သံပုရာသီးအစေ့က ပေးစွမ်းနိုင် တဲ့ ကျန်းမာရေး အကျိုးကျေးဇူး များ

သံပုရာသီးတင်မကပါဘူး သံပုရာသီးအစေ့ကပါ ဆေးဖက်ဝင်ပါတယ်။သံပုရာသီးကအားလုံးသိတဲ့ အတိုင်းပဲ ကယ်ဆီယမ် ဓာတ်အများကြီးပါတာကြောင့် ကျန်းမာရေးရှုထောင့်ကကြည့်ရင် အဆီများတာတွေကိုလျော့ချပေးနိုင်ပြီး

ခန္ဓာကိုယ်မှာရှိတဲ့ အဆိပ်အတောက်တွေကိုဖယ်ရှားပေးနိုင်တဲ့ဆေးတစ်မျိုးပါပဲ ဒီလိုသောက်ရုံတင်မကပဲ သံပုရားသီးတွေကိုပါးပါးလေးလှီးပြီး ခန္ဓာကိုယ်အတွင်းပိုင်းကမဲနေတဲ့နေရာတွေကို ဖြူစင်အောင်တိုက်လို့ရပါသေးတယ်

ဒါကတော့သံပုရာသီးနဲ့ပတ်သတ်တဲ့အကျိုးတွေပေါ့ဒီလိုသံပုရာသီးကဒီလိုကောင်းကျိုးတွေရှိသလိုပဲ သံပုရာသီးအစေ့ကလည်းထူးခြားတဲ့ကောင်းကျိုးတွေရှိနေပါတယ်။ သံပုရာရည်သောက်တိုင်း

သံပုရာသီးစေ့ ထည့်ဖျော်တာဟာ ပိုပြီးဆေးဖက်ဝင်ကာ အဆီကျတယ်လို့သိရပါတယ် (အစေ့ကိုဝါးပြီးမှတော့မျိုဖို့လိုပါတယ်နော်)

နောက်တစ်ခုက သွေးပေါင်ချိန်တတ်၊ သွေးတိုးတတ်တဲ့သူတွေအတွက်လည်း သံပုရာသီးအစေ့ကို ဝါးစားပေးခြင်းဟာ သွေးတိုးခြင်းကိုလျော့ချပေးပြီး သွေးကိုကောင်းမွန်စွာလည်ပတ်စေပါတယ်။ ခန္ဓာကိုယ်အတွင်းပိုင်း သွေးခဲမှု သွေးပျစ်မှု

အစရှိတဲ့ ရောဂါတွေကို လည်းတားမြစ်နိုင်ပြီး အသည်းအဆီဖုံးခြင်း နှလုံး သွေးကြောကျဉ်းခြင်းတို့ကိုလည်းထိရောက်စွာသက်သာစေတဲ့ဆေးတစ်မျိုးလို့ဆိုလည်းရပါတယ်

Zawgyi







Leave a Comment