အင်္ဂလန်ဘုရင်မကြီးကိုယ်တိုင် ပြန်ပို့ခိုင်းခဲ့ရသော ပြည်တော်ပြန်ဘုရားကြီး၏ ဘုန်းတန်ခိုးကြီးလွန်းသောအစွမ်း
ဘုန်းတန်ခိုးကြီးလွန်းသောကြောင့် အင်္ဂလန်ဘုရင်မကြီး ကိုယ်တိုင် ပြန်ပို့ခိုင်းခဲ့ရသော ပြည်တော်ပြန် ဘုရားကြီး
မဟာသက္ကရာဇ် ၁၁၃ ခုနှစ်တွင် သဗ္ဗညုတ မြတ်စွာဘုရားသည် ရခိုင်ပြည့်ရှင်ဘုရင် စန္ဒသူရိယမင်း ပင့်ဖိတ်မှုကြောင့်
ညီတော် အာနန္ဒာနှင့်တကွ ငါးရာသော ရဟန္တာများ ခြံရံလျှက် ဓညဝတီသို့ ကောင်းကင် ခရီးမှ ကြွချီတော်မူခဲ့ပေသည်။
မြတ်စွာဘုရားရှင်သည် စန္ဒသူရိယမင်းအား မင်းကျင့်တရား ဆယ်ပါးနှင့် ဒါနကထာ စသောတရားများကို ဟောကြားတော်မူလေသည်။ တရားတော်ကို
နာကြားတော်မူရသော ပြည်သူပြည်သားများသည်လဲ သူတော်ကောင်း တရားများကို သရဏဂုံဆောက်တည်ကြလေသည်။
မြတ်စွာဘုရားသည် အခြားသော ဝေနေယျ တို့အား တရားရေအေး တိုက်ကျွေးရန် ဓညဝတီသို့ ပြန်လည် ကြွချီရပေမည်။
စန္ဒသူရိယမင်း သည်လည်း မြတ်စွာဘုရားအား ကိုယ်စားတော် ပုံသွင်းကို သွန်းလုပ်ကိုးကွယ်ခွင့်ပြုတောင်းပန်လျှောက်ထားလေသည်။
မြတ်စွာဘုရားသည်လည်း အသင်ဒါကာ၏ ဆန္ဒကိုလည်းဖြည့်ကာ ငါဘုရား သာသနာတော်အဓွန့်ရှည်ရန် ကိုယ်စားရုပ်ပွားတော် ထားခဲ့ပေအံ့ဟု ခွင့်ပြုတော်မူခဲ့သည်။
ထို့နောက် စန္ဒသူရိယမင်းသည် သီရိဂုဏ်တောင်ပေါ်တွင် ခုနှစ်ရက်တိုင်ခမ်းနားစွာကျင်းပခဲ့လေသည်။ ဘုရှားရှင်သည် သိကြားမင်းနှင့် ဝိသကြုံ နတ်သားတို့ကို ခေါ်ယူကာ ငါကိုယ်တော်နှင့်အတိုင်း အရှည်ပမာဏညီမျှမှန်ကန်သော ရုပ်ရှင်တော်မြတ်အား သွန်းလုပ်စေဟု မိန်ကြားခဲ့လေသည်။ သွန်းလုပ်ပီးသောအခါ ဘုရားရှင်သည် ရင်ငွေ့တော်ခုနှစ်ကြိမ်ပေးခဲ့သဖြင့် မဟာမုနိဘုရားဟု ဘွဲ့တော်ထင်ရှားခဲ့ပါတယ်။
မင်းအဆက်ဆက်ကိုးကွယ်ရာ ဆုတောင်းပြည့်ခဲ့သောကြောင့် ဆုတောင်းပြည့်ဘုရားဟု ဘွဲ့တော်တစ်ခုထပ်တိုးလေခဲ့ပေသည်။ ထို့နောက် အောက်မြန်မာပြည်ကို အင်္ဂလိပ်နယ်ချဲ့တို့ သိမ်းယူပြီး ကြေးဆင်းတုတော်အမြောက်အများနှင့် ကြေးအိုး ၊ ကြေးခွက်အစအနတွေအပြင် မဟာမုနိဘုရားကြီးပါ မကျန် သိမ်းပိုက်ခဲ့သည်။
ဇလွန်မြို့မာရ်အောင်မြင်ဘုရားကိုပါ သိမ်းယူပြီး ဆာဂျွန်ဆင် ဆိုသူကုလားဖြူဗိုလ်က ရွှေဆင်ဆိုသော သင်္ဘောဖြင့် တင်ယူသွားခဲ့ပါတယ်။ အင်္ဂ လန်ပြည် ရောက်ချိန် အရည်ကျိုရန် ပြင်ဆင်ကာမှ အလုပ်သမားများ အကြောင်းမရှိ ဖျားနာသေဆုံးကြပြီး အင်္ဂလန်ဘုရင်မကြီးပါ ကုမရသော ခေါင်းကိုက်ဝေဒနာ ဖြစ်လာသောကြောင့် မြန်မာပြည်သို့ အမြန်ပြန်ပို့ခဲ့ရသည်။
Zawgyi
Leave a Comment