စီးပွားရေး အဆင်မပြေဖြစ်၊ အကြွေး ပတ်လည်ဝိုင်း၊ အလုပ်မှာ အဆင်မပြေသူများအတွက်

စီးပွားရေး အဆင်မပြေဖြစ်၊ အကြွေး ပတ်လည်ဝိုင်း၊ အလုပ်မှာ အဆင်မပြေသူများအတွက်

စီးပွားရေး အဆင်မပြေဖြစ်၊ အကြွေး ပတ်လည်ဝိုင်း၊ အလုပ်မှာ အဆင်မပြေသူများအတွက်

စီးပွားရေး အဆင်မပြေဖြစ်၊ အကြွေး ပတ်လည်ဝိုင်း၊ အလုပ်မှာ အဆင်မပြေသူများအတွက် ယုံကြည်စွာ ကိုးကွယ်ကြည့်ပါ အကျိုးထူးပါသည်

ဦးရွှေအိုးဘုရား

1998 ခုနှစ်မှာ မိသားစု စီးပွားရေး ကျခဲ့တယ်။ အကြွေးတွေတင်ခဲ့တယ်။အကြွေးတင်တာ က အ ကြောင်းမဟုတ် ။ တစ်လ တစ်လ ပေးနေရတဲ့အတိုးက မသေး ။လကုန်ရင် အတိုးပေးဖို့ စိတ်ပူနေရပြီ ။ ကြုံဖူးသူများသိမှာ ပါ ။ အဲဒီ ဒုက္ခကို ။ တကယ်စိတ်ဆင်း ရဲစ ရာကောင်းပါသည် ။

အဲဒါနဲ့ 1999 မှာ အဘဆရာကြီး မင်းသိင်္ခရေးတဲ့ ဝါစိမ်းနီဦးရွှေအိုးဘုရားအကြောင်းဖတ်လိုက်ရသည်။အဲဒါနဲ့ အဲဒီ ဘုရား ထုပြီး ကိုးကွယ်ခဲ့သည်။အဘမင်းသိင်္ခ၏ အကြွေးကြေမယ် ယတြာများလုပ်ခဲ့သည် ။တိုတိုနဲ့လိုရင်းပြောရရင် ၃ လနေတော့ အကြွေးတစ်ဝက်ကြေသွားသည်။၆ လ နေတော့ အကြွေးလုံးဝ ရှင်းသွားသည် ။ ၃ နှစ်နေတော့ အိမ်ပိုင်ဝိုင်းပိုင် ကားပိုင် ဖြစ်ခဲ့ရသည် ။

ထို့နောက်မှ ဗေဒင် ယတြာကို ယုံကြည်ပြီးဗေဒင်လောကထဲ ရောက်လာခဲ့ရပါတော့သည်။အဲဒီဘုရားကိုးကွယ်ခိုင်းခဲ့သော မိတ်ဆွေများလည်း အကြွေးကြေ စီးပွားဖြစ်ကြတာကို တွေ့ ရှိရပါတယ်။ထို့ကြောင့် အဲဒီ ဘုရားအကြောင်းကိုမျှဝေပေးလိုက် ရပါတော့သည် ။ ယုံလျှင်ကြည်ပါလိမ့်မည်။ မယုံလျှင်မလုပ်ပါနဲ့ ။

ကျွန်တော့်တုန်းကတော့ မယုံပါ ။ ဒီဘုရားကိုးကွယ်ယုံ နဲ့ အဆင်ပြေမယ် ဆိုတာ မယုံပဲ လုပ်စရာ မရှိလို့ စမ်းကြည့်လိုက်တာပါ။ အ ဆင်ပြေသွားတယ်။အဘမင်းသိင်္ခ၏ မနောမယလက် ဆောင်ပေါင်းချုပ်စာအုပ်တွင်ရေး သားထားပါသည်။အင်းဝခေတ် က ဖြစ်ပါသည်။မင်း ဆရာဗားမဲ့ဆရာတော်သည်လော ကီပညာများကို တတ်ကျွမ်းပါ သည် ။

အင်းဝ မန်ကျဉ်းတန်းနေ ဦးရွှေအိုးဆိုသော သူဆင်းရဲကြီးတစ်ဦးသည် ဆရာတော်ကျောင်းသို့ အ စဉ်သဖြင့် သွားရောက်၍ ဆ ရာတော် ကိုနင်းနိတ်ပေးနေလေသည် ကြာသောအခါ ဦးရွှေအိုး၏ တံ တောင်သည် ကျွဲပခုံးများ ထ၍နေပေတော့၏။တနေ့သ၌ မင်းသားတစ်ပါးသည် ဆရာတော်ထံသို့ရောက်လာပြီးလျှင် ဆရာတော်ဘုရား အခုအခါမှာ နယ်စားကြီးရာထူး လစ်လပ်နေပါတယ်။ တပည့်တော်တို့မင်း သားက သုံးပါးရှိပါတယ်။

အဲဒီနေရာကို တပည့်တော် လိုချင်ပါတယ်ဘုရားဟု လျှောက်ထားလိုက်လျှင် ကောင်းပြီ ဒကာဟု ဆိုကာ ကွမ်းရွက်ပေါ်တွင် ထုံးဖြင့် စမရေး၍ ထိုမင်းသား အားပေးလိုက် လေ၏။ထိုသို့ပေးပြီနောက် “သုံးရက်အတွင်း ဒကာလိုချင်တဲ့ ရာထူးကိုရလိမ့်မယ်” ဟုလည်း မိန့်မှာတော်မူလိုက်လေ၏။ထိုနောက် အမတ်တဦး ရောက် လာပြန်၏။ ထိုအမတ်ကလည်း ဆရာတော်ဘုရား အမတ်ချုပ်ရာထူး လစ်လပ်နေပါပြီ။

တပည့်တော်တို့ငါးဦးဟာ အဲဒီနေရာကို ချိန်ရွယ် နေကြပါတယ်ဘုရား။တပည့်တော်ဟာ အဲဒီနေရာကို အလွန်ပဲ လိုချင်ပါတယ်ဘုရား”ဟု လျောက်ထားလျှင် ဆရာတော်သည် ထိုအမတ်အား သပြေညွန့်ခုနှစ်ညွန်ကို ဂါထာခုနှစ်အုပ် စုပ်၍ ပေးလိုက်၏။ ထို့ နောက် “ဒါယကာအမတ် ငါးရက်အတွင်း အမတ်ချုပ်ရာထူးရလိမ့်မယ်။ သွားပေတော့” ဟု ပြောလိုက် လေ၏။

မကြာမီ၌ပင် ကုန်သည်တစ်ဦး ရောက်လာလေ၏။ ထိုကုန်သည်သည်လည်း ဆရာတော်အား “ဆ ရာတော်ဘုရား တပည့်တော်ဟာ ကုန်သည်လေးဖြစ်ပါတယ်ဘု ရား ။တပည့်တော်ဟာ လုံးလဝီရိယလည်း ရှိပါတယ်။ကုန်သည်ကြီး ဖြစ်လိုလို့ဆ ရာတော်ဘုရား ကယ်မတော်မူပါ” ဟုလျောက်ထားပြန်လေ၏။

ဆ ရာတော်ကထိုကုန်သည်အားအင်း တစ်ချပ် ချီးမြင့်လိုက်ပြီးလျှင် “ကဲ ကုန်သည် ဒါယကာလေးရေ ဒီတပတ်အတွင်းမှာပဲ ကုန်တွေ အဆမတန်မြတ်စွန်းပြီးကုန် သည် ကြီးဖြစ်သွားလိမ့်မယ်”ဟု မိန့်မှာတော်မူကာ လွတ်လိုက်လေ၏။ကုန် သည်လေးသည် ဝမ်းမြောက် ဝမ်းသာနှင့် ပြန်သွားလေ၏။ရက်မကြာမီ၌မင်းသားသည်လည်းကောင်း အမတ်သည်လည်း ကောင်း ကုန်သည်သည်လည်းကောင်း လှူဖွယ်ပစ္စည်းအ စုစုဖြင့် ဗားမဲ့ ဆရာတော်ကျေင်းသို့ပြန်လည် ရောက်ရှိလာကြလေ ၏။

မင်းသားကလည်း နယ်စား ကြီးဖြစ်ကြောင်း အမတ်ကလည်း အမတ်ချုပ်ဖြစ်သွာပြီဖြစ် ကြောင်း ကုန်သည်လေးကလည်း ဆရာတော် ပြောသည့်အတိုင်း တစ်ခေါက်ထဲ၌ပင် ကုန်သည်ကြီးဘဝသို့ရောက်သွားပြီ ဖြစ် ကြောင်းပြောလေ၏။ထို့ နောက် ဆရာတော်အား ကန် တော့၍ ပြန် သွားကြလေ၏။ထိုအခါ ဆရာတော်၏ကျောကို တတောင်ဖြင့် ကျိတ်ပေးနေသော ဦးရွှေအိုးက “အရှင်ဘုရားကို တတောင်နဲ့ကျိတ်ပေးလို့ တ ပည့်တော် တံတောင်ဟာ ကျွဲပုခုံးတွေ ဖြစ်နေပါပြီ။

တပည့်တော်လောက် ဆင်းရဲတဲ့ လူဟာ အင်းဝ တစ်ပြည်လုံးမှာတောင် မဟုတ်ဘူး။ မန်ကျည်းတန်း တစ်တန်းလုံးမှာလည်း တပည့်တော် အ ဆင်းရဲဆုံးပါပဲ။ဆန်ကွဲနဲ့မန် ကျည်း ရွက်နဲ့ ပြုတ်သောက်နေ ရတာကြာပါပြီဘုရား။ တ ပည့်တော်ကို ကြီးပွားချမ်းသာအောင် ဘာလို့ မလုပ် ပေးတာလဲဘု ရား ”ဟု ရဲဝံ့ပြတ်သားစွာ လျှေက်တင်လေ၏။

ထိုအခါ ဗားမဲ့ဆရာတော်က ” နင် ငါ့ဆီမှာ ဘယ်နှစ်ခါများ တောင်းဖူးသလဲ။နင့်ဟာနင်နင်းပေးတယ်။ နှိပ်ပေးတယ်။ အဲဒီအတွက်နင် ကု သိုလ်တွေ ရနေပြီပဲ ။တို့လော ကီပညာက မတောင်းရင် မပေးရဘူး။ နင် မတောင်းတော့ ငါက မပေးဘူးပေါ့။ ”ဟု မိန့်လိုက်လျင် ဦးရွှေအိုးက “တောင်းမှ ပေးမယ်ဆိုရင်လည်း အခုပေးပါ။ တ ပည့်တော် သူဌေးဖြစ်ချင်ပါတယ်

ဘု ရား”ပြောလေ၏။ ထိုအခါ ဗားမဲ့ဆရာတော်က ပြဲုးရယ်လျက် “အေးအေး နင့်ဘုရားစင်မှာ ကျွန်းသားနဲ့ ဘုရားဆင်းတုတော်ထုပါ။ အနည်းဆုံး၆ လက်မ ရှိရမယ်။အဲ ဒီ ဆင်းတုတော်မှာ သင်္ကန်းတော်ကို အနီရဲရဲ ဆေးပြန်ချယ်။ ပလ္လင်တော်ကိုတော့ အစိမ်းရောင်တောက်တောက် ဆေးချယ်ခေါင်း တော်မျက်နှာတော် လက်ဝါးတော်ကိုတော့ တတ်နိုင်ရင် ရွှေချ။ မ တတ်နိုင်ရင် အဝါရောင် တောက် တောက်ကို ချယ် ။ပြီတော့

{ ဧဝံ အစိန္တိယာ ဗုဒ္ဓါ ၊ ဗုဒ္ဓ ဂုဏာ အစိန္တိယာ

အစိန္တိယေ ပသန္နနံ ၊ ဝိပါကော ဟောတု မမ အစိန္တိယော။}

ဒီဂါထာနဲ့ နေ့စဉ်ရေချမ်း ဆွမ်းတော် အမွှေး ပန်း စသည်တို့ကို ကပ်လှူပြီး ချမ်းသာအောင်ဆုတောင်းပေတော့ဟု မိန့်လိုက်လေ ၏။ဦးရွှေအိုးလည်း ထိုစကားကိုကြားလျှင် ဆရာတော်အား ကန် တော့ဦးချ၍ အိမ်သို့ပြန်ပြေးလေ ၏။အိမ်သို့ပြန်ရောက်လျင် ဆ ရာတော်မှာ လိုက်သည့်အတိုင်း အဝါ ၊ အစိမ်း ၊ အနီတိုကို ချယ်ရန် ဆေးချယ်တတ်သူထံသို့ သွားရောက်၍ အကူအညီတောင်းလေ၏။ ဆေးချယ်တတ်သူလည်း ဦးရွှေအိုးအားသ နား၍ အခမဲ့ ချယ်သပေးလိုက်လေ၏။

ထိုနေ့မှစ၍ ဦးရွှေအိုးသည် ဆ ရာတော်မှာသည့် အတိုင်းပြုလုပ်၍ ဆင်းတုတော်ကို ကိုးကွယ်ခဲ့လေသည်။ တစ်ပါတ်မျှကြာသော အခါ မည်သို့ဖြစ်သည်မသိ။ငွေ ကြေးရှိသူတို့သည် ဦးရွှေအိုးကြီးအား ယုံကြည် စိတ်ချရသည်ဆိုကာ ငွေများပေး၍ အလုပ်များစေခိုင်းကြလေ၏။ ဤသို့နှင့်ပင် ဦးရွှေအိုးကြီးသည် အလုပ်နှင့်ငွေများ ရရှိလာလေ၏။ အကျိုးပေးကား မြန်လှ၏။

သုံးနှစ်မျှ ကြာသောအခါ အင်းဝမန်ကျည်းတန်းတွင် ဆန်ကွဲကြို၍ သောက်နေရသော သူဆင်းရဲကြီးငရွှေအိုးအား သူကြွယ်ကြီး ဦးရွှေအိုးဘွဲ့ကို အင်းဝဘုရင်ကိုယ်တိုင် ချီးမြင့်ခဲ့လေ၏။ဦးရွှေအိုးမှ ဆင်းသက်သော မျိုးဆက်ခုနှစ်ဆက်တိုင်တိုင် ထိုဆင်းတုတော်ကို ကိုး ကွယ်ခဲကြလေ၏။ ထိုခုနှစ်ဆက်လုံးအားလည်း ဘုရင်မင်းမြတ် သည် သူကြွယ်ဘွဲ့ကို ချီးမြင့်ခဲ့ရသည်ချည်းဖြစ်၏။

Zawgyi

စီးပြားေရး အဆင္မေျပျဖစ္၊ အေႂကြး ပတ္လည္ဝိုင္း၊ အလုပ္မွာ အဆင္မေျပသူမ်ားအတြက္

စီးပြားေရး အဆင္မေျပျဖစ္၊ အေႂကြး ပတ္လည္ဝိုင္း၊ အလုပ္မွာ အဆင္မေျပသူမ်ားအတြက္

စီးပြားေရး အဆင္မေျပျဖစ္၊ အေႂကြး ပတ္လည္ဝိုင္း၊ အလုပ္မွာ အဆင္မေျပသူမ်ားအတြက္ ယုံၾကည္စြာ ကိုးကြယ္ၾကည့္ပါ အက်ိဳးထူးပါသည္

ဦးေ႐ႊအိုးဘုရား

1998 ခုႏွစ္မွာ မိသားစု စီးပြားေရး က်ခဲ့တယ္။ အေႂကြးေတြတင္ခဲ့တယ္။အေႂကြးတင္တာ က အ ေၾကာင္းမဟုတ္ ။ တစ္လ တစ္လ ေပးေနရတဲ့အတိုးက မေသး ။လကုန္ရင္ အတိုးေပးဖို႔ စိတ္ပူေနရၿပီ ။ ႀကဳံဖူးသူမ်ားသိမွာ ပါ ။ အဲဒီ ဒုကၡကို ။ တကယ္စိတ္ဆင္း ရဲစ ရာေကာင္းပါသည္ ။

အဲဒါနဲ႔ 1999 မွာ အဘဆရာႀကီး မင္းသိခၤေရးတဲ့ ဝါစိမ္းနီဦးေ႐ႊအိုးဘုရားအေၾကာင္းဖတ္လိုက္ရသည္။အဲဒါနဲ႔ အဲဒီ ဘုရား ထုၿပီး ကိုးကြယ္ခဲ့သည္။အဘမင္းသိခၤ၏ အေႂကြးေၾကမယ္ ယၾတာမ်ားလုပ္ခဲ့သည္ ။တိုတိုနဲ႔လိုရင္းေျပာရရင္ ၃ လေနေတာ့ အေႂကြးတစ္ဝက္ေၾကသြားသည္။၆ လ ေနေတာ့ အေႂကြးလုံးဝ ရွင္းသြားသည္ ။ ၃ ႏွစ္ေနေတာ့ အိမ္ပိုင္ဝိုင္းပိုင္ ကားပိုင္ ျဖစ္ခဲ့ရသည္ ။

ထို႔ေနာက္မွ ေဗဒင္ ယၾတာကို ယုံၾကည္ၿပီးေဗဒင္ေလာကထဲ ေရာက္လာခဲ့ရပါေတာ့သည္။အဲဒီဘုရားကိုးကြယ္ခိုင္းခဲ့ေသာ မိတ္ေဆြမ်ားလည္း အေႂကြးေၾက စီးပြားျဖစ္ၾကတာကို ေတြ႕ ရွိရပါတယ္။ထို႔ေၾကာင့္ အဲဒီ ဘုရားအေၾကာင္းကိုမွ်ေဝေပးလိုက္ ရပါေတာ့သည္ ။ ယုံလွ်င္ၾကည္ပါလိမ့္မည္။ မယုံလွ်င္မလုပ္ပါနဲ႔ ။

ကြၽန္ေတာ့္တုန္းကေတာ့ မယုံပါ ။ ဒီဘုရားကိုးကြယ္ယုံ နဲ႔ အဆင္ေျပမယ္ ဆိုတာ မယုံပဲ လုပ္စရာ မရွိလို႔ စမ္းၾကည့္လိုက္တာပါ။ အ ဆင္ေျပသြားတယ္။အဘမင္းသိခၤ၏ မေနာမယလက္ ေဆာင္ေပါင္းခ်ဳပ္စာအုပ္တြင္ေရး သားထားပါသည္။အင္းဝေခတ္ က ျဖစ္ပါသည္။မင္း ဆရာဗားမဲ့ဆရာေတာ္သည္ေလာ ကီပညာမ်ားကို တတ္ကြၽမ္းပါ သည္ ။

အင္းဝ မန္က်ဥ္းတန္းေန ဦးေ႐ႊအိုးဆိုေသာ သူဆင္းရဲႀကီးတစ္ဦးသည္ ဆရာေတာ္ေက်ာင္းသို႔ အ စဥ္သျဖင့္ သြားေရာက္၍ ဆ ရာေတာ္ ကိုနင္းနိတ္ေပးေနေလသည္ ၾကာေသာအခါ ဦးေ႐ႊအိုး၏ တံ ေတာင္သည္ ကြၽဲပခုံးမ်ား ထ၍ေနေပေတာ့၏။တေန႔သ၌ မင္းသားတစ္ပါးသည္ ဆရာေတာ္ထံသို႔ေရာက္လာၿပီးလွ်င္ ဆရာေတာ္ဘုရား အခုအခါမွာ နယ္စားႀကီးရာထူး လစ္လပ္ေနပါတယ္။ တပည့္ေတာ္တို႔မင္း သားက သုံးပါးရွိပါတယ္။

အဲဒီေနရာကို တပည့္ေတာ္ လိုခ်င္ပါတယ္ဘုရားဟု ေလွ်ာက္ထားလိုက္လွ်င္ ေကာင္းၿပီ ဒကာဟု ဆိုကာ ကြမ္း႐ြက္ေပၚတြင္ ထုံးျဖင့္ စမေရး၍ ထိုမင္းသား အားေပးလိုက္ ေလ၏။ထိုသို႔ေပးၿပီေနာက္ “သုံးရက္အတြင္း ဒကာလိုခ်င္တဲ့ ရာထူးကိုရလိမ့္မယ္” ဟုလည္း မိန႔္မွာေတာ္မူလိုက္ေလ၏။ထိုေနာက္ အမတ္တဦး ေရာက္ လာျပန္၏။ ထိုအမတ္ကလည္း ဆရာေတာ္ဘုရား အမတ္ခ်ဳပ္ရာထူး လစ္လပ္ေနပါၿပီ။

တပည့္ေတာ္တို႔ငါးဦးဟာ အဲဒီေနရာကို ခ်ိန္႐ြယ္ ေနၾကပါတယ္ဘုရား။တပည့္ေတာ္ဟာ အဲဒီေနရာကို အလြန္ပဲ လိုခ်င္ပါတယ္ဘုရား”ဟု ေလ်ာက္ထားလွ်င္ ဆရာေတာ္သည္ ထိုအမတ္အား သေျပၫြန႔္ခုႏွစ္ၫြန္ကို ဂါထာခုႏွစ္အုပ္ စုပ္၍ ေပးလိုက္၏။ ထို႔ ေနာက္ “ဒါယကာအမတ္ ငါးရက္အတြင္း အမတ္ခ်ဳပ္ရာထူးရလိမ့္မယ္။ သြားေပေတာ့” ဟု ေျပာလိုက္ ေလ၏။

မၾကာမီ၌ပင္ ကုန္သည္တစ္ဦး ေရာက္လာေလ၏။ ထိုကုန္သည္သည္လည္း ဆရာေတာ္အား “ဆ ရာေတာ္ဘုရား တပည့္ေတာ္ဟာ ကုန္သည္ေလးျဖစ္ပါတယ္ဘု ရား ။တပည့္ေတာ္ဟာ လုံးလဝီရိယလည္း ရွိပါတယ္။ကုန္သည္ႀကီး ျဖစ္လိုလို႔ဆ ရာေတာ္ဘုရား ကယ္မေတာ္မူပါ” ဟုေလ်ာက္ထားျပန္ေလ၏။

ဆ ရာေတာ္ကထိုကုန္သည္အားအင္း တစ္ခ်ပ္ ခ်ီးျမင့္လိုက္ၿပီးလွ်င္ “ကဲ ကုန္သည္ ဒါယကာေလးေရ ဒီတပတ္အတြင္းမွာပဲ ကုန္ေတြ အဆမတန္ျမတ္စြန္းၿပီးကုန္ သည္ ႀကီးျဖစ္သြားလိမ့္မယ္”ဟု မိန႔္မွာေတာ္မူကာ လြတ္လိုက္ေလ၏။ကုန္ သည္ေလးသည္ ဝမ္းေျမာက္ ဝမ္းသာႏွင့္ ျပန္သြားေလ၏။ရက္မၾကာမီ၌မင္းသားသည္လည္းေကာင္း အမတ္သည္လည္း ေကာင္း ကုန္သည္သည္လည္းေကာင္း လႉဖြယ္ပစၥည္းအ စုစုျဖင့္ ဗားမဲ့ ဆရာေတာ္ေက်င္းသို႔ျပန္လည္ ေရာက္ရွိလာၾကေလ ၏။

မင္းသားကလည္း နယ္စား ႀကီးျဖစ္ေၾကာင္း အမတ္ကလည္း အမတ္ခ်ဳပ္ျဖစ္သြာၿပီျဖစ္ ေၾကာင္း ကုန္သည္ေလးကလည္း ဆရာေတာ္ ေျပာသည့္အတိုင္း တစ္ေခါက္ထဲ၌ပင္ ကုန္သည္ႀကီးဘဝသို႔ေရာက္သြားၿပီ ျဖစ္ ေၾကာင္းေျပာေလ၏။ထို႔ ေနာက္ ဆရာေတာ္အား ကန္ ေတာ့၍ ျပန္ သြားၾကေလ၏။ထိုအခါ ဆရာေတာ္၏ေက်ာကို တေတာင္ျဖင့္ က်ိတ္ေပးေနေသာ ဦးေ႐ႊအိုးက “အရွင္ဘုရားကို တေတာင္နဲ႔က်ိတ္ေပးလို႔ တ ပည့္ေတာ္ တံေတာင္ဟာ ကြၽဲပုခုံးေတြ ျဖစ္ေနပါၿပီ။

တပည့္ေတာ္ေလာက္ ဆင္းရဲတဲ့ လူဟာ အင္းဝ တစ္ျပည္လုံးမွာေတာင္ မဟုတ္ဘူး။ မန္က်ည္းတန္း တစ္တန္းလုံးမွာလည္း တပည့္ေတာ္ အ ဆင္းရဲဆုံးပါပဲ။ဆန္ကြဲနဲ႔မန္ က်ည္း ႐ြက္နဲ႔ ျပဳတ္ေသာက္ေန ရတာၾကာပါၿပီဘုရား။ တ ပည့္ေတာ္ကို ႀကီးပြားခ်မ္းသာေအာင္ ဘာလို႔ မလုပ္ ေပးတာလဲဘု ရား ”ဟု ရဲဝံ့ျပတ္သားစြာ ေလွ်က္တင္ေလ၏။

ထိုအခါ ဗားမဲ့ဆရာေတာ္က ” နင္ ငါ့ဆီမွာ ဘယ္ႏွစ္ခါမ်ား ေတာင္းဖူးသလဲ။နင့္ဟာနင္နင္းေပးတယ္။ ႏွိပ္ေပးတယ္။ အဲဒီအတြက္နင္ ကု သိုလ္ေတြ ရေနၿပီပဲ ။တို႔ေလာ ကီပညာက မေတာင္းရင္ မေပးရဘူး။ နင္ မေတာင္းေတာ့ ငါက မေပးဘူးေပါ့။ ”ဟု မိန႔္လိုက္လ်င္ ဦးေ႐ႊအိုးက “ေတာင္းမွ ေပးမယ္ဆိုရင္လည္း အခုေပးပါ။ တ ပည့္ေတာ္ သူေဌးျဖစ္ခ်င္ပါတယ္

ဘု ရား”ေျပာေလ၏။ ထိုအခါ ဗားမဲ့ဆရာေတာ္က ၿပဲုးရယ္လ်က္ “ေအးေအး နင့္ဘုရားစင္မွာ ကြၽန္းသားနဲ႔ ဘုရားဆင္းတုေတာ္ထုပါ။ အနည္းဆုံး၆ လက္မ ရွိရမယ္။အဲ ဒီ ဆင္းတုေတာ္မွာ သကၤန္းေတာ္ကို အနီရဲရဲ ေဆးျပန္ခ်ယ္။ ပလႅင္ေတာ္ကိုေတာ့ အစိမ္းေရာင္ေတာက္ေတာက္ ေဆးခ်ယ္ေခါင္း ေတာ္မ်က္ႏွာေတာ္ လက္ဝါးေတာ္ကိုေတာ့ တတ္ႏိုင္ရင္ ေ႐ႊခ်။ မ တတ္ႏိုင္ရင္ အဝါေရာင္ ေတာက္ ေတာက္ကို ခ်ယ္ ။ၿပီေတာ့

{ ဧဝံ အစိႏၲိယာ ဗုဒၶါ ၊ ဗုဒၶ ဂုဏာ အစိႏၲိယာ

အစိႏၲိေယ ပသႏၷနံ ၊ ဝိပါေကာ ေဟာတု မမ အစိႏၲိေယာ။}

ဒီဂါထာနဲ႔ ေန႔စဥ္ေရခ်မ္း ဆြမ္းေတာ္ အေမႊး ပန္း စသည္တို႔ကို ကပ္လႉၿပီး ခ်မ္းသာေအာင္ဆုေတာင္းေပေတာ့ဟု မိန႔္လိုက္ေလ ၏။ဦးေ႐ႊအိုးလည္း ထိုစကားကိုၾကားလွ်င္ ဆရာေတာ္အား ကန္ ေတာ့ဦးခ်၍ အိမ္သို႔ျပန္ေျပးေလ ၏။အိမ္သို႔ျပန္ေရာက္လ်င္ ဆ ရာေတာ္မွာ လိုက္သည့္အတိုင္း အဝါ ၊ အစိမ္း ၊ အနီတိုကို ခ်ယ္ရန္ ေဆးခ်ယ္တတ္သူထံသို႔ သြားေရာက္၍ အကူအညီေတာင္းေလ၏။ ေဆးခ်ယ္တတ္သူလည္း ဦးေ႐ႊအိုးအားသ နား၍ အခမဲ့ ခ်ယ္သေပးလိုက္ေလ၏။

ထိုေန႔မွစ၍ ဦးေ႐ႊအိုးသည္ ဆ ရာေတာ္မွာသည့္ အတိုင္းျပဳလုပ္၍ ဆင္းတုေတာ္ကို ကိုးကြယ္ခဲ့ေလသည္။ တစ္ပါတ္မွ်ၾကာေသာ အခါ မည္သို႔ျဖစ္သည္မသိ။ေငြ ေၾကးရွိသူတို႔သည္ ဦးေ႐ႊအိုးႀကီးအား ယုံၾကည္ စိတ္ခ်ရသည္ဆိုကာ ေငြမ်ားေပး၍ အလုပ္မ်ားေစခိုင္းၾကေလ၏။ ဤသို႔ႏွင့္ပင္ ဦးေ႐ႊအိုးႀကီးသည္ အလုပ္ႏွင့္ေငြမ်ား ရရွိလာေလ၏။ အက်ိဳးေပးကား ျမန္လွ၏။

သုံးႏွစ္မွ် ၾကာေသာအခါ အင္းဝမန္က်ည္းတန္းတြင္ ဆန္ကြဲႀကိဳ၍ ေသာက္ေနရေသာ သူဆင္းရဲႀကီးငေ႐ႊအိုးအား သူႂကြယ္ႀကီး ဦးေ႐ႊအိုးဘြဲ႕ကို အင္းဝဘုရင္ကိုယ္တိုင္ ခ်ီးျမင့္ခဲ့ေလ၏။ဦးေ႐ႊအိုးမွ ဆင္းသက္ေသာ မ်ိဳးဆက္ခုႏွစ္ဆက္တိုင္တိုင္ ထိုဆင္းတုေတာ္ကို ကိုး ကြယ္ခဲၾကေလ၏။ ထိုခုႏွစ္ဆက္လုံးအားလည္း ဘုရင္မင္းျမတ္ သည္ သူႂကြယ္ဘြဲ႕ကို ခ်ီးျမင့္ခဲ့ရသည္ခ်ည္းျဖစ္၏။

Leave a Comment