ဘုန်းတန်ခိုးကြီးသော ဘုရားဗျာဒိပ်ရ သိဒ္ဓိရှင် စေပိုင်၊မှဲ့ရှင်ဆရာတော် အရှင်ခေမာစာရ
1988 အရေးခင်းကာလ၊ တဘို့တွဲလပြည့်နေ့၊ မုံရွာမြို့အနီး အလောင်းတော် ကဿဖ လှိုင်ဂူအတွင်းမှ တောလဲသံကဲ့သို့ ဟီ…သံပြု၍ ကျောက်ဂူတံခါးကြီး ၃ချပ်တဖြည်းဖြည်းခြင်းပွင့်လာပြီး၊ ဂူအတွင်းထဲမှ ထွက်ကြွလာသော မှဲ့ရှင်ဆရာတော် အရှင်ခေမာစာရ၏ပုံ ဖြစ်သည်။
ယခုအခါ ဆရာတော်ကြီးမှာ ပဲခူးတိုင်း၊ရွှေတောင်မြို့၊ ခြည်မျှင်နှင့် အထည်ချုပ်စက်ရုံရှေ့၊ ရဟန္တာ၈၀ ကျောင်းတိုက်တွင် သီတင်းသုံး စံနေတော်မူသည်။
ဆရာတော်ကြီးမှာ ဘုန်းတန်ခိုးလွန်စွာကြီး၍ ဖူးမျှော်ကြသူ ဒါယိကာ၊ဒါယိကာမများက အလိုရှိရာဆုတောင်းနိုင်ပြီး ဆရာတော်ကြီးမှ ပြည့်စေဟု တစ်လုံးမိန့်ပါက ဆုတောင်းသည့်အတိုင်းပြည့်၏။
ဥပမာ။ တပည့်တော် မသေခြင်သေးဘူးဘုရာ့ ဟုလျှောက်ပါက မသေနဲ့ရှင်စမ်းဟု မိန့်ပါက ခံစားနေရသော ဝေဒနါများပါပျောက်ကင်းလျှက် အသက်ဆက်နေသူများရှိ၏။
တပည့်တော် ငွေများများရလိုပါ၏ဘုရားဟု လျှောက်ပါက ရစေဟုမိန့်လျှင် ငွေများစွာရ၏။
သို့သော်ဖူးထိုက်မှ ဖူးရ၏၊ ယုံကြည်မှု့ သဒ္ဒါပြည့်မှရ၏။ ဟုတ်မှဟုတ်ပါ့မလားဟု တွေးလိုက်တာနဲ့ ဆုတောင်းမပြည့်တော့ပေ၊ လွန်စွာမှ ထူးခြားသော သိဒ္ဓိရှင် ပုဂ္ဂိုလ်ထူးကြီးဖြစ်ပြီး စေပိုင်ဆရာတော်ကြီးဖြစ်သည်။
ဆရာတော်ကြီး ဟောကြားသော အပါယ်ပိတ်တရား၊ မဂ်တရား၊ဖိုလ်တရား တို့မှာအလွန်ထူးခြားပြီး၊ နံက်၃နာရီတွင်ဟောကြား၏။
ဆရာတော်ကြီး၏ အသံတော်မှာ အလွန်ဩဇာတိက္ကမကြီးမားပြီး၊ မိုးချူန်းသံကဲ့သို့ ဟိဏ်းနေ၏ အသံတော်ကြားယုံမျှနှင့်ပင် ကြက်သီးမွှေးညှင်းထကာ ဝိတက်၊ဝိစာရ၊ပီတိ၊သုခ၊ဧကဂ္ဂတာ ဇျာန်အင်ဂါငါးပါးဆိုက်လျှက် တမဟုတ်ခြင်းပင် သောကအပူများ အေးငြိမ်းသွား၏။
ဘုရား၏အရိုးတော်မှာ ကွင်းဆက်ဖြစ်ပြီး၊ ရဟန္တာတို့၏ အရိုးတော်မှာ ဂျိတ်ဆက်ဖြစ်၏၊ ဆရာတော်ကြီး၏ အရိုးတော်မှာ ဂျိတ်ဆက်ကဲ့သို့ အကောက် များဖြစ်ကြောင်း ဝတ်ဖြည့်ရင်း လက်ဖြင့်စမ်းသပ်တွေ့ရှိရ၏။
ဆရာတော်မှာ ငယ်စဉ်ကပင် အသားမစားသူဖြစ်ပြီး ယခုထိတိုင် သားသတ်လွတ် ကိုသာဘုန်းပေးသုံးဆောင်တော်မူ၏။ အလွန်ပါရမီကြီးရင့်သော၊ ဘုန်းတန်ခိုးကြီးသော ဘုရားဗျာဒိပ်ရ သိဒ္ဓိရှင် စေပိုင်ဆရာတော်ကြီးဖြစ်ပါ၍ ဖူးမြော်ကြည်ညိုသဒ္ဒါပွားနိုင်ကြစေရန် မျှဝေခြင်းဖြစ်ပါသည်။
Crd..
Zawgyi
Crd..
Leave a Comment