မြန်မာနိုင်ငံတွင် ဘဏ်လုပ်ငန်းကို ပထမဦးဆုံး စတင်လုပ်ကိုင်ခဲ့သူ

မြန်မာနိုင်ငံတွင် ဘဏ်လုပ်ငန်းကို ပထမဦးဆုံး စတင်လုပ်ကိုင်သူ

(၁၉၀၀)ပြည့်နှစ် ဝန်းကျင်ကပင် အိန္ဒိယရူပီး ငွေသိန်းတစ်ရာခန့် ရင်းနှီးမြှုပ်နှံထားသည့် ဦးရဲကျော်သူအင်ကုမ္ပဏီလီမီတက် လုပ်ငန်းကို တည်ထောင်ခဲ့သူ၊ သူ့ခေတ်သူ့အခါက ရခိုင်ပြည်နယ်တွင် အချမ်းသာဆုံး လုပ်ငန်းရှင်၊ သူ့လက်နှင့်ထိသမျှငွေဖြစ်သည်ဟု တင်စားပြောခံရ သူ၊ အိန္ဒိယအစိုးရကပင် ဖိတ်ကြား၍ သူဌေးဘွဲ့နှင့် ကျက်သရေဆောင်ရွှေစလွယ် ချီးမြှင့်ခံခဲ့ရသူဖြစ်သည်။

ကျောင်းသင်ပညာ မရှိသော်လည်း ထူးခြားသော ဇွဲလုံ့လဝီရိယ တီထွင်ဉာဏ် နှင့် ပြည့်စုံ၍ လှေထိုးသားဘဝမှ စီးပွားရေးလုပ်ငန်းရှင် ဖြစ်လာသူ၊ သူဌေး ဖြစ်လာသော်လည်း ဘဝမမေ့ဘဲ လှေထိုးသားဘဝက အသုံးပြုခဲ့သည့် လှော်တက်ကို ရွှေချလျက် အိမ်တွင် ချိတ်ဆွဲထားသူ၊

ထူးခြားမှုတစ်ရပ်မှာ အများအကျိုးအတွက် နေ့စဉ် နံနက် ၄ နာရီ အိပ်ရာမှထကာ လက်ဆွဲမီးအိမ်ကိုင် ကုလား တပည့်ကလေးနှင့်အတူ မြို့ ကိုလှည့်၍ အရပ်သားတို့၊ ရွာသားတို့၊ ထကြလော့၊ ရေထဲတွင်ငွေတွေမျှောနေသည်၊ ဆယ်ယူကြလော့ဟုဆော်ဩလေ့ရှိသူ စသည့် ကောင်းသတင်းအဖုံဖုံနှင့် ပြည့်စုံသော စွန့်စားတီထွင် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သည်။

ဦးရဲကျော်သူကို ၁၈၃၃ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့၌ ယခု ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ပင်းဝါမြို့အနီး ပဲတလီ ကျေးရွာ၌ ဖွားသည်။ အဖမှာ ရခိုင်တိုင်းရင်းသား ဦးဒိုးအောင်ကြွယ်ဖြစ်၍ ညီအစ်ကို ၄ ဦးတွင်တတိယမြောက်ဖြစ်သည်။

အစ်ကိုရဲဘော်သွယ်၊ ရဲမြသွယ်နှင့် ညီမှာ ရဲအောင်ရှီ ဖြစ်သည်။အရွယ်ရောက်လျှင်ညီအစ်ကိုနှစ်ဦး မိမိတို့၏ဇာတိရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ အလုပ်ရှာရန် ပြန်လာကြသည်။

မကြာမီ အစ်ကိုဖြစ်သူမှာ မိဘများထံပြန်သွား၍တစ်ဦးတည်း စစ်တွေ၌ ကြုံရာအလုပ်ကို လုပ်ကိုင်ခဲ့သည်။ ပထမဦးဆုံး စစ်တွေမြို့ ကန်ဒကာ သူဌေးကြီး ဦးသံခြွီ၏ ကုန်ရောင်းလှေတွင် လှေထိုးသားအဖြစ် စတင်လုပ်ကိုင်ခဲ့သည်။

အလုပ်ကို ရိုးရိုးသားသားနှင့် ကြိုးစားရုံမျှမက ဝီရိယရှိမှု အမြော်အမြင် ရှိမှုတို့ကြောင့် လှေထိုးသားမောင်ရဲကျော်သူကို သူဌေးကြီး ဦးသံခြွီက သမီးဖြစ်သူ မသံဒါဖြူ နှင့် လက်ထပ်ပေးခဲ့သည်။

လက်ထပ်ပွဲပြီးနောက် ရရှိသောမင်္ဂလာလက်ဖွဲ့ ရတနာရွှေငွေများကို ယောက္ခမ၏အလုပ်တွင် ရှယ်ယာအဖြစ် ပြန်လည်အပ်နှံ၍ စီးပွားရေးကို ဇောက်ချလုပ်ကိုင်ခဲ့သည်။

သစ်လုပ်ငန်း၊ အရှေ့ပါကစ္စတန် (ယခု ဘင်္ဂလားဒေ့ရှ်) မှ ဆေးရွက် ရောင်းဝယ်ရေးလုပ်ငန်း၊ ပင်လယ်ကူးလှေသမ္ဗန်များမှ မြစ်သဲရှင် ဝယ်ယူမှုလုပ်ငန်း၊ စစ်တွေမြို့အနီး မြေရိုင်းများ ဝယ်ယူမြှုပ်နှံမှုလုပ်ငန်း၊ မြေငှားလုပ်ငန်း၊ ဆန်စပါးရောင်းဝယ်ရေး၊ ဗျိုင်းတောင်၊ ဗျိုင်းမွှေး ရောင်းဝယ်ရေးလုပ်ငန်း စသည့် စီးပွားရေးလုပ်ငန်းမျိုးစုံ လုပ်ကိုင်ခဲ့ရာ ထိုခေတ်ထိုအခါက ရခိုင်ပြည်နယ်စစ်တွေမြို့၌ အချမ်းသာဆုံး လုပ်ငန်းရှင်တစ်ဦး ဖြစ်ခဲ့သည်။

ဦးရဲကျော်သူသည် အောက်ခြေမှတက်လာသူ ဘဝနာခဲ့သူပီပီ ဆင်းရဲသား၊ တောင်သူလယ်သမားများအပေါ် စာနာမှုရှိသည်။ ဆန်စပါးရောင်းဝယ်ရေး လုပ်ငန်းတွင် မိုးဘရားသား၊ စတီးဘရားသား၊ ဘလုတ်ဘရားသား စသည့်နိုင်ငံခြားကုမ္ပဏီများ၏ ဈေးနှိမ်မှုကို နည်းမျိုးစုံနှင့် ကာကွယ်၍

ရခိုင်တောင်သူလယ်သ မားများ မနစ်နာစေရန် စပါးဈေးကိုပိုမိုပေးခဲ့သည်။ ဦးရဲကျော်သူ၏ စီးပွားရေးလုပ်ငန်းများအနက် စစ်တွေ မြို့ ၌ ဖွင့်လှစ်ခဲ့သည့် ဦးရဲကျော်သူအင်ကုမ္ပဏီလီမီတက် လုပ်ငန်းသည် အထင်ရှားဆုံးဖြစ်သည်။

ဤလုပ်ငန်းတွင် ကုမ္ပဏီရှယ်ယာပိုင်ဆိုင်သူများထံမှ အပ်ငွေနှင့် ထုတ်ငွေများကို ချက်လက်မှတ်စနစ်သုံး၍ ငွေချေးခြင်း၊ ရွှေပေါင်၊ မြေပေါင်လက်ခံခြင်းတို့ကို ဆောင်ရွက်သောကြောင့် မြန်မာနိုင်ငံတွင် ပထမဦးဆုံး ဘဏ်လုပ်ငန်းပိုင်ရှင်ဟုသတ်မှတ်ကြသည်။

ထိုဘဏ်လုပ်ငန်းသည် ၁၉၁၀ ပြည့်နှစ်ဝန်းကျင်တွင် ရင်းနှီးမြှုပ်နှံမှု ရူပီးငွေသိန်းတစ်ရာကျော် ရှိသည်။ဦးရဲကျော်သူ ကွယ်လွန်ပြီးနောက် သတ္တမမြောက်သားဖြစ်သူ ဦးရွှေသာသည်

၁၉၂၄ ခုနှစ် ဝန်းကျင်တွင်တရားဝင်ဘဏ်အဖြစ် စနစ်တကျတည်ထောင်၍ ဆောင်ရွက်ခဲ့သည်။ ယင်းဘဏ်မှ မသံဒါဖြူအင်ကုမ္ပဏီလီမီတက်ကို ခွဲခြားတည်ထောင်၍ အိမ်ငှားခ၊ မြေငှားခကောက်ခံသည့်လုပ်ငန်းများကို လုပ်ဆောင်ခဲ့ သည်။

ဦးရဲကျော်သူ၏ အင်ကုမ္ပဏီလီမိတက်မှာ မြန်မာအမျိုးသားဘဏ်ဖြစ်ပြီး ဒုတိယဘဏ်မှာ ၁၉၂၆ ခုနှစ်တွင် မန္တလေးမြို့၌ ဖွင့်လှစ်သော မြန်မာနိုင်ငံ ဗုဒ္ဓဘာသာမိဘမဲ့ကလေးများ စောင့်ရှောက်ရေးအသင်းက တည်ထောင်သည့် ( ဘီဘီအိုအေ ) ဘဏ်ဖြစ်သည်။

ထိုစဉ်က ချစ်တီးကုလားများပိုင်ဘဏ်များ မြို့ ရွာအနှံ့ရှိသော်လည်း စစ်တွေမြို့တွင် ဦးရဲကျော်သူ၏ ဩဇာအာဏာကြောင့် ချစ်တီးကုလားများက စစ်တွေမြို့တွင် ဘဏ်များဖွင့်လှစ်ရန် အကြိမ်ကြိမ်ကြိုးစားခဲ့သော်လည်းမည်သည့်ဘဏ်မှ ဖွင့်လှစ်နိုင်ခြင်းမရှိခဲ့ပါ။

ဦးရဲကျော်သူ၏ ကြွယ်ဝချမ်းသာမှု ဂုဏ်သတင်းကြောင့် အိန္ဒိယအစိုးရက ဖိတ်ကြား၍ အိန္ဒိယသူဌေးများကို ချီးမြှင့်သည့် သူဌေးဘွဲ့နှင့် ကျက်သရေဆောင် ရွှေစလွယ်ရတံဆိပ် ချီးမြှင့်ခဲ့သည်။ ဗြိတိသျှမြန်မာပြည်ကော်မရှင်နာ၏အကြံပေးဘုတ်အဖွဲ့ဝင်အဖြစ်လည်း ပါဝင်ဆောင်ရွက်ခဲ့ရသည်။

စီးပွားရေး အောင်မြင်လာသည်နှင့်အမျှ ဘုရားတည်၊ကျောင်းဆောက်အလှူဒါနအမြောက်အမြား ပြုလုပ်ခဲ့ သည်။ အထင်ရှားဆုံးမှာ ကျောက်တော်ရှိ မဟာမုနိဘုရား သိမ်တန်ဆောင်းတော်ကြီး၊ ကြေးဆင်းတုတော်ကြီးတို့ ဖြစ်သည်။

ထိုစဉ်က ထင်ရှားသောလယ်တီဆရာတော်ကြီးကိုလည်း စစ်တွေမြို့သို့ပင့်၍ တရားပွဲများ ကျင်းပပေးခဲ့သည်။ လူမှုရေးအနေဖြင့် စစ်တွေ ဆေးရုံကြီး၌ အမျိုးသမီးသားဖွားဆောင်ကို ဆောက်လုပ်လှူဒါန်းခဲ့သည်။ ယခုအခါ သံကျောင်း(သို့) ဦးရဲကျော်သူကျောင်းဟု အမည်တွင် သော ဘုန်ကြီးကျောင်းကို သက်ရှိထင်ရှား ရှိစဉ်ကပင် ဆောက်လုပ်ရန်သစ်များဝယ်၍ စီစဉ်ခဲ့သည်။

နောင်အခါ ဖခင်ကိုရည်စူး၍ သားသမီးများက သံထည်များဖြင့်တည်ဆောက်ခဲ့သောကြောင့် သံကျောင်းဟု အမည်တွင်ခဲ့သည်။ ဦးရဲကျော်သူနှင့် ဒေါ်သံဒါဖြူတို့တွင် သားသမီး (၁၀)ဦး ထွန်းကားခဲ့သည်။


သား (၆) ဦးမှာ ဦးကျော်ဦး၊ ဦးချန်ထွန်း၊ ဦးစံကျော် ၊ ဦးရွှေဘန်း၊ ဦးသာဇံ ၊ ဦးရွှေသာ နှင့် သမီး (၄) ဦးမှာ ဒေါ်စံဝင်း၊ဒေါ်စံမြခိုင်၊ ဒေါ်ရွှေခိုင်၊ဒေါ်ရွှင်ထီးမ တို့ ဖြစ်ကြသည်။ ၎င်းတို့အနက် သား(၄)ယောက်မှာ ထင်ရှားသည်။

သားအကြီးဆုံး ဦးချန်ထွန်းမှာအင်္ဂလန်တွင် ဥပဒေပညာသင်ကြားခဲ့ပြီး ဥပဒေနောက်ဆုံးနှစ်၌ ပထမတန်းမှ အောင်မြင်ခဲ့ကာနောင်အခါ ထင်ရှားသော ဥပဒေပညာရှင်တစ်ဦးဖြစ်လာသည်။

ဦးချန်ထွန်းကဲ့သို့ပင်သားများဖြစ်သော ဦးရွှေသာ၊ ဦးရွှေဘဲ၊ ဦးသာဇံတို့ကိုလည်း အင်္ဂလန်သို့စေလွှတ်၍ ဥပဒေပညာများသင်ကြားစေခဲ့သည်။

ဦးရဲကျော်သူသည် အသက် ၇၇ နှစ်အရွယ် မြန်မာသက္ကရာဇ် ၁၂၇၂ ခုနှစ် နယုန်လပြည့်ကျော် (၁၃) ရက်အင်္ဂါနေ့ နံနက် (၈)နာရီတွင် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် သားသမီးများအတွက် အမွေအဖြစ် ရူပီးငွေသိန်း ၇၀ မျှကျန်ရစ်ခဲ့သည်။

မောင်ဇေယျာရေးသားသောမြန်မာလူကျော် ၁၀၀ (ပထမအုပ်)

Zawgyi

ျမန္မာႏိုင္ငံတြင္ ဘဏ္လုပ္ငန္းကို ပထမဦးဆုံး စတင္လုပ္ကိုင္သူ

(၁၉၀၀)ျပည့္ႏွစ္ ဝန္းက်င္ကပင္ အိႏၵိယ႐ူပီး ေငြသိန္းတစ္ရာခန႔္ ရင္းႏွီးျမႇဳပ္ႏွံထားသည့္ ဦးရဲေက်ာ္သူအင္ကုမၸဏီလီမီတက္ လုပ္ငန္းကို တည္ေထာင္ခဲ့သူ၊ သူ႔ေခတ္သူ႔အခါက ရခိုင္ျပည္နယ္တြင္ အခ်မ္းသာဆုံး လုပ္ငန္းရွင္၊ သူ႔လက္ႏွင့္ထိသမွ်ေငြျဖစ္သည္ဟု တင္စားေျပာခံရ သူ၊ အိႏၵိယအစိုးရကပင္ ဖိတ္ၾကား၍ သူေဌးဘြဲ႕ႏွင့္ က်က္သေရေဆာင္ေ႐ႊစလြယ္ ခ်ီးျမႇင့္ခံခဲ့ရသူျဖစ္သည္။

ေက်ာင္းသင္ပညာ မရွိေသာ္လည္း ထူးျခားေသာ ဇြဲလုံ႔လဝီရိယ တီထြင္ဉာဏ္ ႏွင့္ ျပည့္စုံ၍ ေလွထိုးသားဘဝမွ စီးပြားေရးလုပ္ငန္းရွင္ ျဖစ္လာသူ၊ သူေဌး ျဖစ္လာေသာ္လည္း ဘဝမေမ့ဘဲ ေလွထိုးသားဘဝက အသုံးျပဳခဲ့သည့္ ေလွာ္တက္ကို ေ႐ႊခ်လ်က္ အိမ္တြင္ ခ်ိတ္ဆြဲထားသူ၊

ထူးျခားမႈတစ္ရပ္မွာ အမ်ားအက်ိဳးအတြက္ ေန႔စဥ္ နံနက္ ၄ နာရီ အိပ္ရာမွထကာ လက္ဆြဲမီးအိမ္ကိုင္ ကုလား တပည့္ကေလးႏွင့္အတူ ၿမိဳ႕ ကိုလွည့္၍ အရပ္သားတို႔၊ ႐ြာသားတို႔၊ ထၾကေလာ့၊ ေရထဲတြင္ေငြေတြေမွ်ာေနသည္၊ ဆယ္ယူၾကေလာ့ဟုေဆာ္ဩေလ့ရွိသူ စသည့္ ေကာင္းသတင္းအဖုံဖုံႏွင့္ ျပည့္စုံေသာ စြန႔္စားတီထြင္ စီးပြားေရးလုပ္ငန္းရွင္တစ္ဦးျဖစ္သည္။

ဦးရဲေက်ာ္သူကို ၁၈၃၃ ခုႏွစ္၊ ဒီဇင္ဘာလ ၅ ရက္ေန႔၌ ယခု ဘဂၤလားေဒ့ရွ္ႏိုင္ငံ၊ ပင္းဝါၿမိဳ႕အနီး ပဲတလီ ေက်း႐ြာ၌ ဖြားသည္။ အဖမွာ ရခိုင္တိုင္းရင္းသား ဦးဒိုးေအာင္ႂကြယ္ျဖစ္၍ ညီအစ္ကို ၄ ဦးတြင္တတိယေျမာက္ျဖစ္သည္။

အစ္ကိုရဲေဘာ္သြယ္၊ ရဲျမသြယ္ႏွင့္ ညီမွာ ရဲေအာင္ရွီ ျဖစ္သည္။အ႐ြယ္ေရာက္လွ်င္ညီအစ္ကိုႏွစ္ဦး မိမိတို႔၏ဇာတိရခိုင္ျပည္နယ္၊ စစ္ေတြၿမိဳ႕သို႔ အလုပ္ရွာရန္ ျပန္လာၾကသည္။

မၾကာမီ အစ္ကိုျဖစ္သူမွာ မိဘမ်ားထံျပန္သြား၍တစ္ဦးတည္း စစ္ေတြ၌ ႀကဳံရာအလုပ္ကို လုပ္ကိုင္ခဲ့သည္။ ပထမဦးဆုံး စစ္ေတြၿမိဳ႕ ကန္ဒကာ သူေဌးႀကီး ဦးသံႃခြီ၏ ကုန္ေရာင္းေလွတြင္ ေလွထိုးသားအျဖစ္ စတင္လုပ္ကိုင္ခဲ့သည္။

အလုပ္ကို ႐ိုး႐ိုးသားသားႏွင့္ ႀကိဳးစား႐ုံမွ်မက ဝီရိယရွိမႈ အေျမာ္အျမင္ ရွိမႈတို႔ေၾကာင့္ ေလွထိုးသားေမာင္ရဲေက်ာ္သူကို သူေဌးႀကီး ဦးသံႃခြီက သမီးျဖစ္သူ မသံဒါျဖဴ ႏွင့္ လက္ထပ္ေပးခဲ့သည္။

လက္ထပ္ပြဲၿပီးေနာက္ ရရွိေသာမဂၤလာလက္ဖြဲ႕ ရတနာေ႐ႊေငြမ်ားကို ေယာကၡမ၏အလုပ္တြင္ ရွယ္ယာအျဖစ္ ျပန္လည္အပ္ႏွံ၍ စီးပြားေရးကို ေဇာက္ခ်လုပ္ကိုင္ခဲ့သည္။

သစ္လုပ္ငန္း၊ အေရွ႕ပါကစၥတန္ (ယခု ဘဂၤလားေဒ့ရွ္) မွ ေဆး႐ြက္ ေရာင္းဝယ္ေရးလုပ္ငန္း၊ ပင္လယ္ကူးေလွသမၺန္မ်ားမွ ျမစ္သဲရွင္ ဝယ္ယူမႈလုပ္ငန္း၊ စစ္ေတြၿမိဳ႕အနီး ေျမ႐ိုင္းမ်ား ဝယ္ယူျမႇဳပ္ႏွံမႈလုပ္ငန္း၊ ေျမငွားလုပ္ငန္း၊ ဆန္စပါးေရာင္းဝယ္ေရး၊ ဗ်ိဳင္းေတာင္၊ ဗ်ိဳင္းေမႊး ေရာင္းဝယ္ေရးလုပ္ငန္း စသည့္ စီးပြားေရးလုပ္ငန္းမ်ိဳးစုံ လုပ္ကိုင္ခဲ့ရာ ထိုေခတ္ထိုအခါက ရခိုင္ျပည္နယ္စစ္ေတြၿမိဳ႕၌ အခ်မ္းသာဆုံး လုပ္ငန္းရွင္တစ္ဦး ျဖစ္ခဲ့သည္။

ဦးရဲေက်ာ္သူသည္ ေအာက္ေျခမွတက္လာသူ ဘဝနာခဲ့သူပီပီ ဆင္းရဲသား၊ ေတာင္သူလယ္သမားမ်ားအေပၚ စာနာမႈရွိသည္။ ဆန္စပါးေရာင္းဝယ္ေရး လုပ္ငန္းတြင္ မိုးဘရားသား၊ စတီးဘရားသား၊ ဘလုတ္ဘရားသား စသည့္ႏိုင္ငံျခားကုမၸဏီမ်ား၏ ေဈးႏွိမ္မႈကို နည္းမ်ိဳးစုံႏွင့္ ကာကြယ္၍

ရခိုင္ေတာင္သူလယ္သ မားမ်ား မနစ္နာေစရန္ စပါးေဈးကိုပိုမိုေပးခဲ့သည္။ ဦးရဲေက်ာ္သူ၏ စီးပြားေရးလုပ္ငန္းမ်ားအနက္ စစ္ေတြ ၿမိဳ႕ ၌ ဖြင့္လွစ္ခဲ့သည့္ ဦးရဲေက်ာ္သူအင္ကုမၸဏီလီမီတက္ လုပ္ငန္းသည္ အထင္ရွားဆုံးျဖစ္သည္။

ဤလုပ္ငန္းတြင္ ကုမၸဏီရွယ္ယာပိုင္ဆိုင္သူမ်ားထံမွ အပ္ေငြႏွင့္ ထုတ္ေငြမ်ားကို ခ်က္လက္မွတ္စနစ္သုံး၍ ေငြေခ်းျခင္း၊ ေ႐ႊေပါင္၊ ေျမေပါင္လက္ခံျခင္းတို႔ကို ေဆာင္႐ြက္ေသာေၾကာင့္ ျမန္မာႏိုင္ငံတြင္ ပထမဦးဆုံး ဘဏ္လုပ္ငန္းပိုင္ရွင္ဟုသတ္မွတ္ၾကသည္။

ထိုဘဏ္လုပ္ငန္းသည္ ၁၉၁၀ ျပည့္ႏွစ္ဝန္းက်င္တြင္ ရင္းႏွီးျမႇဳပ္ႏွံမႈ ႐ူပီးေငြသိန္းတစ္ရာေက်ာ္ ရွိသည္။ဦးရဲေက်ာ္သူ ကြယ္လြန္ၿပီးေနာက္ သတၱမေျမာက္သားျဖစ္သူ ဦးေ႐ႊသာသည္

၁၉၂၄ ခုႏွစ္ ဝန္းက်င္တြင္တရားဝင္ဘဏ္အျဖစ္ စနစ္တက်တည္ေထာင္၍ ေဆာင္႐ြက္ခဲ့သည္။ ယင္းဘဏ္မွ မသံဒါျဖဴအင္ကုမၸဏီလီမီတက္ကို ခြဲျခားတည္ေထာင္၍ အိမ္ငွားခ၊ ေျမငွားခေကာက္ခံသည့္လုပ္ငန္းမ်ားကို လုပ္ေဆာင္ခဲ့ သည္။

ဦးရဲေက်ာ္သူ၏ အင္ကုမၸဏီလီမိတက္မွာ ျမန္မာအမ်ိဳးသားဘဏ္ျဖစ္ၿပီး ဒုတိယဘဏ္မွာ ၁၉၂၆ ခုႏွစ္တြင္ မႏၲေလးၿမိဳ႕၌ ဖြင့္လွစ္ေသာ ျမန္မာႏိုင္ငံ ဗုဒၶဘာသာမိဘမဲ့ကေလးမ်ား ေစာင့္ေရွာက္ေရးအသင္းက တည္ေထာင္သည့္ ( ဘီဘီအိုေအ ) ဘဏ္ျဖစ္သည္။

ထိုစဥ္က ခ်စ္တီးကုလားမ်ားပိုင္ဘဏ္မ်ား ၿမိဳ႕ ႐ြာအႏွံ႔ရွိေသာ္လည္း စစ္ေတြၿမိဳ႕တြင္ ဦးရဲေက်ာ္သူ၏ ဩဇာအာဏာေၾကာင့္ ခ်စ္တီးကုလားမ်ားက စစ္ေတြၿမိဳ႕တြင္ ဘဏ္မ်ားဖြင့္လွစ္ရန္ အႀကိမ္ႀကိမ္ႀကိဳးစားခဲ့ေသာ္လည္းမည္သည့္ဘဏ္မွ ဖြင့္လွစ္ႏိုင္ျခင္းမရွိခဲ့ပါ။

ဦးရဲေက်ာ္သူ၏ ႂကြယ္ဝခ်မ္းသာမႈ ဂုဏ္သတင္းေၾကာင့္ အိႏၵိယအစိုးရက ဖိတ္ၾကား၍ အိႏၵိယသူေဌးမ်ားကို ခ်ီးျမႇင့္သည့္ သူေဌးဘြဲ႕ႏွင့္ က်က္သေရေဆာင္ ေ႐ႊစလြယ္ရတံဆိပ္ ခ်ီးျမႇင့္ခဲ့သည္။ ၿဗိတိသွ်ျမန္မာျပည္ေကာ္မရွင္နာ၏အႀကံေပးဘုတ္အဖြဲ႕ဝင္အျဖစ္လည္း ပါဝင္ေဆာင္႐ြက္ခဲ့ရသည္။

စီးပြားေရး ေအာင္ျမင္လာသည္ႏွင့္အမွ် ဘုရားတည္၊ေက်ာင္းေဆာက္အလႉဒါနအေျမာက္အျမား ျပဳလုပ္ခဲ့ သည္။ အထင္ရွားဆုံးမွာ ေက်ာက္ေတာ္ရွိ မဟာမုနိဘုရား သိမ္တန္ေဆာင္းေတာ္ႀကီး၊ ေၾကးဆင္းတုေတာ္ႀကီးတို႔ ျဖစ္သည္။

ထိုစဥ္က ထင္ရွားေသာလယ္တီဆရာေတာ္ႀကီးကိုလည္း စစ္ေတြၿမိဳ႕သို႔ပင့္၍ တရားပြဲမ်ား က်င္းပေပးခဲ့သည္။ လူမႈေရးအေနျဖင့္ စစ္ေတြ ေဆး႐ုံႀကီး၌ အမ်ိဳးသမီးသားဖြားေဆာင္ကို ေဆာက္လုပ္လႉဒါန္းခဲ့သည္။ ယခုအခါ သံေက်ာင္း(သို႔) ဦးရဲေက်ာ္သူေက်ာင္းဟု အမည္တြင္ ေသာ ဘုန္ႀကီးေက်ာင္းကို သက္ရွိထင္ရွား ရွိစဥ္ကပင္ ေဆာက္လုပ္ရန္သစ္မ်ားဝယ္၍ စီစဥ္ခဲ့သည္။

ေနာင္အခါ ဖခင္ကိုရည္စူး၍ သားသမီးမ်ားက သံထည္မ်ားျဖင့္တည္ေဆာက္ခဲ့ေသာေၾကာင့္ သံေက်ာင္းဟု အမည္တြင္ခဲ့သည္။ ဦးရဲေက်ာ္သူႏွင့္ ေဒၚသံဒါျဖဴတို႔တြင္ သားသမီး (၁၀)ဦး ထြန္းကားခဲ့သည္။


သား (၆) ဦးမွာ ဦးေက်ာ္ဦး၊ ဦးခ်န္ထြန္း၊ ဦးစံေက်ာ္ ၊ ဦးေ႐ႊဘန္း၊ ဦးသာဇံ ၊ ဦးေ႐ႊသာ ႏွင့္ သမီး (၄) ဦးမွာ ေဒၚစံဝင္း၊ေဒၚစံျမခိုင္၊ ေဒၚေ႐ႊခိုင္၊ေဒၚ႐ႊင္ထီးမ တို႔ ျဖစ္ၾကသည္။ ၎တို႔အနက္ သား(၄)ေယာက္မွာ ထင္ရွားသည္။

သားအႀကီးဆုံး ဦးခ်န္ထြန္းမွာအဂၤလန္တြင္ ဥပေဒပညာသင္ၾကားခဲ့ၿပီး ဥပေဒေနာက္ဆုံးႏွစ္၌ ပထမတန္းမွ ေအာင္ျမင္ခဲ့ကာေနာင္အခါ ထင္ရွားေသာ ဥပေဒပညာရွင္တစ္ဦးျဖစ္လာသည္။

ဦးခ်န္ထြန္းကဲ့သို႔ပင္သားမ်ားျဖစ္ေသာ ဦးေ႐ႊသာ၊ ဦးေ႐ႊဘဲ၊ ဦးသာဇံတို႔ကိုလည္း အဂၤလန္သို႔ေစလႊတ္၍ ဥပေဒပညာမ်ားသင္ၾကားေစခဲ့သည္။

ဦးရဲေက်ာ္သူသည္ အသက္ ၇၇ ႏွစ္အ႐ြယ္ ျမန္မာသကၠရာဇ္ ၁၂၇၂ ခုႏွစ္ နယုန္လျပည့္ေက်ာ္ (၁၃) ရက္အဂၤါေန႔ နံနက္ (၈)နာရီတြင္ ကြယ္လြန္ခဲ့သည္။ ကြယ္လြန္ခ်ိန္တြင္ သားသမီးမ်ားအတြက္ အေမြအျဖစ္ ႐ူပီးေငြသိန္း ၇၀ မွ်က်န္ရစ္ခဲ့သည္။

ေမာင္ေဇယ်ာေရးသားေသာျမန္မာလူေက်ာ္ ၁၀၀ (ပထမအုပ္)

Leave a Comment