ခြေထောက်နှစ်ဖက်လုံး ဆုံးရှုံးသွားပေမယ့် မိသားစုစားဝတ်နေရေးအတွက် ဝပ်ရှော့ဆိုင်လေးဖွင့်ကာ အသက်မွေးဝမ်းကျောင်း ပြုနေသော လေးစားဖွယ်ရာ ဖခင်တစ်ဦး

ခြေထောက်နှစ်ဖက်လုံး ဆုံးရှုံးသွားပေမယ့် မိသားစုစားဝတ်နေရေးအတွက် ဝပ်ရှော့ဆိုင်လေးဖွင့်ကာ အသက်မွေးဝမ်းကျောင်း ပြုနေသော လေးစားဖွယ်ရာ ဖခင်တစ်ဦး

ဖိလစ်ပိုင်နိုင်ငံမှ အသက်၄၀ကျော်အရွယ် ဖခင်တစ်ဦးသည် အိမ်ထောင်ကျပြီးနောက် ကားပြင်သည့် ဝပ်ရှော့ဆိုင်ငယ်လေးတစ်ဆိုင်ကို ဖွင့်ကာ မိသားစု စားစရိတ်အတွက် ဝင်ငွေရှာခဲ့သည်။

ဖခင်ဖြစ်သူသည် ယာဉ်မတော်တဆမှုတစ်ခုကြောင့် ခြေထောက်နှစ်ဖက်လုံး ဖြတ်ထုတ်လိုက်ရစဉ် မသန်စွမ်းဖြစ်သွားခဲ့ရာ ဘဝသစ်တစ်ခုလို ပြောင်းလဲသွား၍ နေ့စဉ်ဖြတ်သန်းမှုအတွက် အလွန်ခက်ခဲစေခဲ့သည်။

သို့သော်လည်း ဖခင်ဖြစ်သူမှာ သူပြိုလဲသွားပါက မိသားစု စားဝတ်နေရေးသည်လည်း အဆင်မပြေတော့ပဲ ဒုက္ခရောက်ကုန်မည်က်ု တွေးမိကာ ဇွဲမလျှော့ပဲ သူ့မိသားစုအတွက် အိမ်ထောင်ဦးစီးကောင်းပီသစွာ ကားဘီးတွေကို လေထိုး ကျွတ်ဖာပေးခြင်းဖြင့် ဝင်ငွေရှာရင်း စားစရိတ်အတွက် ထောက်ပံ့ပေးနေခြင်းဖြင့် မြင်တွေ့သူများမှ လေးစားချီးကျူးခဲ့ကြသည်။

Zawgyi





Leave a Comment