နှစ်နှစ်ကာကာ ချစ်ရမ ယ့် သူမ ရှိ လို့၊ အပျိုစင် ဘဝ ကို လေလံတ င်ဖို့ ဆုံးဖြတ် ခဲ့တဲ့ ကောင်မလေ

အသက်(၂၇)နှစ်သာရှိသေးတဲ့ အမျိုးသမီးငယ် တစ်ယောက်ဟာ သူမအနေနဲ့ ကာလအတိုင်းအတာ တစ်ခုအထိ အချိန်ပေးပြီး ချစ်သူရည်းစား ရှာခဲ့ ပေမယ့်၊ ဘယ်လိုမှ စိတ်ကြိုက် မတွေ့ခဲ့ပါဘူးတဲ့။ ဒီတော့ သူမဟာ အပျိုစင်ဘဝကို လေလံတင်ရောင်းချဖို့ ဆုံးဖြတ်လိုက်တယ်လို့ ဆိုပါတယ်။ သူမရဲ့နာမည်ကေ တာ့ Gia Kourtney ဖြစ်ပါတယ်။

Gia ဟာ ကမ္ဘာကျော်အပျိုစင်ပွဲ စားလုပ်ငန်းဖြစ်တဲ့ Cinderella Escorts နဲ့ချိတ်ဆက်ကာ အပျိုစင်ဘဝကို ရောင်းဖို့ ဆုံးဖြတ်ခဲ့တာပါ။ တစ်ညတာအပျော်အတွက် ဈေးအမြင့်ဆုံးပေးမယ့် သူဌေးတစ်ယောက်ကို သူမက ရွေးချယ်ပြီး အပျိုစင်ဘဝကို အပ်နှင်း သွားမယ်လို့ ဆိုပါတယ်။ လေလံကြမ်းခင်းဈေးကတော့ ပေါင်(၉)သောင်း ဖြစ်ပါတယ်။ကြမ်းခင်းဈေး ထက် ဈေးအပိုပြိုင်ပေးတဲ့လူတစ်ယောက်ကို သူမက ရွေးချယ်မှာပါ။ လက်တလောမှာ အပျိုစင်ဘဝကို လေလံ တင်ရောင်းချသူတွေဟာ အရေအတွက်အားဖြင့် များပြားလာခဲ့ပြီဖြစ်ပြီး၊ ဒီကိစ္စကို သင့်တယ်/မသင့်ဘူးဆိုပြီး ဝေဖန်ပိုင်းခြားနေသူတွေ နှစ်မျိုးနှစ်စား ရှိနေပါတယ်။ ပထမတစ်မျိုးကေ တာ့ အနာဂတ်မှာ အမျိုးသမီးငယ်တွေဟာ ငွေရလွယ်တဲ့ ဒီနည်းကို ဖြတ်လမ်းလိုက်မှာ စိုးရိမ်ရတယ်လို့ ဆိုပါတယ်။

ဒီနည်းကို ထောက်ခံ သူတွေကတော့ မိမိနဲ့ ပထမဆုံးအိပ်တဲ့လူဟာ မိမိရဲ့ အိမ်ထောင်ဘက်ဖြစ်လာဖို့ ကံကြမ္မာရဲ့ မျက်နှာသာပေးမှုကလည်း လိုအပ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် အပျိုစင်ဘဝကို အကျိုးမဲ့ဆုံးရှုံးစေတာထက်စာရင် မြိုးမြိုးမြတ်မြတ် ရမယ်ဆိုပါက ဒီနည်းက သင့်တော်တယ်ဆိုပြီး ထောက်ခံသူတွေလည်း ရှိပါတယ်။ အမြင်ကတော့ အမျိုးမျိုး ကွဲနေကြတာပါ။

Gia က အမေရိကန် နယူးယောက်ခ် မှာ နေထိုင်ပါတယ်။ သူမဟာ ဘာသာရေးတင်းကျပ်တဲ့ အဝန်းအဝိုင်း မှာ နေထိုင်ခဲ့ရလို့ အခုအချိန်ထိ အပျိုစင်ဘဝကို မြတ်မြတ်နိုးနိုး သိမ်းထားတယ်လို့ အာမခံထားပါတယ်။ Cinderella Escorts ဆိုတာကလည်း တော်ရုံ အမျိုးသမီးကို အပျိုစင်အဖြစ် လေလံတင်ဖို့ လက်ခံတာမျိုး မဟုတ်ဘူးလို့ သိရပါတယ်။ ပါသင့်ပါထိုက်တဲ့ စစ်ဆေးမှုတွေ၊ ထောက်ခံစာတွေ တင်ပြရသေးတယ်လို့ သိရပါတယ်။

အပျိုစင်တွေကို လေလံဈေးပေးသူတွေထဲမှာ နာမည်ကြီး ဘောလုံးသမားတွေ၊ သန်းကြွယ်သူဌေးကြီးတွေ၊ နိုင်ငံရေးလောကမှာ သြဇာတိက္ကမကြီးသူတွေက ပါဝင်ပတ်သက်လေ့ရှိတယ်လို့ ဆိုပါတယ်။ Cinderella Escorts က ကမ်းလှမ်းတဲ့ ငွေပမာဏရဲ့ (၂၀)%ကို အကျိုးဆောင်ခအဖြစ် ရယူတယ်လို့ သိရပါတယ်။ အခုလို လုပ်ရပ်ဟာ အားပေးထောက်ခံသူတွေ ရှိနေပေမယ့် လူငယ်တွေ အတုယူမှားနိုင်တဲ့အတွက် အစိုးရက တားဆီးဖို့လိုအပ်တယ်လို့ ဝေဖန်မှုတွေလည်း ညံနေခဲ့ပါတယ်။

Zawgyi

အသက္(၂၇)ႏွစ္သာရွိေသးတဲ့ အမ်ိဳးသမီးငယ္ တစ္ေယာက္ဟာ သူမအေနနဲ႔ ကာလအတိုင္းအတာ တစ္ခုအထိ အခ်ိန္ေပးၿပီး ခ်စ္သူရည္းစား ရွာခဲ့ ေပမယ့္၊ ဘယ္လိုမွ စိတ္ႀကိဳက္ မေတြ႕ခဲ့ပါဘူးတဲ့။ ဒီေတာ့ သူမဟာ အပ်ိဳစင္ဘဝကို ေလလံတင္ေရာင္းခ်ဖို႔ ဆုံးျဖတ္လိုက္တယ္လို႔ ဆိုပါတယ္။ သူမရဲ႕နာမည္ေက တာ့ Gia Kourtney ျဖစ္ပါတယ္။

Gia ဟာ ကမာၻေက်ာ္အပ်ိဳစင္ပြဲ စားလုပ္ငန္းျဖစ္တဲ့ Cinderella Escorts နဲ႔ခ်ိတ္ဆက္ကာ အပ်ိဳစင္ဘဝကို ေရာင္းဖို႔ ဆုံးျဖတ္ခဲ့တာပါ။ တစ္ညတာအေပ်ာ္အတြက္ ေဈးအျမင့္ဆုံးေပးမယ့္ သူေဌးတစ္ေယာက္ကို သူမက ေ႐ြးခ်ယ္ၿပီး အပ်ိဳစင္ဘဝကို အပ္ႏွင္း သြားမယ္လို႔ ဆိုပါတယ္။ ေလလံၾကမ္းခင္းေဈးကေတာ့ ေပါင္(၉)ေသာင္း ျဖစ္ပါတယ္။ၾကမ္းခင္းေဈး ထက္ ေဈးအပိုၿပိဳင္ေပးတဲ့လူတစ္ေယာက္ကို သူမက ေ႐ြးခ်ယ္မွာပါ။ လက္တေလာမွာ အပ်ိဳစင္ဘဝကို ေလလံ တင္ေရာင္းခ်သူေတြဟာ အေရအတြက္အားျဖင့္ မ်ားျပားလာခဲ့ၿပီျဖစ္ၿပီး၊ ဒီကိစၥကို သင့္တယ္/မသင့္ဘူးဆိုၿပီး ေဝဖန္ပိုင္းျခားေနသူေတြ ႏွစ္မ်ိဳးႏွစ္စား ရွိေနပါတယ္။ ပထမတစ္မ်ိဳးေက တာ့ အနာဂတ္မွာ အမ်ိဳးသမီးငယ္ေတြဟာ ေငြရလြယ္တဲ့ ဒီနည္းကို ျဖတ္လမ္းလိုက္မွာ စိုးရိမ္ရတယ္လို႔ ဆိုပါတယ္။

ဒီနည္းကို ေထာက္ခံ သူေတြကေတာ့ မိမိနဲ႔ ပထမဆုံးအိပ္တဲ့လူဟာ မိမိရဲ႕ အိမ္ေထာင္ဘက္ျဖစ္လာဖို႔ ကံၾကမၼာရဲ႕ မ်က္ႏွာသာေပးမႈကလည္း လိုအပ္တယ္လို႔ ဆိုပါတယ္။ ဒါေၾကာင့္ အပ်ိဳစင္ဘဝကို အက်ိဳးမဲ့ဆုံးရႈံးေစတာထက္စာရင္ ၿမိဳးၿမိဳးျမတ္ျမတ္ ရမယ္ဆိုပါက ဒီနည္းက သင့္ေတာ္တယ္ဆိုၿပီး ေထာက္ခံသူေတြလည္း ရွိပါတယ္။ အျမင္ကေတာ့ အမ်ိဳးမ်ိဳး ကြဲေနၾကတာပါ။

Gia က အေမရိကန္ နယူးေယာက္ခ္ မွာ ေနထိုင္ပါတယ္။ သူမဟာ ဘာသာေရးတင္းက်ပ္တဲ့ အဝန္းအဝိုင္း မွာ ေနထိုင္ခဲ့ရလို႔ အခုအခ်ိန္ထိ အပ်ိဳစင္ဘဝကို ျမတ္ျမတ္ႏိုးႏိုး သိမ္းထားတယ္လို႔ အာမခံထားပါတယ္။ Cinderella Escorts ဆိုတာကလည္း ေတာ္႐ုံ အမ်ိဳးသမီးကို အပ်ိဳစင္အျဖစ္ ေလလံတင္ဖို႔ လက္ခံတာမ်ိဳး မဟုတ္ဘူးလို႔ သိရပါတယ္။ ပါသင့္ပါထိုက္တဲ့ စစ္ေဆးမႈေတြ၊ ေထာက္ခံစာေတြ တင္ျပရေသးတယ္လို႔ သိရပါတယ္။

အပ်ိဳစင္ေတြကို ေလလံေဈးေပးသူေတြထဲမွာ နာမည္ႀကီး ေဘာလုံးသမားေတြ၊ သန္းႂကြယ္သူေဌးႀကီးေတြ၊ ႏိုင္ငံေရးေလာကမွာ ၾသဇာတိကၠမႀကီးသူေတြက ပါဝင္ပတ္သက္ေလ့ရွိတယ္လို႔ ဆိုပါတယ္။ Cinderella Escorts က ကမ္းလွမ္းတဲ့ ေငြပမာဏရဲ႕ (၂၀)%ကို အက်ိဳးေဆာင္ခအျဖစ္ ရယူတယ္လို႔ သိရပါတယ္။ အခုလို လုပ္ရပ္ဟာ အားေပးေထာက္ခံသူေတြ ရွိေနေပမယ့္ လူငယ္ေတြ အတုယူမွားႏိုင္တဲ့အတြက္ အစိုးရက တားဆီးဖို႔လိုအပ္တယ္လို႔ ေဝဖန္မႈေတြလည္း ညံေနခဲ့ပါတယ္။

Leave a Comment