အမျိုးသမီးများ နတ်ပြည်သို့ အဘယ်ကြောင့် အရောက်များရသလဲ?

အမျိုးသမီးများသည် ခွန်အားဗလမှာ သေးငယ်သော်လည်း ဉာဏ်ပညာအရာမှာ- အမျိုသားများထက် လေးဆသာတယ် = လုံ့လဝီရိယအရာမှာလည်း ခြောက်ဆ သာတယ်”ဟု မန်လည်ဆရာတော်က ဆိုပါသည်။

ဒါကြောင့်လည်း ကောသလမင်းကြီးဟာ တိုင်းသူပြည်သားများနဲ့အပြိုင် ဒါနပြုသည့်အခါ အသာဆုံး အမြတ်ဆုံး “အသဒိသအလှူ ကြီး”ဖြစ်ဖို့ မလ္လိကာ ဖိဖုရားကြီး၏ ဉာဏ်ပညာ နဲ့လုံ့လဝီရိယ အကူညီကို ယူခဲ့ရဘူးပါသည်။

တဖန် အမျိုသမီးများသည် သဒ္ဓါ -ယုံကြည်လွယ်သည် ကရုဏာ- သနားကြင်နာတတ်သည် စာဂ- စွန့်ကြဲမှု၌ ဝါသနာထုံသည် ပညာ-တွေးခေါ် မျှော်မြင်တတ်သည် ဝီရိယ-ထကြွလုံလဝီရိယ ရှိတတ်သည်။ ဤငါးပါးသည် အမျိုးသမီးအများစုမှာ ရှိနေကြပါသည်။

ဒါကြောင့်အမျိုးသမီးများသည် အိမ်မှာနေလည်း သက်သီးတစ်လုံး ပန်းတစ်ပွင့် ဆွမ်းတစ်ယောက်မတော့ အမြဲလှူနေတတ်ကြသည်။

ဈေးဝယ်ထွက်ရင်း -ခရီးထွက်ရင်း အလှူခံပုဂ္ဂိုလ်တွေ့ရင် အယုတ်အလတ်အမြတ်မရွေး ပေးလှူ နေတတ်ကြသည်

ဒါကြောင့်လည်း သူတို့မှာနေ့တိုင်း ကုသိုလ်တွေက စုမိဆောင်းမိနေကြသည် ကျောင်းကန်ဘုရားများမှာ ဥပုသ်စောင့်လျှင် တရားနာလျှင် ဆွမ်းလောင်းလှူလျှင် တရားစခန်းဝင်ယောဂီတွေကစ အမျိုးသမီးတွေဘဲ များနေတတ်ကြသည်။

ဤ ကုသိုလ်တွေကြောင့်ဘဲ ၎င်းတို့မှာ နတ်ပြည်မှာ အဖြစ်များနေကြဟန်တူပါသည် ကျမ်းဂန်များအရ နတ်ပြည်မှာ နတ်သားကရှားပြီး နတ်သမီးများမှာ အမတန်များပြီး-နတ်သားတစ်ယောက်လျှင် နတ်သမီးက ငါးရာ တစ်ထောင် ရှိကြသည်”ဟုဆိုပါသည်

နေ့စဉ် သစ်သီးတစ်လုံး ပန်းတစ်ပွင့် ဆွမ်းတစ်ယောက်မ အလှူ များမှာ အမျိုးသားများ မလုပ်နိုင်သော အလှူ ဟုပင်ဆိုချင်ပါသည်

အဘယ့်ကြောင့်ဆိုသော် အမျိုးသားများမှာ စားဝတ်နေရေး ရှာဖွေနေရသည်က တစ်ကြောင်း- ( နည်းများမဆို ကုသိုလ်လေးတွေကို စိတ်မရောက်နိုင်) သဒ္ဓါ တရားကို အမြဲသံသယ ဝင်နေတတ်ကြသည်က တစ်ကြောင်း – ကိုယ်တွင်းဓာတ်ခံမှာ မာနတရားလေး ရှိနေတတ်ကြသည်ကလည်း တစ်ကြောင်း ဤအကြောင်းကြောင်းတွေကြောင့်” အသေးအဖွဲ ကုသိုလ်လေးတွေ မစုမိကြတာ”ဟု ဆိုချင်ပါသည်။

“ကိုယ်ရှာထားတဲ့စည်းပွားဥစ္စာ မယားလှူတာ ယောက်ျားဖြစ်သူ မရဘူးလား” မေးစရာရှိပါသည် “မရပါဘူး” စိတ်မပါလျှ င်လည်း မရဘူး မသိလျှင်လည်း မရပါဘူး ” အကုသိုလ်နဲ့ကုသိုလ်နှစ်ပါး ကံတရားကား- မယားပြုရာစိတ်မပါလျှင် လင်မှာမရ- လင်ပြု ကလည်း မိန်းမအိမ်သူ- စိတ်မတူသော် မှတ်ယူမှန်စွာမရရှာဘူး****** တဲ့။

(မဃဒေဝ)

ဒါကြောင့် အမျိုးသမီးတွေမှာ နတ်ပြည်ရောက်နိုင်တဲ့ အခွင့်အရေးတွေ သူတို့မှာအများကြီးရှိနေပါသည် ကုန်ကုန်ပြောရသော် လင်ယောက်ျား ဆူလို့ဆဲလို့ သည်းခံပြီး အမျက်ဒေါသ မထွက်လျှင်တောင် နတ်ပြည် ရောက်နိုင််ပါသည်။ သစ်သီးလေးတစ်လုံးလှူ တာကစ နတ်ပြည် ရောက်နိုင်ပါသည်။

သာဓကမှာ**? အခါတပါး အရှင်မောဂ္ဂလာန် မထေရ်ကြီးဟာ နတ်ပြည်သို့ ကြွတော်မူသောအခါ*? ကိုယ်ရောင်တောက်ပပြီး ဝင်းဝါနေတဲ့ နတ်သမီးများနဲ့ တွေ့တော့*?

“အသင်နတ်သမီး လူ့ဘဝက အဘယ်ကုသိုလ်တွေများ လုပ်ခဲ့လို့ ဒီလောက်ကြီးကျယ်တဲ့ ဗိမာန်ကြီးနဲ့ ကိုယ်ရောင်ကိုယ်ဝါတွေ တောက်ပလို့ နေရတာလဲ”ဟု မေးပါသည်။

သည်အခါနတ်သမီးက ” အရှင်ဘုရား မပြောပလောက်ပါဘူူး ကုသိုလ်ရယ်လို့လည်း မရှိခဲ့ပါဘူး- ကဿပဘုရားလက်ထက်က တပည့်တော်မသည် သူတပါးရဲ့ ကျွန်မဖြစ်ခဲ့ဘူးတယ်။

အဲဒီဘဝမှာ တပည့်တော်မရဲ့ လင်ယောကျ်ားဖြစ်သူ ကလည်း အမျိုးမျိုးနှိပ်စက်တယ် ရန်ရှာတယ် တွေ့တာနဲ့ ကောက်ပေါက်တာ- ဆံပင်ဆွဲ ခဏခဏ ရိုက်ပုပ်တာ ခံရတယ်။

အဲ့ဒီခါ တပည့်တော်မ ကိုယ့်ကိုယ်ကိုဆုံးမတယ်- “ဤယောက်ျားကား နင့်အရှင်သခင်ဖြစ်သည်- သံပူကပ်၍ တံဆိတ်ခပ်လျှင်လည်း ခံရမည်။ ခြေ လက် နား နာခေါင်း ဖြတ်လျှင်လည်း ခံရမည် ငါ၏လင်ယောကျ်ားသည် ငါ့အား အစိုးရပေသည်။

အမျက်မထွက်နဲ့”ဟု မိမိကိုယ်ဆုံးမပြီး အမျက်ဒေါသမထွက်ခဲ့ပါဘုရား” ဒီလိုအမျက်ဒေါသကို ချုပ်တည်းနိုင်ခဲ့လို့ နတ်စည်းစိမ် ချမ်းသာကို ခံစားနေရတာပါဘုရား”ဟု လျှောက်ပါသတဲ့။

နောက်မထေရ်ကြီးလည်း တစ်နေရာသွားပြန်တော့ နတ်သမီးတွေနဲ့တွေ့ပြန်ပါသတဲ့= ဒီအခါမထေရ်ကြီးက ” အသင်နတ်သမီး လူ့ဘဝက အဘယ်ကုသိုလ်တွေများ ပြုခဲ့တာပါလဲ”တဲ့ နတ်သမီးက “အရှင်ဘုရား လူ့ဘဝက ရဟန်းတစ်ပါးအား ကြံတစ်ချောင်းလှူ ခဲ့ပါတယ်ဘုရား”

နောက်နတ်သမီးတစ်ပါးကလည်း* “တပည့်တော်လည်း ရဟန်းတစ်ပါးအား တည်သီး လှူခဲ့ပါသည်ဘုရား”တဲ့

နောက်ထပ် နတ်သမီးတစ်ပါးကလည်း “တပည့်တော်မလည်း ရဟန်းတစ်ပါးအား သခွါးသီးတစ်လုံးကိုလှူခဲ့ပါတယ်ဘုရား”တဲ့

နောက်နတ်သမီးကလည်း ” တပည့်တော်မလည်း ဖက်သက်တရော်သီးကို လှူခဲ့ပါတယ်ဘုရား”တဲ့

နောက်ထပ်နတ်သမီးကလည်း “သက်မြစ်တစ်ဆုပ်ကို လှူခဲ့ပါတယ်ဘုရား”တဲ့

နောက်နတ်သမီးကလည်း ” တပည့်တော်မလည်း တမာရွက်တစ်ဆုပ်ကို လှူခဲ့ပါတယ်ဘုရား”တဲ့

ဤသို့သော ကုသိုလ်အကြောင်းများကြောင့် နတ်စည်းချမ်းသာကို ခံစားနေရကြောင်း လျှောက်ထားကြပါသည်။

အရှင်မောဂ္ဂလာန်မထေရ်ကြီးလည်း လူ့ပြည်သို့ ပြန်ကြွပြီး ဘုရားရှင်ကို လျှောက်ထားခဲ့သည်။

” မြတ်စွာဘုရား မပြောပလောက်တဲ့ ကုသိုလ်လေးတွေနဲ့ နတ်ပြည်ရောက်နိုင်ပါသလားဘုရား”တဲ့ ဘုရားရှင်က “ချစ်သားမောဂ္ဂလာန် ရောက်တယ်-မရောက်ဘူးဆိုတာ သင်ကိုယ်တိုင် ဒိဋ္ဌမျက်မြင် တွေ့ခဲ့တယ် မဟုတ်လား”ဟု မိန့်တော်မူပါသည်။

ဒါကြောင့် လူ့ပြည်မှာ ဘယ်သူတွေက ကုသိုလ်တွေ စုမိဆောင်းမိနေပြီ ဘယ်သူတွေကတော့ဖြင့် နတ်ပြည်ကို အများဆုံး ရောက်နိုင်သည်ဆိုတာ သိလောက်ကြပြီထင်ပါသည်။

အဓိကက စေတနာဘဲ စေတနာကောင်းလျှင် ကံကောင်းနိုင်သည် အားလုံး ကံကောင်းကြပါစေ*******?

ဓမ္မပဒ-ကောဓဝဂ်-မဟာမောဂ္ဂလာနတ္ထေရပဥှာဝတ္ထု

( ဝန်းသို အရှင် -4-12-2018)

Credit

Zawgyi

အမ်ိဳးသမီးမ်ားသည္ ခြန္အားဗလမွာ ေသးငယ္ေသာ္လည္း ဉာဏ္ပညာအရာမွာ- အမ်ိဳသားမ်ားထက္ ေလးဆသာတယ္ = လုံ႔လဝီရိယအရာမွာလည္း ေျခာက္ဆ သာတယ္”ဟု မန္လည္ဆရာေတာ္က ဆိုပါသည္။

ဒါေၾကာင့္လည္း ေကာသလမင္းႀကီးဟာ တိုင္းသူျပည္သားမ်ားနဲ႔အၿပိဳင္ ဒါနျပဳသည့္အခါ အသာဆုံး အျမတ္ဆုံး “အသဒိသအလႉ ႀကီး”ျဖစ္ဖို႔ မလႅိကာ ဖိဖုရားႀကီး၏ ဉာဏ္ပညာ နဲ႔လုံ႔လဝီရိယ အကူညီကို ယူခဲ့ရဘူးပါသည္။

တဖန္ အမ်ိဳသမီးမ်ားသည္ သဒၶါ -ယုံၾကည္လြယ္သည္ က႐ုဏာ- သနားၾကင္နာတတ္သည္ စာဂ- စြန္႔ႀကဲမႈ၌ ဝါသနာထုံသည္ ပညာ-ေတြးေခၚ ေမွ်ာ္ျမင္တတ္သည္ ဝီရိယ-ထႂကြလုံလဝီရိယ ရွိတတ္သည္။ ဤငါးပါးသည္ အမ်ိဳးသမီးအမ်ားစုမွာ ရွိေနၾကပါသည္။

ဒါေၾကာင့္အမ်ိဳးသမီးမ်ားသည္ အိမ္မွာေနလည္း သက္သီးတစ္လုံး ပန္းတစ္ပြင့္ ဆြမ္းတစ္ေယာက္မေတာ့ အၿမဲလႉေနတတ္ၾကသည္။

ေဈးဝယ္ထြက္ရင္း -ခရီးထြက္ရင္း အလႉခံပုဂၢိဳလ္ေတြ႕ရင္ အယုတ္အလတ္အျမတ္မေ႐ြး ေပးလႉ ေနတတ္ၾကသည္

ဒါေၾကာင့္လည္း သူတို႔မွာေန႔တိုင္း ကုသိုလ္ေတြက စုမိေဆာင္းမိေနၾကသည္ ေက်ာင္းကန္ဘုရားမ်ားမွာ ဥပုသ္ေစာင့္လွ်င္ တရားနာလွ်င္ ဆြမ္းေလာင္းလႉလွ်င္ တရားစခန္းဝင္ေယာဂီေတြကစ အမ်ိဳးသမီးေတြဘဲ မ်ားေနတတ္ၾကသည္။

ဤ ကုသိုလ္ေတြေၾကာင့္ဘဲ ၎တို႔မွာ နတ္ျပည္မွာ အျဖစ္မ်ားေနၾကဟန္တူပါသည္ က်မ္းဂန္မ်ားအရ နတ္ျပည္မွာ နတ္သားကရွားၿပီး နတ္သမီးမ်ားမွာ အမတန္မ်ားၿပီး-နတ္သားတစ္ေယာက္လွ်င္ နတ္သမီးက ငါးရာ တစ္ေထာင္ ရွိၾကသည္”ဟုဆိုပါသည္

ေန႔စဥ္ သစ္သီးတစ္လုံး ပန္းတစ္ပြင့္ ဆြမ္းတစ္ေယာက္မ အလႉ မ်ားမွာ အမ်ိဳးသားမ်ား မလုပ္ႏိုင္ေသာ အလႉ ဟုပင္ဆိုခ်င္ပါသည္

အဘယ့္ေၾကာင့္ဆိုေသာ္ အမ်ိဳးသားမ်ားမွာ စားဝတ္ေနေရး ရွာေဖြေနရသည္က တစ္ေၾကာင္း- ( နည္းမ်ားမဆို ကုသိုလ္ေလးေတြကို စိတ္မေရာက္ႏိုင္) သဒၶါ တရားကို အၿမဲသံသယ ဝင္ေနတတ္ၾကသည္က တစ္ေၾကာင္း – ကိုယ္တြင္းဓာတ္ခံမွာ မာနတရားေလး ရွိေနတတ္ၾကသည္ကလည္း တစ္ေၾကာင္း ဤအေၾကာင္းေၾကာင္းေတြေၾကာင့္” အေသးအဖြဲ ကုသိုလ္ေလးေတြ မစုမိၾကတာ”ဟု ဆိုခ်င္ပါသည္။

“ကိုယ္ရွာထားတဲ့စည္းပြားဥစၥာ မယားလႉတာ ေယာက္်ားျဖစ္သူ မရဘူးလား” ေမးစရာရွိပါသည္ “မရပါဘူး” စိတ္မပါလွ် င္လည္း မရဘူး မသိလွ်င္လည္း မရပါဘူး ” အကုသိုလ္နဲ႔ကုသိုလ္ႏွစ္ပါး ကံတရားကား- မယားျပဳရာစိတ္မပါလွ်င္ လင္မွာမရ- လင္ျပဳ ကလည္း မိန္းမအိမ္သူ- စိတ္မတူေသာ္ မွတ္ယူမွန္စြာမရရွာဘူး****** တဲ့။

(မဃေဒဝ)

ဒါေၾကာင့္ အမ်ိဳးသမီးေတြမွာ နတ္ျပည္ေရာက္ႏိုင္တဲ့ အခြင့္အေရးေတြ သူတို႔မွာအမ်ားႀကီးရွိေနပါသည္ ကုန္ကုန္ေျပာရေသာ္ လင္ေယာက္်ား ဆူလို႔ဆဲလို႔ သည္းခံၿပီး အမ်က္ေဒါသ မထြက္လွ်င္ေတာင္ နတ္ျပည္ ေရာက္ႏိုင္္ပါသည္။ သစ္သီးေလးတစ္လုံးလႉ တာကစ နတ္ျပည္ ေရာက္ႏိုင္ပါသည္။

သာဓကမွာ**? အခါတပါး အရွင္ေမာဂၢလာန္ မေထရ္ႀကီးဟာ နတ္ျပည္သို႔ ႂကြေတာ္မူေသာအခါ*? ကိုယ္ေရာင္ေတာက္ပၿပီး ဝင္းဝါေနတဲ့ နတ္သမီးမ်ားနဲ႔ ေတြ႕ေတာ့*?

“အသင္နတ္သမီး လူ႔ဘဝက အဘယ္ကုသိုလ္ေတြမ်ား လုပ္ခဲ့လို႔ ဒီေလာက္ႀကီးက်ယ္တဲ့ ဗိမာန္ႀကီးနဲ႔ ကိုယ္ေရာင္ကိုယ္ဝါေတြ ေတာက္ပလို႔ ေနရတာလဲ”ဟု ေမးပါသည္။

သည္အခါနတ္သမီးက ” အရွင္ဘုရား မေျပာပေလာက္ပါဘူူး ကုသိုလ္ရယ္လို႔လည္း မရွိခဲ့ပါဘူး- ကႆပဘုရားလက္ထက္က တပည့္ေတာ္မသည္ သူတပါးရဲ႕ ကြၽန္မျဖစ္ခဲ့ဘူးတယ္။

အဲဒီဘဝမွာ တပည့္ေတာ္မရဲ႕ လင္ေယာက်္ားျဖစ္သူ ကလည္း အမ်ိဳးမ်ိဳးႏွိပ္စက္တယ္ ရန္ရွာတယ္ ေတြ႕တာနဲ႔ ေကာက္ေပါက္တာ- ဆံပင္ဆြဲ ခဏခဏ ႐ိုက္ပုပ္တာ ခံရတယ္။

အဲ့ဒီခါ တပည့္ေတာ္မ ကိုယ့္ကိုယ္ကိုဆုံးမတယ္- “ဤေယာက္်ားကား နင့္အရွင္သခင္ျဖစ္သည္- သံပူကပ္၍ တံဆိတ္ခပ္လွ်င္လည္း ခံရမည္။ ေျခ လက္ နား နာေခါင္း ျဖတ္လွ်င္လည္း ခံရမည္ ငါ၏လင္ေယာက်္ားသည္ ငါ့အား အစိုးရေပသည္။

အမ်က္မထြက္နဲ႔”ဟု မိမိကိုယ္ဆုံးမၿပီး အမ်က္ေဒါသမထြက္ခဲ့ပါဘုရား” ဒီလိုအမ်က္ေဒါသကို ခ်ဳပ္တည္းႏိုင္ခဲ့လို႔ နတ္စည္းစိမ္ ခ်မ္းသာကို ခံစားေနရတာပါဘုရား”ဟု ေလွ်ာက္ပါသတဲ့။

ေနာက္မေထရ္ႀကီးလည္း တစ္ေနရာသြားျပန္ေတာ့ နတ္သမီးေတြနဲ႔ေတြ႕ျပန္ပါသတဲ့= ဒီအခါမေထရ္ႀကီးက ” အသင္နတ္သမီး လူ႔ဘဝက အဘယ္ကုသိုလ္ေတြမ်ား ျပဳခဲ့တာပါလဲ”တဲ့ နတ္သမီးက “အရွင္ဘုရား လူ႔ဘဝက ရဟန္းတစ္ပါးအား ႀကံတစ္ေခ်ာင္းလႉ ခဲ့ပါတယ္ဘုရား”

ေနာက္နတ္သမီးတစ္ပါးကလည္း* “တပည့္ေတာ္လည္း ရဟန္းတစ္ပါးအား တည္သီး လႉခဲ့ပါသည္ဘုရား”တဲ့

ေနာက္ထပ္ နတ္သမီးတစ္ပါးကလည္း “တပည့္ေတာ္မလည္း ရဟန္းတစ္ပါးအား သခြါးသီးတစ္လုံးကိုလႉခဲ့ပါတယ္ဘုရား”တဲ့

ေနာက္နတ္သမီးကလည္း ” တပည့္ေတာ္မလည္း ဖက္သက္တေရာ္သီးကို လႉခဲ့ပါတယ္ဘုရား”တဲ့

ေနာက္ထပ္နတ္သမီးကလည္း “သက္ျမစ္တစ္ဆုပ္ကို လႉခဲ့ပါတယ္ဘုရား”တဲ့

ေနာက္နတ္သမီးကလည္း ” တပည့္ေတာ္မလည္း တမာ႐ြက္တစ္ဆုပ္ကို လႉခဲ့ပါတယ္ဘုရား”တဲ့

ဤသို႔ေသာ ကုသိုလ္အေၾကာင္းမ်ားေၾကာင့္ နတ္စည္းခ်မ္းသာကို ခံစားေနရေၾကာင္း ေလွ်ာက္ထားၾကပါသည္။

အရွင္ေမာဂၢလာန္မေထရ္ႀကီးလည္း လူ႔ျပည္သို႔ ျပန္ႂကြၿပီး ဘုရားရွင္ကို ေလွ်ာက္ထားခဲ့သည္။

” ျမတ္စြာဘုရား မေျပာပေလာက္တဲ့ ကုသိုလ္ေလးေတြနဲ႔ နတ္ျပည္ေရာက္ႏိုင္ပါသလားဘုရား”တဲ့ ဘုရားရွင္က “ခ်စ္သားေမာဂၢလာန္ ေရာက္တယ္-မေရာက္ဘူးဆိုတာ သင္ကိုယ္တိုင္ ဒိ႒မ်က္ျမင္ ေတြ႕ခဲ့တယ္ မဟုတ္လား”ဟု မိန္႔ေတာ္မူပါသည္။

ဒါေၾကာင့္ လူ႔ျပည္မွာ ဘယ္သူေတြက ကုသိုလ္ေတြ စုမိေဆာင္းမိေနၿပီ ဘယ္သူေတြကေတာ့ျဖင့္ နတ္ျပည္ကို အမ်ားဆုံး ေရာက္ႏိုင္သည္ဆိုတာ သိေလာက္ၾကၿပီထင္ပါသည္။

အဓိကက ေစတနာဘဲ ေစတနာေကာင္းလွ်င္ ကံေကာင္းႏိုင္သည္ အားလုံး ကံေကာင္းၾကပါေစ*******?

ဓမၼပဒ-ေကာဓဝဂ္-မဟာေမာဂၢလာနေတၳရပဥွာဝတၳဳ

( ဝန္းသို အရွင္ -4-12-2018)

Credit

Leave a Comment