မြန်မာ့ပထမဆုံး ဂြိုဟ်တုအစီအစဉ် ဂျပန်ဆိုင်းငံ့လိုက်ပြီ

မြန်မာနိုင်ငံရဲ့ ပထမဆုံး ဂြိုဟ်တု လွှတ်တင်ရေးအစီအစဉ်ကို ဂျပန်နိုင်ငံက ဆိုင်းငံ့လိုက်ပါတယ်။ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်‌ပြီးတဲ့နောက် ဆိုင်းငံ့လိုက်တာပါ။

အမေရိကန်ဒေါ်လာ ၁၅ သန်း ကုန်ကျတဲ့ ဂြိုဟ်တုကို ဂျပန် ဟော့ကိုင်းဒိုး တက္ကသိုလ်နဲ့ မြန်မာအာကာသအင်ဂျင်နီယာ တက္ကသိုလ် MAEU တို့ ပူးတွဲတည်ဆောက်ခဲ့ကြတာ ဖြစ်ပါတယ်။

အလေးချိန် ၅၀ ကီလိုဂရမ်စီ လေးတဲ့ နှစ်လုံးတွဲ ဂြိုလ်တုဖြစ်ပြီး၊ စိုက်ပျိုးရေးနဲ့ ရေလုပ်ငန်းတွေကို စောင့်ကြည့်လေ့လာဖို့ ကင်မရာတွေ တပ်ဆင်ထားကြောင်း သိရပါတယ်။

လူ့အခွင့်အရေး လှုပ်ရှားသူတွေနဲ့ ဂျပန်အရာရှိတချို့တော့ အဲဒီကင်မရာတွေကို မြန်မာစစ်အစိုးရက စစ်ရေးအတွက် အသုံးချမှာ စိုးရိမ်နေကြပါတယ်။

ဒီအစီအစဉ်မှာပါဝင်တဲ့ ဟော့ကိုင်းဒိုး တက္ကသိုလ်အရာရှိနှစ်ဦးကတော့ ဒီဂြိုဟ်တုအစီအစဉ်ဟာ စစ်ရေးအတွက် ပုံစံထုတ်ထားတာ မဟုတ်ကြောင်း၊ ဂြိုဟ်တုရဲ့ အချက်အလက်တွေကို မြန်မာအနေနဲ့ လွတ်လွတ်လပ်လပ်ရရှိနိုင်မှာမဟုတ် ကြောင်းပြောဆိုကြပါတယ်။

ဒါ့ပြင် မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်၊ မြန်မာအာကာသအင်ဂျင်နီယာ တက္ကသိုလ် MAEU ရဲ့ ပါမောက္ခချုပ် ဒေါက်တာကြည်သွင်နဲ့လည်း အဆက်အသွယ်မရတော့ကြောင်း ပြောပါတယ်။

Zawgyi

ျမန္မာနိုင္ငံရဲ့ ပထမဆုံး ၿဂိဳဟ္တု လႊတ္တင္ေရးအစီအစဥ္ကို ဂ်ပန္နိုင္ငံက ဆိုင္းငံ့လိုက္ပါတယ္။ ျမန္မာနိုင္ငံမွာ စစ္တပ္က အာဏာသိမ္းလိုက္‌ၿပီးတဲ့ေနာက္ ဆိုင္းငံ့လိုက္တာပါ။

အေမရိကန္ေဒၚလာ ၁၅ သန္း ကုန္က်တဲ့ ၿဂိဳဟ္တုကို ဂ်ပန္ ေဟာ့ကိုင္းဒိုး တကၠသိုလ္နဲ႔ ျမန္မာအာကာသအင္ဂ်င္နီယာ တကၠသိုလ္ MAEU တို႔ ပူးတြဲတည္ေဆာက္ခဲ့ၾကတာ ျဖစ္ပါတယ္။

အေလးခ်ိန္ ၅၀ ကီလိုဂရမ္စီ ေလးတဲ့ ႏွစ္လုံးတြဲ ၿဂိဳလ္တုျဖစ္ၿပီး၊ စိုက္ပ်ိဳးေရးနဲ႔ ေရလုပ္ငန္းေတြကို ေစာင့္ၾကည့္ေလ့လာဖို႔ ကင္မရာေတြ တပ္ဆင္ထားေၾကာင္း သိရပါတယ္။

လူ႔အခြင့္အေရး လွုပ္ရွားသူေတြနဲ႔ ဂ်ပန္အရာရွိတခ်ိဳ႕ေတာ့ အဲဒီကင္မရာေတြကို ျမန္မာစစ္အစိုးရက စစ္ေရးအတြက္ အသုံးခ်မွာ စိုးရိမ္ေနၾကပါတယ္။

ဒီအစီအစဥ္မွာပါဝင္တဲ့ ေဟာ့ကိုင္းဒိုး တကၠသိုလ္အရာရွိႏွစ္ဦးကေတာ့ ဒီၿဂိဳဟ္တုအစီအစဥ္ဟာ စစ္ေရးအတြက္ ပုံစံထုတ္ထားတာ မဟုတ္ေၾကာင္း၊ ၿဂိဳဟ္တုရဲ့ အခ်က္အလက္ေတြကို ျမန္မာအေနနဲ႔ လြတ္လြတ္လပ္လပ္ရရွိနိုင္မွာမဟုတ္ ေၾကာင္းေျပာဆိုၾကပါတယ္။

ဒါ့ျပင္ ျမန္မာနိုင္ငံမွာ စစ္တပ္က အာဏာသိမ္းၿပီးတဲ့ေနာက္၊ ျမန္မာအာကာသအင္ဂ်င္နီယာ တကၠသိုလ္ MAEU ရဲ့ ပါေမာကၡခ်ဳပ္ ေဒါက္တာၾကည္သြင္နဲ႔လည္း အဆက္အသြယ္မရေတာ့ေၾကာင္း ေျပာပါတယ္။

Leave a Comment