အသားကပ် အားကစားဝတ်စုံလေး နဲ့ ချစ်ဖို့ကောင်းနေတဲ့ ယွန်းယွန်း

ပရိသတ်ကြီးရေ…..ကလေးသရုပ်ဆောင်တစ်ယောက်အနေနဲ့ အနုပညာလောကထဲစတင်ဝင်ရောက်လာခဲ့ပြီး ပရိတ်သတ်အားပေးချစ်ခင်မှု ရရှိခဲ့တဲ့ ယွန်းယွန်းကိုသိကြမယ်ထင်ပါတယ်နော်။ သူမဟာငယ်စဉ်ကတည်းက ပီပြင်ပိုင်နိုင်တဲ့ သရုပ်ဆောင်ကောင်းမှုတွေကြောင့် ပရိသတ်အချစ်တွေ ရရှိထားတဲ့အနုပညာရှင်လေးဖြစ်ပြီး အကယ်ဒမီထူးချွန်ဆုကြီးကိုပါ ရရှိထားတာပါ။

ယွန်းယွန်းဟာပြုံး လိုက်တိုင်း ဆွဲဆောင်မှုရှိတဲ့ ပါးချိုင့်လေးနဲ့လည်း ဖမ်းစားတတ်သလို ချစ်စရာဟန်ပန်လေးတွေနဲ့လည်း ပရိသတ်တွေကို အချစ်ပိုစေသူလေးဖြစ်ပါတယ်။ အခုဆိုရင်လည်း ယွန်းယွန်းဟာ အောင်မင်းခန့်၊စည်သူဝင်း၊ သဇင်ထူးမြင့်တို့နဲ့အတူ Double Dating programရိုက်ကူးနေတာဖြစ်ပြီး အောင်မင်းခန့်နဲ့အတွဲညီလွန်း လို့ ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကို ရရှိနေတာဖြစ်ပါတယ်။

ယွန်းယွန်းဟာ မကြာခဏဆိုသလိုလည်း သူမရဲ့ အနုပညာလှုပ်ရှားမှာပုံရိပ်လေးတွေနဲ့ အလှပုံလေးတွေကို တင်ပေးလေ့ရှိသူပါ။ အခုဆိုရင်လည်း သူမရဲ့ Facebookစာမျက်နှာမှာ “Your Bae 🖤…..” ဆိုတဲ့ captionလေးနဲ့အတူ အားကစားဝတ်စုံလေးနဲ့ လန်းနေတဲ့ပုံလေးတွေကို တင်ပေးလာပါတယ်။ ကဲ…..ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit- Lyan Phonn Kywe

Zawgyi





Leave a Comment