အိမ်နဲ့ မြတ်နိုးစွာ သိမ်းဆည်းထားတဲ့ လက်မှုပစ္စည်းတွေကိုရောင်းချပြီး အောက်ဆီဂျင်အိုးတွေ လှူဒါန်းပေးမယ့် ဆရာဝန်

အိမ်နဲ့ မြတ်နိုးစွာ သိမ်းဆည်းထားတဲ့ လက်မှုပစ္စည်းတွေကိုရောင်းချပြီး အောက်ဆီဂျင်အိုးတွေ လှူဒါန်းပေးမယ့် ဆရာဝန်

မြန်မာ နိုင်ငံမှာ ကိုဗစ် ရောဂါ ကြောင့် အော က်ဆီဂျင် မလုံလောက်တဲ့ ပြဿနာတွေကို နေရာ အနှံ့အပြားက ပြည်သူတွေ ကြုံတွေ့ ရင်ဆိုင် နေပါတယ် အောက်ဆီဂျင် ပြတ်လပ်မှု တွေကြောင့်သေဆုံးကြ သူတွေလည်း တစ်နေ့ ထက် တစ်နေ့ မနည်း တော့ပါဘူး။

ဒါ့ကြောင့် ခုဆိုရင် တတ်နိုင်သလောက် အလှူရှင် ပြည်သူတွေ ပရဟိတ အသ င်းတွေ ပူးပေါင်းပြီး အောက်ဆီဂျင် လုံလောက်အောင် ဝယ်ယူ လှူဒါန်းမှုတွေ ပြုလုပ် နေပါပြီ။ အခုလည်း ဆရာဝန် တစ်ဦးက သူရဲ့ နေအိမ်နဲ့ မြတ်မြတ်နိုးနိုး သိမ်းဆည်း ထားတဲ့ အဖိုးတန် လက်မှု ပစ္စည်းများကိုပါ ရောင်းချကာ အောက်

ဆီဂျင် လိုအပ်နေ သူအတွက် လှူဒါန်းပေး မယ့်အ ကြောင်းကို ” ကျွန်တော့် နေအိမ် မင်္ဂလာကောကျွ န်တော် စုဆောင်း ထိန်းသိမ်းထားတဲ့ လက်မှု ပစ္စ ည်းများ ကိုပါယ တစ်စု တစ်ဝေးထဲ ရောင်းချပြီးအောက်စီဂျင် အိုးလှူဒါန်းရန်နှင့် အဆင်မပြေ သူ များအား စားစရာများ ဆေးဝါ နှင့် ငွေကြေးများ လှူဒါန်းလို ပါသောကြောင့် တစ်မျိုးခြင်းစီ ခွဲပြီးမရောင်းချ ပေးတာကို နားလည် ပေးစေချင် ပါတယ်ခင်ဗျာ ” ဆိုပြီး ဖော်ပြထား ပါတယ်။ ဒါ့အပြင် အရင် ကလည်း အောက်စီဂျင်အိုး (၅၂၈) လုံးကို လှူဒါန်း ထားသေးတယ် လို့လည်း သိရပါတယ် ။ ပိုင်ဆိုင်သမျှ တွေကို စွန့်လွှတ်ပြီး အများ အတွက် လှူဒါန်းပေး ချင်စိတ်က လေးက တစ်ကယ်ကို လေးစား စရာပါပဲ ။

အခုလို ပြည်သူတွေ ကြောင့်လည်း မကြာခင်မှာ အောက်ဆီဂျင် မလုံလောက်မှု ပြဿနာတွေ အမြန်ဆုံး အဆင်ပြေ သွားမယ်လို့ ယုံကြည်မိတာ အမှန်ပါပဲ ပရိသတ်ကြီး အတွ က် ဒီသတင်းလေးကို ပြန် ဝေမျှပေးရင်း အားလုံး ဂရုတစိုက် နေထိုင်ကာ ဒီရောဂါ ကပ်ဆိုးကြီး က နေ ကင်းဝေးကြပါစေ ဆုတောင် းပေးလိုက်ပါတယ် ။

Zawgyi






Leave a Comment