မွေးထားတဲ့ကြက် လမ်းပေါ်ရောက်တာနဲ့ ဒဏ်ငွေဆောင်ရမဲ့ နိုင်ငံ

မွေးထားတဲ့ကြက် လမ်းပေါ်ရောက်တာနဲ့ ဒဏ်ငွေဆောင်ရမဲ့ နိုင်ငံ

ဂျော်ဂျီယာနိုင်ငံ Quitman ပြည်နယ်မှာ ချမှတ်ထားတဲ့ ဥပဒေကတော့ တကယ်ကို ထူးထူးဆန်းဆန်း ဖြစ်ပါတယ်။ကြက်တစ်ကောင် လမ်းမပေါ် ဖြတ်ပြေးတာဟာ ပြစ်မှုမြောက်ပါတယ်။ဂျော်ဂျီယာနိုင်ငံဟာ စိုက်ပျိုးရေး မွေးမြူရေးကို အဓိကထား လုပ်ကိုင်တဲ့ နိုင်ငံဖြစ်ပြီး မွေးမြူရေးလုပ်ငန်းတွေကို စနစ်တစ်ကျ လုပ်ကိုင်ဖို့အတွက် ပြဠာန်းထားတဲ့ ဥပဒေတွေ အများကြီးရှိပါတယ်။

အဲ့ဒီအထဲကမှ ကြက်တစ်ကောင် ခြံထဲကနေလွတ်သွားပြီး ကားလမ်းမကို ဖြတ်ကူးခဲ့မယ်ဆိုရင် ကြက်ပိုင်ရှင်ဟာ အရေးယူခံရမှာ ဖြစ်ပါတယ်။ဒီလိုဖြစ်ရပ်မျိုး ဖြစ်ခဲ့မယ် ဆိုရင်တော့ ကြက်ပိုင်ရှင်ဟာ ဒဏ်ငွေ အမြောက်အများကို ပေးဆောင်ရမှာ ဖြစ်ပါတယ်။

ဂျော်ဂျီယာ​နိုင်ငံ​ဟာ မြင့်မား​လှတဲ့ တောင်​စဉ်​တောင်တန်း​တွေ၊ နှင်း​ဖုံး​နေတဲ့ တောင်ထိပ်​တွေ​ကြောင့် ထင်ရှား​ကျော်ကြား​လှပါတယ်။ တချို့​တောင်​တွေ​ဆိုရင် ပေ ၁၅,၀၀၀ ကျော် မြင့်​တယ်။ ပထဝီ​အနေအထား​အရ အရှေ့​ ဂျော်ဂျီယာ​နဲ့ အနောက်​ဂျော်ဂျီယာ​ဆိုပြီး နှစ်​ပိုင်း​ကွဲ​နေတယ်၊ တစ်ပိုင်း​ဆီမှာ မ​တူညီ​တဲ့ ရာသီ​ဥတု၊ ဓလေ့​ထုံးစံ၊ တေး​ဂီတ၊ အက၊ အစားအစာ​တွေ ရှိတယ်။

Zawgyi





 

Leave a Comment