ပန်းခင်းထဲက ဒဏ္ဍာရီ မင်းသမီးလေး တစ်ပါးလို ဝင့်ဝါမော်ကြွားစွာ နဲ့ လှနေပြီး အရမ်းတွေလှနေတဲ့ နေခြည်ဦး

ပရိသတ်ကြီးရေ…..အချိန်တိုအတွင်းမှာ ပရိသတ်တွေ ရဲ့ လက်ခံအားပေးမှုကို အပြည့်အဝရယူနိုင်ခဲ့ပြီး beauty bloggerတစ်ယောက်အနေနဲ့ကနေ ရုပ်ရှင်မင်းသမီး တစ်ယောက်အနေနဲ့ရပ်တည်လာတဲ့ နေခြည်ဦးကိုသိကြမယ်ထင်ပါတယ်နော်။ ချီချီဟာ ဇာတ်လမ်းတွဲတွေအပြင် ရုပ်ရှင်ကားကြီးတွေကိုပါ လက်ခံ‌ရိုက်ကူးနေတဲ့ ဒိတ်ဒိတ်ကြဲမင်းသမီး တစ်ယောက်လည်းဖြစ်ပြီးတော့ သူမရဲ့ ပွင့်လင်းတဲ့အပြောအဆိုလေးတွေကြောင့်လည်း ပရိသတ်အချစ်ကိုရရှိနေတာပါ။

 

အခုဆိုရင်လည်းနေခြည်ဟာ ပြင်ဦးလွင်မှာဇာတ်လမ်းတွဲရိုက်ကူးဖို့အတွက်ရောက်ရှိနေတာလည်းဖြစ်ပြီး ချစ်ပန်းဝါဝါဆိုတဲ့ဇာတ်လမ်းကို မင်းသားချောမြင့်မြတ်နဲ့အတူ ရိုက်ကူးနေတာလည်းဖြစ်ပါတယ်။ ချီချီဟာ ရုပ်ရှင်ကားတွေ ဇာတ်လမ်းတွဲတွေနဲ့ ကြော်ငြာတွေအပြင် Live salesရောင်းချမှုတွေပါ ပြုလုပ်နေတာဖြစ်ပြီး အပြောအဆိုချိုသာမှုလေးတွေကြောင့် အောင်မြင်မှုတွေလည်း ဆက်တိုက်ရရှိနေတာဖြစ်ပါတယ်နော်…..။

နေခြည်ဟာ အမြဲမိမိုက်နေတဲ့ဖက်ရှင်တွေနဲ့နေတတ်တဲ့သူလေးဖြစ်တဲ့အပြင် မကြာခဏဆိုသလိုလည်း သူမရဲ့ပုံအလန်းတွေကို တင်ပေးလေ့ရှိပါတယ်။ အခုဆိုရင်လည်း ပြင်ဦးလွင်ရဲ့လှပတဲ့ ပန်းခင်းကြီးထဲမှာ နတ်သမီးလေးတစ်ပါးလို တင့်တယ်နေတဲ့ပုံလေးတွေကို သူမရဲ့ Facebookစာမျက်နှာမှာ “🌼🌼 Live Life In Full Bloom 🌼🌼#pyinoolwin #travelgram…..” ဆိုတဲ့ captionလေးနဲ့ ပုံလေးတွေကိုတင်ပေးလာပါတယ်။ ကဲ…..ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

သတင်းအရင်းမြစ်: Nay Chi Oo’s Facebook acc

Zawgyi





Leave a Comment