မြန်မာနိုင်ငံမှာ ပထမဆုံး တိပိဋကစာမေးပွဲ အောင်မြင်ခဲ့သူ အရှင်ပညာသာရ

အရှင်ပညာရသည် ပဲခူးတိုင်း သာယာဝတီမြို့နယ် သုံးဆယ်မြို့ သစ်ရာကုန်းဇာတိဖြစ်ပါသည်။ သုံးဆယ်မြို့ မောင်းထောင်ကျောင်းတိုက်မှ ၁၃၀ဝပြည့်နှစ်တွင် လူဝတ်ဘဝဖြင့် ပထမငယ်တန်းကို အောင်မြင်ခဲ့ပါသည်။ ပထမငယ်အောင်ပြီး ၁၃၀၁ခုမှာ မောင်းထောင်တိုက်ဆရာတော်ကြီးထံမှာ ရှင်သာမဏေပြုခဲ့၍ ခေတ္တသာနေကာ လူဝတ်လဲခဲ့ပါသည်။ ထို့နောက် ညောင်တုန်းမြို့ ရွှေဟင်္သာတောရကျောင်းတိုက်သို့ ရောက်ရှိလာကာ ဆရာတော့်ဒကာကို ဆရာတော်မှတိုက်တွန်းသောကြောင့် ထိုဒကာမှ ရှင်ဒကာခံကာ ရှင်ပြုပေးခဲ့ပါသည်။ ထိုနှစ်၁၃၀၁ခုနှစ်မှာ ပထလတ်တန်း, ၁၃၀၂ခုနှစ်မှာ ပထမကြီးတန်းဖြေဆိုခဲ့သော်လည်း ဒုတိယကမ္ဘာစစ်ကြီးကြောင့် အောင်စာရင်းမထုတ်ပြန်နိုင်ပါ၍ အောင် မအောင် မသိရှိခဲ့ရပါပေ။


၁၃၀၄ခုနှစ်မှာ ရှင်ဒကာများမှပင် ဒကာခံကာ ရဟန်းဖြစ်ခဲ့ပါသည်။ ရဟန်းဖြစ်စမှာပင် ရွှေဟင်္သာတောရကျောင်းမှာ ကျင်းပသည့် ဝိနည်းစာပြန်ပွဲတွင် ဝိနည်းပါဠိတော်ငါးကျမ်းကို အထောက်အမလွတ် အာဂုံပြန်ဆိုနိုင်ခဲ့ပါသည်။ ထို့နောက် ပရိယတ္တိကို ရပ်တန့်ကာ ပဋိပတ္တိကို သထုံမြို့ မင်းကွန်းဇေတဝန်ဆရာတော်ကြီးထံ နည်းခံ၍ (၂)နှစ် အားထုတ်ခဲ့ပါသည်။

၁၃၀၆ခုနှစ်မှာ ဖခင်၏ကျန်းမာရေးကြောင့် သုံးဆယ်သို့ပြန်လာကာ ဖခင်ကြီးကို အနီးကပ်ပြုစုဖို့ရာ ရဟန်းသိက္ခာချ၍ သာမဏေဘဝသို့ ပြောင်းလဲခဲ့ပါသည်။ ဖခင်ကြီးကိုပြုစုရင်း ဖခင်ကြီးကွယ်လွန်သွားသည့်အခါ ပင်ကိုယ်ကပင် နေက္ခမ္မဓာတ်ကြီးသူပီပီ သံဝေဂများစွာ ဖြစ်ခဲ့လေသည်။ ၁၃၀၇ခုနှစ်မှာ ရွှေဟင်္သာတောရသို့ ပြန်ရောက်လာပြီး ပထမရှင်ရဟန်းဒကာကပင် ဒုတိယအကြိမ် ရဟန်းဒကာခံ၍ ရဟန်းအဖြစ်သို့ ရောက်ရှိခဲ့ပြန်ပါသည်။

ဒုတိယအကြိမ် ရဟန်းဘဝရပြီးသောအခါ တရားအားထုတ်ရန် ရွှေဟင်္သာဆရာတော်ကြီးထံ ခွင့်ပန်ကာ ရန်ကုန်အင်းစိန်ရှိ မင်းကွန်းဇေတဝန်ကျောင်းတိုက်မှာ ခေတ္တမျှ တရားအားထုတ်၍ နာရဏီသိမ်ရှိရာ ပဲခူးတောထဲသို့ ဦးနန္ဒဝံသနှင့်အတူကြွရောက်ကာ တဲကျောင်းလေး၌ တရားအားထုတ်တော်မူခဲ့ပါသည်။

၁၃၁၀ခုနှစ် ပထမအကြိမ် တိပိဋကစာပြန်ပွဲ ကျင်းပသောအခါ အောင်မြင်သူ တစ်ပါးမျှ မရှိခဲ့ပါချေ။ ထိုစဉ်က တိပိဋကစာမေးပွဲကို ဦးဆောင်ကျင်းပသည့် ဆာဦးသွင်ဦးဆောင်သော ဗုဒ္ဓသာသနာနုဂ္ဂဟ အဖွဲ့ချုပ်တွင် အဖွဲ့ဝင်အဖြစ် အရှင်ပညာသာရ၏ရဟန်းဒကာ ဦးပွင့်ကောင်းမှ ဆောင်ရွက်ခဲ့ပါသည်။ ဦးပွင့်ကောင်း၏ “မိမိ၏ရဟန်းတော် အရှင်ပညာရသည် ဝိနည်းငါးကျမ်းကို ရဟန်းဖြစ်ကတည်းက အာဂုံဆောင်နိုင်ခဲ့သည် ”ဟူသော သတင်းပေးချက်အရ သမ္မတ ဝန်ကြီးချုပ် ဆာဦးသွင်တို့မှ အပင့်ခိုင်းသဖြင့် ဦးပွင့်ကောင်းသည် ပဲခူးတောထဲသို့ ဂျစ်ကားဖြင့်လာရောက်ပြီး ပင့်ဆောင်ခဲ့လေသည်။ ပရိယတ္တိကို ဖြတ်၍ ပဋိပတ္တိကိုသာ ကြိုးစားရန် အဓိဋ္ဌာန်ပြီးဖြစ်၍ စာမပြန်လိုသော်လည်း ရဟန်းဒကာနှင့် အတူနေဦးနန္ဒဝံသကပါ ဝိုင်းဝန်းပြောဆိုပေးသောကြောင့် ရန်ကုန်သို့ လိုက်ပါခဲ့ရပါသည်။


ရန်ကုန်ရောက်လာသော အရှင်ပညာသာရကို သမ္မတအမှူးပြု ဆာဦးသွင်တို့အဖွဲ့မှ ခရီးဦးကြိုဆိုကာ ဖလ်ယဉ်ဓမ္မာရုံမြေနေရာဝယ် ဆောက်လုပ်ထားသည့် မဏ္ဍပ်တွင်းရှိ ပလ္လင်ပေါ်သို့ ပင့်ဆောင်ဖူးမြော်ခဲ့ကြပါသည်။ ထို့နောက် ဆာသွင် သမ္မတကြီးနှင့်တကွ ကျန်ခေါင်းဆောင်များမှ ပရိယတ္တိမလုပ်တော့ဘူးဟု ဆုံးဖြတ်ထားပါသော အရှင်ပညာသာရကို အထပ်ထပ်အခါခါ စာပြန်ပွဲဝင်ဖို့ရန် (ဤနှစ်မှာ အောင်မြင်သူမရှိပါက နောင်နှစ်တွင် စာပြန်ပွဲ ဖျက်သိမ်းတော့မည် စသည်) တိုက်တွန်းပါသော်လည်း အရာမထင်ခဲ့ပါပေ။ ရဟန်းဒကာကြီးမှ အနူးညွတ် တောင်းပန်ပါမှ “ ဒီတစ်ခါတော့ ဝင်ပြန်ဆိုပေးမည်။ နောက်ထပ် ဘာအကြောင်းကြောင့်မှ ပြန်ဆိုဖို့ မခိုင်းပါနှင့်” ဟု မိန့်ကြားကာ ရက်(၅၀)မျှ ကျင်းပဖို့ရန် လိုတော့သော စာပြန်ပွဲကို လက်ခံခဲ့လေသည်။

ပထမဆုံး ဝိသိဋ္ဌဝိနယဓရ
ထို့နောက် အရှင်ပညာရသည် မဟာစည်သာသနာ့ရိပ်သာမှ ဗဟန်းညောင်တုန်းကျောင်းတိုက် ဆရာတော် ဦးဓမ္မသေနထံ (၇)ရက် စာလိုက်ခဲ့၍ မဟာစည်ဆရာတော်ကြီးထံ(၂၁)ရက် စာလိုက်ပြီး မေးမြန်းခြင်း မှတ်သားခြင်းတို့ဖြင့် စာလိုက်ခြင်းကိစ္စ ပြီးဆုံးသောအခါ စတင်၍ စာကျက်ခဲ့ပါသည်။ ဣရိယာပထလေးဖြာ အချိန်ကိုက်စေကာ အသံမထွက် စိတ်နှင့်သာ စာကျက်ခဲ့လာရာ ဒုတိယအကြိမ် တိပိဋကစာပြန်ပွဲကြီးသို့ပင် ရောက်ရှိလာခဲ့ပေသည်။

၁၃၁၁ခုနှစ် ပြာဆိုလဆန်း (၇)ရက်နေ့မှစတင်၍ ကျင်းပသော ဒုတိယအကြိမ် တိပိဋကရွေးခြယ်ရေး စာမေးပွဲတွင် ဝိနည်းပိဋကအာဂုံပြန်(၃)ပါး, ဒီဃနိကာယ်ပြန်(၁)ပါး, အဘိဓမ္မာပြန်(၁)ပါးအားဖြင့် ပိဋကသုံးပုံစုံလင်စွာ ပြန်ဆိုသူ(၅)ပါးအနက် သက်တော်(၂၆)နှစ်ရှိ အရှင်ပညာသာရတစ်ပါးတည်းသာ ဝိနည်းငါးကျမ်းကို အထူးဖြင့်အောင်မြင်ခဲ့ပါ၍ “ ဝိသိဋ္ဌဝိနယဓရဘွဲ့” ကို ပထမဆုံး ရရှိတော်မူခဲ့လေသည်။

မဟာဂန္ဓာရုံကျောင်း
ဒုတိယကမ္ဘာစစ်အတွင်းဖြစ်၍ ရောင်စုံသူပုန်များ သောင်းကျန်းနေသောကြောင့် ဦးပွင့်ကောင်း၏ တောင်းပန်ချက်အရ ပဲခူးတောထဲသို့ မကြွဖြစ်တော့ဘဲ ဆိတ်ငြိမ်သည့်မြေနေရာမှာ ဦးပွင့်ကောင်း ဆောက်လုပ်လှူဒါန်းသည့် သစ်သားကျောင်းလေး၌ သီတင်းသုံးတော်မူခဲ့လေသည်။ ထိုကျောင်း၏ အမည်မှာ “ (အပြည်ပြည်ဆိုင်ရာ) မဟာဂန္ဓာရုံ” ဖြစ်လေသည်။


မင်းကွန်းဆရာတော်ကြီး၏ မိန့်စကားတော်
အရှင်ပညာသာရနှင့်စပ်လျဉ်း၍ မင်းကွန်းဆရာတော်ကြီး၏ မိန့်ကြားချက်မှာ—-“ ဘုန်းကြီးတို့ တိပိဋကဓရဖြစ်ရတာ ဦးပညာသာရကြောင့်ဘဲ။ ဦးပညာသာရ တိပိဋကစာပြန်ပွဲမှာ ဝင်ပြန်မပေးရင် အဲဒီနှစ်ကတည်းက စာပြန်ပွဲကြီးကို ဖျက်ပစ်လိုက်ရမှာဘဲ။ ဦးပညာသာရ ဝင်ရောက်ဖြေဆိုရာမှာ အောင်မြင်သွားလို့ စာမေးပွဲကြီး ဆက်လက်ကျင်းပနိုင်ပြီး တိပိဋကဓရပုဂ္ဂိုလ်များနဲ့ အခြားနှစ်ပုံအောင် တစ်ပုံအောင်ပုဂ္ဂိုလ်တွေ ပေါ်ထွက်လာရတာပ။ ဦးပညာသာရဟာ ပိဋကသုံးပုံ မပြန်ဆိုသော်လည်း ပိဋကသုံးပုံပြန်နိုင်တဲ့ လမ်းကြောင်းကြီးကိုတော့ သူက ဖောက်ပေးသွားဘဲ” ဟူ၍ ဖြစ်ပေသည်။

( ရွှေရတု တိပိဋကဓရ တိပိဋကကောဝိဒဆရာတော် ဘဒ္ဒန္တသီလက္ခန္ဓာဘိဝံသရေးသား “ ပထမ ပုဂ္ဂိုလ်ထူးများ ပထမတွဲ” စာအုပ်မှ အကျဉ်းချုပ်ကောက်နှုတ်ကာ မျှဝေပေးပါသည်။ )

အားလုံးသာယာချမ်းမြေ့ကြပါစေ….

တိပိဋက မြန်မာပြန် မှ

Zawgyi

အရွင္ပညာရသည္ ပဲခူးတိုင္း သာယာဝတီၿမိဳ႕နယ္ သုံးဆယ္ၿမိဳ႕ သစ္ရာကုန္းဇာတိျဖစ္ပါသည္။ သုံးဆယ္ၿမိဳ႕ ေမာင္းေထာင္ေက်ာင္းတိုက္မွ ၁၃၀ဝျပည့္ႏွစ္တြင္ လူဝတ္ဘဝျဖင့္ ပထမငယ္တန္းကို ေအာင္ျမင္ခဲ့ပါသည္။ ပထမငယ္ေအာင္ၿပီး ၁၃၀၁ခုမွာ ေမာင္းေထာင္တိုက္ဆရာေတာ္ႀကီးထံမွာ ရွင္သာမေဏျပဳခဲ့၍ ေခတၱသာေနကာ လူဝတ္လဲခဲ့ပါသည္။ ထို႔ေနာက္ ေညာင္တုန္းၿမိဳ႕ ေ႐ႊဟသၤာေတာရေက်ာင္းတိုက္သို႔ ေရာက္ရွိလာကာ ဆရာေတာ့္ဒကာကို ဆရာေတာ္မွတိုက္တြန္းေသာေၾကာင့္ ထိုဒကာမွ ရွင္ဒကာခံကာ ရွင္ျပဳေပးခဲ့ပါသည္။ ထိုႏွစ္၁၃၀၁ခုႏွစ္မွာ ပထလတ္တန္း, ၁၃၀၂ခုႏွစ္မွာ ပထမႀကီးတန္းေျဖဆိုခဲ့ေသာ္လည္း ဒုတိယကမာၻစစ္ႀကီးေၾကာင့္ ေအာင္စာရင္းမထုတ္ျပန္ႏိုင္ပါ၍ ေအာင္ မေအာင္ မသိရွိခဲ့ရပါေပ။


၁၃၀၄ခုႏွစ္မွာ ရွင္ဒကာမ်ားမွပင္ ဒကာခံကာ ရဟန္းျဖစ္ခဲ့ပါသည္။ ရဟန္းျဖစ္စမွာပင္ ေ႐ႊဟသၤာေတာရေက်ာင္းမွာ က်င္းပသည့္ ဝိနည္းစာျပန္ပြဲတြင္ ဝိနည္းပါဠိေတာ္ငါးက်မ္းကို အေထာက္အမလြတ္ အာဂုံျပန္ဆိုႏိုင္ခဲ့ပါသည္။ ထို႔ေနာက္ ပရိယတၱိကို ရပ္တန႔္ကာ ပဋိပတၱိကို သထုံၿမိဳ႕ မင္းကြန္းေဇတဝန္ဆရာေတာ္ႀကီးထံ နည္းခံ၍ (၂)ႏွစ္ အားထုတ္ခဲ့ပါသည္။

၁၃၀၆ခုႏွစ္မွာ ဖခင္၏က်န္းမာေရးေၾကာင့္ သုံးဆယ္သို႔ျပန္လာကာ ဖခင္ႀကီးကို အနီးကပ္ျပဳစုဖို႔ရာ ရဟန္းသိကၡာခ်၍ သာမေဏဘဝသို႔ ေျပာင္းလဲခဲ့ပါသည္။ ဖခင္ႀကီးကိုျပဳစုရင္း ဖခင္ႀကီးကြယ္လြန္သြားသည့္အခါ ပင္ကိုယ္ကပင္ ေနကၡမၼဓာတ္ႀကီးသူပီပီ သံေဝဂမ်ားစြာ ျဖစ္ခဲ့ေလသည္။ ၁၃၀၇ခုႏွစ္မွာ ေ႐ႊဟသၤာေတာရသို႔ ျပန္ေရာက္လာၿပီး ပထမရွင္ရဟန္းဒကာကပင္ ဒုတိယအႀကိမ္ ရဟန္းဒကာခံ၍ ရဟန္းအျဖစ္သို႔ ေရာက္ရွိခဲ့ျပန္ပါသည္။

ဒုတိယအႀကိမ္ ရဟန္းဘဝရၿပီးေသာအခါ တရားအားထုတ္ရန္ ေ႐ႊဟသၤာဆရာေတာ္ႀကီးထံ ခြင့္ပန္ကာ ရန္ကုန္အင္းစိန္ရွိ မင္းကြန္းေဇတဝန္ေက်ာင္းတိုက္မွာ ေခတၱမွ် တရားအားထုတ္၍ နာရဏီသိမ္ရွိရာ ပဲခူးေတာထဲသို႔ ဦးနႏၵဝံသႏွင့္အတူႂကြေရာက္ကာ တဲေက်ာင္းေလး၌ တရားအားထုတ္ေတာ္မူခဲ့ပါသည္။

၁၃၁၀ခုႏွစ္ ပထမအႀကိမ္ တိပိဋကစာျပန္ပြဲ က်င္းပေသာအခါ ေအာင္ျမင္သူ တစ္ပါးမွ် မရွိခဲ့ပါေခ်။ ထိုစဥ္က တိပိဋကစာေမးပြဲကို ဦးေဆာင္က်င္းပသည့္ ဆာဦးသြင္ဦးေဆာင္ေသာ ဗုဒၶသာသနာႏုဂၢဟ အဖြဲ႕ခ်ဳပ္တြင္ အဖြဲ႕ဝင္အျဖစ္ အရွင္ပညာသာရ၏ရဟန္းဒကာ ဦးပြင့္ေကာင္းမွ ေဆာင္႐ြက္ခဲ့ပါသည္။ ဦးပြင့္ေကာင္း၏ “မိမိ၏ရဟန္းေတာ္ အရွင္ပညာရသည္ ဝိနည္းငါးက်မ္းကို ရဟန္းျဖစ္ကတည္းက အာဂုံေဆာင္ႏိုင္ခဲ့သည္ ”ဟူေသာ သတင္းေပးခ်က္အရ သမၼတ ဝန္ႀကီးခ်ဳပ္ ဆာဦးသြင္တို႔မွ အပင့္ခိုင္းသျဖင့္ ဦးပြင့္ေကာင္းသည္ ပဲခူးေတာထဲသို႔ ဂ်စ္ကားျဖင့္လာေရာက္ၿပီး ပင့္ေဆာင္ခဲ့ေလသည္။ ပရိယတၱိကို ျဖတ္၍ ပဋိပတၱိကိုသာ ႀကိဳးစားရန္ အဓိ႒ာန္ၿပီးျဖစ္၍ စာမျပန္လိုေသာ္လည္း ရဟန္းဒကာႏွင့္ အတူေနဦးနႏၵဝံသကပါ ဝိုင္းဝန္းေျပာဆိုေပးေသာေၾကာင့္ ရန္ကုန္သို႔ လိုက္ပါခဲ့ရပါသည္။


ရန္ကုန္ေရာက္လာေသာ အရွင္ပညာသာရကို သမၼတအမႉးျပဳ ဆာဦးသြင္တို႔အဖြဲ႕မွ ခရီးဦးႀကိဳဆိုကာ ဖလ္ယဥ္ဓမၼာ႐ုံေျမေနရာဝယ္ ေဆာက္လုပ္ထားသည့္ မ႑ပ္တြင္းရွိ ပလႅင္ေပၚသို႔ ပင့္ေဆာင္ဖူးေျမာ္ခဲ့ၾကပါသည္။ ထို႔ေနာက္ ဆာသြင္ သမၼတႀကီးႏွင့္တကြ က်န္ေခါင္းေဆာင္မ်ားမွ ပရိယတၱိမလုပ္ေတာ့ဘူးဟု ဆုံးျဖတ္ထားပါေသာ အရွင္ပညာသာရကို အထပ္ထပ္အခါခါ စာျပန္ပြဲဝင္ဖို႔ရန္ (ဤႏွစ္မွာ ေအာင္ျမင္သူမရွိပါက ေနာင္ႏွစ္တြင္ စာျပန္ပြဲ ဖ်က္သိမ္းေတာ့မည္ စသည္) တိုက္တြန္းပါေသာ္လည္း အရာမထင္ခဲ့ပါေပ။ ရဟန္းဒကာႀကီးမွ အႏူးၫြတ္ ေတာင္းပန္ပါမွ “ ဒီတစ္ခါေတာ့ ဝင္ျပန္ဆိုေပးမည္။ ေနာက္ထပ္ ဘာအေၾကာင္းေၾကာင့္မွ ျပန္ဆိုဖို႔ မခိုင္းပါႏွင့္” ဟု မိန႔္ၾကားကာ ရက္(၅၀)မွ် က်င္းပဖို႔ရန္ လိုေတာ့ေသာ စာျပန္ပြဲကို လက္ခံခဲ့ေလသည္။

ပထမဆုံး ဝိသိ႒ဝိနယဓရ
ထို႔ေနာက္ အရွင္ပညာရသည္ မဟာစည္သာသနာ့ရိပ္သာမွ ဗဟန္းေညာင္တုန္းေက်ာင္းတိုက္ ဆရာေတာ္ ဦးဓမၼေသနထံ (၇)ရက္ စာလိုက္ခဲ့၍ မဟာစည္ဆရာေတာ္ႀကီးထံ(၂၁)ရက္ စာလိုက္ၿပီး ေမးျမန္းျခင္း မွတ္သားျခင္းတို႔ျဖင့္ စာလိုက္ျခင္းကိစၥ ၿပီးဆုံးေသာအခါ စတင္၍ စာက်က္ခဲ့ပါသည္။ ဣရိယာပထေလးျဖာ အခ်ိန္ကိုက္ေစကာ အသံမထြက္ စိတ္ႏွင့္သာ စာက်က္ခဲ့လာရာ ဒုတိယအႀကိမ္ တိပိဋကစာျပန္ပြဲႀကီးသို႔ပင္ ေရာက္ရွိလာခဲ့ေပသည္။

၁၃၁၁ခုႏွစ္ ျပာဆိုလဆန္း (၇)ရက္ေန႔မွစတင္၍ က်င္းပေသာ ဒုတိယအႀကိမ္ တိပိဋကေ႐ြးျခယ္ေရး စာေမးပြဲတြင္ ဝိနည္းပိဋကအာဂုံျပန္(၃)ပါး, ဒီဃနိကာယ္ျပန္(၁)ပါး, အဘိဓမၼာျပန္(၁)ပါးအားျဖင့္ ပိဋကသုံးပုံစုံလင္စြာ ျပန္ဆိုသူ(၅)ပါးအနက္ သက္ေတာ္(၂၆)ႏွစ္ရွိ အရွင္ပညာသာရတစ္ပါးတည္းသာ ဝိနည္းငါးက်မ္းကို အထူးျဖင့္ေအာင္ျမင္ခဲ့ပါ၍ “ ဝိသိ႒ဝိနယဓရဘြဲ႕” ကို ပထမဆုံး ရရွိေတာ္မူခဲ့ေလသည္။

မဟာဂႏၶာ႐ုံေက်ာင္း
ဒုတိယကမာၻစစ္အတြင္းျဖစ္၍ ေရာင္စုံသူပုန္မ်ား ေသာင္းက်န္းေနေသာေၾကာင့္ ဦးပြင့္ေကာင္း၏ ေတာင္းပန္ခ်က္အရ ပဲခူးေတာထဲသို႔ မႂကြျဖစ္ေတာ့ဘဲ ဆိတ္ၿငိမ္သည့္ေျမေနရာမွာ ဦးပြင့္ေကာင္း ေဆာက္လုပ္လႉဒါန္းသည့္ သစ္သားေက်ာင္းေလး၌ သီတင္းသုံးေတာ္မူခဲ့ေလသည္။ ထိုေက်ာင္း၏ အမည္မွာ “ (အျပည္ျပည္ဆိုင္ရာ) မဟာဂႏၶာ႐ုံ” ျဖစ္ေလသည္။


မင္းကြန္းဆရာေတာ္ႀကီး၏ မိန႔္စကားေတာ္
အရွင္ပညာသာရႏွင့္စပ္လ်ဥ္း၍ မင္းကြန္းဆရာေတာ္ႀကီး၏ မိန႔္ၾကားခ်က္မွာ—-“ ဘုန္းႀကီးတို႔ တိပိဋကဓရျဖစ္ရတာ ဦးပညာသာရေၾကာင့္ဘဲ။ ဦးပညာသာရ တိပိဋကစာျပန္ပြဲမွာ ဝင္ျပန္မေပးရင္ အဲဒီႏွစ္ကတည္းက စာျပန္ပြဲႀကီးကို ဖ်က္ပစ္လိုက္ရမွာဘဲ။ ဦးပညာသာရ ဝင္ေရာက္ေျဖဆိုရာမွာ ေအာင္ျမင္သြားလို႔ စာေမးပြဲႀကီး ဆက္လက္က်င္းပႏိုင္ၿပီး တိပိဋကဓရပုဂၢိဳလ္မ်ားနဲ႔ အျခားႏွစ္ပုံေအာင္ တစ္ပုံေအာင္ပုဂၢိဳလ္ေတြ ေပၚထြက္လာရတာပ။ ဦးပညာသာရဟာ ပိဋကသုံးပုံ မျပန္ဆိုေသာ္လည္း ပိဋကသုံးပုံျပန္ႏိုင္တဲ့ လမ္းေၾကာင္းႀကီးကိုေတာ့ သူက ေဖာက္ေပးသြားဘဲ” ဟူ၍ ျဖစ္ေပသည္။

( ေ႐ႊရတု တိပိဋကဓရ တိပိဋကေကာဝိဒဆရာေတာ္ ဘဒၵႏၲသီလကၡႏၶာဘိဝံသေရးသား “ ပထမ ပုဂၢိဳလ္ထူးမ်ား ပထမတြဲ” စာအုပ္မွ အက်ဥ္းခ်ဳပ္ေကာက္ႏႈတ္ကာ မွ်ေဝေပးပါသည္။ )

အားလုံးသာယာခ်မ္းေျမ့ၾကပါေစ….

တိပိဋက ျမန္မာျပန္ မွ

Leave a Comment