ဝါဆိုသင်္ကန်း ကပ်လှူရခြင်းအကျိုး (၇) မျိုး [မနက်ဖြန် ဝါဝင်ပါပြီ ဓမ္မမိတ်ဆွေတို့]

ဗုဒ္ဓဘာသာဝင်တို့၏ ဝါတွင်းကာလ နီးလာပြီဖြစ်လို့ ဝါဆိုသင်္ကန်းကပ်လှူဒါန်းလျှင် ရရှိနိုင်သည့် ကောင်းကျိုးတွေကို ရေးသား၍ ဓမ္မဒါနပြုလိုက်ပါတယ်…။ဗုဒ္ဓဘာသာဝင်တို့သည် ဝါတွင်းအခါကာလမှာ နီးစပ်ရာ သံဃာတော်များသီတင်းသုံးရာကျောင်းတိုက်တို့မှာ အဖွဲ့အစည်းဖြင့်လည်းကောင်း၊မိသားစု ဖြင့်လည်းကောင်း၊တစ်ဦးတစ်ယောက်ထဲသော် လည်းကောင်း…။ကျောင်းတိုက်ရှိ သံဃာတော်များအား ဝါဆိုသင်္ကန်း ကပ်လှူဒါန်းလေ့ရှိကြပါတယ်။

ထိုသို့ သံဃာတော်များအား မိမိတို့၏ ချွေးနည်းစာဖြင့် ဝါဆိုသင်္ကန်းများ ကပ်လှူဒါန်သည့်အခါ……။ထိုအလှူကို အ ကြောင်းပြု၍ ကောင်းကျိုးတွေဘယ်လောက်ရသလဲဆိုတာသိရင် မိမိတို့၏ အလှူဒါနအပေါ်မှာ ပိုပြီးတော့ ဝမ်းမြောက်ဝမ်းသာဖြစ်ရပါတယ်…။ပို၍လည်း အကျိုးပေးထက်သန်ပါတယ်။ ဒါမို့ကြောင့် ဝါဆို သင်္ကန်းပေးလှူဒါန်းရသဖြင့် မိမိတို့ရရှိနိုင်သည့် ကောင်းကျိုးတရားများကို တစ်ခုချင်းစီသိထားသင့်ပါတယ်……။

သံဃာတော်တို့အား ဝါဆိုသင်္ကန်းကပ်လှူဒါန်းသူတို့သည် နိဗ္ဗာန်ကိုမျက်မှောက်မပြုခင် စပ်ကြား ဘဝသံသရာမှာ ကျင်လည်သမျှ ဘဝတွေ မှာ လူချမ်းသာ၊ နတ်ချမ်းသာတွေဖြစ်၍ ကောင်းကျိုးတရား(၇)ပါးကိုရရှိနိုင်ပါတယ်……။ (၁) အဝတ်၊ အထည်အ တွက် စိုးရိမ်မှုတွေကင်းခြင်း ဆိုတဲ့အကျိုးတရားကိုရရှိနိုင်ပါတယ်။(၂) ရုပ်ဆင်းအင်္ဂါပြည့်စုံညီညာ၍ ရွှေရောင်အဆင်း ဖြင့် တင့်တယ်လှပခြင်းဆိုတဲ့ အကျိုးတရားကို ရရှိနိုင်ပါတယ်။(၃) ခုနှစ်ဆောင်တိုက်ခန်းမှာ မီးမထွန်းဘဲလင်းတဲ့ ပပဝတီမင်းသမီးလေးလို ခန္ဓာကိုယ်မှ အရောင် လင်းခြင်းဆိုတဲ့ အကျိုးတရားကိုရရှိနိုင်ပါတယ်။(၄) အသားအရေ နုညပ်ချောမွေ့ပြီးတော့ သူမတူအောင် ချောမောလှပတင့်တယ်ခြင်းဆိုတဲ့ အကျိုးတရားကို ရရှိနိုင်ပါတယ်။

(၅) မျက်နှာ အစရှိသည့် ခန္ဓာကိုအင်္ဂါအစိတ်အပိုင်း တို့မှာ မှည့်ခြောက်၊တင်းတိတ်၊ ဝက်ခြံအစရှိသည် များ လုံးဝကင်းရှင်းပြီးတော့ ခေတ်ပေါ်အလှပြင် ပစ္စည်းတို့ဖြင့် လုံးဝ လိမ်းခြယ်ခြင်းမပြုရဘဲ နဂိုပင်ကို သဘာဝအလှပိုင်ရှင်များဖြစ်နိုင်ခြင်းအကျိုးကို ရရှိနိုင်ပါတယ်။(၆) ခေတ်ကာလလျောက် ပေါ်ပေါက်လာသည့် အဝတ်အထည်တို့ကို မိမိတို့စိတ်ထဲက အခုပေါ်နေ တဲ့ အဝတ်ထည်းလေးဝတ်ချင်လိုက်တာလို့ စိတ်ထဲ ကတောင်တလိုက်ရုံလေးနဲ့ ထိုအဝတ်အထည်တို့ သည် မိမိထံသို့ တစ်ဦးတစ်ယောက်က လက်ဆောင် ပေးလို့သော်လည်းကောင်း…။ဝယ်ပေးလို့သော် လည်းကောင်း၊ ပုံစံတစ်မျိုးမျိုးဖြင့် မိမိလက်သို့ရောက်ရှိ လာနိုင်ခြင်းဆိုတဲ့ အကျိုးတရားကိုရရှိနိုင်ပါတယ်။

အထက်ပါဖော်ပြခဲ့သည့် ကောင်းကျိုးတရားတို့ သည် လောကီကောင်းကျိုးချမ်းသာများသာဖြစ်၏။ လောကုတ္တရာကောင်းကျိူးချမ်းသာများမဟုတ်ပါ…။(၇) ဝါဆိုသင်္ကန်းလှူဒါန်ဖူးသူ အလှူရှင်သည် ဘဝ သံသရာတစ်ကွေ့မှာ အကယ်၍များ ဘုရားတစ်ဆူဆူဖြင့် ကံအားလျော်စွာ တွေ့ကြုံဖူးမျှော်ခွင့်ရသည် ရှိသော် ထိုဘုရားရှင်သည် ဝါဆိုသင်္ကန်းလှူဒါန်းဖူးခဲ့ သော ကောင်းမှုရှင်ကို (ဧဟိ ဘိက္ခု)ခေါ်လိုက်ရုံဖြင့်…။ခန္ဓာကိုယ်မှာဝတ်ဆင်ထားသည့် အဝတ်တို့သည် သူ့ အလိုလို ပျောက်ကွယ်၍ ရဟန်းအသွင်ဖြစ်ကာ ဧဟိဘိက္ခုရဟန္တာကြီးဖြစ်ရခြင်းဆိုတဲ့ လောကုတ္တရာ ချမ်းသာအကျိုးကိုရရှိနိုင်ပါတယ်…။

ဝါဆိုသင်္ကန်းကပ်လှူဒါန်းခြင်းကုသိုလ်သည် အထက်ပါဖော်ပြခဲ့သည့် လောကီးကောင်းကျိုးချမ်းသာ၊လောကုတ္တရာကောင်းကျိုးချမ်းသာ အဖြာဖြာတို့ကို ရရှိနိုင်မှာဖြစ် လို့ ဗုဒ္ဓဘာသာဝင်သူတော်စင်တို့သည်…။ဝါတွင်းကာလ၌ မိမိတို့ စွမ်းနိုင်သလောက် နီးစပ်ရာ သံဃာတော်တို့ အား ဝါဆိုသင်္ကန်းအလှူကို တစ်ဦးတည်းဖြစ်စေမိသားစုဖြင့်ဖြစ်စေ၊ အသင်းအဖွဲဖြင့်ဖြစ်စေ လှူဒါန်းကြပါလို့ တိုက်တွန်းနှိုူဆော်ရင်း ဤဓမ္မစာစုလေးကို အဆုံးသတ်လိုက်ပါတယ်…။
(အောင်မော်စံဆရာတော်)

Zawgyi

ဗုဒၶဘာသာဝင္တို႔၏ ဝါတြင္းကာလ နီးလာၿပီျဖစ္လို႔ ဝါဆိုသကၤန္းကပ္လႉဒါန္းလွ်င္ ရရွိႏိုင္သည့္ ေကာင္းက်ိဳးေတြကို ေရးသား၍ ဓမၼဒါနျပဳလိုက္ပါတယ္…။ဗုဒၶဘာသာဝင္တို႔သည္ ဝါတြင္းအခါကာလမွာ နီးစပ္ရာ သံဃာေတာ္မ်ားသီတင္းသုံးရာေက်ာင္းတိုက္တို႔မွာ အဖြဲ႕အစည္းျဖင့္လည္းေကာင္း၊မိသားစု ျဖင့္လည္းေကာင္း၊တစ္ဦးတစ္ေယာက္ထဲေသာ္ လည္းေကာင္း…။ေက်ာင္းတိုက္ရွိ သံဃာေတာ္မ်ားအား ဝါဆိုသကၤန္း ကပ္လႉဒါန္းေလ့ရွိၾကပါတယ္။

ထိုသို႔ သံဃာေတာ္မ်ားအား မိမိတို႔၏ ေခြၽးနည္းစာျဖင့္ ဝါဆိုသကၤန္းမ်ား ကပ္လႉဒါန္သည့္အခါ……။ထိုအလႉကို အ ေၾကာင္းျပဳ၍ ေကာင္းက်ိဳးေတြဘယ္ေလာက္ရသလဲဆိုတာသိရင္ မိမိတို႔၏ အလႉဒါနအေပၚမွာ ပိုၿပီးေတာ့ ဝမ္းေျမာက္ဝမ္းသာျဖစ္ရပါတယ္…။ပို၍လည္း အက်ိဳးေပးထက္သန္ပါတယ္။ ဒါမို႔ေၾကာင့္ ဝါဆို သကၤန္းေပးလႉဒါန္းရသျဖင့္ မိမိတို႔ရရွိႏိုင္သည့္ ေကာင္းက်ိဳးတရားမ်ားကို တစ္ခုခ်င္းစီသိထားသင့္ပါတယ္……။

သံဃာေတာ္တို႔အား ဝါဆိုသကၤန္းကပ္လႉဒါန္းသူတို႔သည္ နိဗၺာန္ကိုမ်က္ေမွာက္မျပဳခင္ စပ္ၾကား ဘဝသံသရာမွာ က်င္လည္သမွ် ဘဝေတြ မွာ လူခ်မ္းသာ၊ နတ္ခ်မ္းသာေတြျဖစ္၍ ေကာင္းက်ိဳးတရား(၇)ပါးကိုရရွိႏိုင္ပါတယ္……။ (၁) အဝတ္၊ အထည္အ တြက္ စိုးရိမ္မႈေတြကင္းျခင္း ဆိုတဲ့အက်ိဳးတရားကိုရရွိႏိုင္ပါတယ္။(၂) ႐ုပ္ဆင္းအဂၤါျပည့္စုံညီညာ၍ ေ႐ႊေရာင္အဆင္း ျဖင့္ တင့္တယ္လွပျခင္းဆိုတဲ့ အက်ိဳးတရားကို ရရွိႏိုင္ပါတယ္။(၃) ခုႏွစ္ေဆာင္တိုက္ခန္းမွာ မီးမထြန္းဘဲလင္းတဲ့ ပပဝတီမင္းသမီးေလးလို ခႏၶာကိုယ္မွ အေရာင္ လင္းျခင္းဆိုတဲ့ အက်ိဳးတရားကိုရရွိႏိုင္ပါတယ္။(၄) အသားအေရ ႏုညပ္ေခ်ာေမြ႕ၿပီးေတာ့ သူမတူေအာင္ ေခ်ာေမာလွပတင့္တယ္ျခင္းဆိုတဲ့ အက်ိဳးတရားကို ရရွိႏိုင္ပါတယ္။

(၅) မ်က္ႏွာ အစရွိသည့္ ခႏၶာကိုအဂၤါအစိတ္အပိုင္း တို႔မွာ မွည့္ေျခာက္၊တင္းတိတ္၊ ဝက္ၿခံအစရွိသည္ မ်ား လုံးဝကင္းရွင္းၿပီးေတာ့ ေခတ္ေပၚအလွျပင္ ပစၥည္းတို႔ျဖင့္ လုံးဝ လိမ္းျခယ္ျခင္းမျပဳရဘဲ နဂိုပင္ကို သဘာဝအလွပိုင္ရွင္မ်ားျဖစ္ႏိုင္ျခင္းအက်ိဳးကို ရရွိႏိုင္ပါတယ္။(၆) ေခတ္ကာလေလ်ာက္ ေပၚေပါက္လာသည့္ အဝတ္အထည္တို႔ကို မိမိတို႔စိတ္ထဲက အခုေပၚေန တဲ့ အဝတ္ထည္းေလးဝတ္ခ်င္လိုက္တာလို႔ စိတ္ထဲ ကေတာင္တလိုက္႐ုံေလးနဲ႔ ထိုအဝတ္အထည္တို႔ သည္ မိမိထံသို႔ တစ္ဦးတစ္ေယာက္က လက္ေဆာင္ ေပးလို႔ေသာ္လည္းေကာင္း…။ဝယ္ေပးလို႔ေသာ္ လည္းေကာင္း၊ ပုံစံတစ္မ်ိဳးမ်ိဳးျဖင့္ မိမိလက္သို႔ေရာက္ရွိ လာႏိုင္ျခင္းဆိုတဲ့ အက်ိဳးတရားကိုရရွိႏိုင္ပါတယ္။

အထက္ပါေဖာ္ျပခဲ့သည့္ ေကာင္းက်ိဳးတရားတို႔ သည္ ေလာကီေကာင္းက်ိဳးခ်မ္းသာမ်ားသာျဖစ္၏။ ေလာကုတၱရာေကာင္းက်ိဴးခ်မ္းသာမ်ားမဟုတ္ပါ…။(၇) ဝါဆိုသကၤန္းလႉဒါန္ဖူးသူ အလႉရွင္သည္ ဘဝ သံသရာတစ္ေကြ႕မွာ အကယ္၍မ်ား ဘုရားတစ္ဆူဆူျဖင့္ ကံအားေလ်ာ္စြာ ေတြ႕ႀကဳံဖူးေမွ်ာ္ခြင့္ရသည္ ရွိေသာ္ ထိုဘုရားရွင္သည္ ဝါဆိုသကၤန္းလႉဒါန္းဖူးခဲ့ ေသာ ေကာင္းမႈရွင္ကို (ဧဟိ ဘိကၡဳ)ေခၚလိုက္႐ုံျဖင့္…။ခႏၶာကိုယ္မွာဝတ္ဆင္ထားသည့္ အဝတ္တို႔သည္ သူ႔ အလိုလို ေပ်ာက္ကြယ္၍ ရဟန္းအသြင္ျဖစ္ကာ ဧဟိဘိကၡဳရဟႏၲာႀကီးျဖစ္ရျခင္းဆိုတဲ့ ေလာကုတၱရာ ခ်မ္းသာအက်ိဳးကိုရရွိႏိုင္ပါတယ္…။

ဝါဆိုသကၤန္းကပ္လႉဒါန္းျခင္းကုသိုလ္သည္ အထက္ပါေဖာ္ျပခဲ့သည့္ ေလာကီးေကာင္းက်ိဳးခ်မ္းသာ၊ေလာကုတၱရာေကာင္းက်ိဳးခ်မ္းသာ အျဖာျဖာတို႔ကို ရရွိႏိုင္မွာျဖစ္ လို႔ ဗုဒၶဘာသာဝင္သူေတာ္စင္တို႔သည္…။ဝါတြင္းကာလ၌ မိမိတို႔ စြမ္းႏိုင္သေလာက္ နီးစပ္ရာ သံဃာေတာ္တို႔ အား ဝါဆိုသကၤန္းအလႉကို တစ္ဦးတည္းျဖစ္ေစမိသားစုျဖင့္ျဖစ္ေစ၊ အသင္းအဖြဲျဖင့္ျဖစ္ေစ လႉဒါန္းၾကပါလို႔ တိုက္တြန္းႏႈိူေဆာ္ရင္း ဤဓမၼစာစုေလးကို အဆုံးသတ္လိုက္ပါတယ္…။
(ေအာင္ေမာ္စံဆရာေတာ္)

Leave a Comment