ဖင်ခေါင်းကျယ်တဲ့ ရွာလား…? လူပီသတဲ့ ရွာလား…? ဆုံးဖြတ်ပေးကြပါ။

ဖင်ခေါင်းကျယ်တဲ့ ရွာလား…? လူပီသတဲ့ ရွာလား…? ဆုံးဖြတ်ပေးကြပါ။

ကျေးရွာကို စပိတ်လိုက်တယ်။

နံနက်၇နာရီမှ၉နာရီအထိ ဆေးဝါးစားစရာ လိုရာထွက်ဝယ်ဖွင့်ပေးထားတယ်။

မနက်၉နာရီ ထိုးရင်တော့ အဝင် အထွက်အားလုံးပိတ်လက်မခံ။

ဒါကို အခြားရွာက ဈေးလာရောင်းကြသော အလည်လာကြသော လူအချို့က လက်ဆေးပါ ဆိုတော့ မဆေးနိုင်ဘူး ကိုယ့်ကိုယ်ကိုယုံတယ် ရောဂါမရှိဘူးတဲ့။

ကျုပ်တို့ကလဲ ခပ်ချေချေပဲ မဆေးမဝင်နဲ့ပေါ့ ဖွင့်မပေးနိုင်ဘူး ဆိုတော့…။

ဘယ်ရွာမှ မလုပ်ဘူး သူတို့ရွာကြမှ အတော် ဖင်ခေါင်းကျယ်တဲ့ ရွာတဲ့…။

ကျေးလက်ဒေသဆိုတာ ကျန်းမာရေးဝန်ထမ်းနည်းတယ်။ပစ္စည်းကိရိယာ မစုံပါ ဖြစ်လာရင် တစ်ဦးတစ်ယောက်ထဲ ခံရမှာမဟုတ်။

အမေရိကန်လို ကျုပ်တို့ရွာက မချမ်းသာဘူး။အီတလီ လိုကျုပ်တို့ရွာက မတိုးတတ်ဘူး။

တရုတ်လို အင်အားမကြီးဘူး။

ဒါပေမယ့် အမိမြေကို‌ရှေ့တန်းက ကာကွယ်နေတဲ့ ဆေးဝန်းထမ်းတွေကို ဒုက္ခ ပေးမည့်အထဲ ကျုပ်တို့ကျေးရွာသားတွေ မပါစေရဘူးဆိုတဲ့ လူ့အသိစိတ်ကတော့ ချမ်းသာတယ် ကြွယ်ဝတယ် ဖွံ့ဖြိုးတယ် တိုးတတ်တယ်။

အရာအားလုံး နောက်ရောက်နေပါစေ လူပီသတဲ့ စိတ်ကတော့ ရှေ့ထက်ရှေ့ ဟိုး…ရှေ့မှာ ရှိနေမှာပါ။

ဖင်ခေါင်းကျယ်တဲ့ ရွာလား…?

လူပီသတဲ့ ရွာလား…? ဆုံးဖြတ်ပေးပါ။

Zawgyi















Leave a Comment