“လူဖြစ်ရခြင်းရဲ့ရည်ရွယ်ချက်”ဒါလေးကိုဖတ်ပြီး လူငယ်တွေကိုရင်ထဲက လာ တဲ့ အမှန်တရားတွေကို ပြောပြလိုက်ပါ

လူတွေ(အထူးသဖြင့် လူငယ်တွေ)ဟာ လောကမှာ လူဖြစ်လာရခြင်းရဲ့ ရည်ရွယ်ချက်ကို မေ့နေကြတယ်လို့ ထင်ပါတယ်..သူတို့အခု လုပ်လိုက် ခဏနေရင် နောက်တသ်ခုလုပ်လိုက်နဲ့ စိတ်ကျေနပ်သာယာမှုနောက်ကိုလိုက်ရင်းနဲ့ အလုပ်တစ်ခုပြီးတစ်ခု ပြောင်းလုပ်နေကြတယ်..သူတို့ရဲ့အဓိကရည်ရွယ်ချက်ဟာ လစာပိုက်ဆံရဖို့ အလုပ်လုပ်မယ်.ရတဲ့လခကို အပျော်အပါးအတွက် သုံးဖြုန်းလိုက်ကြဖို့ပါပဲ…အဲဒီလိုသာယာမှုနောက်ကိုလိုက်နေတာဟာ အကျိုးမရှိဘူးဆိုတာ မသိကြ

ဘူး..အဲဒီလို နေနေရတဲ့ဘဝဟာ အပူအပင်ကင်းတယ်.ပျော်စရာကောင်းတယ်လို့ ထင်စရာပါ..ဒါပေမဲ့ အသက်အရွယ်လေးရလာတာနဲ့အမျှ အဓိပ္ပါယ်ရှိတဲ့ လူ့ဘဝကို တောင့်တလာကြတယ်..အဓိပ္ပာယ် ရှိတဲ့လူ့ဘဝဆိုတာဘာလဲ..ကောင်းမွန်တဲ့ အလုပ်တွေလုပ်ပြီး နောင်လာနောက်သားတွေအတွက် တန်ဖိုးရှိတဲ့အမွေအနှစ်တွေ ချန်ထားနိုင်ခဲ့ဖို့ပါ..အဲဒီလိုလည်းဖြစ်သင့်ပါတယ်..ဒါမှဘဝရဲ့နောက်ဆုံးအချိန်ရောက်တဲ့အခါ”ဪ ငါကြိုးစားခဲ့တယ်..ငါလောကကောင်းကျိုးကိုဆောင်ရွက်နို

င်ခဲ့လို့ ငါကျေနပ်တယ်”ဆိုတဲ့ ဝမ်းသာပီတိ ဖြစ်နေမှာပါ..တချို့လူတွေကတော့ ဒီလိုပြောတာကိုသဘောတူမှာမဟုတ်ပါဘူး..ဒါပေမဲ့ ကျွန်တော်ကတော့ဘဝမှာ ကြိုးပမ်းအားထုတ်ရင်းနဲ့ ကုန်လွန်တာဟာ ပျော်စရာတွေနဲ့ပဲ အချိန်ကုန်ဆုံးသွားရတာထက် ပိုကောင်းတယ်လို့ စွဲမြဲခိုင်မာစွာ ယုံကြည်နေပါတယ်..အသက်အရွယ်ရပြီး အတွေ့အကြုံရှိသူတိုင်း ကျွန်တော်ပြောတာကို နားလည်သဘောပေါက်ကြမှာပါ..ဒါပေမဲ့ အတွေ့အကြုံရှိသူတိုင်းက ဒီအချက်ကို လူငယ်တွေကို မပြောပြ

ကဘူး…သူတို့ကခုခေတ်လူငယ်တွေကို ပြောပြရင် သူတို့အတွေ့အကြုံတွေကို ခေတ်မမှီတော့ဘူးဆိုပြီး လက်ခံမှာမဟုတ်လို့တဲ့…ဒါပေမဲ့ ကျွန်တော်တို့ရင်ထဲက အမှန်တရားကိုပြောပြရင် သူတို့လက်ခံကြမှာပါ..GK

Zawgyi





Leave a Comment