မြန်မာ့နန်းစဉ်ရတနာတွေထဲက ပတ္တမြားငမောက် ရာဇဝင်

မြန်မာဘုရင်များအဆက်ဆက်တွင်အထွတ်အမြတ်ထားခဲ့သောပတ္တမြားငမောက်ကျောက်မြတ်ရတနာကို မိုးကုတ်ပတ္တမြားနယ်မြေ အတွင်း အင်းခေါင်းမှ ရရှိသည်။ ၎င်းကျောက်ကို အင်ကြင်းတောင်နှင့် ကျောက်ဆောင်လူးတော်များမှရသည်ဟုလည်းမူကွဲလျှက်ရှိသည်။ ရရှိပုံ – ရ ရှိ ပုံမှာချင်းတွင်းနယ်သားဖြစ်သောငမောက်ဆိုသူ

သည်မိုးကုတ်နယ်မြေတွင်လာရောက်ပြီးလယ်ယာစိုက်ပျိုးနေထိုင်ရာ၊တစ်ညသော အခါ မိမိခြံအတွင်းမှ ပြိုးပြိုးပျက်ပျက် အရောင်တလက်လက်နှင့် ထူးဆန်းတောက်ပနေသည်ကို မြင်ရသဖြင့်သွားရောက်ကြည့်ရှု လေသော် အ လွန်တရာလှပသော ကျောက်နီ ပတ္တမြားကြီး တစ်လုံးကိုတွေ့ရှိလေသည်။ငမောက်လည်းဝမ်းသာစွာကောက်ယူခဲ့ပြီးနောက် သိမ်းဆည်းထားရာမှ၂ပိုင်းခွဲပြီးလျှင် တစ်ပိုင်းကို ယောက်ဖဖြစ်သူ မောင်ရွှေအားတရုတ်ပြည်ဘက်သို့ ရောင်းရန်စေလွှတ်လိုက်ပြီးနောက်၊ ကျန်တစ် ပိုင်းကို သက္ကရာဇ်၁၀၂၃ခု၊ ငါးထပ်ကြီးဒါယကာ ပင်းတလဲမင်းလက်ထက် အင်းဝြမို့တော်သို့ သွားရောက် ဆက်သရာ ဘုရင်မင်းမြတ်လည်းများစွာနှစ်သက်အားရ ဝမ်းမြောက်လှသဖြင့် ငမောက်အား ဆုတော်ငွေများပေးသနားတော် မူလိုက်လေသည်။ ထို့ကြောင့် ထိုပတ္တမြားကို ငမောက်ဆိုသူဆက်သသဖြင့် ငမောက်ပတ္တမြား ဟု ထင်ရှားကျော်စောလေသည်။တရုတ်ပြည်သို့ ရောက်သွားသော ထိုကျောက်တစ်ပိုင်းမှာလည်း ထိုအချိန်၌တရုတ်ပြည်တွင် မင်မင်းဆက် ပျက်စီးပြီး တိုင်းပြည်မငြိမ်မသက်

ဖရိုဖရဲဖြစ်နေသောကြောင့် နီးစပ်ရာတိုင်းပြည်များသို့ ဝင်ရောက်တိုက်ခိုက်နေကြသဖြင့်တရုတ်ပြည်သို့ရောက်သွားသောထိုကျောက်တစ်ပိုင်းကိုမြန်မာပြည်ခိုဝင်လာသောတရုတ်လူမျိုးတစ်ဦးလက်ထဲတွင်ငမောက်ရောင်းချခဲ့သောပတ္တမြားတစ်ပိုင်းလည်းပါလာခဲ့ပါသည်။ထိုတရုတ်လူမျိုးကုန်သည်ကြီးသညိုပတ္တမြားတစ်ပိုင်း ကိုမြန် မာဘုရင်အား ဆက်သခဲ့ရာ ဘုရင်လည်းဝမ်းမြောက်ဝမ်းသာ လက်ခံပြီးဆုတော်ငွေများ ပြန်လည်ပေးသနားခဲ့ပါသည်။ဘုရင်မင်းမြတ်လည်း ဝမ်းသာအားရ၊ မိမိတွင်ရှိရင်းဖြစ်သော(ငမောက်)ကျောက်တစ်ခြမ်းနှင့် ဆက်စပ်ကြည့်ရာ တစ်လုံးတည်း ရှုမငြီးသည့်ကျောက်ကြီး ဖြစ် ကြောင်း သိကာ၊ ငမောက်အား အားလုံးကို မဆက်သရသလောဟုအမျက်တော်ပွားသဖြင့်၊ မင်းပရိယာယ်ဖြင့် ရေဝေးရာတောင်ကုန်းတွင်မီးလောင်စင်ကြီးများ ပြုလုပ်ပြီး၊ ငမောက်၏ ဆွေ(၇)ဆက် မျိုး(၇)ဆက် ကိုခေါ်ကာကွပ်မျက်တော်မူလေသည်။ ငမောက်နှင့် ဆွေမျိုးများ သေဆုံးခဲ့ရသောနေရာကိုလောင်းစင်ရွာဟူ၍၎င်း၊ ရေနှင့်ဝေးသောနေရာဖြစ် ၍ ရေဝေးရွာ ( နောင်တွင်ရေဝေရွာ ) ဟူ ၍ ၎င်း ယခုတိုင် ခေါ်ဆိုနေကြသေးသည်။မီးတိုက်နေသော အခြင်းအရာကို ငမောက်၏ အမဖြစ်သူ ဒေါ်နန်း မြင်လျှင် လွတ်ရာသို့ပြေးရရှာလေသည်။

တောင်ပေါ်တစ်ခုသို့ ရောက်သောအခါ ပြန်လှည့် ကြည့်လိုက်ရာ၊များစွာပူပင်သောက၊ စိတ်ဒုက္ခရောက်ပြီး ရင်ကွဲနာကျကာ ထိုတောင်၌ပင် သေလေသည်။၎င်းသေဆုံးရာ၌ လွမ်းစေတီကလေး တစ်ဆူကိုပင် တည်ထားလျှက်ရှိပေသည်။ဒေါ်နန်းလှည့်ကြည့်သည့်တောင်ကို အစွဲပြုပြီး ဒေါ်နန်းကြည့်တောင်၊ကာလကြာသောအခါ ဒေါ်နန်းကြည်တောင် ဟု ခေါ်ဝေါ်ကြလေသည်။ ၎င်းပတ္တမြားမျက်ရှင်မှာ တတိယ အင်္ဂလိပ်-မြန်မာ စစ် ပွဲတွင် အစတုံးကာ လုံးလုံးကြီး ကွယ်ပျောက်ပြီးမည်သည့်လက်သို့ ရောက်နေသည်ဟု အသေအချာ မပြောပြနိုင်တော့ပေ။ထူးခြားချက် – င မောက်ပတ္တမြား(ခေါ်)ပတ္တမြားငမောက်အလေးချိန်မှာရတီ(၉၀)ရှိပြီးလုံးချောသွေးထားကာအရည်အသွေးအလွန်ကောင်းလှကြောင်း သိရပါသည်။ စွတ်စွတ်ဖြူနေသော ဝါဂွမ်း ( သို့) နွားနို့အတွင်းတွင် ထိုပတ္တမြားကိုထည့်လိုက်လျှင် ဝါဂွမ်းနှင့် နွားနို့ပင် အနီရောင် ပြောင်းလာကြောင်း သိရပါသည်။ ိုပတ္တမြားငမောက်ကို လက်ညှိုးနှင့်လက်မညှပ်ကိုင်ထားလျှင်အရည်လည်ပြီးပေါက်ကွဲယိုစီးမလား ထင်ရသည်။

မှောင်ထဲမှာအနီရောင်တလျှမ်းလျှမ်း ဖြာထွက်နေသည်။ လက်ထဲ ဘယ်လောက်ကြာကြာဆုပ်ထားပေမဲ့အေးမြနေ သည်။ ရေထဲစိမ်သောက်လျှင် လည်ချောင်းနာ၊ ရင်ပူ၊ ခေါင်းကိုက်၊ ဇက်လေး၊မူးမော်၊ မောပန်းတာတွေ ပျောက်ပြီး အားအင်တိုးလာသည်ဟု ဆိုသည်။ မျက်နှာကိုပွတ်သပ်ပေးလျှင် အေးမြပြီး၊ ဝက်ခြံ တင်းတိတ် ကင်းစေသည်။

ပျောက်ဆုံးပုံ – ” သီပေါက တိုင်တန်းသည့်ငမောက်ပတ္တမြားအပါအဝင် အဖိုးတန်ရတနာများကိစ္စ နှင့်ပတ်သက်၍မူ အိန္ဒိယပြည်ဆိုင်ရာအ တွင်းဝန် က အချက်များကို တင်ပြရန် ထက် အောက် အရာရှိများကို တောင်းဆိုသည်။ ဆိုင်ရာတို့ကစုံစမ်းပြီးအထက်သို့တင်ပြ သည်။ တင် ပြချက်မှာယခင်ကအတိုင်းပင်ဖြစ်သည်။စလေဒင်သည်သီပေါထံမှအဖိုးတန်ရတနာပစ္စည်းများ ယူသည်ဟု ထင်စရာအကြောင်း ဘာမျှမရှိကြောင်း၊ မည်သည့်ကတိဝန်ခံ ချက်ကိုမျှလည်း မပေးခဲ့ကြောင်း၊သီပေါသည် မိမိနှင့်

တစ်ပါတည်း ယူဆောင် လာသော ရတနာပစ္စည်းများမှအပအခြားမည်သည့်ရတနာပစ္စည်းကိုမျှပြန်ရမည်ဆိုသည်ကတိစကားလည်းမရှိခဲ့ကြောင်းဖြင့်အကြောင်းပြန်သည်။စလေဒင်သည်ပစ္စည်းသိမ်းကော်မတီကသိမ်းယူခဲ့သောရတနာပစ္စည်းများကိုပစ္စည်းသိမ်းကော်မတီ၏ကိုယ်စားတာဝန်ကျ သည့် အစောင့်ကိုလွှဲပြောင်းပေးလိုက်ကြောင်း၊ ထိုနေ့က (၁၈၈၅ ခု၊ နိုဝင်ဘာ လ ၃၀ ရက်နေ့) ဘုရင်လက်နက်ချသည့်အခါ တွင် မိမိနှင့်တာဝန်ရှိသူများသည်သီပေါနှင့်မိသားစုတို့ယူဆောင်သွားခြင်းမပြုသောပစ္စည်းများကိုဗိုလ်ချူပ်ပရင်ဒါဂတ်စ်၏အမိန့်အရပစ္စည်း သိမ်း ကော်မတီသို့ လွှဲပြောင်းပေးလိုက်ကြောင်း ဖြင့်ဖော်ပြပါရှိသည်။မြန်မာပြည်အစိုးရသည်

ထိုကိစ္စနှင့် ပတ်သက်၍ မြန်မာဝန်ဟောင်းတချို့ကိုလည်း သေချာစွာစုံးစမ်းခဲ့သည်။သူတို့ထွက်ဆိုချက်အရ သီပေါဘုရင်၏သရဖူထဲတွင်ရှိကြောင်း၊ထိုပတ္တမြားကြီးသည်အရည်အသွေးကောင်းမွန်၍ တန်ဖိုးမဖြတ်နိုင် သည့် ပတ္တမြား ကြီးဖြစ်ပြီး ဘိုးတော်ဘုရား (၁၉၈၂-၁၈၁၉) လက်ထက်ကတည်းက ရှိခဲ့သော နန်းစဉ်ရတနာကြီးဖြစ်ကြောင်း၊ ၁၈၈၅ ခု၊ နိုဝင်ဘာ ၂၉ ရက်နေ့မနက်တွင် သီပေါမင်းကိုယ်တိုင်ထိုပတ္တမြားကြီးကို စလေဒင် လက်သို့ပေးအပ်လိုက်ကြောင်း၊ ထိုအချိန်က စလေဒင်၏စာရေးတော် ကြီး နီကလတ် လည်းရှိကြောင်း၊ ထို့ပြင် တိုင်းတာမင်းကြီးလည်းရှိကြောင်း၊

မိမိကိုယ်ပိုင် ပုရပိုဒ် တစ်ဆူပေါ်တွင် ရတနာပစ္စည်း များ၏စာရင်းကို ရေးမှတ်ပေးရကြောင်း၊ သို့ရာတွင် အပြည့်အစုံ မမှတ်ရသေးကြောင်း၊ထိုစာရင်း ကို နီကလတ်သို့ ပေးလိုက်ကြောင်း၊ ထိုပစ္စည်းများအားလုံးကိုစလေဒင်ကအင်္ဂလိပ်အရာရှိတစ်ယောက် လက်အောက်ရှိ အစောင့်တစ်ယောက်ကိုပေးအပ်လိုက်သည်ကို မိမိမြင်လိုက်ကြောင်းဖြင့် ရွှေ တိုက်ဝန်ကထွက်ဆိုသည်။ထိုအင်္ဂလိပ်အရာရှိ၏ အမည်ကို သတိရခြင်း ရှိမရှိ၊ ရွှေတိုက်အတွင်းဝန်၏ ထွက်ဆိုချက် မှန်မမှန်၊ ထိုစာရင်း နှင့် ထိုအဖိုးတန် ပစ္စည်းများ မည်သို့မည်ပုံ ဖြစ်သွားသည်ကို သိမသိ၊ ပစ္စည်းသိမ်းကော်မတီသို့ အပ်ရာတွင်မည်သို့သော အခြေအနေရှိသည်ကို သိမသိ စသည်သို့ကို စလေဒင်အား မေးမြန်းသည်။၁၈၈၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်နေ့စွဲဖြင့် စလေဒင်က အသေးစိတ် ပြန်ကြားရာ၌ ရွှေတိုက်အတွင်းဝန်ပြောသည့်စကား မှန်နိုင်ကြောင်း၊မိမိသည်ထိုနေ့မနက်ကရွှေတိုက်အတွင်းဝန်ကိုနန်းတော်ထဲတွင်တွေ့ခဲ့ရကြောင်း၊သို့ ရာတွင်ပုရပိုဒ်တစ်ဆူပေးသည်မပေးသည်ကိုမူမိမိမမှတ်မိတော့ကြောင်းထိုသို့ရုတ်ရုတ်သဲသဲအချိန်မျိုးတွင်အဖိုးတန်ကျောက်မျက်ရတနာများ၊စီခြယ်ထားသည့် ရွှေထည်ပစ္စည်းအသေး၊အကြီးအမျိုးမျိုးတို့ပါသည်နန်းစဉ်ရတနာပစ္စည်းအားလုံးကိုရေးမှတ်ဖို့ဆိုသည်မှာခက်ခဲလှကြောင်းဖြင့် စလေဒင်ကအကြောင်းပြန်သည်။ထိုရတနာပစ္စည်းများအားလုံးသည်နန်းတော်ဝရန်တာကြမ်းပြင်နှင့်ကျယ်ဝန်းလှသောညီလာခံသဘင်ခန်းမကြမ်းပြင်တွင်စုပုံပြန်ု့ ကြဲလျက် ရှိပါသည်..။ဗြိတိလျှအစိုးသည် အနည်းငယ်မျှသော ကျောက်မျက်ရတနာအချို့ကိုဝိတိုရိယဘု ရင်မကြီးထံ ပေးပို့သည်။ ကျန်ပစ္စည်းများမှာ

ဆောက်ကင်ဆီတန်ပြတိုက်သို့ပေးပို့သည်။ဧကရီဘုရင်မကြီးထံ ပေးပို့သည့်ပစ္စည်းများထဲတွင် သီပေါ၏ အကောင်းဆုံး သရဖူတစ်ခု၊ ဒုတိယ သရဖူမှ မြကျောက်ကြီးသုံးလုံး၊ သရဖူထဲမှ ကျွတ်ကျသည့် ကျောက်အလွတ် ၈ လုံးထည့်ထားသည့် စက္ကအိတ်တစ်လုံး၊ စိန်ဒေါင်းရုပ်ပါသည့်ဘယက်တစ်ကုံး နှင့် ရွှေဘီး တစ်ချောင်း တို့ပါသည်။ဒီအမှုကို သီပေါဘုရင်က ၁၉၁၁ ခုနှစ်၊ ဒီဇင်ဘာလ အိန္ဒိယ ပြည်ဘုရင်အဖြစ် ရာဇဘိသေက ခံဖို့ရာလာတဲ့ ပဉ္စမမြောက် ဂျော့ဘုရင်ထံ သူ့ရတနာပစ္စည်းတွေ အတွက် တာဝန် ရှိသူစလေဒင်ကိုတိုင်တန်းစာ ပို့ရာက ဖြစ်လာတဲ့နောက်ဆက်တွဲဖြေရှင်းချက်များဖြစ်သည်။ ရတနာပုံရွှေတိုက်တော်စာရင်းအရ မြန်မာ့နန်း စဉ်ပတ္တမြားများ – ၁။သက္ကရာဇ် ၁၀၃၂ (အေဒီ ၁၆၆၁) လောက်ကတည်းက ရှိခဲ့တဲ့ အလေးချိန် ရတီကိုးဆယ်ကျော်ရှိသော ပတ္တမြား ငမောက်။

၂။ဗဒုံမင်းလက်ထက်ကတည်းက ရှိခဲ့တဲ့ ရတီချိန် နှစ်ဆယ်ခန့်ရှိတဲ့ လှော်ကားတင်ကလေး ဟုခေါ်သော ပတ္တမြား။ ၃။သက္ကရာဇ် ၁၁၉၉ (အေဒီ၁၈၃၇) ခုနှစ် ရွှေဘိုမင်းလက်ထက်ကတည်းက ရှိခဲ့တဲ့ ရတီချိန်လေးဆယ်ကျော် လှော်ကားတင်ကြီး ဟုခေါ်သော ပတ္တမြား။ ၄။အလေးချိန် လေးဆယ်ရတီရှိ ဆင်ဖြူတော် ဟုခေါ်သော ပတ္တမြား။ ၅။အလေးချိန် ဆယ်ရတီရှိ ဆင်မတော် ဟုခေါ်သော ပတ္တမြား။ ၆။စံထားအသုံးပြုရတဲ့ အချိန်ခြောက်ရတီရှိတဲ့ စံကျောက်တော် ဟုခေါ်သော ပတ္တမြား တို့ဖြစ်သည်။ကျမ်းကိုး – ရာဇဝင်စာတင်ရသော နန်းစဉ် ပတ္တမြားကျောက်မျက်များ မိုးကုတ်မြို့၊ ပတ္တမြားမြေသမိုင်း

Credit – hlyothwetuyin

Zawgyi

ျမန္မာဘုရင္မ်ားအဆက္ဆက္တြင္အထြတ္အျမတ္ထားခဲ့ေသာပတၱျမားငေမာက္ေက်ာက္ျမတ္ရတနာကို မိုးကုတ္ပတၱျမားနယ္ေျမ အတြင္း အင္းေခါင္းမွ ရရွိသည္။ ၄င္းေက်ာက္ကို အင္ၾကင္းေတာင္ႏွင့္ ေက်ာက္ေဆာင္လူးေတာ္မ်ားမွရသည္ဟုလည္းမူကြဲလွ်က္ရွိသည္။ ရရွိပုံ – ရ ရွိ ပုံမွာခ်င္းတြင္းနယ္သားျဖစ္ေသာငေမာက္ဆိုသူ

သည္မိုးကုတ္နယ္ေျမတြင္လာေရာက္ၿပီးလယ္ယာစိုက္ပ်ိဳးေနထိုင္ရာ၊တစ္ညေသာ အခါ မိမိၿခံအတြင္းမွ ၿပိဳးၿပိဳးပ်က္ပ်က္ အေရာင္တလက္လက္ႏွင့္ ထူးဆန္းေတာက္ပေနသည္ကို ျမင္ရသျဖင့္သြားေရာက္ၾကည့္ရႈ ေလေသာ္ အ လြန္တရာလွပေသာ ေက်ာက္နီ ပတၱျမားႀကီး တစ္လုံးကိုေတြ႕ရွိေလသည္။ငေမာက္လည္း၀မ္းသာစြာေကာက္ယူခဲ့ၿပီးေနာက္ သိမ္းဆည္းထားရာမွ၂ပိုင္းခြဲၿပီးလွ်င္ တစ္ပိုင္းကို ေယာက္ဖျဖစ္သူ ေမာင္ေ႐ႊအားတ႐ုတ္ျပည္ဘက္သို႔ ေရာင္းရန္ေစလႊတ္လိုက္ၿပီးေနာက္၊ က်န္တစ္ ပိုင္းကို သကၠရာဇ္၁၀၂၃ခု၊ ငါးထပ္ႀကီးဒါယကာ ပင္းတလဲမင္းလက္ထက္ အင္းျဝမို႔ေတာ္သို႔ သြားေရာက္ ဆက္သရာ ဘုရင္မင္းျမတ္လည္းမ်ားစြာႏွစ္သက္အားရ ၀မ္းေျမာက္လွသျဖင့္ ငေမာက္အား ဆုေတာ္ေငြမ်ားေပးသနားေတာ္ မူလိုက္ေလသည္။ ထို႔ေၾကာင့္ ထိုပတၱျမားကို ငေမာက္ဆိုသူဆက္သသျဖင့္ ငေမာက္ပတၱျမား ဟု ထင္ရွားေက်ာ္ေစာေလသည္။တ႐ုတ္ျပည္သို႔ ေရာက္သြားေသာ ထိုေက်ာက္တစ္ပိုင္းမွာလည္း ထိုအခ်ိန္၌တ႐ုတ္ျပည္တြင္ မင္မင္းဆက္ ပ်က္စီးၿပီး တိုင္းျပည္မၿငိမ္မသက္

ဖ႐ိုဖရဲျဖစ္ေနေသာေၾကာင့္ နီးစပ္ရာတိုင္းျပည္မ်ားသို႔ ၀င္ေရာက္တိုက္ခိုက္ေနၾကသျဖင့္တ႐ုတ္ျပည္သို႔ေရာက္သြားေသာထိုေက်ာက္တစ္ပိုင္းကိုျမန္မာျပည္ခို၀င္လာေသာတ႐ုတ္လူမ်ိဳးတစ္ဦးလက္ထဲတြင္ငေမာက္ေရာင္းခ်ခဲ့ေသာပတၱျမားတစ္ပိုင္းလည္းပါလာခဲ့ပါသည္။ထိုတ႐ုတ္လူမ်ိဳးကုန္သည္ႀကီးသည္ိုပတၱျမားတစ္ပိုင္း ကိုျမန္ မာဘုရင္အား ဆက္သခဲ့ရာ ဘုရင္လည္း၀မ္းေျမာက္၀မ္းသာ လက္ခံၿပီးဆုေတာ္ေငြမ်ား ျပန္လည္ေပးသနားခဲ့ပါသည္။ဘုရင္မင္းျမတ္လည္း ၀မ္းသာအားရ၊ မိမိတြင္ရွိရင္းျဖစ္ေသာ(ငေမာက္)ေက်ာက္တစ္ျခမ္းႏွင့္ ဆက္စပ္ၾကည့္ရာ တစ္လုံးတည္း ရႈမၿငီးသည့္ေက်ာက္ႀကီး ျဖစ္ ေၾကာင္း သိကာ၊ ငေမာက္အား အားလုံးကို မဆက္သရသေလာဟုအမ်က္ေတာ္ပြားသျဖင့္၊ မင္းပရိယာယ္ျဖင့္ ေရေဝးရာေတာင္ကုန္းတြင္မီးေလာင္စင္ႀကီးမ်ား ျပဳလုပ္ၿပီး၊ ငေမာက္၏ ေဆြ(၇)ဆက္ မ်ိဳး(၇)ဆက္ ကိုေခၚကာကြပ္မ်က္ေတာ္မူေလသည္။ ငေမာက္ႏွင့္ ေဆြမ်ိဳးမ်ား ေသဆုံးခဲ့ရေသာေနရာကိုေလာင္းစင္႐ြာဟူ၍၄င္း၊ ေရႏွင့္ေဝးေသာေနရာျဖစ္ ၍ ေရေဝး႐ြာ ( ေနာင္တြင္ေရေဝ႐ြာ ) ဟူ ၍ ၄င္း ယခုတိုင္ ေခၚဆိုေနၾကေသးသည္။မီးတိုက္ေနေသာ အျခင္းအရာကို ငေမာက္၏ အမျဖစ္သူ ေဒၚနန္း ျမင္လွ်င္ လြတ္ရာသို႔ေျပးရရွာေလသည္။

ေတာင္ေပၚတစ္ခုသို႔ ေရာက္ေသာအခါ ျပန္လွည့္ ၾကည့္လိုက္ရာ၊မ်ားစြာပူပင္ေသာက၊ စိတ္ဒုကၡေရာက္ၿပီး ရင္ကြဲနာက်ကာ ထိုေတာင္၌ပင္ ေသေလသည္။၄င္းေသဆုံးရာ၌ လြမ္းေစတီကေလး တစ္ဆူကိုပင္ တည္ထားလွ်က္ရွိေပသည္။ေဒၚနန္းလွည့္ၾကည့္သည့္ေတာင္ကို အစြဲျပဳၿပီး ေဒၚနန္းၾကည့္ေတာင္၊ကာလၾကာေသာအခါ ေဒၚနန္းၾကည္ေတာင္ ဟု ေခၚေဝၚၾကေလသည္။ ၄င္းပတၱျမားမ်က္ရွင္မွာ တတိယ အဂၤလိပ္-ျမန္မာ စစ္ ပြဲတြင္ အစတုံးကာ လုံးလုံးႀကီး ကြယ္ေပ်ာက္ၿပီးမည္သည့္လက္သို႔ ေရာက္ေနသည္ဟု အေသအခ်ာ မေျပာျပႏိုင္ေတာ့ေပ။ထူးျခားခ်က္ – င ေမာက္ပတၱျမား(ေခၚ)ပတၱျမားငေမာက္အေလးခ်ိန္မွာရတီ(၉၀)ရွိၿပီးလုံးေခ်ာေသြးထားကာအရည္အေသြးအလြန္ေကာင္းလွေၾကာင္း သိရပါသည္။ စြတ္စြတ္ျဖဴေနေသာ ဝါဂြမ္း ( သို႔) ႏြားႏို႔အတြင္းတြင္ ထိုပတၱျမားကိုထည့္လိုက္လွ်င္ ဝါဂြမ္းႏွင့္ ႏြားႏို႔ပင္ အနီေရာင္ ေျပာင္းလာေၾကာင္း သိရပါသည္။ ိုပတၱျမားငေမာက္ကို လက္ညႇိဳးႏွင့္လက္မညႇပ္ကိုင္ထားလွ်င္အရည္လည္ၿပီးေပါက္ကြဲယိုစီးမလား ထင္ရသည္။

ေမွာင္ထဲမွာအနီေရာင္တလွ်မ္းလွ်မ္း ျဖာထြက္ေနသည္။ လက္ထဲ ဘယ္ေလာက္ၾကာၾကာဆုပ္ထားေပမဲ့ေအးျမေန သည္။ ေရထဲစိမ္ေသာက္လွ်င္ လည္ေခ်ာင္းနာ၊ ရင္ပူ၊ ေခါင္းကိုက္၊ ဇက္ေလး၊မူးေမာ္၊ ေမာပန္းတာေတြ ေပ်ာက္ၿပီး အားအင္တိုးလာသည္ဟု ဆိုသည္။ မ်က္ႏွာကိုပြတ္သပ္ေပးလွ်င္ ေအးျမၿပီး၊ ၀က္ၿခံ တင္းတိတ္ ကင္းေစသည္။

ေပ်ာက္ဆုံးပုံ – ” သီေပါက တိုင္တန္းသည့္ငေမာက္ပတၱျမားအပါအဝင္ အဖိုးတန္ရတနာမ်ားကိစၥ ႏွင့္ပတ္သက္၍မူ အိႏၵိယျပည္ဆိုင္ရာအ တြင္းဝန္ က အခ်က္မ်ားကို တင္ျပရန္ ထက္ ေအာက္ အရာရွိမ်ားကို ေတာင္းဆိုသည္။ ဆိုင္ရာတို႔ကစုံစမ္းၿပီးအထက္သို႔တင္ျပ သည္။ တင္ ျပခ်က္မွာယခင္ကအတိုင္းပင္ျဖစ္သည္။စေလဒင္သည္သီေပါထံမွအဖိုးတန္ရတနာပစၥည္းမ်ား ယူသည္ဟု ထင္စရာအေၾကာင္း ဘာမွ်မရွိေၾကာင္း၊ မည္သည့္ကတိဝန္ခံ ခ်က္ကိုမွ်လည္း မေပးခဲ့ေၾကာင္း၊သီေပါသည္ မိမိႏွင့္

တစ္ပါတည္း ယူေဆာင္ လာေသာ ရတနာပစၥည္းမ်ားမွအပအျခားမည္သည့္ရတနာပစၥည္းကိုမွ်ျပန္ရမည္ဆိုသည္ကတိစကားလည္းမရွိခဲ့ေၾကာင္းျဖင့္အေၾကာင္းျပန္သည္။စေလဒင္သည္ပစၥည္းသိမ္းေကာ္မတီကသိမ္းယူခဲ့ေသာရတနာပစၥည္းမ်ားကိုပစၥည္းသိမ္းေကာ္မတီ၏ကိုယ္စားတာဝန္က် သည့္ အေစာင့္ကိုလႊဲေျပာင္းေပးလိုက္ေၾကာင္း၊ ထိုေန႔က (၁၈၈၅ ခု၊ ႏိုဝင္ဘာ လ ၃၀ ရက္ေန႔) ဘုရင္လက္နက္ခ်သည့္အခါ တြင္ မိမိႏွင့္တာဝန္ရွိသူမ်ားသည္သီေပါႏွင့္မိသားစုတို႔ယူေဆာင္သြားျခင္းမျပဳေသာပစၥည္းမ်ားကိုဗိုလ္ခ်ဴပ္ပရင္ဒါဂတ္စ္၏အမိန္႔အရပစၥည္း သိမ္း ေကာ္မတီသို႔ လႊဲေျပာင္းေပးလိုက္ေၾကာင္း ျဖင့္ေဖာ္ျပပါရွိသည္။ျမန္မာျပည္အစိုးရသည္

ထိုကိစၥႏွင့္ ပတ္သက္၍ ျမန္မာဝန္ေဟာင္းတခ်ိဳ႕ကိုလည္း ေသခ်ာစြာစုံးစမ္းခဲ့သည္။သူတို႔ထြက္ဆိုခ်က္အရ သီေပါဘုရင္၏သရဖူထဲတြင္ရွိေၾကာင္း၊ထိုပတၱျမားႀကီးသည္အရည္အေသြးေကာင္းမြန္၍ တန္ဖိုးမျဖတ္ႏိုင္ သည့္ ပတၱျမား ႀကီးျဖစ္ၿပီး ဘိုးေတာ္ဘုရား (၁၉၈၂-၁၈၁၉) လက္ထက္ကတည္းက ရွိခဲ့ေသာ နန္းစဥ္ရတနာႀကီးျဖစ္ေၾကာင္း၊ ၁၈၈၅ ခု၊ ႏိုဝင္ဘာ ၂၉ ရက္ေန႔မနက္တြင္ သီေပါမင္းကိုယ္တိုင္ထိုပတၱျမားႀကီးကို စေလဒင္ လက္သို႔ေပးအပ္လိုက္ေၾကာင္း၊ ထိုအခ်ိန္က စေလဒင္၏စာေရးေတာ္ ႀကီး နီကလတ္ လည္းရွိေၾကာင္း၊ ထို႔ျပင္ တိုင္းတာမင္းႀကီးလည္းရွိေၾကာင္း၊

မိမိကိုယ္ပိုင္ ပုရပိုဒ္ တစ္ဆူေပၚတြင္ ရတနာပစၥည္း မ်ား၏စာရင္းကို ေရးမွတ္ေပးရေၾကာင္း၊ သို႔ရာတြင္ အျပည့္အစုံ မမွတ္ရေသးေၾကာင္း၊ထိုစာရင္း ကို နီကလတ္သို႔ ေပးလိုက္ေၾကာင္း၊ ထိုပစၥည္းမ်ားအားလုံးကိုစေလဒင္ကအဂၤလိပ္အရာရွိတစ္ေယာက္ လက္ေအာက္ရွိ အေစာင့္တစ္ေယာက္ကိုေပးအပ္လိုက္သည္ကို မိမိျမင္လိုက္ေၾကာင္းျဖင့္ ေ႐ႊ တိုက္ဝန္ကထြက္ဆိုသည္။ထိုအဂၤလိပ္အရာရွိ၏ အမည္ကို သတိရျခင္း ရွိမရွိ၊ ေ႐ႊတိုက္အတြင္းဝန္၏ ထြက္ဆိုခ်က္ မွန္မမွန္၊ ထိုစာရင္း ႏွင့္ ထိုအဖိုးတန္ ပစၥည္းမ်ား မည္သို႔မည္ပုံ ျဖစ္သြားသည္ကို သိမသိ၊ ပစၥည္းသိမ္းေကာ္မတီသို႔ အပ္ရာတြင္မည္သို႔ေသာ အေျခအေနရွိသည္ကို သိမသိ စသည္သို႔ကို စေလဒင္အား ေမးျမန္းသည္။၁၈၈၇ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၂၅ ရက္ေန႔စြဲျဖင့္ စေလဒင္က အေသးစိတ္ ျပန္ၾကားရာ၌ ေ႐ႊတိုက္အတြင္းဝန္ေျပာသည့္စကား မွန္ႏိုင္ေၾကာင္း၊မိမိသည္ထိုေန႔မနက္ကေ႐ႊတိုက္အတြင္းဝန္ကိုနန္းေတာ္ထဲတြင္ေတြ႕ခဲ့ရေၾကာင္း၊သို႔ ရာတြင္ပုရပိုဒ္တစ္ဆူေပးသည္မေပးသည္ကိုမူမိမိမမွတ္မိေတာ့ေၾကာင္းထိုသို႔႐ုတ္႐ုတ္သဲသဲအခ်ိန္မ်ိဳးတြင္အဖိုးတန္ေက်ာက္မ်က္ရတနာမ်ား၊စီျခယ္ထားသည့္ ေ႐ႊထည္ပစၥည္းအေသး၊အႀကီးအမ်ိဳးမ်ိဳးတို႔ပါသည္နန္းစဥ္ရတနာပစၥည္းအားလုံးကိုေရးမွတ္ဖို႔ဆိုသည္မွာခက္ခဲလွေၾကာင္းျဖင့္ စေလဒင္ကအေၾကာင္းျပန္သည္။ထိုရတနာပစၥည္းမ်ားအားလုံးသည္နန္းေတာ္ဝရန္တာၾကမ္းျပင္ႏွင့္က်ယ္ဝန္းလွေသာညီလာခံသဘင္ခန္းမၾကမ္းျပင္တြင္စုပုံျပႏ္ု႔ ႀကဲလ်က္ ရွိပါသည္..။ၿဗိတိလွ်အစိုးသည္ အနည္းငယ္မွ်ေသာ ေက်ာက္မ်က္ရတနာအခ်ိဳ႕ကိုဝိတိုရိယဘု ရင္မႀကီးထံ ေပးပို႔သည္။ က်န္ပစၥည္းမ်ားမွာ

ေဆာက္ကင္ဆီတန္ျပတိုက္သို႔ေပးပို႔သည္။ဧကရီဘုရင္မႀကီးထံ ေပးပို႔သည့္ပစၥည္းမ်ားထဲတြင္ သီေပါ၏ အေကာင္းဆုံး သရဖူတစ္ခု၊ ဒုတိယ သရဖူမွ ျမေက်ာက္ႀကီးသုံးလုံး၊ သရဖူထဲမွ ကြၽတ္က်သည့္ ေက်ာက္အလြတ္ ၈ လုံးထည့္ထားသည့္ စကၠအိတ္တစ္လုံး၊ စိန္ေဒါင္း႐ုပ္ပါသည့္ဘယက္တစ္ကုံး ႏွင့္ ေ႐ႊဘီး တစ္ေခ်ာင္း တို႔ပါသည္။ဒီအမႈကို သီေပါဘုရင္က ၁၉၁၁ ခုႏွစ္၊ ဒီဇင္ဘာလ အိႏၵိယ ျပည္ဘုရင္အျဖစ္ ရာဇဘိေသက ခံဖို႔ရာလာတဲ့ ပၪၥမေျမာက္ ေဂ်ာ့ဘုရင္ထံ သူ႔ရတနာပစၥည္းေတြ အတြက္ တာဝန္ ရွိသူစေလဒင္ကိုတိုင္တန္းစာ ပို႔ရာက ျဖစ္လာတဲ့ေနာက္ဆက္တြဲေျဖရွင္းခ်က္မ်ားျဖစ္သည္။ ရတနာပုံေ႐ႊတိုက္ေတာ္စာရင္းအရ ျမန္မာ့နန္း စဥ္ပတၱျမားမ်ား – ၁။သကၠရာဇ္ ၁၀၃၂ (ေအဒီ ၁၆၆၁) ေလာက္ကတည္းက ရွိခဲ့တဲ့ အေလးခ်ိန္ ရတီကိုးဆယ္ေက်ာ္ရွိေသာ ပတၱျမား ငေမာက္။

၂။ဗဒုံမင္းလက္ထက္ကတည္းက ရွိခဲ့တဲ့ ရတီခ်ိန္ ႏွစ္ဆယ္ခန္႔ရွိတဲ့ ေလွာ္ကားတင္ကေလး ဟုေခၚေသာ ပတၱျမား။ ၃။သကၠရာဇ္ ၁၁၉၉ (ေအဒီ၁၈၃၇) ခုႏွစ္ ေ႐ႊဘိုမင္းလက္ထက္ကတည္းက ရွိခဲ့တဲ့ ရတီခ်ိန္ေလးဆယ္ေက်ာ္ ေလွာ္ကားတင္ႀကီး ဟုေခၚေသာ ပတၱျမား။ ၄။အေလးခ်ိန္ ေလးဆယ္ရတီရွိ ဆင္ျဖဴေတာ္ ဟုေခၚေသာ ပတၱျမား။ ၅။အေလးခ်ိန္ ဆယ္ရတီရွိ ဆင္မေတာ္ ဟုေခၚေသာ ပတၱျမား။ ၆။စံထားအသုံးျပဳရတဲ့ အခ်ိန္ေျခာက္ရတီရွိတဲ့ စံေက်ာက္ေတာ္ ဟုေခၚေသာ ပတၱျမား တို႔ျဖစ္သည္။က်မ္းကိုး – ရာဇ၀င္စာတင္ရေသာ နန္းစဥ္ ပတၱျမားေက်ာက္မ်က္မ်ား မိုးကုတ္ၿမိဳ႕၊ ပတၱျမားေျမသမိုင္း

Credit – hlyothwetuyin

Leave a Comment