သရုပ်ဆောင်ထူးခန့်ကျော်ဆီကို လာရောက်ဆေးကုသမှုခံယူခဲ့တဲ့ ဟာသလူရွှင်တော်မေတ္တာ

ဟာသလူရွှင်တော်တစ်ဦးဖြစ်တဲ့ ဦးမေတ္တာကတော့ သရုပ်ဆောင်ထူးခန့်ကျော် ဆီကို သူခံစားနေရတဲ့ အရိုး၊ အကြောရောဂါကို သွားရောက်ကုသခဲ့တယ်လို့ သိရပါတယ်ဒီအကြောင်းအရာကိုတော့ သရုပ်ဆောင်ထူးခန့်ကျော်က သူ့ရဲ့ဆိုရှယ်မီဒီယာထက်မှာ ရေးသားအသိပေးထားတာဖြစ်ပါတယ်။

“ အခုလိုယုံကြည်စွာဖြင့်လာရောက်ကုသပြီး မိမိခံစားနေရသော ဝေဒနာသက်သာ ပျောက်ကင်းသွားတယ်ဆိုတဲ့ ဟာသ လူရွှင်တော်ဦးမေတ္တာအား အထူးပင်ကျေးဇူး တင်ပါတယ်နော်။ အခုလို ၇နှစ်ရက်သားသမီးများရဲ့အရိုး၊ အကြောနဲ့ ပတ်သက်သော ဝေဒနာများအား တစ်ဒေါင့်တစ်နေရာမှပါရမီဖြည့်ကုသခွင့်ရခဲ့မှုကိုလည်း အထူးပင် ကျေးဇူးတင်ရှိပါတယ်နော်” လို့ ရေးသားထား တာဖြစ်ပါတယ်။

ဒါ့အပြင် သရုပ်ဆောင်ထူးခန့်ကျော် ဆီကိုလာရောက်ကုသမယ့် လူနာတွေအနေနဲ့ ၀၉၄၅၁၅၅၂၃၉၇၊ ၀၉၇၆၉၄၇၇၇၂၃ကိုကြိုတင် ဖုန်းဆက်ပြီး ဘိုကင်ယူကြဖို့ကိုလည်း တိုက်တွန်းထားပါသေးတယ်။

“ တစ်ချို့အမျိုးများမနက်၂နာရီထိုးကြီးတုံကင်အတွက်လာရောက်တန်းစီရန်မလိုတော့ပါ။ ယခုတင်ပေးထားသော ဖုန်းနံပါတ် များအား ဆက်သွယ်ပြီးဘိုကင်ပြုလုပ်ပေးပါနော်” လို့ သရုပ်ဆောင်ထူးခန့်ကျော်က ရေးသားထားတာဖြစ်ပါတယ်။

Photo Credit

Zawgyi






Photo Credit

Leave a Comment