“ မန္တလေးတိုင်းတွင် အလှူရှင်တစ်ဦးတည်းမှ အိမ်ထောင်စု (၅၃၀၀) ကျော်အတွက် ဆန်အိတ်များလှူဒါန်

“ မန္တလေးတိုင်းတွင် အလှူရှင်တစ်ဦးတည်းမှ အိမ်ထောင်စု (၅၃၀၀) ကျော်အတွက် ဆန်အိတ်များလှူဒါန်း ”

မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်မှ အလှူရှင်တစ်ဦးတည်းက အောင်ချမ်းသာရပ်ကွက်ရှိ အိမ်ထောင်စု ၅၃၀၀ ကျော် အတွက် ဆန်၂၄ ပြည်ပါဆန်အိတ် တစ်အိတ်နှုန်းဖြင့်လှူဒါန်းနေကြောင်း သိရသည်။

“အလှူရှင်က မိုးကုတ်မြို့၊ အောင် ချမ်းသာရပ်က ဦးတင့်ဆွေ၊ဒေါ်အလေးမိသားစုကနေလှူဒါန်းတာပါ ၊ခုလိုကို ဗစ် ကာလမှာမရှိဆင်းရဲသူတွေအတွက် ဆန်တစ်အိတ်ကတော်တော်လေးအဆင်ပြေပါတယ်။

လက်လုပ်လက်စားဖြစ်တဲ့အိမ်ထောင်စုတွေကလဲခုချိန်မှာဘာမှ မလုပ်နိုင်တော့အများကြီး အထောက် အကူရပါတယ်”ဟုမိုးကုတ်မြို့နယ်မဲဆန္ဒနယ်အမှတ်၂တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းတင်ကပြောသည်။

မိုးကုတ်မြို့တွင် ဆင်းရဲနွမ်းပါးသည့် ရပ်ကွက် နေပြည်သူများအား ရန်ကုန်၊မန္တလေးတို့တွင် နေထိုင် သည့် မိုးကုတ်သားကုန်သည်ကြီးများ က နေရပ်များသို့ပြန်လာပြီး မိုးကုတ်၊ကျပ်ပြင်းရပ်ကွက် များနှင့် မိဘမဲ့ ဂေဟာ၊ ကျောင်းများသို့ ဆန်၊ဆီများမကြာခဏလှူဒါန်းပေးနေခြင်းများ လည်းရှိကြောင်း သိရသည်။

Zawgyi

“ မႏၲေလးတိုင္းတြင္ အလႉရွင္တစ္ဦးတည္းမွ အိမ္ေထာင္စု (၅၃၀၀) ေက်ာ္အတြက္ ဆန္အိတ္မ်ားလႉဒါန္း ”

မႏၲေလးတိုင္းေဒသႀကီး၊ မိုးကုတ္ၿမိဳ႕နယ္မွ အလႉရွင္တစ္ဦးတည္းက ေအာင္ခ်မ္းသာရပ္ကြက္ရွိ အိမ္ေထာင္စု ၅၃၀၀ ေက်ာ္ အတြက္ ဆန္၂၄ ျပည္ပါဆန္အိတ္ တစ္အိတ္ႏႈန္းျဖင့္လႉဒါန္းေနေၾကာင္း သိရသည္။

“အလႉရွင္က မိုးကုတ္ၿမိဳ႕၊ ေအာင္ ခ်မ္းသာရပ္က ဦးတင့္ေဆြ၊ေဒၚအေလးမိသားစုကေနလႉဒါန္းတာပါ ၊ခုလိုကို ဗစ္ ကာလမွာမရွိဆင္းရဲသူေတြအတြက္ ဆန္တစ္အိတ္ကေတာ္ေတာ္ေလးအဆင္ေျပပါတယ္။

လက္လုပ္လက္စားျဖစ္တဲ့အိမ္ေထာင္စုေတြကလဲခုခ်ိန္မွာဘာမွ မလုပ္ႏိုင္ေတာ့အမ်ားႀကီး အေထာက္ အကူရပါတယ္”ဟုမိုးကုတ္ၿမိဳ႕နယ္မဲဆႏၵနယ္အမွတ္၂တိုင္းေဒသႀကီး လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေသာင္းတင္ကေျပာသည္။

မိုးကုတ္ၿမိဳ႕တြင္ ဆင္းရဲႏြမ္းပါးသည့္ ရပ္ကြက္ ေနျပည္သူမ်ားအား ရန္ကုန္၊မႏၲေလးတို႔တြင္ ေနထိုင္ သည့္ မိုးကုတ္သားကုန္သည္ႀကီးမ်ား က ေနရပ္မ်ားသို႔ျပန္လာၿပီး မိုးကုတ္၊က်ပ္ျပင္းရပ္ကြက္ မ်ားႏွင့္ မိဘမဲ့ ေဂဟာ၊ ေက်ာင္းမ်ားသို႔ ဆန္၊ဆီမ်ားမၾကာခဏလႉဒါန္းေပးေနျခင္းမ်ား လည္းရွိေၾကာင္း သိရသည္။

Leave a Comment