ကျဆုံးလေပြီးသောသူရဲကောင်း ချစ်မင်းသူရဲ့ ဇနီးဖြစ်သူအားသွားရောက်တွေ့ဆုံပြီး နှစ်သိမ့်ပေးရင်းဖြင့်အလှူငွေများလှူဒါန်းခဲ့သော ထူးခန့်ကျော်

သရုပ်ဆောင်ထူးခန့်ကျော်ကတော့ အနုပညာအလုပ်တွေလုပ်ကိုင်ရင်းနဲ့ တစ်ဖက်တစ်လမ်းကနေ သူတတ်တဲ့ပညာရပ်လေးနဲ့လေဖြတ်လူနာတွေအားတိုင်းရင်းဆေးဖြင့် နှိပ်နယ်ကာကုသပေးနေသူ ဖြစ်ပါတယ်။အရေးကြုံလာတိုင်းလည်း ပြည်သူတွေနဲ့အတူ တစ်သွေးတည်းတစ်သားတည်းရပ်တည်ကာလူထုလှုပ်ရှားမှုများတွင်ပါဝင်

ဆောင်ရွက်နေသူတစ်ဦး ဖြစ်ပါတယ်။ပြည်သူတွေချစ်တဲ့ အနုပညာရှင်များကပါ ဒီလှုပ်ရှားမှုမှာတက်ကြွစွာပါဝင်နေတာမြင်ရသည်မှာအလွန်အားတက်စရာကောင်းလွန်းလှပါတယ်နော်။မြောက်ဒဂုံမြို့နယ်လူထုလှုပ်ရှားမှုတွင်ပူးပေါင်းပါဝင်ရင်း မမျှော်လင့်ပဲကြွေလွင့်ခဲ့ရတဲ့သူရဲကောင်းချစ်မင်းသူရဲ့ဇနီးထံသို့မနေ့ကသွားရောက်ကာ

တွေ့ဆုံအားပေးရင်းနဲ့ အလှူငွေများလည်းပေးအပ်လှူဒါန်းခဲ့တာလည်း ဖြစ်ပါတယ်။ဒီအကြောင်းအရာနဲ့ပတ်သတ်ပြီးတော့လည်းထူးခန့်ကျော်ရဲ့ လူမှုကွန်ယက်စာမျက်နှာတွင်အခုလိုပဲရေးသားဝေမျှထားတာပဲ ဖြစ်ပါတယ်။မကွယ်လွန်မီ မမှီဝဲနဲ့ကင်းအောင်နေဇာတ်လမ်းတွဲထဲမှသူ့ရဲ့ဗေဒါကြီးဇာတ်ကောင်အားအလွန်အားပေးခဲ့တာကို

ညီလေး ချစ်မင်းသူရဲ့ဇနီးပြောပြချက်အရကြားသိခဲ့ရတဲ့အတွက် အလွန်ကို စိတ်မကောင်း ဖြစ်နေတာပဲ ဖြစ်ပါတယ်။ သူပြုလုပ်ခဲ့သောဒါနကောင်းမှု၊ သီလကောင်းမှု၊ ဘာဝနာကောင်းမှုတို့ကြောင့် မောင်ချစ်မင်းသူနှင့်တကွလူထုလှုပ်ရှားမှုတွင် ကွယ်လွန်ခဲ့ပြီးသောသူရဲကောင်းများအားလုံး မြင့်မြတ်သောဘုံဌာနသို့ရရှိရောက်ရှိကြပါစေ၊

ဒီလိုဘေးဆိုး၊ ရန်ဆိုး၊ အန္တရာယ်ဆိုးမှလည်း သံသရာအဆက်ဆက်ကင်းဝေးပါစေလို့လည်းဆုတောင်းပေးနေတာပဲဖြစ်ပါတယ်။ သူ့အနေနဲ့လည်းအရေးတော်ပုံအောင်ရမည်လို့ဟစ်ကြွေးနေကြတဲ့ပြည်သူတွေရဲ့ကိုယ်လက်နာကျင်မှုတွေကို ကုသပေးလျက်ရှိနေတာလည်းဖြစ်ပါတယ်။ လက်ရှိမှာတော့ကိုယ်တိုင်ကျန်းမာရေးမကောင်း

ဖြစ်နေပြီး ရက်ပိုင်းလောက်ကုသမှုတွေရပ်နားထားရတာကြောင့်စိတ်မကောင်းဖြစ်နေရကြောင်းကိုလည်း ရှင်းပြထားပါသေးတယ်။ အားလုံးကျန်းမာပါစေလို့ ရေးသားထားတဲ့ထူးခန့်ကျော်ရဲ့သတင်းလေးကို ပရိသတ်တွေအတွက်ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ရပါတယ်နော်။ အချိန်ပေးပြီးဖတ်ရှု့ပေးကြသော ပရိတ်သတ်ကြီးအားလုံးလည်း သာယာသောနေ့လေးဖြစ်ပါစေ ကျေးဇူးလည်းအထူးတင်ရှိပါတယ်နော်။

Zawgyi

သ႐ုပ္ေဆာင္ထူးခန႔္ေက်ာ္ကေတာ့ အႏုပညာအလုပ္ေတြလုပ္ကိုင္ရင္းနဲ႔ တစ္ဖက္တစ္လမ္းကေန သူတတ္တဲ့ပညာရပ္ေလးနဲ႔ေလျဖတ္လူနာေတြအားတိုင္းရင္းေဆးျဖင့္ ႏွိပ္နယ္ကာကုသေပးေနသူ ျဖစ္ပါတယ္။အေရးႀကဳံလာတိုင္းလည္း ျပည္သူေတြနဲ႔အတူ တစ္ေသြးတည္းတစ္သားတည္းရပ္တည္ကာလူထုလႈပ္ရွားမႈမ်ားတြင္ပါဝင္

ေဆာင္႐ြက္ေနသူတစ္ဦး ျဖစ္ပါတယ္။ျပည္သူေတြခ်စ္တဲ့ အႏုပညာရွင္မ်ားကပါ ဒီလႈပ္ရွားမႈမွာတက္ႂကြစြာပါဝင္ေနတာျမင္ရသည္မွာအလြန္အားတက္စရာေကာင္းလြန္းလွပါတယ္ေနာ္။ေျမာက္ဒဂုံၿမိဳ႕နယ္လူထုလႈပ္ရွားမႈတြင္ပူးေပါင္းပါဝင္ရင္း မေမွ်ာ္လင့္ပဲေႂကြလြင့္ခဲ့ရတဲ့သူရဲေကာင္းခ်စ္မင္းသူရဲ႕ဇနီးထံသို႔မေန႔ကသြားေရာက္ကာ

ေတြ႔ဆုံအားေပးရင္းနဲ႔ အလႉေငြမ်ားလည္းေပးအပ္လႉဒါန္းခဲ့တာလည္း ျဖစ္ပါတယ္။ဒီအေၾကာင္းအရာနဲ႔ပတ္သတ္ၿပီးေတာ့လည္းထူးခန႔္ေက်ာ္ရဲ႕ လူမႈကြန္ယက္စာမ်က္ႏွာတြင္အခုလိုပဲေရးသားေဝမွ်ထားတာပဲ ျဖစ္ပါတယ္။မကြယ္လြန္မီ မမွီဝဲနဲ႔ကင္းေအာင္ေနဇာတ္လမ္းတြဲထဲမွသူ႔ရဲ႕ေဗဒါႀကီးဇာတ္ေကာင္အားအလြန္အားေပးခဲ့တာကို

ညီေလး ခ်စ္မင္းသူရဲ႕ဇနီးေျပာျပခ်က္အရၾကားသိခဲ့ရတဲ့အတြက္ အလြန္ကို စိတ္မေကာင္း ျဖစ္ေနတာပဲ ျဖစ္ပါတယ္။ သူျပဳလုပ္ခဲ့ေသာဒါနေကာင္းမႈ၊ သီလေကာင္းမႈ၊ ဘာဝနာေကာင္းမႈတို႔ေၾကာင့္ ေမာင္ခ်စ္မင္းသူႏွင့္တကြလူထုလႈပ္ရွားမႈတြင္ ကြယ္လြန္ခဲ့ၿပီးေသာသူရဲေကာင္းမ်ားအားလုံး ျမင့္ျမတ္ေသာဘုံဌာနသို႔ရရွိေရာက္ရွိၾကပါေစ၊

ဒီလိုေဘးဆိုး၊ ရန္ဆိုး၊ အႏၲရာယ္ဆိုးမွလည္း သံသရာအဆက္ဆက္ကင္းေဝးပါေစလို႔လည္းဆုေတာင္းေပးေနတာပဲျဖစ္ပါတယ္။ သူ႔အေနနဲ႔လည္းအေရးေတာ္ပုံေအာင္ရမည္လို႔ဟစ္ေႂကြးေနၾကတဲ့ျပည္သူေတြရဲ႕ကိုယ္လက္နာက်င္မႈေတြကို ကုသေပးလ်က္ရွိေနတာလည္းျဖစ္ပါတယ္။ လက္ရွိမွာေတာ့ကိုယ္တိုင္က်န္းမာေရးမေကာင္း

ျဖစ္ေနၿပီး ရက္ပိုင္းေလာက္ကုသမႈေတြရပ္နားထားရတာေၾကာင့္စိတ္မေကာင္းျဖစ္ေနရေၾကာင္းကိုလည္း ရွင္းျပထားပါေသးတယ္။ အားလုံးက်န္းမာပါေစလို႔ ေရးသားထားတဲ့ထူးခန႔္ေက်ာ္ရဲ႕သတင္းေလးကို ပရိသတ္ေတြအတြက္ျပန္လည္ကူးယူတင္ဆက္ေပးလိုက္ရပါတယ္ေနာ္။ အခ်ိန္ေပးၿပီးဖတ္႐ႈ႕ေပးၾကေသာ ပရိတ္သတ္ႀကီးအားလုံးလည္း သာယာေသာေန႔ေလးျဖစ္ပါေစ ေက်းဇူးလည္းအထူးတင္႐ွိပါတယ္ေနာ္။

Leave a Comment