City FM မှာ တေးသီချင်းတောင်းဆိုမှု အများဆုံးဆုကို ရရှိခဲ့တဲ့ ဖြိုးမြတ်အောင်နဲ့ နီနီခင်ဇော်

ပရိတ်သတ်ကြီးရေ City FM (၁၉) နှစ်ပြည့် ဂီတဆုပေးပွဲကြီးမှာ ၂၀၂၀ ခုနှစ်အတွင်း တေးသီချင်းတောင်းဆိုခံရမှု အများဆုံးအမျိုးသားတေးသံရှင်ဆုကို ဖြိုးမြတ်အောင်နဲ့ အမျိုးသမီးတေးသံရှင်ဆုတို့ကို နီနီခင်ဇော်တို့က ဆွတ်ခူးသွားခဲ့ပါတယ်။ “ ကျွန်တော့်ရဲ့ သီချင်းကို တောင်းဆိုပေးကြတဲ့

ပရိသတ် တစ်ယောက်ချင်းစီတိုင်းကိုလည်း ကျွန်တော် ကျေးဇူးတင်ပါတယ်။ ဒီဆု ရလို့လည်း ဝမ်းသာတယ်။ City FM ကိုလည်း ကျေးဇူး အများကြီးတင်ပါတယ်ခင်ဗျာ” လို့ ဖြိုးမြတ်အောင်က ဆိုပါတယ်။ ဒီဆုအတွက် ဖြိုးမြတ်အောင်နဲ့ Eternal Gosh တို့က ဆန်ခါတင်စာရင်းဝင်ရောက်ခဲ့တာဖြစ်ပြီး ဖြိုးမြတ်အောင်က ရရှိခဲ့သွားတာဖြစ်ပါတယ်။

တေးသီချင်းတောင်းဆိုခံရမှု အများဆုံး အမျိုးသမီးတေးသံရှင်ဆုအတွက် ချမ်းမြေ့မောင်ချိုနဲ့ နီနီခင်ဇော်က ဆန်ခါတင်စာရင်းဝင်ခဲ့တာဖြစ်ပြီး နီနီခင်ဇော်က ဆုကို ဆွတ်ခူးသွားတဲ့တာဖြစ်ပါတယ်။ ” အခုလို ဆု ရရှိခဲ့တဲ့အတွက် ဝမ်းသာပါတယ်။ အနယ်နယ်အရပ်ရပ်က သီချင်းတောင်းဆိုပေးတဲ့ ပရိသတ်တွေ၊ သီချင်းရေးဆရာတွေ၊ သီချင်းကောင်းတွေ ဖြစ်လာဖို့ အဘက်ဘက်က ပံ့ပိုးပေးခဲ့ကြသူတွေကို ကျေးဇူးအများကြီးတင်ပါတယ်” လို့ အဆိုတော် နီနီခင်ဇော်က ပြောပါတယ်။

ဖြိုးမြတ်အောင်က Myanmar idol (Season-3) သီချင်းဆိုပြိုင်ပွဲကနေ Winner ဆုရရှိခဲ့ပြီးနောက် ဂီတလောကထဲကို တစိုက်မတ်မတ် ဝင်ရောက်လာရင်း အခုဆို ပရိသတ်အခိုင်အမာ ရရှိထားတဲ့ အဆိုတော်ဖြစ်လို့နေပါပြီ။ နီနီခင်ဇော်ကလည်း Melody World သီချင်းဆိုပြိုင်ပွဲကနေတဆင့် ဂီတလောကထဲကို ရောက်ရှိလာတဲ့ အဆိုတော် တစ်ဦးဖြစ်ပြီး အခုဆိုရင် ပြည်တွင်း ပြည်ပ ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာ ရရှိထားသူဖြစ်သလို ဂီတဆုတွေလည်း အများကြီး ရရှိထားတဲ့ အဆိုတော်တစ်ယောက်ဖြစ်ပါတယ်။ယခုလိုဖတ်ကြားပေးကြတဲ့ ပရိတ်သတ်တွေအားလုံ းသာယာသောနေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေ။

Zawgyi

ပရိတ္သတ္ၾကီးေရ City FM (၁၉) ႏွစ္ျပည့္ ဂီတဆုေပးပြဲႀကီးမွာ ၂၀၂၀ ခုႏွစ္အတြင္း ေတးသီခ်င္းေတာင္းဆိုခံရမႈ အမ်ားဆုံးအမ်ိဳးသားေတးသံရွင္ဆုကို ၿဖိဳးျမတ္ေအာင္နဲ႔ အမ်ိဳးသမီးေတးသံရွင္ဆုတို႔ကို နီနီခင္ေဇာ္တို႔က ဆြတ္ခူးသြားခဲ့ပါတယ္။ “ ကၽြန္ေတာ့္ရဲ့ သီခ်င္းကို ေတာင္းဆိုေပးၾကတဲ့ ပရိသတ္ တစ္ေယာက္ခ်င္းစီတိုင္းကိုလည္း ကၽြန္ေတာ္ ေက်းဇူးတင္ပါတယ္။ ဒီဆု ရလို႔လည္း ဝမ္းသာတယ္။ City FM ကိုလည္း ေက်းဇူး အမ်ားႀကီးတင္ပါတယ္ခင္ဗ်ာ” လို႔ ၿဖိဳးျမတ္ေအာင္က ဆိုပါတယ္။ ဒီဆုအတြက္ ၿဖိဳးျမတ္ေအာင္နဲ႔ Eternal Gosh တို႔က ဆန္ခါတင္စာရင္္းဝင္ေရာက္ခဲ့တာျဖစ္ၿပီး ၿဖိဳးျမတ္ေအာင္က ရရွိခဲ့သြားတာျဖစ္ပါတယ္။

ေတးသီခ်င္းေတာင္းဆိုခံရမႈ အမ်ားဆုံး အမ်ိဳးသမီးေတးသံရွင္ဆုအတြက္ ခ်မ္းေျမ့ေမာင္ခ်ိဳနဲ႔ နီနီခင္ေဇာ္က ဆန္ခါတင္စာရင္္းဝင္ခဲ့တာျဖစ္ၿပီး နီနီခင္ေဇာ္္က ဆုကို ဆြတ္ခူးသြားတဲ့တာျဖစ္ပါတယ္။ ” အခုလို ဆု ရရွိခဲ့တဲ့အတြက္ ဝမ္းသာပါတယ္။ အနယ္နယ္အရပ္ရပ္က သီခ်င္းေတာင္းဆိုေပးတဲ့ ပရိသတ္ေတြ၊ သီခ်င္းေရးဆရာေတြ၊ သီခ်င္းေကာင္းေတြ ျဖစ္လာဖို႔ အဘက္ဘက္က ပံ့ပိုးေပးခဲ့ၾကသူေတြကို ေက်းဇူးအမ်ားႀကီးတင္ပါတယ္” လို႔ အဆိုေတာ္္ နီနီခင္ေဇာ္က ေျပာပါတယ္။

ၿဖိဳးျမတ္ေအာင္က Myanmar idol (Season-3) သီခ်င္းဆိုၿပိဳင္ပြဲကေန Winner ဆုရရွိခဲ့ၿပီးေနာက္ ဂီတေလာကထဲကို တစိုက္မတ္မတ္ ဝင္ေရာက္လာရင္း အခုဆို ပရိသတ္အခိုင္အမာ ရရွိထားတဲ့ အဆိုေတာ္ျဖစ္လို႔ေနပါၿပီ။ နီနီခင္ေဇာ္ကလည္း Melody World သီခ်င္းဆိုၿပိဳင္ပြဲကေနတဆင့္ ဂီတေလာကထဲကို ေရာက္ရွိလာတဲ့ အဆိုေတာ္ တစ္ဦးျဖစ္ၿပီး အခုဆိုရင္ ျပည္တြင္း ျပည္ပ ပရိသတ္ေတြရဲ့ အားေပးမႈကို အခိုင္အမာ ရရွိထားသူျဖစ္သလို ဂီတဆုေတြလည္း အမ်ားႀကီး ရရွိထားတဲ့ အဆိုေတာ္တစ္ေယာက္ျဖစ္ပါတယ္။ယခုလိုဖတ္ၾကားေပးၾကတဲ့ ပရိတ္သတ္ေတြအားလံု းသာယာေသာေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္နိုင္ၾကပါေစ။

Leave a Comment