ဦးပဉ္ဇင်းနေဖို့ ကျောင်းမရှိလို့ အဖွားရဲ့ လက်ဝတ်ရတနာတွေကို ရောင်းပြီး လှူမယ်ဆိုတဲ့ အသက် (၈၀)ကျော် အဖွား

အင်းစိန်က သိက္ခာထပ်ထားတဲ့ ရဟန်းဒါယိကာမကြီး ဒေါ်စောနွဲ့က တိုးတိုးလေးကပ်ပြီး ပြောပါတယ် ‘မောင်ပဉ္ဇင်း အဖွားလည်း အသက် ၈၀ ကျော်ပြီ အဖွားရဲ့ နောက်ဆုံးအချိန်ကျရင် လာဖြစ်အောင် လာနော်’ ဆိုတော့ လာမှာပေါ့လို့ပဲ ပြန်ပြောလိုက်ပါတယ်။

အဖွားက ဆက်ပြောတယ် ‘မောင်ပဉ္ဇင်းနေဖို့ ကျောင်းမရှိလို့ အဖွားရဲ့ လက်ဝတ်ရတနာတွေကို မောင်ပဉ္ဇင်းကို လှူဖို့ စာရေးထားခဲ့မှာ ဟာ အဲဒါဆိုရင်တော့ မလာချင်ဘူး အဖွားမရှိရင် မိဘပစ္စည်း သားသမီးပိုင်ရမှာ သူတို့ စိတ်ထဲတစ်မျိုးဖြစ်နေရင် မကောင်းဘူး အဖွားရဲ့သားသမီးတွေ သဘောအတိုင်းလုပ်ပါစေလို့ ပြောလိုက်တော့ အေးပါ အေးပါ လို့ပြောပြီး ပြန်သွားပါတယ်။


နောက်တစ်ပတ်လောက်ကြာတော့ ပြန်ရောက်လာပြီး မောင်ပဉ္ဇင်း သားသမီးတွေကို ပြောပြီးပြီ ပိုလို့တောင် အဆင်ပြေပါ‌တယ် သူတို့က ပြောပါတယ် အမေရယ် သေမှ လှူတာက အမေ့အတွက် မသေချာပါဘူး။ အမေလှူချင်တာကို အခုတည်းက လှူသွားပါလို့ ပြောကြလို့ ခွဲခြမ်း စီစဉ်လိုက်ပါပြီ။

 

အဖွားက သိန်း ၁၀၀ အဖွားသူငယ်ချင်း ဒေါ်လွမ်းက သိန်း ၅၀ မြန်မြန်လှူချင်လှပါပြီ လှူရမယ့်ရက်သာ မြန်မြန်သတ်မှတ်ပါ။ ခဏခဏလျှောက်လို့ ဒီနေ့ အာဇာနည်နေ့မှာ ရေစက်ချဖို့ သတ်မှတ်လိုက်ပါတယ်။


ရေစက်မချခင်မှာ အဖွားကို တစ်ခုလောက် ပြောချင်ပါသေးတယ်။ အဖွားက မောင်ပဉ္ဇင်းအတွက် ကျောင်းဆောက်ဖို့ ရည်မှန်းပေမယ့် မောင်ပဉ္ဇင်းအတွက်တော့ မဆောက်ချင်ပါဘူး။ မုံရွာမှာ ပညာဒါန သုံးထပ်ကျောင်းဆောင် ဆောက်နေတယ်။ မတည်အလှူရှင်က သိန်း ၃၅၀ လှူထားပါတယ်။ကျောင်းက လုပ်ရင်းလုပ်ရင်းနဲ့ သိန်း ၈၀၀ ကျော်ပါမယ်။ အဲဒီမှာ ထည့်လိုက်ရမလား ဆိုတော့ မောင်ပဉ္ဇင်း လိုအပ်တဲ့နေရာ လုပ်ပါလို့ပြောပြီး ဒီနေ့ပဲ ရေစက်ချလိုက်ပါတယ်။

 


ချမ်းသာလေးမျိုးနဲ့ သူတော်ကောင်းတို့ ဆုတောင်းတရားအကျဉ်းလေး ဟောပေးခဲ့ပါတယ်။ ချမ်းသာလေးမျိုးက –

၁။ အတ္ထိသုခ။ ရှိသင့်တာရှိရင် ချမ်းသာတယ်။

၂။ ပရိဘောဂသုခ။ သုံးဆောင်ခံစားရမှ ချမ်းသာတယ်။

၃။ အာနဏ်သုခ။ ကြွေးကင်းရင် ချမ်းသာတယ်။

၄။ အနဝဇ္ဇသုခ ဝါ ဝိမုတ္တိသုခ။ အပြစ်ကင်းသောချမ်းသာ စွန့်လွှတ်မှု ချမ်းသာ ဆိုပြီး လေးမျိုးရှိပါတယ်။


အဲဒီလေးမျိုးထဲမှာ ရှေ့သုံးမျိုးက တဏှာမကင်းလို့ ချမ်းသာအတုပါ။ အပြစ်ကင်းသော စွန့်လွှတ်မှုချမ်းသာသည်သာ နိဗ္ဗာန်ကို ဦးတည်တဲ့ ချမ်းသာအစစ်ပါ။

ဘုရားလောင်း ကဏှရသေ့ကို သိကြားမင်းက ဖြည့်ဆည်းပေးပါမယ်… ဘာလိုချင်လဲလို့ မေးတော့ ကဏှရသေ့က ဆု ၆ မျိုး ပြောဆိုလိုက်ပါတယ်။

၁။ ဘယ်သူ့ကိုမှ စိတ်မဆိုးပါရစေနဲ့။

၂။ဘယ်သူ့ကိုမှ မပြစ်မှားပါရစေနဲ့။

၃။ မည်သည့်အရာကိုမျှ လိုချင်လောဘ မဖြစ်ပါရစေနဲ့။


၄။မည်သည့်အရာကိုမျှ ပြင်းစွာ စွဲလန်းခြင်းမဖြစ်ပါရစေနဲ့။

၅။သူတော်ကောင်းတရား အားထုတ်ခွင့် မရမှာစိုးလို့ အနာရောဂါကင်းရပါလို၏။

၆။ ကိုယ့်ကြောင့် သူတစ်ပါးတို့ ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်းမဖြစ်ကြပါစေနဲ့လို့ ဆု ၆ မျိုး တောင်းဆိုလိုက်ပါတယ်။

ရေစက်ချအပြီးမှာ Hotpot City မှာ နေ့ဆွမ်းဆက်ကပ်ကြပါတယ်။ အဖွားက ပြီးတော့ တိုးတိုးလေးကပ်လျောက်သွားသေးတယ်။ ငါးကျပ်သား ကျန်သေးတယ် လှူထားခဲ့ပါမယ်တဲ့ အားလုံး ဝမ်းသာ၍ ချမ်းသာကြပါစေ။

Zawgyi

အင္းစိန္က သိကၡာထပ္ထားတဲ့ ရဟန္းဒါယိကာမႀကီး ေဒၚေစာႏြဲ႕က တိုးတိုးေလးကပ္ၿပီး ေျပာပါတယ္ ‘ေမာင္ပၪၨင္း အဖြားလည္း အသက္ ၈၀ ေက်ာ္ၿပီ အဖြားရဲ႕ ေနာက္ဆုံးအခ်ိန္က်ရင္ လာျဖစ္ေအာင္ လာေနာ္’ ဆိုေတာ့ လာမွာေပါ့လို႔ပဲ ျပန္ေျပာလိုက္ပါတယ္။


အဖြားက ဆက္ေျပာတယ္ ‘ေမာင္ပၪၨင္းေနဖို႔ ေက်ာင္းမရွိလို႔ အဖြားရဲ႕ လက္ဝတ္ရတနာေတြကို ေမာင္ပၪၨင္းကို လႉဖို႔ စာေရးထားခဲ့မွာ ဟာ အဲဒါဆိုရင္ေတာ့ မလာခ်င္ဘူး အဖြားမရွိရင္ မိဘပစၥည္း သားသမီးပိုင္ရမွာ သူတို႔ စိတ္ထဲတစ္မ်ိဳးျဖစ္ေနရင္ မေကာင္းဘူး အဖြားရဲ႕သားသမီးေတြ သေဘာအတိုင္းလုပ္ပါေစလို႔ ေျပာလိုက္ေတာ့ ေအးပါ ေအးပါ လို႔ေျပာၿပီး ျပန္သြားပါတယ္။

ေနာက္တစ္ပတ္ေလာက္ၾကာေတာ့ ျပန္ေရာက္လာၿပီး ေမာင္ပၪၨင္း သားသမီးေတြကို ေျပာၿပီးၿပီ ပိုလို႔ေတာင္ အဆင္ေျပပါ‌တယ္ သူတို႔က ေျပာပါတယ္ အေမရယ္ ေသမွ လႉတာက အေမ့အတြက္ မေသခ်ာပါဘူး။ အေမလႉခ်င္တာကို အခုတည္းက လႉသြားပါလို႔ ေျပာၾကလို႔ ခြဲျခမ္း စီစဥ္လိုက္ပါၿပီ။

အဖြားက သိန္း ၁၀၀ အဖြားသူငယ္ခ်င္း ေဒၚလြမ္းက သိန္း ၅၀ ျမန္ျမန္လႉခ်င္လွပါၿပီ လႉရမယ့္ရက္သာ ျမန္ျမန္သတ္မွတ္ပါ။ ခဏခဏေလွ်ာက္လို႔ ဒီေန႔ အာဇာနည္ေန႔မွာ ေရစက္ခ်ဖို႔ သတ္မွတ္လိုက္ပါတယ္။

ေရစက္မခ်ခင္မွာ အဖြားကို တစ္ခုေလာက္ ေျပာခ်င္ပါေသးတယ္။ အဖြားက ေမာင္ပၪၨင္းအတြက္ ေက်ာင္းေဆာက္ဖို႔ ရည္မွန္းေပမယ့္ ေမာင္ပၪၨင္းအတြက္ေတာ့ မေဆာက္ခ်င္ပါဘူး။ မုံ႐ြာမွာ ပညာဒါန သုံးထပ္ေက်ာင္းေဆာင္ ေဆာက္ေနတယ္။ မတည္အလႉရွင္က သိန္း ၃၅၀ လႉထားပါတယ္။


ေက်ာင္းက လုပ္ရင္းလုပ္ရင္းနဲ႔ သိန္း ၈၀၀ ေက်ာ္ပါမယ္။ အဲဒီမွာ ထည့္လိုက္ရမလား ဆိုေတာ့ ေမာင္ပၪၨင္း လိုအပ္တဲ့ေနရာ လုပ္ပါလို႔ေျပာၿပီး ဒီေန႔ပဲ ေရစက္ခ်လိုက္ပါတယ္။

ခ်မ္းသာေလးမ်ိဳးနဲ႔ သူေတာ္ေကာင္းတို႔ ဆုေတာင္းတရားအက်ဥ္းေလး ေဟာေပးခဲ့ပါတယ္။ ခ်မ္းသာေလးမ်ိဳးက –

၁။ အတၳိသုခ။ ရွိသင့္တာရွိရင္ ခ်မ္းသာတယ္။

၂။ ပရိေဘာဂသုခ။ သုံးေဆာင္ခံစားရမွ ခ်မ္းသာတယ္။

၃။ အာနဏ္သုခ။ ေႂကြးကင္းရင္ ခ်မ္းသာတယ္။

၄။ အနဝဇၨသုခ ဝါ ဝိမုတၱိသုခ။ အျပစ္ကင္းေသာခ်မ္းသာ စြန႔္လႊတ္မႈ ခ်မ္းသာ ဆိုၿပီး ေလးမ်ိဳးရွိပါတယ္။

အဲဒီေလးမ်ိဳးထဲမွာ ေရွ႕သုံးမ်ိဳးက တဏွာမကင္းလို႔ ခ်မ္းသာအတုပါ။ အျပစ္ကင္းေသာ စြန႔္လႊတ္မႈခ်မ္းသာသည္သာ နိဗၺာန္ကို ဦးတည္တဲ့ ခ်မ္းသာအစစ္ပါ။


ဘုရားေလာင္း ကဏွရေသ့ကို သိၾကားမင္းက ျဖည့္ဆည္းေပးပါမယ္… ဘာလိုခ်င္လဲလို႔ ေမးေတာ့ ကဏွရေသ့က ဆု ၆ မ်ိဳး ေျပာဆိုလိုက္ပါတယ္။

၁။ ဘယ္သူ႔ကိုမွ စိတ္မဆိုးပါရေစနဲ႔။

၂။ဘယ္သူ႔ကိုမွ မျပစ္မွားပါရေစနဲ႔။

၃။ မည္သည့္အရာကိုမွ် လိုခ်င္ေလာဘ မျဖစ္ပါရေစနဲ႔။

၄။မည္သည့္အရာကိုမွ် ျပင္းစြာ စြဲလန္းျခင္းမျဖစ္ပါရေစနဲ႔။

၅။သူေတာ္ေကာင္းတရား အားထုတ္ခြင့္ မရမွာစိုးလို႔ အနာေရာဂါကင္းရပါလို၏။

၆။ ကိုယ့္ေၾကာင့္ သူတစ္ပါးတို႔ ကိုယ္ဆင္းရဲျခင္း စိတ္ဆင္းရဲျခင္းမျဖစ္ၾကပါေစနဲ႔လို႔ ဆု ၆ မ်ိဳး ေတာင္းဆိုလိုက္ပါတယ္။

ေရစက္ခ်အၿပီးမွာ Hotpot City မွာ ေန႔ဆြမ္းဆက္ကပ္ၾကပါတယ္။ အဖြားက ၿပီးေတာ့ တိုးတိုးေလးကပ္ေလ်ာက္သြားေသးတယ္။ ငါးက်ပ္သား က်န္ေသးတယ္ လႉထားခဲ့ပါမယ္တဲ့ အားလုံး ဝမ္းသာ၍ ခ်မ္းသာၾကပါေစ။

Leave a Comment