(အမ်ိဳးသားမ်ားသာဖတ္ရန္) ကိုရီးယားမွာအျပာကားၾကည့္ရင္ ျပစ္ဒဏ္သင့္သလား။ မသင့္ဘူးလား။ Korea သြားဖို႔ႀကိဳးစားေနသူေတြ ပိုသိထားသင့္ပါတယ္ ဥပေဒမို႔ပါ

ခက်ဆစ်။ အပြာကားဆိုတာ ဟွာပြုတာကို အကွယ်အဝှက်မရှိ ရိုက်ကူးဖော်ပြထားတဲ့ ကားမျိုးကို ပြောတာပါ။ အပြာကားကြည့်တိုင်းတော့ ဉပဒေအရ ပြစ်ဒဏ်သင့်တာမဟုတ်။

ဒီလိုကားမျိုးတွေကြည့်ရင်တော့ ပြစ်ဒဏ်သင့်ပါတယ်။ အသက်မပြည့်သေးတဲ့ကလေးသူငယ်တွေပါတဲ့အပြာကားမျိုး ကိုရီးယားဉပဒေမှာ အဲ့လိုကားမျိုး ကြည့်ရုံနဲ့ ထောင်တစ်နှစ်ပါ။ ဒဏ်ငွေမချ ထောင်တန်းချပါတယ်။

FBIက တီထွင်ထားတဲ့ COPSဆိုတဲ့ ပရိုဂရမ်ဆိုတာရှိတယ် COPS ပရိုဂရမ်ထဲ စာရင်းဝင်ထားတဲ့ ရုပ်သံတွေကို ကြည့်မိသူမှန်သမျှ အကုန်ဖမ်းလို့ရတယ်။

ဘယ်သူက ဘယ်ကနေ ကြည့်ခဲ့တယ်ဆိုတာကအစ FBIကလိုက်လို့ရအောင် တီထွင်ထားတဲ့ ပရိုဂရမ်မျိုးပါ။ FBIက တီထွင်ထားတဲ့ ပရိုဂရမ်မို့ ကမ္ဘာအနှံ့အပြား ဘယ်နေရာမှာဖြစ်စေ လိုက်လို့ရတယ်။ VPNသုံးလည်း မလွတ်ဘူး။

COPSပရိုဂရမ်ကို ကိုရီးယားရဲတွေလည်း အကုန်သုံးနေပါတယ်။ COPS ပရိုဂရမ်ထဲ စာရင်းဝင်နေတဲ့ ရုပ်သံကိုကြည့်မိတာနဲ့ အိမ်ရှေ့ရဲရောက်လာပါလိမ့်မယ်။ အဲ့လိုရဲရောက်လာဖို့က ပုံမှန်လများစွာ ကြာတတ်ပြီး ၁နှစ်အကြာလောက်ဆို ရဲရောက်လာလေ့ရှိတတ်ပါတယ်။

မေ့ပျောက်ပျောက်ဖြစ်နေချိန်မှ ရဲရောက်လာတာ အသက်မပြည့်သေးတဲ့ကလေးသူငယ်ပါတဲ့ အပြာကားမျိုးက ကမ္ဘာ့ဘယ်နေရာမှာပဲဖြစ်ဖြစ် တရားမဝင်သလို ကြည့်မိတာကိုက ကြီးလေးတဲ့ အပြစ်ပါပဲ။ အဲ့လိုကားမျိုး ကြည့်မိတဲ့ သင့်ဒေတာကို google Twitter စတဲ့ကုမ္ပဏီတွေက ရဲလက်ထဲ အပ်ကြပါတယ်။

မိမိကိုယ်ကို ကာကွယ်နိုင်စွမ်း အားနည်းတဲ့ ကလေးသူငယ်တွေကို ကာကွယ်စောင့်ရှောက်ပေးတာမို့ ကျေးဇူးတင်ရပါမယ်။ တယ်လီဂရမ်က ကြည့်လို့လည်း မလွတ်ပါ။ ဖမ်းလို့ရပါတယ်။

တယ်လီဂရမ်ရဲ့သဘောက ဖွင့်ကြည့်ရုံနဲ့ ဖုန်းထဲ၊ကွန်ပျူတာထဲမှာ အော်တို ဒေါင်းလုပ်လုပ်ပါတယ်။ အော်တိုဒေါင်းလုပ်လုပ်တဲ့ ဆက်တင်ကို ပိတ်ထားလည်း တယ်လီဂရမ်ရဲ့ စနစ်ကိုက အော်တိုဒေါင်းပေးတဲ့အတွက် ဆက်တင်ပိတ်ထားလည်း ဒေါင်းလုပ်လုပ်တယ်လို့ စွဲချက်တင်လို့ရတယ်။

ဒီလိုကားမျိုးကို ကြည့်ရုံတင်မက ဒေါင်းလုပ်ပါ လုပ်တဲ့အတွက် အပြစ်ပိုကြီးပါတယ်။ ဒေါင်းလုပ်လုပ်ရုံတင်မက သူငယ်ချင်းတွေဆီကိုဖြန့်ရင်၊ လိုင်းပေါ်မှာဖြန့်ရင် ပိုပြီးတော့ အပြစ်ကြီးပါတယ်။ မကောင်းမှုကို ကိုယ်တိုင်ကျူးလွန်ရုံတင်မက တခြားသူတွေပါ ကျူးလွန်အောင် လှုံ့ဆော်တာက အပြစ်ပိုကြီးတာပေါ့။

ချောင်းရိုက်ရုပ်သံများ (မိုတယ်၊ အိမ်သာထဲစတဲ့ ကာယကံရှင် သဘောမတူပဲ ရိုက်ထားတဲ့ ရုပ်သံအားလုံး) ဒီရုပ်သံတွေကလည်း ကြည့်မိရင် ပြစ်ဒဏ်သင့်ပါတယ်။ လက်ဝယ်ထားရှိရင် ထောင်၃နှစ်(သို့)ငွေဒဏ် သိန်း၃၀၀ပါ
ရဲဖမ်းနည်းကလည်း အသက်မပြည့်သေးတဲ့ကလေးသူငယ်ပါတဲ့ အပြာကားကိုကြည့်သူကို ဖမ်းတဲ့ပုံစံနဲ့အတူတူပါပဲ။

နည်းနည်းကွဲတာက အွန်လိုင်းမှာ တင်ထားတဲ့ ချောင်းရိုက်ကားကို ကြည့်တာနဲ့ ဖမ်းတာတော့ မဟုတ်ပါဘူး။ တခြားသူကို ဖြန့်တဲ့သူကိုပဲ ဖမ်းပါတယ်။ ဘာလို့လဲဆိုတော့ ချောင်းရိုက်ခံရတဲ့သူက မိမိချောင်းရိုက်ခံရတာ မသိသေးတော့ သူ့ရဲ့နစ်နာမှုကို ရဲမတိုင်သေးခင်အထိ ချောင်းရိုက်ကားပေမယ့် သာမန်အပြာကားအဆင့်ပဲဖြစ်လို့ ကြည့်တဲ့သူကိုတော့ ရဲကမစစ်ဆေးပါ။

ကိုရီးယားဉပဒေအရ အပြာကားတွေ လက်ဝယ်ထားရှိတာ၊ သိမ်းထားတာ၊ ကြည့်တာက တရားမဝင် မဟုတ်ပါ။ အပြာကားကို ရိုက်ကူးတာ၊ ရောင်းချတာကသာ တရားမဝင် ဖြစ်ပါတယ်။ ဒါပေမယ့် ချောင်းရိုက်ခံရတဲ့ ကာယကံရှင်က တိုင်ကြားပြီဆိုရင်တော့ မိမိကြည့်မိတဲ့ အပြာကားက သာမန်အပြာကားမျိုး မဟုတ်တော့ပဲ တရားမဝင်ရိုက်ကူးထားတဲ့ အပြာကားမျိုးဖြစ်သွားပြီမို့ ကြည့်မိသူဟာလည်း ဥပ‌ဒေချိုးဖောက်သူဖြစ်သွားပါပြီ။ ရဲအစစ်ဆေးခံရမယ့်သူဖြစ်သွားပါပြီ။

နောက်တစ်ခု ရိုက်ကူးစဉ်က နှစ်ဦးသဘောတူရိုက်ခဲ့တာဆိုပေမယ့် ဒါကိုလိုင်းပေါ်ဖြန့်ရင်လည်း အပြစ်ကြီးပါတယ် သူသဘောတူတာက ရိုက်ကူးတာကိုပါ လိုင်းပေါ်ဖြန့်တာကို သဘောတူတာမဟုတ်ပါ တချို့အတွဲတွေ အမှတ်တရဆိုပြီး ရိုက်ကြတယ် ကွဲလည်းကွဲကော လိုင်းပေါ်တင် အရှက်ခွဲကြတယ် လိုင်းပေါ်တင်တဲ့သူလည်း အပြစ်ဒဏ်သင့်သလို ဝိုင်းအားပေးတဲ့သူတွေလည်း အပြစ်ဒဏ်သင့်ပါတယ်။

ကိုရီးယားမှာ +18ကားမျိုး ကလွဲပြီး တရားဝင် ရိုက်ကူးခွင့်ရှိတဲ့ အပြာကားဆိုတာ မရှိပါဘူး။ ပြန်ချုပ်သော် အပြာကားကြည့်တိုင်း အပြစ်ဒဏ်သင့်တာမဟုတ်။ ကလေးသူငယ်အပြာကားနဲ့ ချောင်းရိုက်ကား(ကာယကံရှင်ကရဲတိုင်ထားတဲ့ကား)မျိုးကြည့်ရင် ထောင်ဒဏ်၊ငွေဒဏ်တွေ ကျခံရပါမယ်။ အသွားမတော်တစ်လှမ်း အကြည့်မတော် ထောင်နန်းမို့ ဉပဒေ မကျူးလွန်မိစေဖို့ အသိပေးလိုက်ရပါတယ်…

Zawgyi

ခက္ဆစ္။ အျပာကားဆိုတာ ဟြာျပဳတာကို အကြယ္အဝွက္မရွိ ႐ိုက္ကူးေဖာ္ျပထားတဲ့ ကားမ်ိဳးကို ေျပာတာပါ။ အျပာကားၾကည့္တိုင္းေတာ့ ဉပေဒအရ ျပစ္ဒဏ္သင့္တာမဟုတ္။

ဒီလိုကားမ်ိဳးေတြၾကည့္ရင္ေတာ့ ျပစ္ဒဏ္သင့္ပါတယ္။ အသက္မျပည့္ေသးတဲ့ကေလးသူငယ္ေတြပါတဲ့အျပာကားမ်ိဳး ကိုရီးယားဉပေဒမွာ အဲ့လိုကားမ်ိဳး ၾကည့္႐ုံနဲ႔ ေထာင္တစ္ႏွစ္ပါ။ ဒဏ္ေငြမခ် ေထာင္တန္းခ်ပါတယ္။

FBIက တီထြင္ထားတဲ့ COPSဆိုတဲ့ ပ႐ိုဂရမ္ဆိုတာရွိတယ္ COPS ပ႐ိုဂရမ္ထဲ စာရင္းဝင္ထားတဲ့ ႐ုပ္သံေတြကို ၾကည့္မိသူမွန္သမွ် အကုန္ဖမ္းလို႔ရတယ္။

ဘယ္သူက ဘယ္ကေန ၾကည့္ခဲ့တယ္ဆိုတာကအစ FBIကလိုက္လို႔ရေအာင္ တီထြင္ထားတဲ့ ပ႐ိုဂရမ္မ်ိဳးပါ။ FBIက တီထြင္ထားတဲ့ ပ႐ိုဂရမ္မို႔ ကမာၻအႏွံ႔အျပား ဘယ္ေနရာမွာျဖစ္ေစ လိုက္လို႔ရတယ္။ VPNသုံးလည္း မလြတ္ဘူး။

COPSပ႐ိုဂရမ္ကို ကိုရီးယားရဲေတြလည္း အကုန္သုံးေနပါတယ္။ COPS ပ႐ိုဂရမ္ထဲ စာရင္းဝင္ေနတဲ့ ႐ုပ္သံကိုၾကည့္မိတာနဲ႔ အိမ္ေရွ႕ရဲေရာက္လာပါလိမ့္မယ္။ အဲ့လိုရဲေရာက္လာဖို႔က ပုံမွန္လမ်ားစြာ ၾကာတတ္ၿပီး ၁ႏွစ္အၾကာေလာက္ဆို ရဲေရာက္လာေလ့ရွိတတ္ပါတယ္။

ေမ့ေပ်ာက္ေပ်ာက္ျဖစ္ေနခ်ိန္မွ ရဲေရာက္လာတာ အသက္မျပည့္ေသးတဲ့ကေလးသူငယ္ပါတဲ့ အျပာကားမ်ိဳးက ကမာၻ႔ဘယ္ေနရာမွာပဲျဖစ္ျဖစ္ တရားမဝင္သလို ၾကည့္မိတာကိုက ႀကီးေလးတဲ့ အျပစ္ပါပဲ။ အဲ့လိုကားမ်ိဳး ၾကည့္မိတဲ့ သင့္ေဒတာကို google Twitter စတဲ့ကုမၸဏီေတြက ရဲလက္ထဲ အပ္ၾကပါတယ္။

မိမိကိုယ္ကို ကာကြယ္ႏိုင္စြမ္း အားနည္းတဲ့ ကေလးသူငယ္ေတြကို ကာကြယ္ေစာင့္ေရွာက္ေပးတာမို႔ ေက်းဇူးတင္ရပါမယ္။ တယ္လီဂရမ္က ၾကည့္လို႔လည္း မလြတ္ပါ။ ဖမ္းလို႔ရပါတယ္။

တယ္လီဂရမ္ရဲ႕သေဘာက ဖြင့္ၾကည့္႐ုံနဲ႔ ဖုန္းထဲ၊ကြန္ပ်ဴတာထဲမွာ ေအာ္တို ေဒါင္းလုပ္လုပ္ပါတယ္။ ေအာ္တိုေဒါင္းလုပ္လုပ္တဲ့ ဆက္တင္ကို ပိတ္ထားလည္း တယ္လီဂရမ္ရဲ႕ စနစ္ကိုက ေအာ္တိုေဒါင္းေပးတဲ့အတြက္ ဆက္တင္ပိတ္ထားလည္း ေဒါင္းလုပ္လုပ္တယ္လို႔ စြဲခ်က္တင္လို႔ရတယ္။

ဒီလိုကားမ်ိဳးကို ၾကည့္႐ုံတင္မက ေဒါင္းလုပ္ပါ လုပ္တဲ့အတြက္ အျပစ္ပိုႀကီးပါတယ္။ ေဒါင္းလုပ္လုပ္႐ုံတင္မက သူငယ္ခ်င္းေတြဆီကိုျဖန႔္ရင္၊ လိုင္းေပၚမွာျဖန႔္ရင္ ပိုၿပီးေတာ့ အျပစ္ႀကီးပါတယ္။ မေကာင္းမႈကို ကိုယ္တိုင္က်ဴးလြန္႐ုံတင္မက တျခားသူေတြပါ က်ဴးလြန္ေအာင္ လႈံ႕ေဆာ္တာက အျပစ္ပိုႀကီးတာေပါ့။

ေခ်ာင္း႐ိုက္႐ုပ္သံမ်ား (မိုတယ္၊ အိမ္သာထဲစတဲ့ ကာယကံရွင္ သေဘာမတူပဲ ႐ိုက္ထားတဲ့ ႐ုပ္သံအားလုံး) ဒီ႐ုပ္သံေတြကလည္း ၾကည့္မိရင္ ျပစ္ဒဏ္သင့္ပါတယ္။ လက္ဝယ္ထားရွိရင္ ေထာင္၃ႏွစ္(သို႔)ေငြဒဏ္ သိန္း၃၀၀ပါ
ရဲဖမ္းနည္းကလည္း အသက္မျပည့္ေသးတဲ့ကေလးသူငယ္ပါတဲ့ အျပာကားကိုၾကည့္သူကို ဖမ္းတဲ့ပုံစံနဲ႔အတူတူပါပဲ။

နည္းနည္းကြဲတာက အြန္လိုင္းမွာ တင္ထားတဲ့ ေခ်ာင္း႐ိုက္ကားကို ၾကည့္တာနဲ႔ ဖမ္းတာေတာ့ မဟုတ္ပါဘူး။ တျခားသူကို ျဖန႔္တဲ့သူကိုပဲ ဖမ္းပါတယ္။ ဘာလို႔လဲဆိုေတာ့ ေခ်ာင္း႐ိုက္ခံရတဲ့သူက မိမိေခ်ာင္း႐ိုက္ခံရတာ မသိေသးေတာ့ သူ႔ရဲ႕နစ္နာမႈကို ရဲမတိုင္ေသးခင္အထိ ေခ်ာင္း႐ိုက္ကားေပမယ့္ သာမန္အျပာကားအဆင့္ပဲျဖစ္လို႔ ၾကည့္တဲ့သူကိုေတာ့ ရဲကမစစ္ေဆးပါ။

ကိုရီးယားဉပေဒအရ အျပာကားေတြ လက္ဝယ္ထားရွိတာ၊ သိမ္းထားတာ၊ ၾကည့္တာက တရားမဝင္ မဟုတ္ပါ။ အျပာကားကို ႐ိုက္ကူးတာ၊ ေရာင္းခ်တာကသာ တရားမဝင္ ျဖစ္ပါတယ္။ ဒါေပမယ့္ ေခ်ာင္း႐ိုက္ခံရတဲ့ ကာယကံရွင္က တိုင္ၾကားၿပီဆိုရင္ေတာ့ မိမိၾကည့္မိတဲ့ အျပာကားက သာမန္အျပာကားမ်ိဳး မဟုတ္ေတာ့ပဲ တရားမဝင္႐ိုက္ကူးထားတဲ့ အျပာကားမ်ိဳးျဖစ္သြားၿပီမို႔ ၾကည့္မိသူဟာလည္း ဥပ‌ေဒခ်ိဳးေဖာက္သူျဖစ္သြားပါၿပီ။ ရဲအစစ္ေဆးခံရမယ့္သူျဖစ္သြားပါၿပီ။

ေနာက္တစ္ခု ႐ိုက္ကူးစဥ္က ႏွစ္ဦးသေဘာတူ႐ိုက္ခဲ့တာဆိုေပမယ့္ ဒါကိုလိုင္းေပၚျဖန႔္ရင္လည္း အျပစ္ႀကီးပါတယ္ သူသေဘာတူတာက ႐ိုက္ကူးတာကိုပါ လိုင္းေပၚျဖန႔္တာကို သေဘာတူတာမဟုတ္ပါ တခ်ိဳ႕အတြဲေတြ အမွတ္တရဆိုၿပီး ႐ိုက္ၾကတယ္ ကြဲလည္းကြဲေကာ လိုင္းေပၚတင္ အရွက္ခြဲၾကတယ္ လိုင္းေပၚတင္တဲ့သူလည္း အျပစ္ဒဏ္သင့္သလို ဝိုင္းအားေပးတဲ့သူေတြလည္း အျပစ္ဒဏ္သင့္ပါတယ္။

ကိုရီးယားမွာ +18ကားမ်ိဳး ကလြဲၿပီး တရားဝင္ ႐ိုက္ကူးခြင့္ရွိတဲ့ အျပာကားဆိုတာ မရွိပါဘူး။ ျပန္ခ်ဳပ္ေသာ္ အျပာကားၾကည့္တိုင္း အျပစ္ဒဏ္သင့္တာမဟုတ္။ ကေလးသူငယ္အျပာကားနဲ႔ ေခ်ာင္း႐ိုက္ကား(ကာယကံရွင္ကရဲတိုင္ထားတဲ့ကား)မ်ိဳးၾကည့္ရင္ ေထာင္ဒဏ္၊ေငြဒဏ္ေတြ က်ခံရပါမယ္။ အသြားမေတာ္တစ္လွမ္း အၾကည့္မေတာ္ ေထာင္နန္းမို႔ ဉပေဒ မက်ဴးလြန္မိေစဖို႔ အသိေပးလိုက္ရပါတယ္…

Leave a Comment