လူတွေရဲ့အမြင်မှာ သင်က ဘယ်လိုလူတစ်ယောက်လဲဆိုတာ ပြောပြပေးမယ်

လူတွေရဲ့အမြင်မှာ သင်က ဘယ်လိုလူတစ်ယောက်လဲဆိုတာ ပြောပြပေးမယ်

နံပါတ် ၁ အမျိုးသမီး


လူတွေရဲ့အမြင်မှာ သင်ဟာ သိုသိုသိပ်သိပ်နဲ့ လျှို့ဝှက်စွာနေတတ်ပြီး သင့်ခံစားချက်တွေကို အလွယ်တကူ ရင်မဖွင့်တတ်သူတစ်ယောက်ပါ။

ဒါပေမယ့် သင်နဲ့ရင်နှီးတဲ့လူတွေအမြင်မှာတော့ သင်ဟာ လူတိုင်းအတွက် ယုံကြည်အားကိုးရတဲ့ လူတစ်ယောက်ဖြစ်နေတတ်ပြီး

အကူအညီတောင်းလာရင်လည်း ဘယ်တော့မှ ငြင်းဆန်လေ့မရှိပဲ တတ်နိုင်သလောက် ကူညီဖေးမတတ်သူတစ်ယောက်ပါ။

မိမိကြောင့် တခြားလူတွေ အနှောင့်အယှက်ဖြစ်သွားမှာ အလွန်တရာ စိုးရိမ်နေတတ်တဲ့အတွက် ဘယ်သူ့ကိုမှ အကူအညီတောင်းလေ့မရှိပဲ မိမိဘာသာဖြစ်အောင် လုပ်ဆောင်တတ်ပါတယ်။

နံပါတ် ၂ အမျိုးသမီး


လူတွေအမြင်မှာ သင်ဟာ ဉာဏ်အမြော်အမြင်ရှိပြီး လူတိုင်းက လေးစားအားကျရတဲ့ တာဝန်ယူတတ်တဲ့ ခေါင်းဆောင်ကောင်းတစ်ယောက်ပါ။

သူစိမ်းတွေအမြင်မှာတော့ သင်ဟာ ခပ်တည်တည်နေတတ်တဲ့သူတစ်ယောက်ဆိုပေမယ့် တကယ့်လက်တွေ့မှာတော့ သင်ဟာ ပေါင်းသင်းဆက်ဆံရေးကောင်းသူဖြစ်ပြီး မိမိရဲ့အားနည်းချက်ကို တခြားလူတွေကို ပေးမသိပါဘူး။

ဒါပေမယ့် သင်နဲ့ရင်းနှီးတဲ့လူတွေအမြင်မှာတော့ သင်ဟာ သတ္တိရှိပြီး လေးစားဖို့ကောင်းတဲ့အပြင် အကောင်းမြင်ဝါဒရှိသူတစ်ယောက်ပါ။

ရင့်ကျက်တဲ့ အတွေးအခေါ်ကို ပိုင်ဆိုင်ထားပေမယ့် သည်းခံစွမ်းရည် ကျော်လွန်သွားရင်တော့ ထိထိရောက်ရောက် ပြောဆိုတုံ့ပြန်တတ်ပါတယ်။

နံပါတ် ၃ အမျိုးသမီး


လူတွေအမြင်မှာတော့ သင်ဟာ သင့်ဘေးကလူတွေကို ကြင်နာသနားတတ်ပြီး သူတို့အတွက်ဆိုရင် ဘာမဆို ပေးဆပ်ရဲသူတစ်ယောက်ပါ။

သင်နဲ့ရင်းနှီးတဲ့လူတွေအမြင်မှာတော့ သင်ဟာ လူတစ်ယောက်အကြောင်းကို ဘယ်တော့မှ ပထမအမြင်နဲ့ ဆုံးဖြတ်လေ့မရှိပါဘူး။

စိတ်ဓာတ်ကြံ့ခိုင်တဲ့လူတစ်ယောက်ပုံစံ နေနေပေမယ့် အတွင်းပိုင်းမှာတော့ သင်ဟာ နူးညံ့သိမ်မွေ့ပြီး အထိအခိုက်မခံတဲ့ နှလုံးသားကို ပိုင်ဆိုင်ထားပါတယ်။

မိတ်ဆွေသူငယ်ချင်းတွေအတွက် ယုံကြည်အားထားရပြီး စစ်မှန်တဲ့လူတစ်ယောက်ပါ။ ဆုံးဖြတ်ချက်ရမယ့်အလုပ်တွေကို မုန်းတီးတတ်ပါတယ်။

နံပါတ် ၄ အမျိုးသမီး


လူတွေအမြင်မှာတော့ သင်ဟာ တည်ငြိမ်ရင့်ကျက်ပြီး တာဝန်ယူတတ်သူတစ်ယောက်ပါ။

ဒါ့အပြင် အားအင်အပြည့်နဲ့ ပျော်ပျော်နေတတ်ပြီး သူတစ်ပါးကို မှီခိုအားကိုးလေ့မရှိပဲ မိမိခြေထောက်ပေါ် ရပ်တည်အောင် ကြိုးစားတတ်သူပါ။

သင်နဲ့ရင်းနှီးတဲ့လူတွေအမြင်မှာတော့ သင်ဟာ အနည်းငယ်အပျင်းကြီးပေမယ့် ပြဿနာတွေကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ရင်ဆိုင်ဖြေရှင်းနိုင်လောက်အောင် ဉာဏ်ကောင်းသူတစ်ယောက်ပါ။

ပြီးပြည့်စုံနေတဲ့ လူတစ်ယောက်လို့ အများအမြင်မှာ ဟန်ဆောင်နေတတ်ပြီး မိမိရဲ့ရင်တွင်းခံစားချက်တွေကို တော်ရုံပေးမသိပါဘူး။

Zawgyi

လူေတြရဲ႕အျမင္မွာ သင္က ဘယ္လိုလူတစ္ေယာက္လဲဆိုတာ ေျပာျပေပးမယ္

နံပါတ္ ၁ အမ်ိဳးသမီး


လူေတြရဲ႕အျမင္မွာ သင္ဟာ သိုသိုသိပ္သိပ္နဲ႔ လွ်ိဳ႕ဝွက္စြာေနတတ္ၿပီး သင့္ခံစားခ်က္ေတြကို အလြယ္တကူ ရင္မဖြင့္တတ္သူတစ္ေယာက္ပါ။

ဒါေပမယ့္ သင္နဲ႔ရင္ႏွီးတဲ့လူေတြအျမင္မွာေတာ့ သင္ဟာ လူတိုင္းအတြက္ ယုံၾကည္အားကိုးရတဲ့ လူတစ္ေယာက္ျဖစ္ေနတတ္ၿပီး

အကူအညီေတာင္းလာရင္လည္း ဘယ္ေတာ့မွ ျငင္းဆန္ေလ့မရွိပဲ တတ္ႏိုင္သေလာက္ ကူညီေဖးမတတ္သူတစ္ေယာက္ပါ။

မိမိေၾကာင့္ တျခားလူေတြ အေႏွာင့္အယွက္ျဖစ္သြားမွာ အလြန္တရာ စိုးရိမ္ေနတတ္တဲ့အတြက္ ဘယ္သူ႔ကိုမွ အကူအညီေတာင္းေလ့မရွိပဲ မိမိဘာသာျဖစ္ေအာင္ လုပ္ေဆာင္တတ္ပါတယ္။

နံပါတ္ ၂ အမ်ိဳးသမီး


လူေတြအျမင္မွာ သင္ဟာ ဉာဏ္အေျမာ္အျမင္ရွိၿပီး လူတိုင္းက ေလးစားအားက်ရတဲ့ တာဝန္ယူတတ္တဲ့ ေခါင္းေဆာင္ေကာင္းတစ္ေယာက္ပါ။

သူစိမ္းေတြအျမင္မွာေတာ့ သင္ဟာ ခပ္တည္တည္ေနတတ္တဲ့သူတစ္ေယာက္ဆိုေပမယ့္ တကယ့္လက္ေတြ႕မွာေတာ့ သင္ဟာ ေပါင္းသင္းဆက္ဆံေရးေကာင္းသူျဖစ္ၿပီး မိမိရဲ႕အားနည္းခ်က္ကို တျခားလူေတြကို ေပးမသိပါဘူး။

ဒါေပမယ့္ သင္နဲ႔ရင္းႏွီးတဲ့လူေတြအျမင္မွာေတာ့ သင္ဟာ သတၱိရွိၿပီး ေလးစားဖို႔ေကာင္းတဲ့အျပင္ အေကာင္းျမင္ဝါဒရွိသူတစ္ေယာက္ပါ။

ရင့္က်က္တဲ့ အေတြးအေခၚကို ပိုင္ဆိုင္ထားေပမယ့္ သည္းခံစြမ္းရည္ ေက်ာ္လြန္သြားရင္ေတာ့ ထိထိေရာက္ေရာက္ ေျပာဆိုတုံ႔ျပန္တတ္ပါတယ္။

နံပါတ္ ၃ အမ်ိဳးသမီး


လူေတြအျမင္မွာေတာ့ သင္ဟာ သင့္ေဘးကလူေတြကို ၾကင္နာသနားတတ္ၿပီး သူတို႔အတြက္ဆိုရင္ ဘာမဆို ေပးဆပ္ရဲသူတစ္ေယာက္ပါ။

သင္နဲ႔ရင္းႏွီးတဲ့လူေတြအျမင္မွာေတာ့ သင္ဟာ လူတစ္ေယာက္အေၾကာင္းကို ဘယ္ေတာ့မွ ပထမအျမင္နဲ႔ ဆုံးျဖတ္ေလ့မရွိပါဘူး။

စိတ္ဓာတ္ႀကံ့ခိုင္တဲ့လူတစ္ေယာက္ပုံစံ ေနေနေပမယ့္ အတြင္းပိုင္းမွာေတာ့ သင္ဟာ ႏူးညံ့သိမ္ေမြ႕ၿပီး အထိအခိုက္မခံတဲ့ ႏွလုံးသားကို ပိုင္ဆိုင္ထားပါတယ္။

မိတ္ေဆြသူငယ္ခ်င္းေတြအတြက္ ယုံၾကည္အားထားရၿပီး စစ္မွန္တဲ့လူတစ္ေယာက္ပါ။ ဆုံးျဖတ္ခ်က္ရမယ့္အလုပ္ေတြကို မုန္းတီးတတ္ပါတယ္။

နံပါတ္ ၄ အမ်ိဳးသမီး


လူေတြအျမင္မွာေတာ့ သင္ဟာ တည္ၿငိမ္ရင့္က်က္ၿပီး တာဝန္ယူတတ္သူတစ္ေယာက္ပါ။

ဒါ့အျပင္ အားအင္အျပည့္နဲ႔ ေပ်ာ္ေပ်ာ္ေနတတ္ၿပီး သူတစ္ပါးကို မွီခိုအားကိုးေလ့မရွိပဲ မိမိေျခေထာက္ေပၚ ရပ္တည္ေအာင္ ႀကိဳးစားတတ္သူပါ။

သင္နဲ႔ရင္းႏွီးတဲ့လူေတြအျမင္မွာေတာ့ သင္ဟာ အနည္းငယ္အပ်င္းႀကီးေပမယ့္ ျပႆနာေတြကို ကိုယ့္နည္းကိုယ့္ဟန္နဲ႔ ရင္ဆိုင္ေျဖရွင္းႏိုင္ေလာက္ေအာင္ ဉာဏ္ေကာင္းသူတစ္ေယာက္ပါ။

ၿပီးျပည့္စုံေနတဲ့ လူတစ္ေယာက္လို႔ အမ်ားအျမင္မွာ ဟန္ေဆာင္ေနတတ္ၿပီး မိမိရဲ႕ရင္တြင္းခံစားခ်က္ေတြကို ေတာ္႐ုံေပးမသိပါဘူး။

Leave a Comment