ကြက်ဥ ၁ လုံးကို (၅)ကျပ် ၁၀ လုံးကို (၅၀)ကျပ်နဲ့ မြေနီကုန်းမှာ ဒီကနေ့ ဝယ်လို့ရပြီ

ကြက်ဥ ၁ လုံးကို (၅)ကျပ် ၁၀ လုံးကို (၅၀)ကျပ်နဲ့ မြေနီကုန်းမှာ ဒီကနေ့ ဝယ်လို့ရပြီ

ပရိသတ်ကြီးရေ အခုချိန်မှာ ကြက်ဥစျေးဟာ ရွှေစျေးလိုဖြစ်နေတာ အားလုံးအသိပါ ဝယ်ယူသူတွေများပြားနေတာကြောင့် ကြက်ခြံတွေက ပဲစျေးတင်ရောင်းတာလား ကြက်ဥဒိုင်ကပဲ စျေးတင်ရောင်းနေတာလားဆိုတာတော့ သေချာမသိပါဘူးခဗျ

သို့ပေမဲ့ လောကမှာ မကောင်းတဲ့သူတွေရှိသလို ကောင်းတဲ့သူတွေလဲရှိပါသေးတယ်ဆိုတာ ဒီလုပ်ရပ်လေးက သက်သေပြလိုက်ပါတယ်

မလှူတတ်ရင် စျေးရောင်းဆိုတဲ့စကားလေးနဲ့ အညီပဲ မြေနီကုန်းမှ စေတနာရှင်တစ်ဦးဟာ မိုးထိနေတဲ့ ကြက်ဥစျေးကို မမှုပဲ ပြည်သူတွေကို တစ်လုံး ငါး ကျပ်နဲ့ပြန်လည်ရောင်းချပေးမှာပဲဖြစ်ပါတယ် ဒီအကြောင်းလေးကို လူမှုကွန်ယက်ကနေအခုလို မျှဝေထားတာဖြစ်ပါတယ်

ကြက်ဥ ၁ လုံး ကို (၅)ကျပ် ၁၀ လုံး ကို (၅၀)ကျပ် နဲ့ မနက်ဖန်မှာ ဝယ်ယူ နိုင်ပါတယ် ခင်ဗျာ။ကြက်ဥ ၁လုံး ကို (၅)ကျပ် ၁၀လုံး ကို (၅၀)ကျပ် နဲ့ Flannel Box ဆိုင်မှာ ဝယ်ယူ နိုင်ပါတယ် ခင်ဗျာ။(၅)ကျပ်တန်မှ မဟုတ်ပဲ (၅ဝ)ကျပ်တန်နှင့်လဲ ဝယ်ယူလို့ရပါတယ်ခင်ဗျာ

တစ်ဦး ကို ၁၀ လုံးဝယ်ယူ နိုင်မှာ ဖြစ်ပါတယ် လူ အယောက် ၁၅၀ အတွက် အလုံး ၁၅၀၀ ရောင်းမှာဖြစ်ပါတယ် ခင်ဗျာ။ကျန်းမာရေး ဂရုစိုက်ပါ အားရှိတဲ့ အစားစား စားပါ။22ရက်7လ (ဒီကနေ့) ညနေ 4:00 မှ စ၍ ဝယ်လို့ရပါပြီခင်ဗျာ

လူစု လူဝေး မဖြစ်စေရန် မကုန်မချင်း ထိုင်ရောင်းမှာ ဖြစ်လို့ ဖြည်းဖြည်းနဲ့ အေးဆေး လာခဲ့ လို့ရပါတယ် ဗျာ

အဆင်ပြေတဲ့ ငွေစက္ကူ ယူလာလို့ ရပါတယ် ပိုငွေ ပြန်အမ်း ပေးပါ့မယ် ခင်ဗျာ။Only Flannel Box မြေနီကုန်း ။No-290,မြေညီထပ်, ပြည်လမ်း, မြေနီကုန်းတံတာ အဆင်း

(တံတားအောက်ကလာရင် ပိုအဆင်ပြေပါတယ်), မဟာမြိုင်မှတ်တိုင်အနီး ဖုန်း 09450164494

Zawgyi

ၾကက္ဥ ၁ လုံးကို (၅)က်ပ္ ၁၀ လုံးကို (၅၀)က်ပ္နဲ႔ ေျမနီကုန္းမွာ ဒီကေန႔ ဝယ္လို႔ရၿပီ

ပရိသတ္ႀကီးေရ အခုခ်ိန္မွာ ၾကက္ဥေစ်းဟာ ေ႐ႊေစ်းလိုျဖစ္ေနတာ အားလုံးအသိပါ ဝယ္ယူသူေတြမ်ားျပားေနတာေၾကာင့္ ၾကက္ၿခံေတြက ပဲေစ်းတင္ေရာင္းတာလား ၾကက္ဥဒိုင္ကပဲ ေစ်းတင္ေရာင္းေနတာလားဆိုတာေတာ့ ေသခ်ာမသိပါဘူးခဗ်

သို႔ေပမဲ့ ေလာကမွာ မေကာင္းတဲ့သူေတြရွိသလို ေကာင္းတဲ့သူေတြလဲရွိပါေသးတယ္ဆိုတာ ဒီလုပ္ရပ္ေလးက သက္ေသျပလိုက္ပါတယ္

မလႉတတ္ရင္ ေစ်းေရာင္းဆိုတဲ့စကားေလးနဲ႔ အညီပဲ ေျမနီကုန္းမွ ေစတနာရွင္တစ္ဦးဟာ မိုးထိေနတဲ့ ၾကက္ဥေစ်းကို မမႈပဲ ျပည္သူေတြကို တစ္လုံး ငါး က်ပ္နဲ႔ျပန္လည္ေရာင္းခ်ေပးမွာပဲျဖစ္ပါတယ္ ဒီအေၾကာင္းေလးကို လူမႈကြန္ယက္ကေနအခုလို မွ်ေဝထားတာျဖစ္ပါတယ္

ၾကက္ဥ ၁ လုံး ကို (၅)က်ပ္ ၁၀ လုံး ကို (၅၀)က်ပ္ နဲ႔ မနက္ဖန္မွာ ဝယ္ယူ ႏိုင္ပါတယ္ ခင္ဗ်ာ။ၾကက္ဥ ၁လုံး ကို (၅)က်ပ္ ၁၀လုံး ကို (၅၀)က်ပ္ နဲ႔ Flannel Box ဆိုင္မွာ ဝယ္ယူ ႏိုင္ပါတယ္ ခင္ဗ်ာ။(၅)က်ပ္တန္မွ မဟုတ္ပဲ (၅ဝ)က်ပ္တန္ႏွင့္လဲ ဝယ္ယူလို႔ရပါတယ္ခင္ဗ်ာ

တစ္ဦး ကို ၁၀ လုံးဝယ္ယူ ႏိုင္မွာ ျဖစ္ပါတယ္ လူ အေယာက္ ၁၅၀ အတြက္ အလုံး ၁၅၀၀ ေရာင္းမွာျဖစ္ပါတယ္ ခင္ဗ်ာ။က်န္းမာေရး ဂ႐ုစိုက္ပါ အားရွိတဲ့ အစားစား စားပါ။22ရက္7လ (ဒီကေန႔) ညေန 4:00 မွ စ၍ ဝယ္လို႔ရပါၿပီခင္ဗ်ာ

လူစု လူေဝး မျဖစ္ေစရန္ မကုန္မခ်င္း ထိုင္ေရာင္းမွာ ျဖစ္လို႔ ျဖည္းျဖည္းနဲ႔ ေအးေဆး လာခဲ့ လို႔ရပါတယ္ ဗ်ာ

အဆင္ေျပတဲ့ ေငြစကၠဴ ယူလာလို႔ ရပါတယ္ ပိုေငြ ျပန္အမ္း ေပးပါ့မယ္ ခင္ဗ်ာ။Only Flannel Box ေျမနီကုန္း ။No-290,ေျမညီထပ္, ျပည္လမ္း, ေျမနီကုန္းတံတာ အဆင္း

(တံတားေအာက္ကလာရင္ ပိုအဆင္ေျပပါတယ္), မဟာၿမိဳင္မွတ္တိုင္အနီး ဖုန္း 09450164494

Leave a Comment