမှာလည်းဒီလိုပါပဲ။

အနှိပ်ခန်း၊ ကာရာအိုကေ၊ KTV စတာတွေရဲ့နောက်မှာ တားမြစ်ထားတဲ့လုပ်ငန်းရှိနေတတ်ပါတယ်။ တချို့ဆိုရင် အလှပြင်ဆိုင်ဗန်းပြဖွင့်တာတောင်ရှိနေပါပြီ။ဖောက်သည်တွေပုံမှန်ရှိ၊ လုပ်ကိုင်သူတွေလည်းရှိ၊ တားမြစ်ပိတ်ပင်ဖို့လည်းအခက်အခဲရှိတဲ့ဒီလုပ်ငန်းကို တရားဝင်ခွင့်ပြုပြီးစည်းကမ်းတကျ လုပ်ကိုင်ခွင့်မပေးသင့်ဘူးလားဆိုပြီး ဆွေးနွေးသူတချို့ရှိပါတယ်။

တားမြစ်ထားတဲ့ဒီလုပ်ငန်းထဲကအမျိုးသမီးတွေထဲမှာ တချို့ကအသက် ၁၈ နှစ် မပြည့်သေးပါဘူး။ အမျိုးသမီးတွေ ပြည်တန်ဆာလောကထဲ ဝင်ရောက်လုပ်ကိုင်ကြခြင်းဟာ ဆင်းရဲနွမ်းပါးမှုနဲ့ပတ်သက်နေတယ်လို့ Marie Stopes International Myanmar မှ မြန်မာပြည်ဆိုင်ရာညွန်ကြားရေးမှူး ဒေါက်တာစစ်နိုင်ကပြောပါတယ်။ ပြည့်တန်ဆာလုပ်ငန်းထဲ အသက် ၁၈ နှစ်အောက်အမျိုးသမီးတွေရှိနေတယ်ဆိုတဲ့အကြောင်း ဆောင်းပါးရေးဖို့ကျွန်တော်မဝတ်ရည်ကို အင်တာဗျူးဖြစ်တဲ့အချိန်မှာတော့ သူဟာသူ့မိခင်လို HIV ပိုးကူးစက်ခံရမှာကိုကြောက်ရွံ့ပြီး ဒီပြည့်တန်ဆာလောကကိုစွန့်ခွာဖို့ ပြင်ဆင်နေချိန်ဖြစ်နေပါတယ်။

ခန္ဓာကိုယ်ရင်းပြီး နေ့စဉ်ပုံမှန်ဝင်ငွေ သုံးသောင်းကနေငါးသောင်းလောက်အထိဝင်နေတဲ့ဘဝကနေ တစ်လမှကျပ် ၈ သောင်းသာရမယ့်ဖုန်းပစ္စည်းရောင်းတဲ့ဆိုင်မှာ ဝင်လုပ်ဖို့စီစဉ်နေတာပါ။ ကျွန်တော်တို့နိုင်ငံမှာ သူ့လိုအသက် ၁၈ နှစ်မပြည့်ခင်အရွယ်ထဲက ကိုယ့်ရဲ့အပျိုစင်ကိုရောင်းခံရ၊ အသုံးချခံရ၊ တချို့ဆိုရင်အကြမ်းဖက်ခံလိုက်ရပြီး ပြည့်တန်ဆာလောကထဲကိုရောက်သွားတဲ့သူ ဘယ်လောက်များရှိနေမလဲ၊ HIV ပိုး ကူးစက်ခံရသူဘယ်လောက် ရှိမလဲ။

မဝတ်ရည်နဲ့စကားပြောနေရင်း ရှိုက်သံတွေကြားရပါတယ်။ ကိုယ့်သမီးလေးများဖြစ်ရင်တော့ဆိုတဲ့ခံစားချက် ပေါ်လာတဲ့အတွက်စိတ်မကောင်းဖြစ်၊ ဆို့နင့်ခဲ့ရပါတယ်။ ကလေးအရွယ်မှာကတည်းက ကြမ်းတမ်းခတ်ထန်တဲ့ဘဝကို ရောက်သွားရတဲ့သူကိုမြင်ရတော့ ဘာကိုသွားအပြစ်တင်ရမှန်းမသိတော့ပါဘူး။ ပြည့်တန်ဆာအလုပ်ကို မကောင်းမှုလို့မြင်ကြပြီး ပြည့်တန်ဆာအမျိုးသမီးကို မကောင်းတဲ့မိန်းမလို့ဆိုတတ်ကြပါတယ်။

တချို့အမျိုးသားတွေက ကိုယ့်ဘာသာအပျော်အပါး တိတ်တဆိတ်လိုက်စားချင်လိုက်စားမယ်၊ တိတ်တိတ်ပုန်းအငယ်အနှောင်းထားချင်ထားမယ်၊ အများရှေ့မှာတော့ အာဘောင်အာရင်းသန်သန်နဲ့ “ဟာ ဒါ ယဉ်ကျေးမှုနဲ့မကိုက်ညီဘူး” လို့ ပြောကောင်းပြောပါလိမ့်မယ်။ လိင်ပညာပေးအစီအစဉ်တွေရှိရမယ်၊ မဖြစ်သင့်တာကိုမဖြစ်အောင်အသိပေးထားမှ နည်းမှန်လမ်းမှန်ဖြစ်မယ်လို့ပြောသူတွေလည်း ကဲ့ရဲ့ရှုတ်ချတာတွေနဲ့ကြုံရနိုင်ပါတယ်။ ပညာပေးသင့်တာပေး၊ ဆွေးနွေးသင့်တာဆွေးနွေးကြမယ်ဆိုရင်တော့ ရောဂါကူးစက်မှု၊မတရားလုပ်မှုတွေ ပမာဏအများအပြားကို လျှော့ချနိုင်ပါလိမ့်မယ်။

ပြည့်တန်ဆာနဲ့ပတ်သက်ပြီး ဥပဒေတွေကိုလည်းပြင်ဆင်ရပါမယ်။ ပြင်ဆင်တဲ့အခါလည်း အသက် ၁၈ နှစ်အောက်တွေ ပြည့်တန်ဆာလောကထဲရောက်မသွားအောင် လုံလောက်တဲ့အဟန့်အတားတွေ ထည့်သွင်းရေးဆွဲသင့်ပါတယ်။ ဥပဒေတွေခေတ်နဲ့လျော်ညီမယ်၊ တရားဥပဒေစိုးမိုးရေးလုပ်ငန်းအရှိန်ရလာမယ်ဆိုရင် မဝတ်ရည်ကြုံတွေ့ခဲ့ရသလိုဖြစ်ရပ်မျိုးတွေ မြန်မာပြည်မှာ လျော့နည်းသွားမှာဖြစ်ပါတယ်။

Zawgyi

ေလာကဓံကိုျဖစ္သလိုျဖတ္သန္းေနရတဲ့ ေကာင္မေလးတစ္ေယာက္အေၾကာင္း

အသက္မျပည့္ေသးဘဲ ျပည့္တန္ဆာေလာကထဲေရာက္သြားရတဲ့ ေကာင္မေလးတစ္ေယာက္အေၾကာင္း – ကြၽန္ေတာ္မ်က္မွန္းတန္းမိေနတဲ့ ျပည့္တန္ဆာမေလးတစ္ေယာက္ကို HIV ပိုး ရွိသူမ်ားအားထားရာ ရန္ကုန္ၿမိဳ႕ကအခမဲ့ေဆးေပးခန္းတစ္ခုမွာ မၾကာေသးခင္ကေတြ႕လိုက္ရပါတယ္။ သူနဲ႔အတူပါလာတဲ့ အသက္ ၄ဝ ဝန္းက်င္အ႐ြယ္အမ်ိဳးသမီးဟာသူ႔မိခင္ျဖစ္ၿပီး သူ႔လိုပဲျပည့္တန္ဆာအလုပ္လုပ္ကိုင္သူပါ။

မိခင္အတြက္လိုအပ္တဲ့ေဆးဝါးထုတ္ယူဖို႔ ေဆးခန္းေရာက္ေနၾကတာလို႔ဆိုပါတယ္။ ခႏၶာကိုယ္နဲ႔ရင္းအသက္ေမြးဝမ္းေက်ာင္းျပဳတဲ့ အရပ္ ၄ ေပ ေက်ာ္ေက်ာ္၊ အသားညိဳညိဳ၊ပိန္ပိန္ပါးပါး မဝတ္ရည္(အမည္လႊဲ) က ဒီႏွစ္ဆန္းပိုင္းကစၿပီး ရန္ကုန္ၿမိဳ႕လယ္မွာ အ႐ြယ္စုံျပည့္တန္ဆာတခ်ိဳ႕နဲ႔အတူ ေဖာက္သည္ေစာင့္ေနတတ္သူပါ။ ၿမိဳ႕ထဲလမ္းမေပၚရွိေနတတ္တဲ့ဒီမိန္းကေလးကိုေတြ႕တာနဲ႔ အသက္ ၁၈ ႏွစ္ မျပည့္ေသးဘူးဆိုတာကို အလြယ္တကူသတိထားမိၾကပါလိမ့္မယ္။

ရန္ကုန္ရဲ႕ေစာ္ဘြားႀကီးကုန္း၊ ဘုရင့္ေနာင္၊ ျပည္လမ္းမတေလွ်ာက္ ေဖာက္သည္တစ္ေယာက္ေယာက္နဲ႔ခ်ိတ္မိရင္ ေရာက္သြားတတ္တဲ့ေနရာကေတာ့ တည္းခိုခန္းတစ္ခုခုပါပဲ။

“တည္းခိုခန္းထဲဝင္လိုက္တာနဲ႔ သမီးအသက္ဘယ္ေလာက္လဲေမးၾကတယ္။ သမီးက ၁၈ ႏွစ္ ျပည့္ၿပီးသားလို႔ေျပာရင္လည္းမယုံၾကတာေၾကာင့္ သမီးေဖာက္သည္ပ်က္ရတဲ့အႀကိမ္လည္း မနည္းေတာ့ဘူး” လို႔သူကဆိုတယ္။ လမ္းေပၚမေရာက္ခင္သူလုပ္ကိုင္ခဲ့တဲ့ေနရာက အႏွိပ္ခန္းတစ္ခုမွာပါ။ တကယ္တမ္းကအဲဒီေနရာဟာ လိင္ေဖ်ာ္ေျဖေရးလုပ္ငန္းလုပ္ကိုင္တဲ့ေနရာပါ။အဲဒီကိုေရာက္ေရာက္ခ်င္း သူပထမဦးဆုံးေဖ်ာ္ေျဖေပးရတာကေတာ့ အဲဒီအႏွိပ္ခန္းပိုင္ရွင္ကိုပါပဲ။

ကမာၻ႔ေရွးအက်ဆုံး အသက္ေမြးဝမ္းေက်ာင္းလုပ္ငန္းျဖစ္တဲ့ ျပည့္တန္ဆာအလုပ္ကို ႏိုင္ငံအမ်ားအျပားမွာ ဥပေဒနဲ႔တားျမစ္ထားတဲ့အတြက္ တျခားလုပ္ငန္းတစ္ခုဗန္းျပၿပီးလုပ္ကိုင္ၾကပါတယ္။

ဥပေဒနဲ႔မလြတ္ကင္းတဲ့အတြက္ ေပးကမ္းရမယ့္သူေတြကို ပုံမွန္ေပးကမ္းၿပီးလုပ္ငန္းလည္ပတ္ေနၾကတယ္ဆိုတာ သူတို႔ရဲ႕ေဖာက္သည္ေတြေရာ၊ ေဖာက္သည္မဟုတ္သူေတြပါ နားလည္ထားၿပီးသားပါ။ ျမန္မာႏိုင္ငံမွာလည္းဒီလိုပါပဲ။

အႏွိပ္ခန္း၊ ကာရာအိုေက၊ KTV စတာေတြရဲ႕ေနာက္မွာ တားျမစ္ထားတဲ့လုပ္ငန္းရွိေနတတ္ပါတယ္။ တခ်ိဳ႕ဆိုရင္ အလွျပင္ဆိုင္ဗန္းျပဖြင့္တာေတာင္ရွိေနပါၿပီ။ေဖာက္သည္ေတြပုံမွန္ရွိ၊ လုပ္ကိုင္သူေတြလည္းရွိ၊ တားျမစ္ပိတ္ပင္ဖို႔လည္းအခက္အခဲရွိတဲ့ဒီလုပ္ငန္းကို တရားဝင္ခြင့္ျပဳၿပီးစည္းကမ္းတက် လုပ္ကိုင္ခြင့္မေပးသင့္ဘူးလားဆိုၿပီး ေဆြးေႏြးသူတခ်ိဳ႕ရွိပါတယ္။

တားျမစ္ထားတဲ့ဒီလုပ္ငန္းထဲကအမ်ိဳးသမီးေတြထဲမွာ တခ်ိဳ႕ကအသက္ ၁၈ ႏွစ္ မျပည့္ေသးပါဘူး။ အမ်ိဳးသမီးေတြ ျပည္တန္ဆာေလာကထဲ ဝင္ေရာက္လုပ္ကိုင္ၾကျခင္းဟာ ဆင္းရဲႏြမ္းပါးမႈနဲ႔ပတ္သက္ေနတယ္လို႔ Marie Stopes International Myanmar မွ ျမန္မာျပည္ဆိုင္ရာၫြန္ၾကားေရးမႉး ေဒါက္တာစစ္ႏိုင္ကေျပာပါတယ္။ ျပည့္တန္ဆာလုပ္ငန္းထဲ အသက္ ၁၈ ႏွစ္ေအာက္အမ်ိဳးသမီးေတြရွိေနတယ္ဆိုတဲ့အေၾကာင္း ေဆာင္းပါးေရးဖို႔ကြၽန္ေတာ္မဝတ္ရည္ကို အင္တာဗ်ဴးျဖစ္တဲ့အခ်ိန္မွာေတာ့ သူဟာသူ႔မိခင္လို HIV ပိုးကူးစက္ခံရမွာကိုေၾကာက္႐ြံ႕ၿပီး ဒီျပည့္တန္ဆာေလာကကိုစြန႔္ခြာဖို႔ ျပင္ဆင္ေနခ်ိန္ျဖစ္ေနပါတယ္။

ခႏၶာကိုယ္ရင္းၿပီး ေန႔စဥ္ပုံမွန္ဝင္ေငြ သုံးေသာင္းကေနငါးေသာင္းေလာက္အထိဝင္ေနတဲ့ဘဝကေန တစ္လမွက်ပ္ ၈ ေသာင္းသာရမယ့္ဖုန္းပစၥည္းေရာင္းတဲ့ဆိုင္မွာ ဝင္လုပ္ဖို႔စီစဥ္ေနတာပါ။ ကြၽန္ေတာ္တို႔ႏိုင္ငံမွာ သူ႔လိုအသက္ ၁၈ ႏွစ္မျပည့္ခင္အ႐ြယ္ထဲက ကိုယ့္ရဲ႕အပ်ိဳစင္ကိုေရာင္းခံရ၊ အသုံးခ်ခံရ၊ တခ်ိဳ႕ဆိုရင္အၾကမ္းဖက္ခံလိုက္ရၿပီး ျပည့္တန္ဆာေလာကထဲကိုေရာက္သြားတဲ့သူ ဘယ္ေလာက္မ်ားရွိေနမလဲ၊ HIV ပိုး ကူးစက္ခံရသူဘယ္ေလာက္ ရွိမလဲ။

မဝတ္ရည္နဲ႔စကားေျပာေနရင္း ရႈိက္သံေတြၾကားရပါတယ္။ ကိုယ့္သမီးေလးမ်ားျဖစ္ရင္ေတာ့ဆိုတဲ့ခံစားခ်က္ ေပၚလာတဲ့အတြက္စိတ္မေကာင္းျဖစ္၊ ဆို႔နင့္ခဲ့ရပါတယ္။ ကေလးအ႐ြယ္မွာကတည္းက ၾကမ္းတမ္းခတ္ထန္တဲ့ဘဝကို ေရာက္သြားရတဲ့သူကိုျမင္ရေတာ့ ဘာကိုသြားအျပစ္တင္ရမွန္းမသိေတာ့ပါဘူး။ ျပည့္တန္ဆာအလုပ္ကို မေကာင္းမႈလို႔ျမင္ၾကၿပီး ျပည့္တန္ဆာအမ်ိဳးသမီးကို မေကာင္းတဲ့မိန္းမလို႔ဆိုတတ္ၾကပါတယ္။

တခ်ိဳ႕အမ်ိဳးသားေတြက ကိုယ့္ဘာသာအေပ်ာ္အပါး တိတ္တဆိတ္လိုက္စားခ်င္လိုက္စားမယ္၊ တိတ္တိတ္ပုန္းအငယ္အေႏွာင္းထားခ်င္ထားမယ္၊ အမ်ားေရွ႕မွာေတာ့ အာေဘာင္အာရင္းသန္သန္နဲ႔ “ဟာ ဒါ ယဥ္ေက်းမႈနဲ႔မကိုက္ညီဘူး” လို႔ ေျပာေကာင္းေျပာပါလိမ့္မယ္။ လိင္ပညာေပးအစီအစဥ္ေတြရွိရမယ္၊ မျဖစ္သင့္တာကိုမျဖစ္ေအာင္အသိေပးထားမွ နည္းမွန္လမ္းမွန္ျဖစ္မယ္လို႔ေျပာသူေတြလည္း ကဲ့ရဲ႕ရႈတ္ခ်တာေတြနဲ႔ႀကဳံရႏိုင္ပါတယ္။ ပညာေပးသင့္တာေပး၊ ေဆြးေႏြးသင့္တာေဆြးေႏြးၾကမယ္ဆိုရင္ေတာ့ ေရာဂါကူးစက္မႈ၊မတရားလုပ္မႈေတြ ပမာဏအမ်ားအျပားကို ေလွ်ာ့ခ်ႏိုင္ပါလိမ့္မယ္။

ျပည့္တန္ဆာနဲ႔ပတ္သက္ၿပီး ဥပေဒေတြကိုလည္းျပင္ဆင္ရပါမယ္။ ျပင္ဆင္တဲ့အခါလည္း အသက္ ၁၈ ႏွစ္ေအာက္ေတြ ျပည့္တန္ဆာေလာကထဲေရာက္မသြားေအာင္ လုံေလာက္တဲ့အဟန႔္အတားေတြ ထည့္သြင္းေရးဆြဲသင့္ပါတယ္။ ဥပေဒေတြေခတ္နဲ႔ေလ်ာ္ညီမယ္၊ တရားဥပေဒစိုးမိုးေရးလုပ္ငန္းအရွိန္ရလာမယ္ဆိုရင္ မဝတ္ရည္ႀကဳံေတြ႕ခဲ့ရသလိုျဖစ္ရပ္မ်ိဳးေတြ ျမန္မာျပည္မွာ ေလ်ာ့နည္းသြားမွာျဖစ္ပါတယ္။

Leave a Comment