ဝက်သားစားနိုင်ပြီလား မိတ်ဆွေ ( ၁ မိနစ်အချိန်ပေးဖတ်ပါ မဖတ်လိုက်ရလျှင်နောင်တရလိမ့်မည်)

ရှေးရှေးတုန်းကရွာတရွာမှာ အလွန်ချစ်ခင်ကြသော ကျော်နိုင်နှင့် မောင်မြင့်ဆိုသော ငယ်သူငယ်ချင်းနှစ်ယောက်ရှိလေသည်။ သူတို့နှစ်ဦးလုံးသည် တနေ့လုပ်မှတနေ့စားရသော အခြေခံ လက်လုပ်လက်စား လူတန်းစားများဖြစ်သဖြင့် ခက်ခဲပင်ပန်းစွာဖြင့် ဘဝကိုဖြတ်သန်းလာကြရလေသည်။

အလုပ်ဆိုလျှင်လဲ ဘာအလုပ်ပဲဖြစ်ဖြစ် ကြုံရာကျပန်း လုပ်ကိုင် စားသောက်နေကြရသူများဖြစ်လေသည်။ တခါတလေ အလုပ်ကလေးအဆင်ပြေလို့ ငွေလေးမဆိုသလောက်ရွှင်တဲ့အခါရှိသလို တခါတလေလဲအလုပ်မရှိ၍ ထမင်းပင်နပ်မမှန်ချေ။

ဆောင်းရာသီအစတခုတွင် သူတို့သူငယ်ချင်းနှစ်ယောက်လုံး အိမ်ဆောက်လုပ်ရေးတခုတွင် လက်သမားအလုပ်ရလိုက်၍ ပုံမှန်ဝင်ငွေလေးနဲ့ စိုစိုပြေပြေလေးဖြစ်လာလေသည်။

တနေ့သောအခါ၌ သူငယ်ချင်းနှစ်ယောက်လုံး အလုပ်သိမ်းချိန်တွင် လုပ်အားခပိုက်ဆံထုတ်ပြီး အိမ်ပြန်လာခဲ့ကြရာ ဈေးလမ်းသို့ရောက်သောအခါ မောင်မြင့်သည် ဝက်သားအရမ်းစားချင်သည်ဟုဆိုကာ ဝက်သားငါးဆယ်သားဝင်၍ ဝယ်လေသည်။ တဆက်ထဲမှာပင် ကျော်နိုင်ကိုလဲ လှမ်းပြောလိုက်လေသည်။

” ဟေ့ကောင်ကျော်နိုင် မင်းလည်းဝက်သားမြင်ရင် မနေနိုင်အောင် ကြိုက်တဲ့ကောင်ပဲ ဝင်ငွေလေးကောင်းနေတုန်း မင်းအိမ်အတွက် ငါ့လိုဝယ်သွားလေကွာ ပိုက်ဆံရှိတုန်းလေး စားရတာဟ ။ ဝင်ငွေမရှိတဲ့အချိန်ကြမှ စားချင်ပါတယ်အော်နေလို့ ဘယ်သူမှလာမကြွေးဘူး ။ ဝယ်လိုက်လေကွာ”

မောင်မြင့်၏စကားကြားသောအခါ ကျော်နိုင်လဲပြုံးပြုံးလေးနှင့်ပင် ပြန်ပြောလိုက်လေသည်။ “ငါဝက်သားမစားနိုင်သေးပါဘူး သူငယ်ချင်းရယ်” ကျော်နိုင့်စကားကြားသောအခါ မောင်မြင့်မှာ အလိုမကျပဲ ကျော်နိုင်အားပြစ်တင်စကား ဆိုလေတော့သည်။

” ဟဘာလို့မစားနိုင်ရတာလဲ။ မင်းနဲ့ငါက အလုပ်လဲအတူတူပဲ၊ ပိုက်ဆံရတာချင်းလဲအတူတူပဲ။ ငါတောင်ဝက်သားစားနိုင်သေးတာ မင်းကမစားနိုင်ဘူးဆိုတော့လဲ နေပေါ့ကွာ”

ထိုသို့ဖြင့် နောင်နှစ်ပေါင်း ၂၀ ခန့်တွင် သစ်သီးပွဲရုံအဆောက်ဦးတခု၏ရှေ့တွင် ညစောင့်တဦးအလိုရှိသည် ဆိုသောစာကိုတွေ့၍ အသက် ၅၀ အရွယ်ခန့်ရှိပြီဖြစ်တဲ့ လူတယောက်သည် ဝင်၍ အလုပ်လျှောက်လေသည်။

သူ့ရဲ့အလုပ်လျှောက်လွှာကို အလုပ်သမားခေါင်းမှ တဆင့် သူဌေးဆီ တင်ပို့လိုက်သောအခါ သူဌေးကထိုလူကြီးကို တွေ့ချင်ကြောင်းပြော၍ ခေါ်ခိုင်းလိုက်ရာ သူဌေးနှင့်ထိုလူကြီးတို့ တွေ့ဆုံကြသောအခါ

” လာသူငယ်ချင်းမောင်မြင့် မင်းတောင်တော်တော် အိုစာသွားတာပဲကွ” ” ဟင်ကျော်နိုင် သူဌေးမင်းက ကျနော့်သူငယ်ချင်း ကျော်နိုင် ဟုတ်ပါတယ်နော်”

” ဟုတ်ပါတယ်ကွ ငါကျော်နိုင်ပါကွာ မင်းသူငယ်ချင်းကြီး ဝက်သား မစားနိုင်ခဲ့တဲ့ကျော်နိုင်ပါ ။ အဲဒီတုန်းက မင်းပြောခဲ့တယ်နော် ဝင်ငွေလေးကောင်းပြီး ပိုက်ဆံရှိတုန်းလေး စားရတာကွဆိုပြီးလေ။

အမှန်ကမဟုတ်ဘူးကွ ။ အခြေအနေပေးလို့ အခွင့်အရေးလေး ရပြီး ပိုက်ဆံလေးရှိနေတုန်း စားရမှာမဟုတ်ဘူး စုဆောင်းရမှာ ။အခွင့်အရေးကို အမိအရအသုံးချရမှာ ပိုက်ဆံရှာလို့ကောင်းတုန်း တက်နိုင်သမျှရှာပြီး နိုင်သလောက်ငွေစုရမယ်။

ပြီးရင်ကိုယ်စုထားတဲ့ ပိုက်ဆံလေးတွေနဲ့ ကိုယ်ပိုင်စီးပွားရေးတခုကိုကို သေးသေးလေးကပဲဖြစ်ဖြစ်စလုပ်ပြီး သူများ အလုပ်သမားဘဝကနေ အရင်ဆုံးရုန်းထွက်နိုင်ဖို့ ကြိုးစားရမယ်။

ဒါကြောင့် မင်းဝက်သားစားနိုင်တဲ့အချိန်မှာ ငါမစားနိုင်ခဲ့ဘူး ။ ဒါပေမယ့် ငါငွေစုနိုင်ခဲ့တယ် ။ အဲဒီလိုစုထားတဲ့ အရင်းအနှီးလေးနဲ့ အသီးအရွက်ကုန်စိမ်းလေးတွေတိုက်တယ် ။ အဲဒီကနေ တစတစ အဆင်ပြေလာပြီး အခုလိုသစ်သီးပွဲရုံပိုင်ရှင် သဌေးဘဝကိုရောက်လာခဲ့တာပဲ ။ အခုငါဝက်သားစားနိုင်ပြီ ။ ငါးဆယ်သားမဟုတ်ဘူး အချိန်ငါးရာလဲဝယ်စားနိုင်ပြီ သူငယ်ချင်း”

တချိန်က ဆင်းရဲဖေါ်ဆင်းရဲဖက် ဝက်သားမစားနိုင်ခဲ့တဲ့ကျော်နိုင်(ခေါ်) သူဌေးကြီးဦးကျော်နိုင်ရဲ့ စကားများကိုနားထောင်ပြီး ဦးမောင်မြင့်တယောက် နောင်တမျက်ရည်တို့ဖြင့် ရင်ထဲမှာဆို့နင့်နေရချေပြီ။

ကျော်နိုင်ကလည်း သူ့သူငယ်ချင်းကို အကောင်းစား စားတော်ကဲများနဲ့ ဝက်သားကိုအမျိုးမျိုးသောဟင်းယာကို မှာယူကျွေးမွေးပြီး အပြန်တွင်ဝက်ပေါင်တချောင်းနှင့်အတူ ငွေအသပြာထောင်ထုပ်ကို ပေးလွှတ်လိုက်လေတော့သည်။

ကဲမိတ်ဆွေတို့ရော ဝက်သားစားနိုင်ပြီလား

Zawgyi

ေရွးေရွးတုန္းက႐ြာတ႐ြာမွာ အလြန္ခ်စ္ခင္ၾကေသာ ေက်ာ္ႏိုင္ႏွင့္ ေမာင္ျမင့္ဆိုေသာ ငယ္သူငယ္ခ်င္းႏွစ္ေယာက္ရွိေလသည္။ သူတို႔ႏွစ္ဦးလုံးသည္ တေန႔လုပ္မွတေန႔စားရေသာ အေျခခံ လက္လုပ္လက္စား လူတန္းစားမ်ားျဖစ္သျဖင့္ ခက္ခဲပင္ပန္းစြာျဖင့္ ဘဝကိုျဖတ္သန္းလာၾကရေလသည္။

အလုပ္ဆိုလွ်င္လဲ ဘာအလုပ္ပဲျဖစ္ျဖစ္ ႀကဳံရာက်ပန္း လုပ္ကိုင္ စားေသာက္ေနၾကရသူမ်ားျဖစ္ေလသည္။ တခါတေလ အလုပ္ကေလးအဆင္ေျပလို႔ ေငြေလးမဆိုသေလာက္႐ႊင္တဲ့အခါရွိသလို တခါတေလလဲအလုပ္မရွိ၍ ထမင္းပင္နပ္မမွန္ေခ်။

ေဆာင္းရာသီအစတခုတြင္ သူတို႔သူငယ္ခ်င္းႏွစ္ေယာက္လုံး အိမ္ေဆာက္လုပ္ေရးတခုတြင္ လက္သမားအလုပ္ရလိုက္၍ ပုံမွန္ဝင္ေငြေလးနဲ႔ စိုစိုေျပေျပေလးျဖစ္လာေလသည္။

တေန႔ေသာအခါ၌ သူငယ္ခ်င္းႏွစ္ေယာက္လုံး အလုပ္သိမ္းခ်ိန္တြင္ လုပ္အားခပိုက္ဆံထုတ္ၿပီး အိမ္ျပန္လာခဲ့ၾကရာ ေဈးလမ္းသို႔ေရာက္ေသာအခါ ေမာင္ျမင့္သည္ ဝက္သားအရမ္းစားခ်င္သည္ဟုဆိုကာ ဝက္သားငါးဆယ္သားဝင္၍ ဝယ္ေလသည္။ တဆက္ထဲမွာပင္ ေက်ာ္ႏိုင္ကိုလဲ လွမ္းေျပာလိုက္ေလသည္။

” ေဟ့ေကာင္ေက်ာ္ႏိုင္ မင္းလည္းဝက္သားျမင္ရင္ မေနႏိုင္ေအာင္ ႀကိဳက္တဲ့ေကာင္ပဲ ဝင္ေငြေလးေကာင္းေနတုန္း မင္းအိမ္အတြက္ ငါ့လိုဝယ္သြားေလကြာ ပိုက္ဆံရွိတုန္းေလး စားရတာဟ ။ ဝင္ေငြမရွိတဲ့အခ်ိန္ၾကမွ စားခ်င္ပါတယ္ေအာ္ေနလို႔ ဘယ္သူမွလာမေႂကြးဘူး ။ ဝယ္လိုက္ေလကြာ”

ေမာင္ျမင့္၏စကားၾကားေသာအခါ ေက်ာ္ႏိုင္လဲၿပဳံးၿပဳံးေလးႏွင့္ပင္ ျပန္ေျပာလိုက္ေလသည္။ “ငါဝက္သားမစားႏိုင္ေသးပါဘူး သူငယ္ခ်င္းရယ္” ေက်ာ္ႏိုင့္စကားၾကားေသာအခါ ေမာင္ျမင့္မွာ အလိုမက်ပဲ ေက်ာ္ႏိုင္အားျပစ္တင္စကား ဆိုေလေတာ့သည္။

” ဟဘာလို႔မစားႏိုင္ရတာလဲ။ မင္းနဲ႔ငါက အလုပ္လဲအတူတူပဲ၊ ပိုက္ဆံရတာခ်င္းလဲအတူတူပဲ။ ငါေတာင္ဝက္သားစားႏိုင္ေသးတာ မင္းကမစားႏိုင္ဘူးဆိုေတာ့လဲ ေနေပါ့ကြာ”

ထိုသို႔ျဖင့္ ေနာင္ႏွစ္ေပါင္း ၂၀ ခန႔္တြင္ သစ္သီးပြဲ႐ုံအေဆာက္ဦးတခု၏ေရွ႕တြင္ ညေစာင့္တဦးအလိုရွိသည္ ဆိုေသာစာကိုေတြ႕၍ အသက္ ၅၀ အ႐ြယ္ခန႔္ရွိၿပီျဖစ္တဲ့ လူတေယာက္သည္ ဝင္၍ အလုပ္ေလွ်ာက္ေလသည္။

သူ႔ရဲ႕အလုပ္ေလွ်ာက္လႊာကို အလုပ္သမားေခါင္းမွ တဆင့္ သူေဌးဆီ တင္ပို႔လိုက္ေသာအခါ သူေဌးကထိုလူႀကီးကို ေတြ႕ခ်င္ေၾကာင္းေျပာ၍ ေခၚခိုင္းလိုက္ရာ သူေဌးႏွင့္ထိုလူႀကီးတို႔ ေတြ႕ဆုံၾကေသာအခါ

” လာသူငယ္ခ်င္းေမာင္ျမင့္ မင္းေတာင္ေတာ္ေတာ္ အိုစာသြားတာပဲကြ” ” ဟင္ေက်ာ္ႏိုင္ သူေဌးမင္းက က်ေနာ့္သူငယ္ခ်င္း ေက်ာ္ႏိုင္ ဟုတ္ပါတယ္ေနာ္”

” ဟုတ္ပါတယ္ကြ ငါေက်ာ္ႏိုင္ပါကြာ မင္းသူငယ္ခ်င္းႀကီး ဝက္သား မစားႏိုင္ခဲ့တဲ့ေက်ာ္ႏိုင္ပါ ။ အဲဒီတုန္းက မင္းေျပာခဲ့တယ္ေနာ္ ဝင္ေငြေလးေကာင္းၿပီး ပိုက္ဆံရွိတုန္းေလး စားရတာကြဆိုၿပီးေလ။

အမွန္ကမဟုတ္ဘူးကြ ။ အေျခအေနေပးလို႔ အခြင့္အေရးေလး ရၿပီး ပိုက္ဆံေလးရွိေနတုန္း စားရမွာမဟုတ္ဘူး စုေဆာင္းရမွာ ။အခြင့္အေရးကို အမိအရအသုံးခ်ရမွာ ပိုက္ဆံရွာလို႔ေကာင္းတုန္း တက္ႏိုင္သမွ်ရွာၿပီး ႏိုင္သေလာက္ေငြစုရမယ္။

ၿပီးရင္ကိုယ္စုထားတဲ့ ပိုက္ဆံေလးေတြနဲ႔ ကိုယ္ပိုင္စီးပြားေရးတခုကိုကို ေသးေသးေလးကပဲျဖစ္ျဖစ္စလုပ္ၿပီး သူမ်ား အလုပ္သမားဘဝကေန အရင္ဆုံး႐ုန္းထြက္ႏိုင္ဖို႔ ႀကိဳးစားရမယ္။

ဒါေၾကာင့္ မင္းဝက္သားစားႏိုင္တဲ့အခ်ိန္မွာ ငါမစားႏိုင္ခဲ့ဘူး ။ ဒါေပမယ့္ ငါေငြစုႏိုင္ခဲ့တယ္ ။ အဲဒီလိုစုထားတဲ့ အရင္းအႏွီးေလးနဲ႔ အသီးအ႐ြက္ကုန္စိမ္းေလးေတြတိုက္တယ္ ။ အဲဒီကေန တစတစ အဆင္ေျပလာၿပီး အခုလိုသစ္သီးပြဲ႐ုံပိုင္ရွင္ သေဌးဘဝကိုေရာက္လာခဲ့တာပဲ ။ အခုငါဝက္သားစားႏိုင္ၿပီ ။ ငါးဆယ္သားမဟုတ္ဘူး အခ်ိန္ငါးရာလဲဝယ္စားႏိုင္ၿပီ သူငယ္ခ်င္း”

တခ်ိန္က ဆင္းရဲေဖၚဆင္းရဲဖက္ ဝက္သားမစားႏိုင္ခဲ့တဲ့ေက်ာ္ႏိုင္(ေခၚ) သူေဌးႀကီးဦးေက်ာ္ႏိုင္ရဲ႕ စကားမ်ားကိုနားေထာင္ၿပီး ဦးေမာင္ျမင့္တေယာက္ ေနာင္တမ်က္ရည္တို႔ျဖင့္ ရင္ထဲမွာဆို႔နင့္ေနရေခ်ၿပီ။

ေက်ာ္ႏိုင္ကလည္း သူ႔သူငယ္ခ်င္းကို အေကာင္းစား စားေတာ္ကဲမ်ားနဲ႔ ဝက္သားကိုအမ်ိဳးမ်ိဳးေသာဟင္းယာကို မွာယူေကြၽးေမြးၿပီး အျပန္တြင္ဝက္ေပါင္တေခ်ာင္းႏွင့္အတူ ေငြအသျပာေထာင္ထုပ္ကို ေပးလႊတ္လိုက္ေလေတာ့သည္။

ကဲမိတ္ေဆြတို႔ေရာ ဝက္သားစားႏိုင္ၿပီလား

Leave a Comment