ကျပ်သိန်း၂၀၀၀ကျော်မတည်လှုဒါန်းမယ်လို့သိရတဲ့ နှင်းဆီအငြိမ့်အဖွဲ့သားများ

နှင်းဆီအငြိမ့်လို့ပြောလိုက်တာနဲ့ မသိတဲ့လူမရှိအောင် ဆယ်စုနှစ်တစ်ခုစာ အောင်မြင်ကြော်ကြားမှူ့များ ကပြလို့ရသမျှပိုက်ဆံများကိုလိုအပ်တဲ့ဒုက္ခရောက်တဲ့နေရာများမှာ

အလှူကြီးပေးနတဲ့ အငြိမ့်အဖွဲ့ဟာ နာဂစ်မုန်တိုင်း တုန်းကစလို့ တစ်နှစ်တစ်ခါ နိုင်ငံအနှံ့အပြားမှာရှိတဲ့ ရေဘေး လေဘေး နဲ့ စစ်ဘေးသင့်ပြည်သူတွေပုံမှန်လှူဒါန်း။

တိုက်ရိုက်လှူဒါန်းကြတာ ဒါရိုက်တာကြီး မောင်မျိုးမင်း(ရင်တွင်းဖြစ်) ဦးဆောင်တဲ့ကိုကျော်ကျော်ဗိုလ် ကိုမင်းမော်ကွန်း ကိုနေတိုး ကိုထွန်းထွန်း ကိုရဲလေး နောက်ပီး ကိုမိုးမိုး တို့နှင့်အတူ၊ဒိုင်းကာ Body shield ဆောက်လုပ်ရေးလုပ်ငန်းသုံး

ဦးထုပ်အမာ safety shoeများ၊ နှစ်လတိတိ ရေသန့်အအေးနဲ့ နေ့လည် စာ CDMလုပ်လို့ လိုင်းခန်းတွေက မောင်းထုပ်ခံရတဲ့၊အိုးအိမ်တွေဆုံးရှူံးခဲ့ရတဲ့ ပြည်သူတွေအတွက် နေစရာစီစဉ်ပေးပီးလိုအပ်တဲ့

အသက်ကြီးပိုင်းတွေအတွက် ဆေးဝါးအကူအညီကျန်းမာရေး အထောက်အပံ့တွေ၊ငွေကြေးအကူအညီတွေပေးနိုင်ဖို့နဲ့ နိုင်ငံအနှံ့မှာ ကြွေလွှင့်ခဲ့တဲ့ အာဇာနည်ညီအစ်ကိုမောင်နှစ်မတွေအတွက် သိန်းနှစ်ထောင်ကျပ်တိတိ ကိုလှူဒါန်းခဲ့ပါတယ်။

နှင်းဆီအဖွဲ့ဝင်တွေအားလုံးကလည်းတစ်ယောက်ချင်းဆီ ပရိတ်တွေကိုစကားလက်ဆောင်ပါးလိုက်ပါတယ်။ကိုကျော်ကျော်ဗိုလ်ကလည်း ပြည်သူကျွေးလို့ကျနော်တို့အခုလိုရပ်တည်နိုင်တာပါ၊ပြည်သူ့ဘက်ကဘဲရှိပေးသွားပါမယ်။

ကိုနေတိုးကလည်း ကျနော်တို့တွေCDM လုပ်ကြလေသူတို့အထိနာလေပါဘဲမကြာခင်အဖြူအမဲသဲကဲတော့မှာပါ။

ကိုရဲလေးကလည်း “ကျနော်ကတော့မကြာခင်အောင်မြင်တော့မယ့်ဟာတွေမြင်နေရပီ၊ ပရိတ်သတ်နဲ့တစ်သားတည်းရှိပါတယ်”။

မိုးမိုးကလည်း “ပြည်သူများနှင့်အတူဆိုတဲ့အားပေးသီချင်းမကြာခင်မှာ ထွက်ရှိမှာပါ၊အားတင်းထားကြပါနော်”။

လက်ရှိမှာတော့ လုံခြုံရေးအတွက်လှုဒါန်းတဲ့အဖွဲ့စည်းကိုထုတ်ပြောမှာမဟုတ်တဲ့ လိုအပ်တဲ့နေရာများကိုအရောက်ပေးပို့လှုဒါန်းမှာဖြစ်ကြောင်း၊ ပြည်သူများမုဒိတာပွား၊မျှဝေနိုင်အောင် ပြောဆိုလိုက်ခြင်းဖြစ်ပါတယ်လို့လည်း အဖွဲ့အားလုံးရဲ့ကိုယ်စား ဒါရိုက်တာမောင်မျိုးမင်းကပြောဆိုခဲ့ပါတယ်။

အခုလိုအချိန်ပေးပြီးဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်းသာယာပျော်ရွှင်သောနေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Zawgyi












Leave a Comment